စာရေးဆရာမ ခက်မာနှင့်တွေ့ဆုံခြင်း

kaiApril 14, 20111min30511

၁-မေး။   ဆရာမရဲ့ကိုုယ်ရေးရာဇဝင်အကျဉ်းကိုုပြောပြပါ။
ဖြေ။   ၁၉၆၉မှာ ဧရာဝတီတိုုင်း၊မအူပင်မြို ့မှာမွေးပါတယ်။မိဘများက ဦးဝင်းမြင့်နဲဒေါ်မေမေစိုုးပါ။ မောင်နှမသုုံးယောက်မှာ အကြီးဆုုံးပါ။၁၉၈၄ မှာ ပန်းပဲတန်း အ.ထ.က (၁)၊ ရန်ကုုန်ကဆယ်တန်းအောင်တယ်။ ၁၉၉၂ မှာရန်ကုုန်တက္က္ကသိုုလ်က ဓါတုုဗေဒအဓိကနဲ ့ဘွဲ ့ရရှိခဲ့ပါတယ်။

၂-မေး။ ဘယ်အရွယ်မှာစာစရေးခဲ့တာလဲ။ စာရေးဆရာမျိုးရိုုးရှိပါသလား။
ဖြေ။ အလယ်တန်းကျောင်းသူဘဝ ကျောင်းနံရံကပ်စာစောင်အတွက် ကဗျာလေးတွေဝတ္တုလေးတွေစရေးတာကိုုစာစရေးတယ်လိုု ့သတ်မှတ်မယ်ဆိုုရင်တော့ အလယ်တန်းကျောင်းသူဘဝထဲက စာစရေးတာလိုု ့ပြောရလိမ့်မယ်။ ဝတ္တုတိုုနဲ ့ ကဗျာလေးတွေမဂ္ဂဇင်းတွေမှာစပြီးပုုံနှိပ်ဖော့်ပြခံရတာကတော့ ၁၉၈၉ မှာပါ။ စာရေးဆရာမျိုးရိုုးမရှိပါဘူး။

၃-မေး။မခက်မာပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့ဝတ္ထုက ဘယ်အချိန်၊ဘယ်မဂ္ဂဇင်းမှာလဲ။
ဖြေ။၁၉၈၉  ခုု စက်တင်ဘာလမှ မဟေသီမဂ္ဂဇင်းနဲ ့ချယ်ရီမဂ္ဂဇင်းမှာ ကျမဝတ္တုတိုုနှစ်ပုုဒ် တပြိုင်တည်းရွေးချယ်ဖော်ပြခံရပါတယ်။ ဒါပေမယ့် မဟေဝီမဂ္ဂဇင်းကဝတ္တုက အဲဒီ ကာလကထုုံးစံအတိုုင်း မဂ္ဂဇင်းအဖြစ်ရိုုက်ပြီးမှ ဒုုတိယအကြိမ်စာပေစီစစ်ရေး အချော တင်တဲ့အချိန်မှာ တစ်ပုုဒ်လုုံးဆင်ဆာဖြတ်ခံလိုုက်ရတော့ ပရိသတ်ဆီကိုု ချယ်ရီက တပုုဒ်ပဲရောက်တော့တာပေါ့။

