…ဝမ်းစာရှာဖွေခြင်း….နှင့်…ကိုယ်တွေ့ ဖြစ်ရပ်မှန်

ကမ္ဘာမြေကြီးပေါ်ကလူတွေဟာ……

နေ့စဉ်…ဝမ်းစာရေးအတွက်…လုပ်ငန်းအမျိုးမှာရပ်တည်လုပ်ကိုင်ကာ

နေ့စဉ်လူမှုဘဝရဲ့….အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းကြလျှက်ရှိရာမှာ…..

…လူမှုဘဝထဲက..့ကျွန်တော့ကိုယ်တွေ့..ဝမ်းစာရှာဖွေသူ… တွေအကြောင်းပါ…………

 

……ကျွန်တော်ဟာလည်းလူသားတစ်ဦးဖြစ်တာကြောင့်…နေ့စဉ်စားဝတ်နေရေးအတွက်

ကူမ္ပဏီ တစ်ခုမှာဝင်ရောက်လုပ်ကိုင်နေရပါတယ်….ကျွန်တော်ရဲ့လုပ်ငန်းက..ပြင်ပလုပ်ငန်းဖြစ်တာကြောင့်

နေ့ စဉ်..ရန်ကုန်မြိုတွင်းသွားလာလှုပ်ရှားရာမှာ ….့ကျွန်တော့ လို ..ဝမ်းစာရှာဖွေသူအများအပြားကို..

တွေမြင်ကြုုံတွေ့နေကြပါ..သိပ်မဆန်းကြယ်တော့ပါ

..အဲ…..ဆန်းကြယ်တဲဖြစ်ရပ်တစ်ခု….တစ်နေမှာကြုုံလာတာကတော့……………………………………………..

 

ဘဏ်ကိစ္စ တွေပြီးလို့….လုပ်ငန်းတူ..သူငယ်ခြင်းများဆုံတွေ့နေကြ…..

အကောက်ခွန်ရုံးနောက်..ဘဏ်လမ်းထဲက  ..လက်ဘက်ရည်ဆိုင်ကိုပြန်လာပြီးထိုင်ရင်း..

ရောက်တတ်ရာရာ..သူငယ်ခြင်းများနဲပြောဆိုနေချိန်မှာပဲ….

ကျွန်တောတို့ထိုင်ရာစားပွဲဝိုင်းကို…သူတောင်စားမလေး(ခန့်မှန်း)အသက်ရှစ်နှစ်ခန်ရှိပါမယ်)ရောက်လာပါတယ်

လက်ထဲမှာလည်းခြောက်လသားလောက်ပဲရှိမယ့်….ကလေးကိုပွေချီလျှက်…..

ဦးတို့ရယ်…သမီးညီမလေးနို့မတိုက်ရသေးလို့..နို့ဝယ်တိုက်ချင်လို့ပါ……ဟု

တစ်ဂျီဂျီလုပ်ပြီးတောင်ရမ်းနေပါတော့တယ်……….ကျွန်တော်စိတ်ကလည်း….

ဘယ်သူတောင်းစားပဲဖြစ်ဖြစ်..လုံးဝ..ပိုက်ဆံမထည့်တာပါပဲ..အဲ..အသက်ကြီးတဲသူတွေကလွဲရင်ပေါ့

ကျွန်ုပ်။။။အကြွေမရှိဘူး

စကားအဆုံးမှာတော့သူတောင်းစားခလေးမလှည့်ထွက်ကာ…နောက်ဝိုင်းတွေကိုလိုက်တောင်းနေပါတော့တယ်

ပေးတဲသူရှိသလို..မပေးတဲသူတွေလည်းရှိပါတယ်…..

ဒီသူတောင်းစား..ခလေးမျိုးတွေကတွေ့နေကြပါ..မြို့ထဲမှာသိပ်မဆန်းတော့ပါ….

ကျွန်တော်တို့လည်းစကားဆက်လက်ပြောဆိုနေစဉ်…နာရီဝက်ခန်အကြာ…..

ခလေးတစ်ယောက်ရဲစူးစူးဝါးဝါးငိုသံထွက်ပေါ်လာပါတော့တယ်…..

လှည့်ကြည်မိစဉ်မှာတော့……..စောစောကသူတောင်းစားခလေးမဟာ……သူတောင်းရမ်းစဉ်ပွေချီထားတဲ့

ကလေးငယ်ကိုပလက်းဖောင်းဘေးက..ညောင်ပင်အောက်မှာ  ..ချသိပ်ကာ..ညောင်သီးတွေနဲ  ..ဂေါ်လီလှိမ်တမ်းကစားနေတာပါပဲ…အဲဒီကလေးကနိုးလာလို့ငိုတဲ့အသံပါ….

