ဟဲ..ဟဲ .. ဒီလိုဆို ဒင်းတို ့ဘာတက်နိုင်သေးလဲ
တစ်ခါက ပင်လယ်ထဲမှာ သင်္ဘောငယ် တစ်စီး မီးလောင်ပြီး နစ်ပါတယ်။ အချိန်မီ အဆက်အသွယ်ယူတော့ နီးရာတစ်နေရာမှ ရဟတ်ယာဉ်တစ်စီးက ကြိုးချပြီး ကယ်ဆယ်ပါတယ်။ ကြိုးကိုဆွဲပြီး အတန်းလိုက် တွယ်ပါလာတာက ၁၁ ယောက်ပါ ။ အထက်ဆုံးက အမျိုးသမီးတစ်ဦး။
ရဟတ်ယာဉ်မောင်းသူက ပြောပါတယ်။ ရဟတ်ယာဉ်ကသေးလို ့လူပို ၁ဝ ယောက်ပဲနိုင်တယ်။ ကြိုးမှာ ၁၁ ယောက်ပါနေပါတယ်။ တစ်ယောက်ယောက် ဆင်းပေးပါလို ့ပြောတယ်။ မင်းဆင်းပါ ။ ငါမဆင်းဘူးနဲ ့ငြင်းနေကြတာ ၁၁ ယောက်လုံး ဘယ်သူမှ မဆင်းဘူး.။ အောက်ဆုံးက နောက်ဆုံးလူ ဆင်းပါဆိုလဲ မဆင်းဘူး။ အားလုံးက ကုတ်ကပ်ဆုတ်တွယ်နေတော့ ရဟတ်ယာဥိက အပေါ်သို့ ပျံတက်မရ ။ ဒုက္ခပဲ ။
“ရှင်တို့တစ်ယောက်မှ မဆင်းဘူးလား”
“မဆင်းဘူး” “ဒါဆိုရင် အားလုံးသေကုန်မှာပေါ့ ။ ဒီတော့ ရှင်တို ့မဆင်းရင် ကျွန်မဆင်းမယ်”
“ယောကျာ်း ၁ဝ ယောက်က ဘာမှ မပြောကြ၊ စိတ်ထဲက အေး-ကောင်းတာပေါ့လို ့ထောက်ခံချင်ပုံ ရရဲ ့”
“ကျွန်မပြောခဲ့မယ်။ ကျွန်မက မိန်းမသားဆိုတော့ မိခင်စိတ် အပြည့်ရှိတယ်။ ရှင်တို ့အားလုံးကို ကျွန်မရဲ ့ သားတွေလို သဘောထားပြီး ကျွန်မက ဆင်းပေးလိုက်တာ ဖြစ်တယ်။ မိခင်ဆိုတာက သားသမီးအတွက် ရဲရဲဝံဝံ အသက်စွန် ့ဝံ့ တယ် မဟုတ်ပါလားရှင်” လို ့အသံကျယ်ကျယ် ပြောတဲ့အခါ
“ဟုတ်တယ် ဟုတ်တယ်” ဆိုကာ အမျိုးသား ဆယ်ယောက်လုံး ယောင်ယမ်းပြီး လက်ခုတ်ဩဘာတီးလိုက်မိကြတယ်။ အဲဒီမှာ အားလုံး ပင်လယ်ထဲ ပြုတ်ကျသွားကြလေရောတဲ့ ။ 😀 😛
14 comments
မမလေး
April 8, 2011 at 7:27 am
ဟားဟား တယ်ရယ်ရတယ် …
နီလေး
April 8, 2011 at 7:29 am
ဟားဟား ဒါမှကွ
True Answer
April 8, 2011 at 8:25 am
good
manawphyulay
April 8, 2011 at 8:36 am
လက်ခုပ်တီးတာနဲ့ အကုန် ဘာလို့ပြုတ်ကျသွားတာလဲဟင်…
blacklover
April 8, 2011 at 9:16 am
အကုန်လုံးကြိုးဆွဲပြီးနေနေကြတာလေ လက်ခုပ်တီးလိုက်တော့ကြိုးနဲ့လက်နဲ့လွှတ်သွားပြီး ပြုတ်ကျကုန်တာလေ…….
hninkharr
April 8, 2011 at 11:59 am
10 ယောက်လုံး နှလုံးတွေအေးနေမှာပဲနော်
nature
April 8, 2011 at 2:16 pm
စကားများသောလိပ်ပုံပြင်ဆန်ဆန်လေးပဲ။
panchapee
April 8, 2011 at 4:41 pm
အရမ်းပေါပါတယ်……. ဘာများလဲလို့ ကြည့်မိတာ
nigimi77
April 9, 2011 at 3:50 am
သေချာတာကတော့ ဒီဟာသကို ဖတ်ဖူးတာကြာပြီ။
Version ပြောင်းလိုက်တော့လည်း Creative Writing ဖြစ်သွားရော။
bigcat
April 9, 2011 at 4:06 am
ရဟတ်ယာဉ်မောင်းသူက ကိုကြောင်ကြီး။ ရဟတ်ယာဉ်ကလည်း အော်တိုမောင်းခိုင်းထားလို့ရတယ်။ ဇာတ်လမ်းဆက်ဖို့တော့ အစဖေါ်ပေးလိုက်ပြီဗျို့။ 😳
moethidasoe
April 9, 2011 at 8:19 am
ဒါဆို ကျန်ခဲ့တဲ့ အမျိုးသမိးကို ကိုကြောင်ကြီးက လက်ဆွဲခေါ်တင်ဖို့ ကြံရွယ်ထားတယ်နဲ့ တူတယ် .. အဲဒီအမျိုးသမီးက အိမ်ထောင်ရှင်များဖြစ်နေရင် ……………….
ကိုကြောင်ကြီး ဇာတ်လမ်းဆက်ကြည့်တာပါ
zawinaing
April 9, 2011 at 9:36 am
တော်ကြာ အပိုဆု တွေပါနေရင် ကိုကြောင်ကြီးတော့ထော်ပြီ………:)
zawinaing
April 9, 2011 at 9:39 am
တော်ကြာ အပိုဆု တွေပါနေရင် ကိုကြောင်ကြီးတော့ထော်ပြီ………:) …..
cobra
April 10, 2011 at 10:58 am
ဟီးဟီး…
ဟာသမြောက်ပါပေတယ်..။