၄-မေး။ လျှောက်ခဲ့တဲ့စာပေခရီးကိုပြောပြပါဦး။ယခုချိန်ထိဝတ္ထု၊ကဗျာဘယ်နှစ်ပုဒ်ရေးသားခဲ့ပါလဲ။
ဖြေ။ မဂ္ဂဇင်းမှာစတင်ပုုံနှိပ်ခံခဲ့ရတဲ့ ၁၉၈၉ ကနေတွက်ရင် စာပေခရီးမှာလျှောက်ခဲ့တာ ခုုဆိုု ၂၂ နှစ်ရှိပြီပေါ့။ အလွတ်စာရေးဆရာအနေနဲ ့တော့ မဂ္ဂဇင်း၊ဂျာနယ်အားလုုံးလိုုလိုုမှာရေးခဲ့ပါတယ်။ပင်တိုုင်ဆောင်းပါးရှင်၊ အင်တာဗျူးသမားအနေနဲ ့တော့ မဟေသီမဂ္ဂဇင်းနဲ ့ ပန်မဂ္ဂဇင်းမှာလုုပ်ခဲ့ပါတယ်။မျက်နှာဖုုံးဆောင်းပါးရေးသူ၊ လူမှုရေး စီးပွားရေးဆောင်းပါးရေးသူအဖြစ် ဓနစီးပွားရေးမဂ္ဂဇင်းမှာ ၂၀၀၂ ကနေ ၂၀၀ရ ထိလုုပ်ခဲ့ပါတယ်။ မဂ္ဂဇင်းဝတ္တုတိုု၊ ဝတ္တုရှည်နဲ ့ အက်ဆေးပေါင်း ၂၀ဝ ဝန်းကျင်၊ စီးပွားရေးလူမှုရေးနဲ ့ပါတ်သက်တဲ့ မျက်နှာဖုုံးဆောင်းပါးအပါအဝင်ဆောင်းပါးပေါင်း ၁၀ဝကျော်ရေးခဲ့ပြီးပါပြီ။ ကဗျာက တော့ရေးဖြစ်ခဲပါတယ်။ စာစရေးတဲ့ ၁၉၆၉ ကတည်းက ဒီနေ ့အထိမှစုုစုုပေါင်း အပုုဒ် ၂ဝ လောက်ပဲရှိမယ်ထင်တယ်။ တခြားစာပေအလုုပ်အနေနဲ ့ကတော့။ မဟေသီ မဂ္ဂဇင်းမှာ “ရသမြစ်ဖျား“ ဆိုုတဲ့ခေါင်းစဉ်နဲ ့တေးရေးတေးဆိုုအနုုပညာသမားတွေ အပါ အဝင် စာရေးဆရာအများစုုကိုု ရသစာပေနဲ ့ပတ်သက်တဲ့အင်တာဗျူး တွေ ၂ နှစ် လောက်လုုပ်ခဲ့ပါတယ်။

၅-မေး။။ဓနမဂ္ဂဇင်းမှာမျက်နှာဖုံးဆောင်းပါးတွေရေးဖြစ်ခဲ့တဲ့အကြောင်းရယ်။အမှတ်ရဆုံးမျက်နှာဖုံးဆောင်းပါးအကြောင်းပြောပြပေးပါဦး။
ဖြေ။၂၀၀၂ လောက်မှာ ဓနမဂ္ဂဇင်းက အယ်ဒီတာဘကြီးမိုုး( မောင်မိုုးသူ) က ဓနမဂ္ဂဇင်းမှာ စီးပွားရေးလူမှုရေးဆောင်းပါးတချို ့ဝင်ရေးပေးဖိုု ့ကမ်းလှမ်းခဲ့ပါတယ်။ ကျမက အဲဒီ အချိန်ထိ ရသဝတ္တုတွေချည်းသက်သက်ရေးလာတာဆိုုတော့ စီးပွားရေးလူမှုရေး ဆောင်းပါးတွေမရေးတတ်ဘူးလိုု ့ပြောမိတော့ ဘဘဦးမိုုးသူက ‘ရေးတတ်သလိုုရေး’လို ့ ပြောတယ်လေ။ အဲဒီတော့ ကျမလည်းရေးတတ်သလိုုရေးရင်းနဲ ့၂၀၀ရ ခုုနှစ်အထိ စီးပွားရေးလူမှုရေးဆောင်းပါးပေါင်း အပုုဒ် ၁၀ဝ ကျော်ရေးဖြစ်သွားတယ်။ ရေးဖြစ်တော့ လည်း ကျမစိတ်တိုုင်းကျသလိုု ပရိသတ်ကအသိအမှတ်ပြုတဲ ့ဆောင်းပါးတွေရှိလာပါ တယ်။ ကျမမှတ်မိသလောက် မြို ့ပြနေမြန်မာလူထုုရဲ ့ပြောင်းလဲသွားတဲ ့မနက်စောစော စာစားတဲ့ပုုံစံကိုု စားသောက်ဆိုုင်စီးပွားရေးနဲ ့ယှဉ်ပြီးတင်ပြထားတဲ့ ‘ နံနက်ခင်းအတွက် ရွေးချယ်ခွင့်’ ဆိုုတဲ့ မျက်နှာဖုုံးဆောင်းပါးကိုုပရိသတ်ကကြိုက်ကြကြောင်းလူတော်တော် များများဆီကပြန်ကြားရတယ်။ ကျမကတော့ စီးပွားရေးဆောင်းပါးတွေထက် လူမှုရေး ဆောင်းပါးတွေရေးရတာ ပိုုလက်တွေ ့တယ်။ ဥပမာ အိမ်ထောင်ဦးစီးယောက်ျားတွေ ဘဝရပ်တည်ရေးအတွက် နိုုင်ငံရပ်ခြားမှာထွက်ပြီးအလုုပ်လုုပ်ရတဲ့ အခါ မိသားစုုမှာ ဝင်ငွေအရတိုုးလာသော်လည်းပဲ ဆုုံးရှုံးသွားရတဲ့ လူမှုရေးတန်ဖိုုးတွေအကြောင်းရေးတဲ့‘ ယာယီတံတား’ လိုု အထူးဆောင်းပါးမျိုးကိုု ပိုုကြိုက်မိတယ်။ ပြန်စဉ်းစားကြည့်ရင် ကိုုယ်မလုုပ်တတ်ဘူးထင်ခဲ့တဲ့အလုုပ်ကိုုအဲဒီလောက်များများနဲ ့ အဲဒီလောက်နှစ်ကြာ ကြာလုုပ်နိုုင်ခဲ့တာ အံ့ဩစရာပါပဲ။ သေချာတာကတော့ ဓနမဂ္ဂဇင်းအယ်ဒီတာအဖွဲ ့ရဲ ့ ကျမအပေါ်ယုုံကြည်မှု၊ နားလည်မှုနဲ ့ကျေးဇူးတင်စရာကောင်းတဲ့ ပံ့ပိုုးမှုတွေကြောင့် ကျမအဲဒီလောက်လုုပ်နိုုင်ခဲ့တာပါ။