ခလေးက….ဆာလာအိတ်ပေါ်ကနေလှိမ်ကာ..ပလက်ဖောင်းပေါ်ရောက်နေပါပြီ…

ငိုသံဟာ.တစ်စတစ်စကြယ်လောင်ကာ….အသံများပင်တိမ်ဝင်လာပါတော့တယ်….

သူတောင်းစားခလေးမကတော့..အဆော့ပင်မပျက်ပါ…..

ကျွန်တော်ထိုင်ရာနေရာနဲနီးတာကြောင့်ထသွားကာ…

ဟဲ့…ကောင်မလေး..နင်ညီမငိုနေပြီလေ….သွားချီလိုက်လေ..

သူတောင်းစားခလေးမ..တစ်ချက်လှည့်ကြည်ကာ..မကြားချင်ယောင်ဆောင်နေပါတယ်…

ခလေးကလည်းလူးလှိမ်ငိုကောင်းဆဲပါ…ဒေါသထွက်သွားကာ

ဟဲ..ငါပြောတာမကြားဘူးလား….လူကလက်တောက်လောက်နဲ့…

ခလေးကနို့ဆာလိုငိုတာနေမှာနင့်အမေဆီခေါ်သွားလိုက်လေ….

ဒါမှမဟုတ်နို့တစ်ခွက်..ဝယ်တိုက်လိုက်ပါလား….

……ဒီအချိန်မှာတော့……

ခလေးမ။။။….ဦးမသိပါဘူးပိုက်ဆံက(၁၂၀၀)ပဲရသေးတယ်..အရင်းမကြေသေးဘူး

ကျွန်ုပ်။။။..ဟာ …………၁၂၀ဝ ရှိတာဝယ်တိုက်လို့ရပြီးပေါ့…….

ခလေးမ။။။…အရင်းမကြေသေးဘူး ၃၀၀ဝ ရမှတိုက်မယ်…

ကျွန်ုပ်။။။…အောင်မယ်..တောင်စားတာတောင်အရင်းအနှီးရှိသေးလား…နင်အမေသိရင်နင်အရိုက်ခံရမှာ

ခလေးမ။။။..ဟာ..ဦးမသိပါဘူး..ခလေးငိုလို့အမေမရိုက်ဘူး…သူက..သမီးညီမလေးမှမဟုတ်တာ

ကျွန်ုပ်။။။..နင်ဘဲခုဏက နင်ညီမနို့တိုက်ဘို့ဆိုပြီးလိုက်တောင်းနေပြီးတော့

ခလေးမ။။။..ဒီလိုပဲပြောတောင်းရတာပေါ့..ဦးရဲ့……

ကျွန်ုပ်။။။..လုပ်စမ်းရှင်းပြစမ်းပါအုံးငါ့ကို

ရှင်းပြမယ်…..သူတောင်းစားခလေးမပြောပြတာတွေနားထောင်အပြီးမှာတော့…..ကျွန်တော်ဟာ..

ပါစပ်အဟောင်းသားဖြစ်လို့နေပါတော့တယ်….သူပြောတာတွေကတော့

 

ဟာ….ဦးကလည်း…ဒီခလေးလေးကို..သမီးတို့နေတဲ့..အိမ်နားက အဒေါ်ကြီးဆီကငှားလာတာ….

မနက်ကနေ..ညနေထိ…..၁၅၀၀  ပေးရတယ်….သမီးကသူငိုအောင်လုပ်ပြီး

နို့ဆာနေလို့ပိုက်ဆံပေးပါဆိုပြီး..ခလေးကိုပြပြီးပိုက်ဆံတောင်းရတာ….

အခုမှ…၁၂၀၀..ပဲရသေးတယ်…သူ့အမေကိုမနက်က  ..လက်ငင်း ၁၅၀၀..ပေးခဲရတာ

အရင်းမကြေသေးဘူးဒါကြောင့်မတိုက်နိုင်ဘူးလို့ပြောတာ….

 

 

…လူတွေဝမ်းစာရှာဖွေကြပါတယ်…….နည်းအမျိုးမျိုးနဲပေါ့

…ဒီအဖြစ်မှာ…..

