စားသောက်ဆိုင်မှ ကောင်းသောအစားအစာ
Eugenia အလုံလမ်း …. ကြေးအိုး ၂၇၀ဝ ( ပုဇွန်နှင့် ၃၀၀ဝ ) ၊ ရေခဲမုန့်ကြော် ၁၅၀၀
ပန်းစွယ်တော် အလုံလမ်း …သံပုရာရည် ၁၂၀ဝ ( ဂတ်စ် နည်းနည်းပါတယ် )
သင်အာ ( ၂ လမ်းထိပ် ) … ကြက်သားလုံးချိုချဉ် ၂၅၅ဝ ၊ တောက်တောက်ကြော် ၂၅၅ဝ ၊ ကြက်ချဉ်စပ် ၂၅၅၀
လသာလမ်း Sho Da … ဆူရှီဆိုင် တစ်ပွဲ ၁၀၀၀
စဉ့်အိုးတန်းလမ်း အောင်ငွေ … ပသျှူးထမင်းကြော် ၁၈၀ဝ ၊ ထမင်းပေါင်း ၁၅၀ဝ ( ဝက်သားနှင့် ပိုစားကောင်းသည် ။ တစ်ပွဲ နှစ်ယောက်စားလို့ရသည် )
ကန်တော်မင်ရွှေဘဲ … ဘဲကင် ၁၃၀၀၀
မြေနီကုန်း City Mart … Love Board အားလူးကတ်တလစ်ကြော် ၆ လုံးပါသည် ၁၀၀ဝ ။ ကွေ့တယို အရည် ၂၀၀ဝ ၊ ၂၅၀၀
KSS … ဒံပေါက်
လှည်းတန်း ဦးထွန်းလင်းခြံလမ်း … ဆိုင်နာမည်မသိပါ ။ မေးလျှင်လူတိုင်းသိပါတယ် ။ အဲ့ဒီနားမှာတော့ နာမည်ကြီးပဲ … ဘာအသုတ်စားစား ၅၀ဝ ) ထမင်းသုတ် ၊ ငါးဖယ်သုတ် )
အမျိုးသား ရေကူးကန် … အကြော်ဆိုင် တစ်ခု ၁၀၀
စမ်းချောင်း သရက်ရိပ် … ရေခဲသုတ်
Moon Bakery … Kim Chi ( ၄၅ဝ ) ၊ ကျောက်အိုးပူထမင်းသုတ် ၃၅၀ဝ ၊ လက်ဖက်ထမင်း ၁၅၀ဝ ၊ ကိုးရီးယားထမင်းလိပ် ( ၁၂၀ဝ ၊ ၂၄၀ဝ ) ၊ ကိုရီးယားထမင်းသုတ် ၂၀၀၀
Western Park … ပုဇွန်ချိုချဉ်
စမ်းချောင်းသုံးပန်လှ … ဝက်နံရိုးကြော်
ဒဂုံ ၁ မျက်စောင်းထိုးက … ကော်ပြန့်ကြော် တစ်လိပ် ၂၀၀
အလုံခန်းမ မျက်စောင်းထိုး ( ချန်မာဖီမှတ်တိုင် ) ဆိုင်နာမည် . ထူး … ယိုးဒယား သဘောင်္သီးထောင်း ၁၀၀ဝ ( တော်တော်ကောင်းတယ် )
cool ရေခဲမုန့် နဲ့ Fuji ရေခဲမုန့်ဆို Cool ကပိုကောင်းတယ်လို့ထင်တယ် ။
မော်တင် Juction Game City နဲ့ ကပ်လျက်ဆိုင် … ဂဏန်းနဲ့ထမင်းနဲ့ နာမည်မေ့နေတယ် စားလို့ကောင်းတယ် ၂၅၀၀
Happy Noodle ( အင်းယားလမ်း ၊ မော်တင် Junction ၊ မြေနီကုန်း City Mart ) … ဘဲသားခေါက်ဆွဲ ၂၄၀၀ ၊ ပုဇွန်ပြောင်းဖူး ၃၅၀၀
မြရိပ်ညို Sport Bar … သီဟိုစေ့ကြော် တန်လည်းတန်တယ် ကောင်းလည်းကောင်းတယ် အများကြီးပါပြီး ဈေးသက်သာတယ်
ဆရာစံလမ်း ရွှေပန်ဆိုင်း … ဂဏန်းကင် အကင်ဆိုင်
ဆရာစံလမ်း SS Food … ငပိထမင်းကြော် ၊ အမေရီကန်ထမင်းကြော်
လမ်းမတော် Doreen … ပုဇွန် Tempura ဆူရှီ
ကန်တော်ကြီး Signature … ငါးအသားချောင်းကြော် ၊ နွားနို့
ရွှေဘုံသာလမ်း Yakiniku … ဂျပန် စတိုင် အကင် အဲ့ဆိုင်ဘေးနားက ယိုးဒယားဆိုင် နာမည်မေ့နေလို့ … ငါးမုန့်ကြော် ၊ ယိုးဒယားထမင်းကြော်
Pizza Corner … အာလူးဖုတ်ကင်
Oriental House … Dim Sum ၊ ကိုက်လံခရုဆီ