၆-မေး။စာပေလောကကိုစတင်ဝင်ရောက်ချိန်ကဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရပါလဲ။
ကျမကကံကောင်းတယ်ပြောရမယ်။ကျမဝတ္တုတိုုလေးတွေ မဂ္ဂဇင်းကိုုစပိုု ့၊မဂ္ဂဇင်းမှာ စပါကတည်းက ကိုုယ့်ထက်ဝါရင့်တဲ့စာရေးဆရာကြီးတွေ၊အယ်ဒီတာကြီးတွေက လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးကြိုဆိုုအားပေးခဲ့ကြတယ်။တခေတ်ထဲတချိန်ထဲ စာအတူရေးကြသူ ရေးဖော်ရေးဖက်တွေကလည်းများသလိုု အားလုုံးက တယောက်ရဲ ့ အားထုုတ်မှုကိုု တယောက်အသိအမှတ်ပြုကြပြီး အချင်းချင်းလည်းခင်မင်နွေးေထွေးကြတော့ ပျော်စရာကောင်းတယ်။ကျမကတော့ စာပေစီစစ်ရေးသည်သာလျှင် ကျမဖြတ်သန်းခဲ့ရတဲ့ အခက်အခဲလိုု ့ပြောချင်တယ်။

၇-မေး။ အမေရိကန်ပြည်ထောင်စုကိုုရောက်ခဲ့တာ အခုဆိုဒုတိယအကြိမ်မြောက်ပေါ့နော်။
ဖြေ။ ၂၀၀ရ မှာ Iowa University  ကဖိတ်ခေါ်တဲ့ International Writing Program ကိုုတက်ရောက်ဖိုု ့ အမေရိကားကိုု ပထမအကြိမ်လာခဲ့ပါတယ်။ ၂၀၀၉  မတ်လမှာ ခိုုလှုံရာဗိမာန်ဆိုုတဲ ့City of Asylum/Pittsburgh ရဲ ့အစီအစဉ်နဲ ့ Writer-in- residences အဖြစ်နေထိုုင်ပြီး အနုုပညာဖန်တီးဖိုု ့ဒုုတိယအကြိမ်ရောက်ရှိခဲ့ပါတယ်။

