Hacker တွေ မတွေ့အောင်ကာကွယ်နည်းများ းP
အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ်
အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေ ကို သူတပါးလက်ထဲ ဆီကို ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး
ဒီနေ့ ခေတ်မှာ hacker တွေ hacker ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေ ကလည်း များလာတာကြောင့် ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ်
အဲဒီတော့ ကျွန်တော် တို့ ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုပါတယ် ။
ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း
ဒုတိယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း
တတိယနည်း : ရိုက်တာရော ကြည့်တာရော ဘာမှ မမြင်ရအောင် ကာကွယ်နည်း 😛
5 comments
PaukPhaw
April 7, 2011 at 4:13 am
ကိုမျိုးအောင်ရေ..
Non-stop ပို ့စ် တွေတင်ပေးတာဝမ်းသာပါတယ်.
ဒါပေမဲ့ တစ်ချို ့ပို ့စ်တွေက တော်တော်ကို နှစ်ချို ့နေပါပြီဗျာ
တစ်ပတ်အတွင်းအထူးသတင်း.ဆိုတာ လေး.ငါးနှစ်လောက်ထဲ ဖတ်ဖူးခဲ့တာပါ
chatting ထိုင်ရင်းအညောင်းမမိစေရန်အချက် (၁၀)ချက်…
ဆိုတာလဲ နေရာတော်တော်များများမှာ ဖတ်ဖူးခဲ့ပြီးသားဖြစ်ပါတယ်
Hacker တွေ မတွေ့အောင်ကာကွယ်နည်းများ းP
ဆိုတာလဲ မြန်မာချက်အွန်လိုင်းရှိစဉ်က ဖတ်ခဲ့ဖူးပြီးဖြစ်ပါတယ်ဗျာ
Windows XP Password ဖောက်နည်း။
ဆိုတာလဲ ပြောသလောက် မလွယ်ပါဘူးဗျာ..တစ်ချို ့ဝင်းဒိုးတွေက Safe Mode နဲ ့ဝင်လဲ Password ဖြည့်မှ ရလို ့ပါ.
CMos Password ခံထားရင်လဲ ဘယ် mode နဲ ့မှ မရဘူးဗျာ
Password crack လုပ်ချင်ရင် ဆော့ဖ်ဝဲလေးတွေရှိပါတယ်..
Window Password remover ဘာညာဆိုုပြီး cd burn ပြီး..ကျော်ရပါတယ်..
မှားတာရှိရင် ခွင့်လွတ်ပါဦး..ကျနော်ဒီလိုပဲ လျှောက်လျှောက်ပြောတတ်လို ့ပါ
အသစ်အဆန်းလေးတွေ..အထူးအဆန်းလေးတွေ ဖတ်ချင်ပါတယ်ဗျာ..
ကျေးဇူးပါ.
မျိုးအောင်
April 7, 2011 at 5:01 am
ကျွန်တော်လည်း ပို့စ် တင်ခွင့်ရတဲ့ အတွက်ဝမ်းသာပါတယ် .အခုလို အားပေးတဲ့ အတွက် .အတိုင်းအဆမရှိ ပျော်ရွင်မိပါတယ် ဗျာ ဟောင်းတဲ့ ပို့စ်တွေ က ကို ပေါက်ဖော်တို့လို. သိပီးသားသူတွေကို မဆိုလိုပါဘူး .မသိသူလည်း ရှိမှာ ပါ .အဲ့ဒီအတွက်. အသစ်တစ်ဖန် .အသွင်သစ်နဲ့ ပြန်လည်လာတာပါ. ခင်ဗျာ.. အဲ့ဒီ ဝင်ဒိုး Password ဖြည့်တာ .လည်းရှိပါတယ်. iso ဖိုင်တွေ နဲ့ ဒေါင်းပီး cd ခုတ်ပီး ဝင်းဒိုး ကို Password ပေးပီး ကျော်ဖူးပါတယ်.. Remove လုပ်တာရှိသလို Skip လုပ် ပီး Admin မသိအောင် သုံးတာ လည်းရှိပါတယ်.. ကျွန်တော်လည် းအွန်လိုင်း ကနေရတာပါ .. ဘယ်သူမှ အွန်လိုင်းမရှိပဲ Self study လုပ်ဖို့ အခက်အခဲရှိပါတယ်.. အစ်ကို ပြောတဲ့ CMos ကို Passoword ခံရင် Mother Board Battery ဖြုတ် Jumper ချိုးတဲ့ mode နဲ့ စမ်းချင်ပါတယ်.. ကျွန်တော်လည်း တက်လို့မဟုတ်ပါဘူးခင်ဗျာ.. ဒီလိုပဲ ကြားမိ ကြားရ ပြောရချင်းဖြစ်ပါသည် . ( အသိ ပညာ အတက် ပညာ တိုးပွားပါစေဗျာ )
eros
April 7, 2011 at 6:16 am
ဟုတ်ပါပြီ ဒါပေမယ့် အခုတလောပြဿနာတွေက ကူးတင် ပြဿနာတွေ တော်တော် တက်နေပါတယ်။နောက်ပြီး အဟောင်းတွေရှာဖတ်ချင်သောပုဂ္ဂိုလ်များ Categories အလိုက် Time period အလိုက် ရှာဖတ်လို့ ရပါတယ်။ ဒါကြောင့် ကူးမတင်စေလိုပါ။ အထူးသဖြင့် ဆိုက်မှာ ဖော်ပြထားကို ပိုပြီးသတိထားပေးစေချင်ပါတယ်။ မန္တလေးဂေဇတ်သည် အမေရိကား တွင် မှတ်ပုံတင်ထားသော သတင်းစာ တစောင်ဖြစ်ပါသည်။ social network site မဟုတ်ပါ။ ထိန်းသိမ်းစေချင်ပါသည်။ သူများကူးတင်များတွေ့ပါက လည်း သတင်းပို့ပါ။
bigcat
April 7, 2011 at 5:17 am
သင်္ဘောနစ်တဲ့အခါ ကွန်ပြူတာကို အသက်ကယ်ဘောအဖြစ် သုံးလို့ရမဲ့နည်းလမ်းရှိရင် သိပါရစေ ဟတ်ဝဲဆော့ဝဲ ဝဲပိုင်ရှင် ရွာသားအပေါင်းတို့
မမလေး
April 7, 2011 at 4:25 pm
ကွန်ပြူတာသုံးတိုင်း သက်ကယ်ဘောစွတ်ထားလိုက်ပါ … 😛