ပြောရင်းနဲ့ ဗိုက်တောင်ဆာလာပြီ … မကောင်းတာတွေကို နောက်မှ ပြောတော့မယ် … ဘယ်မှာဘာစားကောင်းတယ် မကောင်းဘူး ပြောပြကြပါဦးနော် … 🙂
18 comments
Foreign Resident
April 6, 2011 at 8:39 pm
thanks
hsu hsu
April 7, 2011 at 2:30 am
တော်တော်လေ့လာထားတာပဲ….thank you
dream
April 7, 2011 at 2:43 am
ကျေးဇူးပဲ မမလေးရေ
နယ်က သူငယ်ချင်းတွေလာရင် ဘယ်မှာ ဧည့်ခံရမှန်းမသိဘူးဖြစ်နေတာ
အခုတော့ အတော်ပဲ 🙂
bigcat
April 7, 2011 at 2:57 am
ဖတ်ရတဲ့အထဲမှာ ဒီပို့စ်က အရသာရှိဆုံးပဲ။ မနက်စာ လဘက်ရည်၊မုန့်နဲ့ ထမင်းကြော်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ တရုတ်ခေါက်ဆွဲကြော်၊ ပန်းသေးခေါက်ဆွဲ၊ ဒိန်ချဉ်၊ ဖါလူဒါ၊ ပူတင်း၊ အသားညှပ်မုန့်၊ ကိတ်မုန့်၊ သက်သတ်လွတ်ဟင်းနဲ့ သက်သတ်လွတ်မုန့် တွေလည်းလုပ်ပါအုံး။
rabbit
April 8, 2011 at 2:21 am
မနက်စာက Lucky Seven မှာ စုံတယ်၊ ကောင်းလည်းကောင်းပါတယ်။ ပြီးတော့ မြေနီကုန်းက ရွှေရည်၊
weiwei
April 7, 2011 at 3:12 am
ကျေးဇူးပဲ မမလေးရေ … ပရင့်ထုတ်ပြီး အိတ်ထဲထည့်သိမ်းထားလိုက်ပြီ … လမ်းသွားရင်း ကြုံရင် စားကြည့်မလို့ … အခုတောင် ဗိုက်ဆာလာပြီ .. 😛
လင်းဝေကျော်
April 7, 2011 at 3:17 am
မြရိပ်ညို Sport Bar က သိပ်မတန်ပါဘူး။ ဈေးများပါတယ်။
အင်းလျားလမ်းထောင့်က Friendship က အစားအသောက်ကောင်းတယ်။
ဘီယာလည်းအေးတယ်။ ပုလင်းသယ်သွားလည်း ပုလင်းကြေးမကောက်ဘူး။
onlinezz
April 7, 2011 at 4:17 am
စားစရာတွေကို စုံလို ့။ဖတ်ရင်းတောင် သားရေကျတယ်။ 🙂
myuemyue
April 7, 2011 at 6:33 am
ရသစာပေစစ်စစ်ပါပဲ.. ရန်ကုန်ပြန်ရင် ဒီပို့စ်လေး ပရင့်ထုတ်ပြီး ယူသွားရမယ်.. ကျေးဇူးနော်.. း)
winkyawaung
April 7, 2011 at 6:41 am
ရန်ကုန် ကန်တော်မင်က ဘဲကင်(၁၃၀၀ဝိ) ဆိုတော့ နယ်ကကြက်ကင်တွေက ဘယ်ဈေးထားမှာလဲ ဗျာ..။ ဘဲကုန် ကြက်ကုန် ကူးချင်စိတ်ပေါက်လာလို့ပါ..။
kai
April 7, 2011 at 7:57 am
ယူအက်စ် အယ်လ်အေတရုတ်တန်းတောင်… ပီကင်းဘဲကင်က..တကောင်လုံးမှ.. ၁၅-၁၆ ဒေါ်လာလောက်ရှိတာ..။
သွားရေယိုအောင် တင်ပေးလိုက်တယ်..။
http://wanderingchopsticks.blogspot.com/2008/07/sam-woo-bbq-alhambra.html
ပီကင်းကလူတွေ တိုက်ရိုက်လာဖွင့်တာတောင်ရှိသေး..။
မြန်မာပြည်က ..တော်တော်ဈေးကြီးနေတာပဲ..။
noob
April 7, 2011 at 7:16 am
အားလုံး တွက်လိုက်မှ ၆၀၀၀ဝ ကျော်ပဲ လမ်းစရိတ်မပါ မမလေး (ဘောစီဆိုတော့) လိုက်ကျွေး ပါလား လမ်းစရိတ်နဲ ့ပါစပ်စိုက် မယ်လေ မကုန်မှာတော့ စိတ်မပူနဲ ့ စားပြီးတာကိုလက်ထိုး m ပြီး ပြန်လိုက်စားမယ် မကျွေးလိုကတော့ သဂျီး ကို ထီလက်မှတ်တစောင် လက်ထိုးပြီး point လျော့ ခိုင်းလိုက်မှာနော် သဂျီးကိုတော့ ပိုင်သလားမမေးနဲ မာဆက်မှာ ဆက်ရှင်အတူတူဝင်ခဲ ့တာ