ဝမ်းစာရေးအတွက်ရှာဖွေနေသူ(၃)ဦးကို……သူ့နေရာနဲသူတွေရပါတယ်

 

xxxxခြောက်လလောက်သာရှိတဲ့..ရင်သွေးငယ်ကို…..တစ်စိမ်းခလေးတစ်ယောက်တောင်းစားရာမှာအငှား

ထည့်လိုက်ရတဲ…အမေ…..အိမ်မှာကျန်နေတဲကလေးတွေ..ဝမ်းရေးအတွက်..ခလေးငယ်နဲ့ရင်နှီးခဲ့ရတာလား…..?

xxxxခလေးငယ်တစ်ယောက်ကို..ငှားရမ်းတောင်းစားရင်အစဉ်ပြေမယ်လို့…..အတွေးဝင်ကာ…ဝမ်းစာအတွက်

အသက်အရွယ်နဲမမျှ…အသိဝင်နေတဲ့…သူတောင်းစားခလေးမ….

xxxxပလက်ဖောင်းဘေးမှာ..ဆာလောင်မှု့အတွက်……အမေ့ရဲ့နိုချိုကို…ဝမ်းစာဖြစ်ရေး..ငိုကြွေးနေတဲခလေး

 

ဝမ်စာရေးအတွက်ရှာဖွေတာခြင်းတူပေမယ့်……ရှာဖွေပုံခြင်းမတူညီကြတာတော့……ပြောမပြတတ်တော့ပါ…..

သင်ခန်းစာယူ..စရာတစ်ခုခုရမယ်ဆိုရင်……အားလုံးအတွက်ပါပဲ…..

 

ခလေးကတော့အငိုမတိတ်သေးပါ….

 

……ငိုနေတဲခလေးကို…့နို့ဝယ်တိုက်ခဲ့ပါတယ်……

 

…..ဝမ်းစာအတွက်ငိုကြွေးခြင်းကင်းကြပါစေ…..

 

 

………တစ်ကယ့်အဖြစ်မှန်ပါ….

ဆိုဒ်တစ်ခုမှာတင်ပြီးသားပါကိုယ်ပိုင်ရေးသားချက်ပါ….

17 comments

  • ငှက်ကြီး

    April 7, 2011 at 2:40 pm

    တစ်နေ့တစ်ခြား ကမ္ဘာကြီးပေါ်ကလူသားတွေ ဒုက္ခတွေပိုများလာသလိုပဲ။
    ဖက်ပြီးစိတ်မကောင်းလိုက်တာ…သမုဒ္ဒရာ ဝမ်းတစ်ထွာ ပါလားနော်။

  • Oo Oo

    April 7, 2011 at 3:37 pm

    တော်တော်ဆိုးဝါးတဲ့အဖြစ်အပျက်ပါလား..
    ဆင်းရဲတွင်းနက်နက်ထဲမှာမေတ္တာတရားကိုခြစားကုန်ကြတာပဲ

  • nature

    April 7, 2011 at 4:15 pm

    ဝဋ်ကြီးလိုက်တာနော်၊ ခလေးငှါးစားတဲ့မိခင်များရှိသေးတယ်၊

  • hmee

    April 7, 2011 at 6:46 pm

    ခလေးအမေကလည်း ကို.ကလေးကို အရွယ်မရောက်သေးသူနဲ.များ မျက်စိမမြင်ကွယ်ရာမှာ တောင်းစားဖို. ငှါးရတယ်လို.။ ဒုက္ခတွေက များလိုက်တာနော်။

  • parlayar46

    April 7, 2011 at 7:12 pm

    သူတောင်းစားတွေလက်ထဲက ကလေးတော်တော်များများဟာ တနေရာရာက ခိုးလာ ဝယ်လာတာတွေပါ။ တချို့သူတောင်းစားခေါင်းတွေဟာ နို့စို့အရွယ်ကလေးကို အရမ်းပိန်လှီပြီး အရမ်းသနားစရာကောင်းအောင် သေလဲမသေအောင် ဘွန်ဇိုင်းလုပ်တဲ့ပညာကိုတတ်ပါတယ်။ အဲသလိုလုပ်ထားတဲ့ကလေးကို တနေ့ ၅၀၀ဝကျပ်လောက်နဲ့ အငှားချပါတယ်။ ပြောမယ်ဆိုရင်အများကြီးပဲ။ ကျုပ်ကို သူတောင်းစားexpert လို့ထင်သွားမှာစိုးလို့ အမြီးလောက် ဝင်ပြောတာပါ။ ဒီလိုလူမဆန်တဲ့ဖြစ်ရပ် (ရာဇဝတ်မှုစစ်စစ်)တွေ ပ ပျောက်သွားဘို့ ဆိုင်ရာတွေကို ဝိုင်းပြောကြစေချင်ပါတယ်။

