ယခုနှစ်ရန်ကုန် သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်ထုတ်ပြန်၊ မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်ရန်နှင့် မသင်္ကာဖွယ်ရာများကို အနီးကပ်မှတ်တမ်းတင်ရန် ဓာတ်ပုံရိုက်သူများ ထားရှိရမည်ဟု သတ်မှတ်ထား

ဦးကောက်March 26, 20111min1154
6252

ယခင်နှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းတစ်နေရာကို တွေ့ရစဉ်

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော် အတွက် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်ကို စတင်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ စည်းကမ်းချက်များအရ သင်္ကြန် မဏ္ဍပ်အကြီးများတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပြီး မသင်္ကာဖွယ်ရာများကို အနီးကပ်မှတ်တမ်းတင်နိုင်ရန် သီးခြားဓာတ်ပုံရိုက်သူများ ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း စည်းကမ်းချက် ထုတ်ပြန်မှုများအရ သိရှိရသည်။

မဏ္ဍပ်များအတွက် လုံခြုံရေး ဆိုင်ရာစည်းကမ်းချက်၂၅ ချက်ကို  သင်္ကြန်မဏ္ဍပ်များအား နေရာမချထားမီ ဦးစွာထုတ်ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းချက်အများစုမှာ ယခုနှစ်တွင်မှ အသစ်ထပ်တိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ပြီးခဲ့ သည့်နှစ် သင်္ကြန်ကာလအတွင်းက ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကြောင့် ယခုနှစ်တွင် လုံခြုံရေးပိုင်းအရ ပိုမိုသတိရှိရန်အတွက် ရည်ရွယ်၍ ယင်းကဲ့ သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရှိရသည်။


ဒီလိုစည်းကမ်းချက် ထုတ်ပြန်တာကတော့ လုံခြုံရေးအပိုင်းကိုပိုပြီး ကြပ်မတ်တဲ့သဘောပါ။ သင်္ကြန်မဏ္ဍပ်တွေကို ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ချပေးမယ် ဆိုတာကတော့ ဆွေးနွေးနေတုန်းပဲ။ ဆွေးနွေး အတည်ပြုပြီးရင်တော့ ထုတ်ပြန်ပေးသွားမှာပါ . . .


“မနှစ်က သင်္ကြန်မဏ္ဍပ်အတော် များများမှာ CCTV ကင်မရာတွေ မတပ်ခဲ့ကြဘူး။ ဒါကြောင့်ဒီနှစ် သင်္ကြန်မှာတော့မဏ္ဍပ်ကြီးတွေအနေနဲ့ လုံခြုံရေးအတွက် CCTV ကင်မရာတွေတပ်ဆင်ဖို့ သက်ဆိုင်ရာကုမ္ပဏီ တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမှာပါ။ ပြီးတော့ မသင်္ကာဖွယ်ရာတွေကို အနီးကပ်မှတ်တမ်းတင်ဖို့ အတွက်လည်း လုပ်သွားရမှာပါ။ ဒီလိုစည်းကမ်းချက် ထုတ်ပြန်တာကတော့ လုံခြုံရေးအပိုင်းကိုပိုပြီး ကြပ်မတ်တဲ့ သဘောပါ။  သင်္ကြန်မဏ္ဍပ်တွေကို ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ချပေးမယ် ဆိုတာကတော့ ဆွေးနွေးနေတုန်းပဲ။ ဆွေးနွေး အတည်ပြုပြီးရင်တော့ ထုတ်ပြန်ပေး သွားမှာပါ”ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

6252a

မဏ္ဍပ်များ၏ လုံခြုံရေးအတွက် တာဝန်ပေးအပ်ရာတွင်လည်း လုံခြုံရေး ကုမ္ပဏီများမှ အတွေ့အကြုံရှိသော လုံခြုံရေးဝန်ထမ်းများကို ငှားရမ်း၍ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေး ကော်မတီမှ သတ်မှတ်ပေးထားသည့် အင်အားအတိုင်းတာဝန်ချထားရမည် ဖြစ်ပြီး လုံခြုံရေးကုမ္ပဏီများမှ လေ့ကျင့်ပြီးသော လုံခြုံရေးဝန်ထမ်းအနည်းဆုံး ၁ဝ ဦးကို ငှားရမ်းအသုံးပြုသွား ရမည်ဖြစ်ကြောင်း စည်းကမ်းချက်ထုတ်ပြန်မှုများအရ သိရှိရသည်။ ထို့ပြင် မဏ္ဍပ်လုံခြုံရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရေးအတွက် သက်ဆိုင်ရာမဏ္ဍပ်မှ တာဝန်ယူရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင် မိုင်းရှာကိရိယာများ စီစဉ်ထားရှိရမည်ဖြစ်ပြီး  ရေပက်ခံလာသူများ ရေပက်ခံကား များပေါ်တွင် မသင်္ကာဖွယ်ရာများကို တွေ့ရှိပါက လုံခြုံရေးအဖွဲ့သို့ အလျင်အမြန် အကြောင်းကြားရမည် ဟုလည်း စည်းကမ်းချက်ထုတ်ပြန်မှုများတွင် ပါရှိသည်။

