Ashinindaka ထံ ပြန်လည် ရှင်းလင်း လျှောက်ထားချက် (၂)

researcherApril 7, 20111min1775

တကမ႓ာလုံးအတိုင်းအတာနဲ့ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မယ်ဆိုရင်တော့ စနစ်တကျစီစဉ် ဆောင်ရွက်တတ်ဖို့ လိုမယ်လို့ တပည့်တော်ထင်ပါတယ်ဘုရာ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးဘာသာ အနေနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေက အသိအမှတ်ပြု ထားတောင် ဗုဒ္ဓဘာသာက တကမ႓ာလုံး အတိုင်းအတာနဲ့ မပြန့်နှံ့တာ ဘာဖြစ်လို့လဲတာ ပြန်ပြီး သုံးသပ်ကြည့်ရမှာပါ။ လောကီမှာတော့ လုပ်ငန်းတစ်ခု၊ စနစ်တခု မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်တာလဲ၊ ဘာတွေလိုနေလို့လဲ ဆိုတာကို ပြန်ပြီး သုံးသပ် Review လုပြ်ပီး ပြုပြင်၊ ပြောင်းလဲမှုတွေ လုပ်ကြရပါတယ်။ ဒီလိုပဲ သာသနာတော် ပြန့်ပွားခြင်း လုပ်ငန်းကို တကမ႓လုံး အတိုင်းအတာနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ် ကြည့်ဖို့ လိုပါမယ်။

ဗုဒ္ဓရဲ့ တရားတော်တွေကို ရှင်းလင်းဖေါ်ထုတ်ပြသတဲ့ နေရာမှာ ရှင်းပြတဲ့သူတွေ အနေနဲ့ နည်းပညာကျွမ်းကျင်မှု လို့ဆိုတဲ့ နည်းနိဿယတွေလို့ခေါ်တဲ့ Technique တွေများလိုနေလို့လား၊ ချဉ်းကပ်ပုံချဉ်းကပ်နည်း Approach တွေများ လွဲနေလား၊ တင်ပြပုံတင်ပြနည်း Presentation တွေများ ညံ့နေလားဆိုတာ ပြန်သုံးသပ် သင့်ပါ တယ်။ ကိုယ်ရှင်းပြရမယ့်သူတွေသည် သဒ္ဒါတရားထက်သန်တဲ့ မြန်မာလူမျိုးများ မဟုတ်ကြဘူး ဆိုတာရယ်၊ သက်သေမပြနိုင်ရင်၊ Prove မလုပ်နိုင်ရင် ၊ နားမလည်ရင်၊ လက်မခံရင်၊ …သဘောပါကြရဲ့လား…လို့မေးပေမယ့် …သဘောပါပါတယ်ဘုရား…လို့ ဖြေမယ့်သူတွေမဟုတ်ဘူးဆိုတာရယ်ကို သဘောပေါက်ထားရပါမယ်။

ဒါ့အပြင် သာသနာပြုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်ဆိုရင်တော့ တဦး၊ တယောက်၊ တနိုင်၊ တပိုင် ပုံစံထက် အဖွဲ့အစည်းပုံစံ စနစ်တကျ ဆောင်ရွက်မှ အောင်မြင်ပါလိမ့်မယ်။ ဒီလိုအဖွဲ့အစည်းအဖြစ် ဆောင်ရွက်တဲ့အခါမှာ အဖွဲ့အစည်းတခု ရေရှည်တည်တံ့အောင်မြင်ရေးအတွက် ဘာတွေ လိုအပ်သလဲ ဆိုတာမျိုးတွေ စဉ်းစား ရပါမယ်။ သီလ၊ သမာဓိ ပညာနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးများနဲ့ ရဟန်းတော်များအဖွဲ့၊ နိုင်ငံတော်အစိုးရကဲ့သို့သော အာဏာပိုင်အဖွဲ့၊ ဥပသကာလို့ခေါ်တဲ့ အကျိုးတော် ဆောင် ဒါယိကာ၊ ဒါယိကာမ များအဖွဲ့ စသဖြင့် သုံးဦးသုံးဖလှယ် ညီညွတ်မျှတမှု ရှိဖို့လိုပါတယ်။ ဘယ်အဖွဲ့က ဘယ်လိုတာဝန်တွေယူပြီး ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာမျိုး အစီအစဉ်တွေရှိရပါမယ်။