  • အဲဒီခွေးသူတောင်းစားတွေ အကုန်လုံးကို သတ်ပစ်ချင်တယ်ဗျာ။ တောင်းစားတာတောင် ရိုးရိုးသားသားတောင်းမစားဘူး။ ကျွန်တော်က သူတောင်းစားမြင်တိုင်း ပိုက်ဆံထည့်နေတဲ့လူဗျ။ အခု ဘာဆက်လုပ်ရမလဲတောင် မသိတော့ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 7:24 pm

    ဘော်ဘော်တို ့
    မြှောက်ပေးတယ်လို ့တော့မထင်ကြနဲ ့
    ကြပ်ပေးတာ
    ကျုပ်တို ့တွေမှာလည်း
    အကြောင်းရာတစ်ခုဖြစ်လာရင်
    သနားရတာနဲ ့မကျေနပ်ရတာနဲ ့
    လုံးလည်ချာလည်နေတာဘဲ
    ဒီတော့ကာ
    ဒီလိုကိစ္စတွေကို
    သိလာပြီမြင်လာပြီဆိုပါစို ့
    ဘာလုပ်သင့်သလဲ
    ကိုယ်ဘာလုပ်နိုင်သလဲ
    ဟိုလူ ့မှာတာဝန်ရှိသလိုလို
    ဒီလူ ့မှာတာဝန်ရှိသလိုလို
    ဓာတ်….
    ဘဲ

  • nigimi77

    April 7, 2011 at 7:31 pm

    အင်းလေ။ တကယ်တန်း တာဝန်ရှိနေတဲ့ ကိုရင်ပု ကိုတော့ မမေးကြပဲနဲ ့။

  • padonmar

    April 7, 2011 at 8:07 pm

    ကလေးလေးတွေနဲ့ လာတောင်းရင် ကျွန်မကတော့ မုန့်ပဲပေးလိုက်တယ်၊
    ပိုက်ဆံမထည့်ဘူး၊ အားပေးသလိုဖြစ်မှာစိုးလို့၊
    အဖိုးကြီးအဖွားကြီးတွေဆို ပိုက်ဆံလှူတယ်၊
    လူလတ်ပိုင်းတောင်းရင် မသန်မစွမ်းလည်းမပေးဘူး၊
    ခြေတစ်ဖက်မရှိပဲနဲ့ မီးပွိုင့်မှာ ပန်းရောင်နေတဲ့သူတောင်ရှိသေးတယ်၊
    အလုပ်လုပ်ချင်စိတ်မရှိလို့ လုပ်နိုင်တဲ့ ခွန်အားရှိရက်နြဲ့တောင်းရင် လုံးဝမပေးပါ၊
    အမှန်တော့ ဒီလို ကလေးလေးတွေကိုတောင်းစားခိုင်းတာ လူမှုဝန်ထမ်းဝန်ကြီးဌာနနဲ့ ဆိုင်ပါတယ်၊
    child abuse ပါ၊ဒါပေမယ့် အရေးယူပေးမယ့်သူမရှိသေးပါ။

  • nigimi77

    April 7, 2011 at 8:26 pm

    ကျုပ် အမြင်ကို ပြောတာ။

    အရေးယူပြီ ဆိုကြပါဆို ့။ အဲဒီ ကယ်ပါတွေရဲ ့နောက်ဆက်တွဲကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ရှိရမယ်။
    ဘယ်သူက ဘယ်လို ဖြေရှင်း အရေးယူ မယူ ဆိုတာထက် ဒီထက်ပိုပြီး ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေက
    ရှိပြီးသားပဲ။

    ကယ်ပါ ဆိုတာတွေက ကယ်နေတဲ့ သူတွေရှိတာကြောင့် မျိုးဆက်ကို မပြတ်နိုင်တာ။
    ဒီနိုင်ငံတွင်မှ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလဲ ကယ်ပါတွေ ရှိနေတာပါပဲ။
    အဝေးကို လှမ်းမကြည့်တော့ပါဘူး။ ကိုယ့်မျက်စိရှေ ့မှာ လက်တစ်ကမ်းမှာ ရှိနေတာကိုပဲ ဘယ်လိုလုပ်ရင်
    ကောင်းမလဲ…..။