၈-မေး။International writing programမှာနိုင်ငံတကာက စာရေးဆရာတွေနဲ့ကြုံရဆုံရ တော့ မြန်မာစာရေးဆရာတယောက်ရဲ့ခံစားမှုနဲ့ နိုင်ငံတကာစာရေးဆရာတွေက မြန်မာ ပြည်ကို ဘယ်လိုပုံစံမျိုးနဲ့စိတ်ဝင်စားကြပါသလဲ။
ဖြေ-မြန်မာစာရေးဆရာတယောက်အနေနဲ ့ခံစားမိတာကတော့ ကျမတိုု ့သူတိုု ့တွေနဲ ့ယှဉ် နိုုင်အောင်အလုုပ်တွေအများကြီးလုုပ်ရဦးမယ်ဆိုုတာပဲ။ များသောအားဖြင့်ကတော့မြန်မာပြည်ကိုု အသံထွက်တောင်မှန်အောင်မထွက်တတ်တဲ့သူများပါတယ်။ စိတ်ဝင်စား တဲ့သူတွေကတော့ မြန်မာပြည်နိုုင်ငံရေးကိုုစိတ်ဝင်စားကြတယ်။ ကျမ International Writing Program မှာရှိနေတဲ့အချိန်က ၂၀၀ရ စက်တင်ဘာလရွှေဝါရောင်တော်လှန် ရေးကာလဖြစ်တဲ့အတွက် မြန်မာပြည်ကိုုတော်တော်များသိသွားကြတယ်။

၉-မေး။ပြည်ပရောက်တော့ ဘာအခက်အခဲတွေရင်ဆိုင်ရလဲ။culture shockက ဘယ်လောက်ပြင်းထန်လဲ။ ပြင်းသလား။ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပါသလဲ။
ဖြေ။Culture Shock ကိုုကြုံတွေ ့ရပေမယ့် အတော်ပြင်းထန်တယ်လိုု ့တော့မထင်ပါဘူး။ ဒီကိုုမလာခင်ထဲက စာအုုပ်စာပေတွေကနေ အမေရိကရဲ ့ယဉ်ကျေးမှုကိုုသိတန်သ လောက် သိထားခဲ့တာပဲလေ။ ကျမအတွက်ကတော့ ရောက်စမှာ ဘာသာစကား အခက်အခဲက ပိုုများတယ်ပြောရမှာပဲ။ အခက်အခဲဆိုုတာက မသိလိုု ့ နားမလည်လိုု ့ ကြုံရတာတွေ မဟုုတ်လား။ ဒီတော့လည်းမြန်မာစကားပုုံအတိုုင်း အသိရင်မေးခြင်း အား ဖြင့်ဖြေရှင်းလိုုက်တာပဲပေါ့။

၁၀-မေး။ ရေးသားထုုတ်ဝေခဲ့ဖူးတဲ့စာအုုပ် ဘယ်နှစ်အုုပ်ရှိသလဲ။ အမျိုးသားစာပေဆုု၊ စာပေဗိမာန်ဆုုရဖူးပါသလား။
ဖြေ။ ကျမရေးခဲ့တဲ့ ဝတ္တုတိုု၊ ဝတ္တုရှည်၊ အက်ဆေးတွေကိုုစုုစည်းပြီး စာအုုပ် ၃ အုုပ်ထုုတ်ဝေခဲ့ပြီးပါပြီ။ တခြားစာရေးဆရာတွေနဲ ့တွဲပြီး ထုုတ်ခဲ့တာတွေကတော့ အများကြီးပါပဲ။ အမျိုးသားစာပေဆုု၊ စာပေဗိမာန်ဆုုမရဖူးပါ။