kai
April 7, 2011 at 8:35 am
ဒီပို့စ်က တော်တော်တန်ဖိုးရှိပါတယ်..။
ဒီသင်္ကြန်ရက် မြန်မာပြည်ပြန်မဲ့သူတွေအတွက်.. ရွှေသတင်းပဲ..။
လေးမမ အချိန်ရရင်.. လိပ်စာအတိအကျရေးပေးပါလား..။ နည်းနည်းလည်း ထပ်ဖြည့်ပါဦး.။
မြန်မာအစားအစာ ဆိုင်လေးတွေပါ ထည့်ပေးပါ..။
နောက်တပါတ်ထွက်မဲ့… သတင်းစာထဲ ထည့်ပေးချင်လို့ပါ..။
အဲဒီပို့စ်ကို ၁ဝဒေါ်လာနဲ့ဝယ်မယ်လေ…။ 🙂
ဆူး
April 7, 2011 at 12:43 pm
မှတ်ဉာဏ်တော်တော် ကောင်းတာဘဲ.. ဈေးတွေ အကုန် မှတ်မိတယ်။
ဆိုင်တွေ ထဲမှာတော့ ၂လမ်းထိပ်က သင်အာ ဈေးအချိုဆုံးဘဲ။
ထမင်းကြော် ခေါက်ဆွဲကြော် ကြာဇံကြော် တပွဲကို ၁၇၀ဝ ကြက်နဲ့ ဝယ်ရင် ဘဲကင်က ထွက်တဲ့ အသည်းအမြစ်တွေ အားကြီးဘဲ ထည့်ပေးပြီး ကြော်တယ်။ တပွဲဆို တယောက် မကုန်ဘူး။ တခြားဆိုင်တွေ များတာ ထက် ပိုများတယ်။
တရုတ်တန်း(စဉ့်အိုးတန်း လမ်းထိပ်) က ရေခဲသုတ် အလွန်ကောင်းတယ် ၁၀၀ဝ ပေးရတယ်။ မလိုင် တွေကော နို့တွေကော အီစိမ့်နေတာဘဲ.. ရေသန့် ရေခဲ သုံးတယ်။
nature
April 7, 2011 at 2:31 pm
၁၈ လမ်းထိတ်က ဖက်ထုတ်(၁၀၀ဝကျပ်)နဲ့ စာတေး(၁၅၀ဝကျပ်) (ညနေ ၅နာရီနောက်ပိုင်း)
လမ်းမတော်မီးပွိုင့်က ဒေါ်ကြည်အုန်းနို့ခေါက်ဆွဲ၊
မမလေး
April 7, 2011 at 4:33 pm
စာတေးက ၁၈လမ်းနဲ့ လမ်း၂ဝ ဝင်းဘေးနားလေးက ဆိုင် ဆိုင်နာမည်မရှိပါဘူး … သူတို့ဆိုင်က ဒီနေ့မကုန်ရင် မရှိတဲ့သူတွေကို ကျွေးပြီး နောက်နေ့ အသစ်ထပ်ဝယ်တာပါ … တစ်ချို့ဆိုင်တွေက အကျန်တွေနဲ့ပြန်ပြန်ရောတယ်လို့ … ဦးလေးကပြောဖူးတယ် … ဆိုင်လိပ်စာလေးတွေကို သေသေချာချာရေးပေးပါ့မယ် … ရှိသေးတယ်ရှိသေးတယ် … ခုတော့ ဗိုက်ဆာနေတယ် ရေးလို့မဖြစ်သေးဘူးဗျို့ … ညရောက်ပြီမို့ လျော့စားရမယ် … ဝမှာဆိုးလို့
intro
April 8, 2011 at 3:39 pm
ကျေးဇူးပါဗျို့… ကျွန်တော်တို့က အစားကောင်း ကြိုက်ပေမယ့် မြို့ထဲကို သိတ်မပတ်ဖြစ်တော့ ဘယ်ဆိုင်တွေ ကောင်းလဲ ဆိုတာ မသိဘူး၊ အနီးဆုံးက စပြီး လိုက်အားပေးကြည့်ဦးမယ်… တွေ့ရင်လဲ ခေါ်ဦးနော်… ဟီးဟီး
ဆူး
April 8, 2011 at 3:55 pm
မြေနီကုန်း စီးတီးမတ်က suki express အဲဒီက ဟာလည်း ကြိုက်တယ်.. စားလို့ ကောင်းတယ်.. set menu နဲ့ဆိုတော့ လူ အရေ အတွက်နဲ့ ညှိပြီး မှာ စားလို့ရတယ်။
ဘန်ကောက်မှာ ဝက်ခြေထောက် ထမင်းပေါင်း လိုမျိုးဘဲ.. အဲဒီက အရသာ ကြိုက်တဲ့ လူတွေ.. ပန်းဆိုးတန်း ရှေ့ဆောင် ရုပ်ရှင်ရုံနားက suzuki အဲဒီက ဝက်ထမင်းပေါင်း ၂၅၀ဝ စားကောင်းတယ်။