နောက်ပြီး ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးလို့ အသိအမှတ်ပြုထားပြီး ဗုဒ္ဓဘာသာကို လက်မခံတာဟာ ဘာသာတရားကို မကြိုက်နှစ်သက်တာလား၊ ဘာသာတရားနဲ့ ဆက်နွယ်နေတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို လက်မခံချင်တာလား ဆိုတာလဲ ကွဲပြား ဖို့လိုပါလိမ့်မယ်။ တရားတော်တွေကို ရှင်းပြတဲ့နေရာမှာ မိမိတို့ရဲ့ သဘောထား အမြင်တွေ ရောစွက်နေလို့ လက်မခံနိုင်ဖြစ်သွားတာလား ကိုလည်းကြည့်ရပါမယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆိုတာတွေကိုဖယ်၊ မိမိတို့ရဲ့ အယူအဆတွေကိုပယ်ပြီး တရားကို အနှစ်သာရပြည့်ဝစွာနဲ့ ထိထိမိမိ မှန်မှန်ကန်ကန် ခေတ်နဲ့လိုက်လျောညီထွေ နည်းစနစ်တွေနဲ့ ထုတ်နှုတ်ရှင်းပြနိုင်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာ မဟုတ်သူတွေ လက်ခံ လာလိမ့်မယ်လို့ တပည့်တော်ထင်ပါတယ်။ ဒီအကြောင်းတွေကို တပည့်တော် ထပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် မဆွေးနွေး ချင်ပါဘူး။ ဘာလို့လဲဆိုတော့ တပည့်တော်က သာသာတော်ပြန့်ပွားရေးလုပ်ငန်းတွေကို တစိုးတစိမျှ ဆောင်ရွက် နေတဲ့သူ မဟုတ်လို့ပါ။

တပည့်တော်ကတော့ မြတ်စွာဘုရားဟောကြားခဲ့တာတွေကို တရားနဲ့ ဆုံးမစကား ဆိုပြီး ခွဲခြားမှတ်ထား လိုက်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတွေက ဘယ်အချိန်၊ ဘယ်အခါ ကြည့်ကြည့် အမှန်တရားတွေဖြစ်ပြီး၊ ဆုံးမစကားဆိုတာတွေကတော့ သူ့ခေတ်၊ သူ့အခါ ကာလံ၊ ဒေသံပေါ်လိုက်လို့ ဆုံးမထားတယ် လို့မှတ်လိုက်ပါတယ်။ မှန်၊ မမှန် အငြင်းပွားဖွယ်ရာတွေ မဟုတ်ဘူးလို့လဲ ယူဆပါတယ်။ တကယ့် တရား တော်ရဲ့ အနှစ်သာရက မှန်သလား၊ မှားသလား၊ လက်ခံနိုင်လား၊ လက်မခံနိုင်လား ဆိုတာကိုတော့ စဉ်းစားဆင်ခြင် သုံးသပ်ပါတယ်။

5 comments

  • weiwei

    April 7, 2011 at 12:39 pm

    ပြီးခဲ့တဲ့ ရုံးပိတ်ရက်က တရားရိပ်သာတစ်ခုက ဆရာတော်တစ်ပါးနဲ့ တရားအကြောင်း စကားစမြည်ပြောဖြစ်တယ် … ဆရာတော်က တရားတော်တွေကို ငြင်းခုံနေတာ အကျိုးမရှိကြောင်း … ငြင်းနေမဲ့အချိန်မှာ တရားအားထုတ်တာ ကိုယ့်အတွက် ပိုအကျိုးရှိတယ်လို့ ဆုံးမလိုက်ပါတယ် …

  • ငှက်ကြီး

    April 7, 2011 at 2:43 pm

    ကျွန်တော်လဲ အဲ့ဒီလိုပြောမလို့ပဲ မဝေရေ…မဝေ ဦးသွားလို့။

  • researcher

    April 8, 2011 at 2:35 am

    ကျွန်တော်လဲ မရေးပဲနေတော့မလို့ပါပဲ၊ ဘုန်းဘုန်း ကို ပြန်ရှင်းပါမယ်လို့ ရေးထားမိလို့ ပြန်ရေးလိုက်တာပါ။ ပုဂံရာဇဝင် အကြောင်းပြောရင် တုတ် ထမ်း၊ ဓားထမ်းပြီးပြောရတယ် ဆိုသလိုပဲ ဘာသာရေးကိစ္စ ဆွေးနွေးတာ ဟာလဲ အဲဒီလိုပါပဲ။ အပြုသဘော မဆောင်ပဲ စကားစစ်ထိုးသလိုမျိုးဖြစ်ကုန်ရင် ပိုဆိုးပါမယ်။

  • bigcat

    April 8, 2011 at 4:04 am

    အဖွဲ့အစည်းနဲ့လုပ်ဖို့ပြောနေတာ အတော်ကြာပါပြီ။ ဖြစ်မလာတာ ကာယကံရှင်များကို၌က မပြင်လိုတာ၊ မပြင်ရဲတာကြောင့်ပါ။ ညီညွတ်မှုအားနည်းတဲ့ မတိုးတက်သေးတဲ့ လူမျိုးတိုင်းအတွက် သိပ်လွယ်မဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ သီအိုရီအရလည်းမှန်တယ်၊ လက်တွေ့လည်းပြနိုင်ပေမဲ့ မြန်မာတွေထဲမှာ လုပ်နိုင်တဲ့သူ မပေါ်သေးဘူးလို့ပြောတာ အမျှတာဆုံးဖြစ်မယ်ထင်ပါတယ်။