၁၁-မေး။ရေးပြီးသမျှှဝတ္ထု၊ကဗျာတွေထဲကအမှတ်ရဆုံး။
ဖြေ။ရေးဖြစ်ခဲ့သမျှထဲမှာ အမှတ်တရဖြစ်ရတဲ့ဝတ္တုတွေတော်တော်များများရှိပါတယ်။ ဥပမာ ရွှေအမြုတေမှာရေးခဲ့တဲ့ “ညပိုုင်ရှင်“ ဆိုု ကျမကြီးပြင်းခဲ့တဲ့ မြစ်ဝကျွန်းပေါ်ရွာကလေးမှာ ရေးခဲ့တာ။ ညဦးပိုုင်း ရ နာရီ၊၈နာရီလောက်အိပ်ပျော်သွားပြီး အိပ်မက်မက်တာလေ။ အိပ်မက်ကနိုုးတော့ ချက်ခြင်းထပြီး ရေနံဆီမီးခွက်ကလေးနဲ့ အဲဒီဝတ္တုကိုုတခါထဲ တောက်လျောက်ပြီးအောင်ရေးခဲ့တာကောင်းကောင်းမှတ်မိနေတယ်။ အဲဒီလိုုအမှတ် တရဖြစ်ရတဲ့ဝတ္တုတွေရှိသလိုု မမှတ်မိတော့တာတာတွေလဲရှိတယ်။ မမှတ်မိဘူးဆိုုတာ တနေရာရာမှာကိုုယ့်ဝတ္တုလေးပြန်တွေ့တဲ့အခါ ဒီဝတ္တုလေးကိုုငါဘယ်အချိန်တုုန်းက ရေးမိတာပါလိမ့်ဆိုုပြီးဇဝေဇဝါဖြစ်သွားရတာမျိုးပေါ့။

၁၂။-မေး။အမေရိကန်ပြည်ထောင်စုမှာနေထိုင်ရတာ ဘာကောင်းတာတွေတွေ့ရပြီး ဘယ်လို မကောင်းတာတွေတွေ့မြင်ရပါလဲ။
ဖြေ။လူအချင်းချင်းလေးစားတာ၊ အသိအမှတ်ပြုတာ၊ မစ ္ဆရိယနည်းတာ၊ စည်းကမ်းရှိတာ၊ ဥပဒေကိုုလေးစားတာတွေကကောင်းတာတွေပေါ့။ ဒီမှာသက်ကြီးရွယ်အိုုတွေ မိသားစု နဲ ့နွေးနွေးထွေးထွေးမနေကြရတာ၊ အထီးကျန်နေတာတွေတွေ ့ရတာကိုုတော့ စိတ် မကောင်းဘူး။ ဒါပေမယ့် ဒါကသူတိုု ့ယဉ်ကျေးမှုဆိုုတော့လည်းပြောရခက်သား။ဒီပုုံစံကိုုခေတ်အဆက်ဆက်ကျင့်သုုံးလာခဲ့ကြတာဆိုုတော့ သူတိုု ့တတွေကိုု ကျမတိုု ့ မြန်မာ လူမျိုးတွေလိုု အဘိုုးအဘွားကနေမြေးမြစ်အထိ တအိမ်ထဲအတူနေကြသလိုုနေခိုုင်းရင် သူတိုု ့ကနေတတ်မှာ၊ နေချင်မှာမဟုုတ်ဘူး။ပြီးတော့ ဘယ်လောက်ပဲ ရုုပ်ပိုုင်းဆိုုင်ရာ ပစ္စည်းတွေဖွံ ့ဖြိုးတိုုးတက်ပြီးလူကိုု အင်မတန် သက်သာလွယ်ကူအောင် လုုပ်ပေးနေပါစေ၊ ဘယ်လောက်ပဲ လူတယောက်ရဲ ့အခွင့် အရေးကိုု အပြည့်အဝရနေပါစေ ကိုုယ့်မြေအိုုယ့်အိမ်လိုု ့ မခံစားရတာကတော့မကောင်းတာပေါ့လေ။