    သဒ္ဒါတရားဆိုတာတို ့ လှုတန်းတယ်ဆိုတာတို ့ ကုသိုလ်ယူတယ် ဆိုတာတို ့က တကယ်ကို ရုတ်တရက် အခြေ
    အနေမှာ ဒုက္ခ ရောက်နေသူကို ကူညီတာမျိုးက တခြား မက်လုံးတွေကို ဘေးဖယ်ပြီး
    လူကလူကို ကူညီကြတာဟာ တကယ်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်နိုင်ပေမဲ့……….
    နေ ့စဉ်နဲ ့အမျှ အလုပ်အကိုင် တခုအနေနဲ ့ Professional တောင်းစားနေတဲ့ လူတွေကို ငွေကြေး ပေးကမ်းနေ
    တာမျိုးကတော့ သူခိုးအားပေး လုပ်ရပ်နဲ ့ တူပါတယ်။ လူလူချင်း စာနာထောက်ထားတယ်ဆိုတဲ့ စကားနဲ ့
    လဲ အကျုံးဝင်မှာ မဟုတ်ပါဘူး။

    ရပ်ကွက် တစ်ခုမှာ လူတစ်ရာရှိလို ့ တယောက်ကမှ မပေးကမ်းရင် အဲဒီ ကယ်ပါဟာ သေချာပေါက် ကို
    ဝမ်းစာ အတွက် တခုခုကို လုပ်ကိုင် စားသောက်ရတော့မှာပါ။ ပေးကမ်းသူ မရှိလို ့ ထွက်ပေါက်ရှာပြီး
    ခိုးဆိုး လုယက်မလား ဆိုတာကို ထည့်သွင်း စဉ်းစားစရာ မလိုပါ။ ကျန်သော အရာများ နှင့် သပ်ဆိုင်တဲ့
    လူ ့ပတ်ဝန်းကျင်က ရှိနေနှင့်ပြီးသားပါ။

    တကယ်ကို စေတနာထားတယ်၊ သနားတယ်၊ မေတ္တာ ဂရုနာထားတယ် ကုသိုလ်ဆိုတာကြီးကို ရချင်တယ်
    ဆိုရင် နောက်ထပ် ထပ်ဖြစ်လာမဲ့ ကယ်ပါမျိ်ုးဆက် Generation အသစ်ကို မဖန်တီးကြရင် ကောင်းမှာပါ။

    အထက်အပါ ခေါင်းစဉ်တွေကို တပ်ပြီး ပေးကမ်းလိုက်တဲ့ ရလာဒ်ဟာ သူတောင်းစား မျိုးဆက်ကို ဆက်လက်
    စဉ်ပင်တိုးပွားစေတာ ဖြစ်တဲ့ အတွက် မိမိ၏ သဒ္ဒါ တရားဟာ မိမိ၏ လူ ့ပတ်ဝန်းကျင်ကို ဖျက်စီးရန် သွယ်ဝိုက်
    သောနည်းဖြင့် တွန်းအားပေးနေခြင်း ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။

  • ogre

    April 8, 2011 at 12:59 am

    သူကြီးရေ…..အပေါ်ကနာမည်တူပို့စ်နှစ်ခုက်ုဖျက်ပေးပါဗျာ
    ကွန်နက်ရှင်မကောင်းလို့ထပ်တင်ရင်း3ခုဖြစ်သွားတယ်ဗျ
    ကျွန်တော်လည်းမလုပ်တတ်တော့ဝူး..ကယ်ပါဗျ

  • MaMa

    April 8, 2011 at 2:17 am

    ရှမ်းပြည်မြောက်ပိုင်းဖက်ကို ကားလမ်းတွေ စ ပေါက်တော့ မူဆယ်သွားလည်တယ်။ လမ်းမှာ ကလေးလေးတွေ တွေ့တော့ ကားပေါ်ပါလာတဲ့လူတွေက ခရီးသွားရင်းစားဖို့ပါလာတဲ့ မုန့်တွေကို ပစ်ချပေးတယ်။ တချို့ကလည်း ငွေတွေ ပစ်ချပေးတယ်။ အဲဒီအချိန်မှာ ကားပေါ်မှာပါလာတဲ့ ရှမ်းအမျိုးသမီးကြီးတစ်ယောက်က (သူ့ကြည့်ရတာတော့ လူချမ်းသာထဲကပဲ) အဲဒီလို ပစ်ချပေးနေရင် ကလေးတွေ သူတောင်းစားဖြစ်ကုန်လိမ့်မယ်တဲ့။

