researcherApril 7, 20111min1775
တကမ႓ာလုံးအတိုင်းအတာနဲ့ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မယ်ဆိုရင်တော့ စနစ်တကျစီစဉ် ဆောင်ရွက်တတ်ဖို့ လိုမယ်လို့ တပည့်တော်ထင်ပါတယ်ဘုရာ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးဘာသာ အနေနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေက အသိအမှတ်ပြု ထားတောင် ဗုဒ္ဓဘာသာက တကမ႓ာလုံး အတိုင်းအတာနဲ့ မပြန့်နှံ့တာ ဘာဖြစ်လို့လဲတာ ပြန်ပြီး သုံးသပ်ကြည့်ရမှာပါ။ လောကီမှာတော့ လုပ်ငန်းတစ်ခု၊ စနစ်တခု မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်တာလဲ၊ ဘာတွေလိုနေလို့လဲ ဆိုတာကို ပြန်ပြီး သုံးသပ် Review လုပြ်ပီး ပြုပြင်၊ ပြောင်းလဲမှုတွေ လုပ်ကြရပါတယ်။ ဒီလိုပဲ သာသနာတော် ပြန့်ပွားခြင်း လုပ်ငန်းကို တကမ႓လုံး အတိုင်းအတာနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ် ကြည့်ဖို့ လိုပါမယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ရှင်းလင်းဖေါ်ထုတ်ပြသတဲ့ နေရာမှာ ရှင်းပြတဲ့သူတွေ အနေနဲ့ နည်းပညာကျွမ်းကျင်မှု လို့ဆိုတဲ့ နည်းနိဿယတွေလို့ခေါ်တဲ့ Technique […]


researcherApril 7, 20111min1441
အရှင်ဘုရားရဲ့ ပြောပြစရာတွေ တပုံကြီးကို ဖတ်ပြီး အရှင်ဘုရားထံ ပြန်လည် ရှင်းလင်း ပါမယ်လို့ ရေးထားတဲ့အတွက် တပည့်တော်ပြန်ရေးလိုက်ခြင်းဖြစ်ပါတယ်ဘုရား။ လောကီကို တကယ်မစွန့်လွှတ်နိုင်လျှင် ရဟန်းမဝတ်သင့်ပါ လို့ထင်ကြောင်း တပည့်တော်က ရေးထားပါတယ်။ အရှင်ဘုရားပြန်လည်ရေးထားတဲ့ထဲမှာ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် လောကီမှန်း၊ လောကုတ္တရာမှန်း မသိသေးတဲ့ အချိန်မှာ မိဘတွေ ကိုရင် ဝတ် ပေးလို့ သာသနာ့ဘောင် ထဲရောက်ပြီး သာသနာ့အာဇာနည်တွေအဖြစ် သာသနာ့ တာဝန်တွေထမ်းဆောင်နေကြတဲ့ ဆရာတော် ကြီးတွေ၊ ရဟန်း၊ သံဃာတော်တွေကို ထောက်ပြထားပါတယ်။ အရှင်ဘုရားက သာသနာ့ဘောင်ထဲက ဆိုတော့ သာသနာ့ ဘောင်မှာ တင်ကျန်နေတဲ့ သူတွေကိုမြင်နေတာပေါ့ဘုရာ့။ တပည့်တော်တို့က လောကီ လူ့ဘောင်မှာ နေသူတွေဖြစ်လေတော့ သာသနာ့ဘောင်မှာ မတင်ကျန်ပဲ လောကီထဲ ပြန်ရောက်လာသူတွေကို […]