၁၃-မေး။ အနှစ်သက်ဆုုံးစာရေးဆရာတွေနဲ ့ကြိုက်နှစ်သက်ရတဲ့အကြောင်းကိုုပြောပြပါ။ အကြိုက်ဆုုံးစာအုုပ်တချို ့။
ဖြေ။ စာရေးဆရာတယောက်ချင်းစီမှာ ကောင်းကွက်တခုုစီရှိကြတာမိုု ့ကြိုက်တဲ့စာရေးဆရာတွေရော ကြိုက်ရတဲ့အကြောင်းရင်းတွေကပါအများကြီးပါပဲ။ ဥပမာ ဆရာမကြီးကြည်အေးဆိုုရင် လူတွေအပေါ် စေ့စေ့ပေါက်ပေါက်ရှုမြင်ခံစားပြီး လှလှပပချယ်မှုန်းတတ်လိုု ့ကြိုက်တယ်။ မင်းလူဆိုုရင် လူ ့သဘာဝကိုုဟာသနဲ ့ရှုမြင်တတ်လိုု ့ကြိုက်တယ်။ သူတိုု ့လိုုပဲ ကောင်းကွက်ပေါင်းများစွာကြောင့် ကြိုက်တဲ့စာရေးဆရာများစွာရှိပါတယ်။ နိုုင်ငံခြားစာရေးဆရာတွေထဲမှာလည်းဒီလိုုပါပဲ။ ရုုတ်တရက်ခေါင်းထဲပေါ်လာတဲ့နံမည်တွေကိုုပြောရရင် မိုုပါဆွန်း၊ ဆမ္မားဆက်မွန်၊ ဂါစီယာမာကွက်စ်စသူတွေပေါ့။ အကြိုက်ဆုုံးစာအုုပ်တွေထဲမှာတော့ ကြည ်အေးရဲ ့“ကျမပညာသည်“၊ တက္ကသိုုလ်မြစိမ်းရဲ ့“တိုုင်းမင်းကြီးသမီး“ နဲ ့ မာဂရက်မစ်ချယ်လ်ရဲ ့ “လေရူးသုုန်သုုန်“တိုု ့ပါပါတယ်။

၁၄-မေး။ အမေရိကန်ပြည်ထောင်စုမှာနေတဲ့အချိန် ဆရာမတက်ရောက်ခဲ့တဲ့စာပေဟောပြောပွဲ၊လေ့လာရေးခရီးတွေအကြောင်းပြောပြပါ။
ဖြေ။ ကျမအမေရိကားကိုုလာတဲ့ ၂ ကြိမ်လုုံးက စာရေးဆရာတယောက်အနေနဲ ့ဖိတ်ခေါ်ခံရလိုု ့လာရတာဆိုုတော့ စာရေးဆရာတယောက်အနေနဲ ့တက်ခဲ့ရတဲ ့ဟောပြောပွဲတွေ၊ Reading တွေ၊ Talk တွေ၊ Presentation တွေကအများကြီးပါ။ ပထမအကြိမ် Iowa University အစီအစဉ်နဲ ့လာတုုန်းက ပရိုုဂရမ်ကာလ ၃ လအတွင်းမှာ ၅ ကြိမ်လောက်ဟောပြော ရွတ်ဖတ်ခဲ့ရပါတယ်။ ဒုုတိယအကြိမ်မှာတော့ သက်တမ်းကလည်းပိုုကြာသလိုု တက်ရတဲ့ပွဲတွေကလည်းပိုုများတာပေါ့။ ပျမ်းမျှတော့ ပွဲပေါင်း ၃ဝ လောက်ရှိမယ်။ အဲဒီထဲကထင်ရှားတာတွေကတော့ ၂၀၀၉ ခုုနှစ်တုုန်းက နယူးယောက်စီးတီးမှာကျင်းပတဲ့ PEN World Voices Literature Festival၊ ပစ္စဘတ်တက္ကသိုုလ်မှာကျင်းပတဲ့  TEDx Talks ဆန်ဖရန်စစ္စကိုု Asian Art Museum မှာကျင်းပတဲ့ Reading တွေပါ။ မြန်မာပရိသတ်တွေအတွက်ကတော့ ၂၀၀ရ ခုုနှစ်က နယူးယောက်ပြည်နယ် ဘတ်ဖဲလိုုးမြို ့မှာကျင်းပတဲ့စာပေဟောပြောပွဲ၊ ၂၀၀၉ ခုုနှစ် ဆန်ဖရန်စစ္စကိုုနမှာကျင်းပတဲ့စာပေဟောပြောပွဲ။ ၂၀၁ဝ အတွင်း ဖိုု ့ဝိန်းမှာကျင်းပတဲ့ စာပေဟောပြောပွဲနဲ ့ လော့စ်အိန်ဂျလိစ်မှာကျင်းပတဲ့စာပေဟောပြောပွဲတွေပါ။