  • fatty

    April 8, 2011 at 6:13 am

    နဲနဲလောက်တော့ဝင်ဆွေးနွေးပါရစေ ..။ ကျနော်ဒီဆိုဒ်မှာစရေးတော့ ဘာသာရေးကိစ္စတွေရေးချင်တာပါ..။ဒါပေမဲ့
    သူကြီးပြောတာလဲသဘာဝကျတာမို့ ..မရေးဖြစ်တော့ပါ ..။ ဒိဆိုဒ်မှာက ဘာသာစုံတွေဖတ်ကြတယ် ဒါကြောင့် ဘာသာရေးအကြောင်းရေးချင်ရင် ဘာသာရေးဆိုဒ်ကိုသွားပါလို့ဆိုပါတယ် ..။ အဝေးရောက်တွေကလည်း ဘာသာစုံနဲ့
    အမြဲတန်းပေါင်းသင်းဆက်ဆံနေရတာကြောင့်လဲပါတယ်လို့ဆိုပါတယ် ..။ ထားပါတော့အဲဒါ ..။
    ……… ဗုဒ္ဓဘာသာကို အကောင်းဆုံးလို့ကမ ္ဘာက လက်ခံထားကြပေမဲ့တကမ ္ဘာလုံး အတိုင်းအတာထိ သာသနာတော်ပြန့်ပွါးအောင် ဆောင်ရွက်ဖို့ကိစ္စက အတော်လေးခက်ခဲပါလိမ့်မယ် …။ အဓိကကတော့ ဒီဘာသာ
    ဟာ သိပ်ပြီးနုညံ့ခက်ခဲတယ် ညဏ်ပေါ်မှာတည်တယ် သိမ်မွေ့နက်ရှီုင်းလှတယ် ..။ အဲဒါတွေကြောင့်လို့ထင်ပါတယ် ..။ ဗုဒ္ဒဘာသာဟာ လူမှုရေး အသင်းအဖွဲ့ နဲ့ social religion မျိုးမဟုတ်တာလဲပါ ပါတယ် ..။ တကယ်တန်းတော့
    တယောက်ထဲကျင့်ကြံအားထုတ်ရတာကိုး ..။ လူမှုရေးအသင်းအဖွဲ့အနေနဲ့ ဆိုရင်တော့ ဘုန်းတော်ကြီးကြောင်း
    တွေများများဆောက် ယောဂီအသင်းတွေများများဖွဲ့စီးပြီး အစရှိသဖြင့်ပေါ့လေ လုပ်ကြရမှာပေါ့ ..။ အဲဒီကမှ စိတ်ဝင်
    စားလာလို့ အတွင်းကိုထဲထဲဝင်ဝင်လေ့လာ လာပြီဆိုရင် နားလည်တတ်ကျွမ်းသော ကိုယ်တိုင်အားထုတ်ပြီး အရိယာ
    ဖြစ်နေသောရဟန်း ( သို့ ) အဆင့်တခုခုသို့ရောက်ရျိပြီးသောပုဂ္ဂိုလ်တို့လိုလာပါပြီ ..။
    ……………. စာရွက်စာတန်းတွေ ဘာသာရေးနဲ့ဆိုင်တာတွေရိုက်နှိပ်ဖြန့်ချီဝေငှဖို့ဆိုတာကလည်း .. တကယ့်အနှစ်
    သာရက သုညတဖြစ်နေတော့ သံဝေဂ စာမျိုးဖြစ်နေမှာပါ ..။ သာသနာပြု သူနဲ့ ဘာသာရေးကျင့်ကြံအားထုတ်သူ
    ကလည်း ခွဲခြားပြီးကြည့်ရမယ်ထင်ပါတယ် ..။ တကယ်တန်းကျင့်ကြံအားထုတ် ပေါက်မြောက် လာပြီဆိုရင် အဲဒီ
    ပုဂ္ဂိုလ်က သာသနာပြု ဖို့သိပ်လုပ်မယ်မထင်ပါဘူး ..။ သူ့အခံဓာတ်ကိုက လူတွေနဲ့ ဝေးချင်ပါပြီ သတ္တဝါ လို့မှမမြင်
    တော့ဘဲ ရုပ်နာမ် ဘဲမြင်တော့တာကိုး .. ရုပ်နာမ် ဆိုတာတောင်မှ ဒါကရုပ် ဒါကနာမ်ဆိုပြီး ပြောနေကြပေမဲ့ အရီယာ
    တို့မှာ သဘောတရားအနေနဲ့ဘဲ မြင်ပါတော့တယ် ..။ ဒါကြောင့်ဆရာတော်များက သဘောပေါက်ကြလားလို့ မမေးပါ …။ သဘောပါလားလို့မေးပါတယ် .. ဆိုလိုတာကတော့ နှလုံးသားထဲကနေ အခံရှိထားမှ သဘောပါမှာဖြစ်ပါတယ် ..။သဘောပေါက်သလားဆိုရင်တော့ အတန်းထဲမှာစာသင်ပြီး နားလည်လားလို့မေးလိုဖြစ်နေပါပြီ ..။ နောက်အချိန်ရရင်ဆက်ဆွေးနွေးချင်ပါတယ် ..။ ဒီဆောင်းပါးလေးကိုတော့အတော်သဘောကျမိပါတယ် ..။

Leave a Reply