  • MaMa

    April 8, 2011 at 2:22 am

    ရှမ်းပြည်မြောက်ပိုင်းဖက်ကို ကားလမ်းတွေ စ ပေါက်တော့ မူဆယ်သွားလည်တယ်။ လမ်းမှာ ကလေးလေးတွေ တွေ့တော့ ကားပေါ်ပါလာတဲ့လူတွေက ခရီးသွားရင်းစားဖို့ပါလာတဲ့ မုန့်တွေကို ပစ်ချပေးတယ်။ တချို့ကလည်း ငွေတွေ ပစ်ချပေးတယ်။ အဲဒီအချိန်မှာ ကားပေါ်မှာပါလာတဲ့ ရှမ်းအမျိုးသမီးကြီးတစ်ယောက်က (သူ့ကြည့်ရတာတော့ လူချမ်းသာထဲကပဲ) “အဲဒီလို ပစ်ချပေးနေရင် ကလေးတွေ သူတောင်းစားဖြစ်ကုန်လိမ့်မယ်တဲ့။” တောင်းဆိုုပါတယ် parlayar46 ရေ အမြည်းသဘော မဟုတ်ပဲ ပိုစ့်တစ်ခုလောက် ရေးတင်ပေးပါလား။ လူအများ အသိတိုးရတာပေ့ါ။ သိတော့လည်း ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်နိုင်တာပေါ့။

  • hmee

    April 8, 2011 at 7:45 am

    ဆိုင်ဖွင့်ထားတဲ.သူတွေ ဒီလိုကိစ္စပိုကြုံရတယ်။ တနေ.တနေ. လာလိုက်တဲ့ အလှုခံ လာတိုင်းသာ ထည့်ရရင် အမြတ်တောင် ကျန်မှာ မဟုတ်ဘူး။ ကိုယ်ကဒိုင်ခံ သူတို.ကအများလေ ကြာတော. ကန်တော.ပါသေးရဲ. လုပ်ရတယ်။ အသက်အရမ်းကြီးသူတွေပဲ ပေးတယ်။ တရက်ကတော. သန်သန်မာမာ အမျိုးသမီးတယောက် ဆိုင်ရှေ.ကနေလာတောင်းတယ် ဆိုင်ကကောင်လေးက သွားမပေးနိုင်ဘူး လူကအကောင်းကြီး အလုပ်လုပ်စားပါလား၊ ဈေးရောင်းစားပါလားလို. ပြောတော. ဟဲ့ နင်အရင်းထုတ်ပေးမှာလားတဲ့ ပြန်ပြောတာ သူတောင်းစားကလေ သူထွက်သွားမှ ပြောပြောပြီး ရီလိုက်ရတာ။

  • နွယ်ပင်

    April 8, 2011 at 8:02 am

    အခုဆိုမြို့ထဲမှာ ကလေးတွေတောင်းတာတော်တော်များလာတယ် အရင်ကဆို သနားလို့ပေးတက်ပင်မဲ့ အခုတော့ မပေးဖြစ်တော့ဘူး သူတို့နောက်မှာက သူတိ့ အုပ်ထိန်းသူတွေက ရှိနေပြီးသားလေ နောက်တစ်ချို့ဆို ကလေးကို တမင်မငိုငိုအောင် လုပ်ပြီးတောင်းတဲ့ သူလဲ ရှိသေးတယ် ….

  • noob

    April 8, 2011 at 8:12 am

    သူတို ကို မပေးလိုရပေးမဲ ့ အမိနိုင်ငံက စပယ်ယာ တွေဆို တနေ ့တနေ ့ 100 မအမ်းနိုင်လို ့ (မပေးပဲဖွက်ထားတာလဲပါတယ်) အရူးအကွက် အနင်းခံနေရ တာ ကပိုခံပြင်းတယ်

  • meelay

    April 8, 2011 at 8:27 am

    တချို့က တောင်းလို့လွယ်လွယ်ရနေတော့ အလုပ်လုပ်မစားချင်ကြတော့ဘူး။ မီးတို့အိမ်မှာ အမြဲလာတောင်းနေတဲ့ မိန်းမကြီးတစ်ယောက်ကို အိမ်သန့်ရှင်းရေး နေ့တိုင်းလာလုပ်ပေး ပိုက်ဆံပေးမယ်လို့ပြောလိုက်တာ၊ နောက်ရက်ကျတော့ မလာတော့ဘူး … 🙂

Leave a Reply