Network အကြောင်းသိကောင်းစရာ
Network ဆိုတာ အရှင်းဆုံးပြောရရင် ကွန်ပျုတာကွန်ယက်ပေါ ့ဗျာ…ဒီနေ ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ၊ပညာသင်ကြားရေး ကျောင်းနဲ အိမ်တွေ ၊ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကွန်ပျုတာတွေ သုံးနေတာအားလုံးအသိဘဲဖြစ်ပါတယ်…အဲဒီလိုသုံးတဲ ့နေရာမှာ ကွန်ပျုတာတစ်လုံးနဲ ့တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ ့ ကွန်ပျုတာကို Stand Alone Computer လို ့ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ ့အခါမှာတော့ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြား
ခံပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်…..ကွန်ပျုတာများကိုတစ်လုံးနှင် ့တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကိုအသုံးပြုပြီးပင်ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာ
ကွန်ယက်(Network)လို ့ခေါ်ပါတယ်။
Network Infrastructure ဆိုတာ..
Network တစ်ခုဖြစ်ပေါ်လာဖို ့အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ ့ လုံခြုံမှု Security တွေ၊လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Networkတွေမှာပါဝင်ပါတ်သက်နေတဲ ့အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ ့ Infrastructure ပဲဖြစ်ပါတယ်
Types of Network ကွန်ယက်အမျိုးအစားများ
ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင် ့တွေ ့ရပါတယ်..အဲဒါတွေကတော ့-
၁။ Local Area Network (LAN)
၂။ Metropolitan Area Network (MAN)
၃။ Wide Area Network (WAN)
Local Area Network (LAN)
လဲလျော ့သွားနိုင်ပါတယ်။LAN ဆိုတာ အဆောက်အအုံ တစ်ခု ဒါမှမဟုတ် ဝင်းတစ်ခုရဲ ့ပရဝုဏ်အတွင်း
မှာပဲ ဧရိယာငယ် တစ်ခုတည်းမှာပဲတပ်ဆင်တဲ ့ကွန်ယက်ပါ။
Metropolitan Area Network (MAN)
Local Area Network နဲ ့ Wide Area Network ကြားက MAN ပေါ ့..သူ ့ရဲ ့သဘောက LAN တွေအများကြီးကို ၁၀ဝ ကီလို မီတာအကျယ်အဝန်း လောက်မှာ ထပ်ဆင် ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။သူဟာ LAN လို Private မဟုတ်ဘဲ Public ပိုဆန်တယ်။ နောက်ပြီး LANထပ်ပိုတဲ ့ High Speed နဲ ့ အချက်အလက်တွေအပြင် အသံတွေကိုပါ ပို ့လွတ်နိုင်ပါတယ် ။ဒါကလဲ သူက LAN နဲ ့မတူတဲ ့ Transmission Mediaနဲ ့ Network Hardware တွေကိုသုံးထားလို ့ပါ။
Wide Area Network (WAN)
WAN ဆိုတာက တိုင်းနှင် ့ပြည်နယ်တွေအပြင် တစ်နိုင်ငံနှင် ့တစ်နိုင်ငံ ကိုဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံး အနေနဲ ့ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။တော်တော်များများသိကြတဲ ့ Internet က WAN အမျိုးအစားပေါ ့ ။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင်စုဆောင်းပြီးတကမ္ဘာလုံးအတိုင်းအတာနဲ ့ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ နည်းပညာ အရသူ ့ကို Internetwork လို ့ခေါ်ပါတယ်။ တနည်းဆိုရင်Internet ဆိုတာ Internetwork ရဲ ့အတိုကောက်ဖြစ်ပါတယ်။ ကွန်ပျုတာတွေ သန်းပေါင် းများစွာပါဝင်တဲ ့ဒီInternet ဟာ ၁၉၇ဝလောက်ကစပြီး ပေါ်ပြူလာ ဖြစ်လာပါတယ် ။ဒါဟာလဲ GUI လို ့ခေါ်တဲ ့ Graphic User Interface ကြောင် ့ကွန်ပျုတာကို သုံးတဲ ့ အထွေထွေလူတန်းစားစိတ်ဝင်စားမှုနှင် ့လိုအပ်တဲ ့ သီးခြား နေရာတစ်ခုထဲ သုံးရလောက်အောင် မခက်ခဲပဲ အထွေထွေလူတန်းစားအတွက် သင် ့တော် မှုတွေကြောင် ့ပဲဖြစ်ပါတယ်။
Network Medium ကြားခံဆက်သွယ်ပေးမည် ့ပစ္စည်းများ
Network Medium ဆိုတာ ကွန်ယက်ချိတ်ဆက်တဲ ့အခါ ကွန်ပျုတာတစ်လုံ းနှင် ့တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ ့ပစ္စည်းကိုပြောတာပါ။ဒီကြားခံပစ္စည်းဟာ Network Cable ကြိုးတွေဖြစ်ပါတယ်။ ဒါတွေဟာ Metallic Cable (or) Fiber Optic Cable တွေဖြစ်ပါတယ်။Metallic Cableက Coaxial Cable ( TV Antenna ကြိုးနှင် ့ ) Twisted Pair Cable (တယ်လီဖုန်းကြိုး) တို ့ပါပဲ။ခုပြင်နောက်ပိုင်းကြိုးတွေကိုမသုံးတော ့ဘဲWireless ဆိုတဲ ့ ကြိုးမဲ ့ကွန်ယက်တွေလဲသုံးလာကြပါတယ်။နောက်တခုက ကွန်ပျုတာတစ်လုံးနှင် ့တစ်လုံးကြား Networkကြိုးနှင်းချိတ်ဆက်တယ်ဆိုပေမဲ ့ ဒီကြိုးတွေလာရောက်တပ်ဖို ့က ကွန်ပျူတာမှာ NIC ဆိုတဲ ့ Network Interface Card တော ့ရှိရမှာပါ။ဒီတော ့ကွန်ပျူတာတစ်လုံးမှတစ်လုံး သို ့ Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ ့ Network Medium တွေကို သုံးပြီး Dataတွေကို Carries လုပ်ကြတာဖြစ်ပါတယ်။