“မနှစ်ကသင်္ကြန်က အင်းလျား လမ်းထဲမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးခဲ့တော့ သင်္ကြန်မှာ ခရီးသွားဖြစ်ခဲ့တယ်။ သင်္ကြန်ဆိုရင် အင်းလျားလမ်းက နှစ်စဉ်လူအစည်ကားဆုံးနေရာ ဖြစ်တယ်လေ။ ဒီနှစ်သင်္ကြန်အင်းလျား လမ်းမှာသာ မဏ္ဍပ်ပြန်ပေးရင်တော့ မဏ္ဍပ်ထိုင်မယ်လို့ စိတ်ကူးထားပေမယ့် မနှစ်ကသင်္ကြန်တုန်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပြန်တော့ စဉ်းစားနေရတယ်။ လူတွေ ပျော်ရွှင်နေရတဲ့အချိန်မှာ ဒီလိုဖြစ်စဉ် မျိုးတွေမရှိဖို့အတွက် လုံခြုံရေး ဒီထက် ပိုပြီးကောင်းဖို့ မျှော်လင့်ပါတယ်”ဟု လူငယ်တစ်ဦးက ဆိုပါသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး လူ ၁၇ဝ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

သင်္ကြန်မဏ္ဍပ်များ လုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာရန် ထုတ်ပြန်သည့် စည်းကမ်းချက် ၂၅ ချက်မှ အချက်အလက်အချို့

–         မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။

–         ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် မဏ္ဍပ်တိုင်းတွင် တယ်လီဖုန်းများထားရှိရမည်။

–         အရေးပေါ်အချိန်တွင် အသုံးပြုရန်အတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွင် Light Truck ယာဉ်တစ်စီး အသင့်စီစဉ်ထားရှိရမည်။

–         ရေပက်ခံလာသူများအကြားမှ မိုင်းဟု မသင်္ကာဖွယ်အထုပ်များ၊ ဆန့်ကျင်စာ၊ လှုံ့ဆော်စာများ ဖြန့်ကြဲခြင်း၊ ပစ်ချခြင်းများအားတွေ့ရှိပါက ပြုလုပ်သူကို အလျင်အမြန်တားဆီး၍ အတွင်းစည်း တာဝန်ကျလုံခြုံရေးအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။

–         မဏ္ဍပ်တွင် မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရမည်။

–         လုံခြုံရေးတာဝန်ယူသူများအနေဖြင့် တာဝန်ချိန်အတွင်း အရက်သေစာသောက်စားခြင်း လုံးဝ မပြုလုပ်ရန်။

–         ရေပက်သည့် သူများကြားတွင် ရန်ပြုနိုင်သော တုတ်၊ ဓား၊ လက်နက်များပါရှိသည်ကို တွေ့မြင်ပါက လုံခြုံရေး တာဝန်ယူထားသူများက သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့သို့ အလျင်အမြန် အကြောင်းကြားရမည်။

–         လုံခြုံရေးတာဝန်ကျသူအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ လုံခြုံရေးဆောင်ရွက်ရန်နှင့် မဏ္ဍပ်ပေါ်မှ သီဆိုဖျော်ဖြေနေသူများ၊ ရေပက်နေသူများအား အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် တတ်စွမ်းသမျှ ကာကွယ်ပေးနိုင်ရမည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

4 comments

  • photwenty

    March 26, 2011 at 4:28 am

    ရေပက်ခံလာသူများအကြားမှ မိုင်းဟု မသင်္ကာဖွယ်အထုပ်များ၊ ဆန့်ကျင်စာ၊ လှုံ့ဆော်စာများ ဖြန့်ကြဲခြင်း၊ ပစ်ချခြင်းများအားတွေ့ရှိပါက ပြုလုပ်သူကို အလျင်အမြန်တားဆီး၍ အတွင်းစည်း တာဝန်ကျလုံခြုံရေးအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။

    ဆန်.ကျင်စာဆိုသည်မှာအသို.နည်း သင်္ကြန်ကိုဆန်.ကျင်ခြင်းလော။ လက်ရှိအစိုးရကိုဆန်.ကျင်ခြင်းလော

  • alfred

    March 26, 2011 at 4:50 am

    အင်း ဒီပုံအတိုင်းဆို ညီမလေးတော်တော်များများကဲလို့မရတော့ဘူးထင်တယ် 😛 cctv တတ်ထားမှာဆိုတော့။

  • naywoonni

    March 26, 2011 at 9:40 am

    ထင်ပါတယ်……… အဲအဲ မထင်ပါဘူး

  • Gong Zhu

    March 26, 2011 at 5:14 pm

    ကဲလို့မရတော့ဘူးဆို alfred ကစိတ်မကောင်းဖြစ်နေမှာပေါ့ … 😛 စတာနော် …

Leave a Reply