၁၅-မေး။ ဘဝမှာအမှတ်မိဆုုံး အမှတ်တရအဖြစ်အပျက်။
ဖြေ။ အမှတ်ရစရာတွေအများကြီးထဲကရွေးထုုတ်ပြောရရင် ကျမကိုုးတန်းကျောင်းသူဘဝတုုန်းက ကျမနေတဲ့ရွာကနေ မအူပင်မြို ့ပေါ်ကိုုကျောင်းတက်ဖိုု ့သွားရင်း ကျမတိုု ့ကျောင်းသားတွေပါတဲ့ ပဲ့ထောင်စက်လှေမြစ်လယ်ခေါင်မှာမှောက်ခဲ့တာပါပဲ။ တနှစ်တာပတ်လုုံးမှာမိုုးအရွာဆုုံး လှိုင်းအထန်ဆုုံး၊ ရေစီးအကြမ်းဆုုံးဇူလိုုင်လလည်မှာ မှောက်ခဲ့တာလေ။ သေကံမရောက်၊သက်မပျောက်လိုု ့ပြောရမယ်။ နောက်တခုုကတော့ ကျမအခုုနေတဲ့ ပစ္စဘတ်မြို ့မှာပဲ ၂၀၀၉ ခုုနှစ်လည်ကဖြစ်ခဲ့တာပေါ့။ ကျမရှေ ့ပေ ၂ဝလောက်အကွာမှာပဲ အသက် ၂ဝအရွယ်ကောင်လေးတယောက်ကိုု သေနတ်နဲ ့ပစ်သွားတာလေ။ ကောင်လေးကနေရာတင်ပွဲချင်းပြီးသေသွားတယ်။ ကောင်လေးကိုုပစ်သွားတဲ့သေနပ်သမားက ကျမရှေ ့ဖြတ်ပြေးသွားတာ။

၁၆-မေး။ လူ ့ဘဝနဲ ့စာရေးဆရာဘဝအတွက် ခက်မာလက်ကိုုင်ထားတဲ့ဆောင်ပုုဒ်ခံယူချက်..
ဖြေ။ စာရေးဆရာလဲလူပါပဲ။ ကျမကတော့ ဘယ်အလုုပ်အတွက်မဆိုု စေတနာမှန်မှန်ထားရင်စေတနာရဲ ့အကျိုးရောင်ပြန်ဟပ်တယ်ဆိုုတာကိုု ယုုံကြည်ကျင့်သုုံးတယ်။

၁၇-မေး။ စာရေးတာအပြင် ခက်မာရဲ ့ဝါသနာနဲ ့ အားလပ်ချိန်အပန်းဖြေတာတွေကိုုပြော ပြပါ။
ဖြေ။ ကျမက သစ်ပင်စိုုက်တာဝါသနာပါတယ်။ ရန်ကုုန်မှာနေတုုန်းကလည်း နေတဲ့အိမ်ကမြေနေရာကျယ်ကျယ်မပါတော့ စိတ်ရှိသလောက်စိုုက်လိုု ့မရခဲ့ဘူး။ အခုုကျမနေတဲ့အိမ်မှာတော့ အတော်ကျယ်တဲ့မြေပိုုပါလိုု ့ထင်တိုုင်းကျဲလိုု ့ရတယ်။ ဒါပေမယ့် ရာသီဥတုုကြောင့် တနှစ်မှာ ရ လလောက်ပဲစိုုက်လိုု ့ပျိုးလိုု ့ရပြန်ရော။ ဒီတော့ ဒရာမာရုုပ်ရှင်ကားတွေကြည့်တာ ကျမရဲ ့အားလပ်ချိန်အပန်းဖြေခြင်းဖြစ်သွားရော။

၁၈-မေး။စာရေးဆရာဖြစ်ဖို့ကြိုးစားနေသူများကို ဘယ်လိုအားပေးစကားပြောချင်ပါလဲ။
ဖြေ။ကျမခေါင်းထဲရုုတ်တရက်ပေါ်လာတာကတော့ စာများများဖတ် ပြီးတော့ များများရေး ကြည့်ဖိုု ့ပဲပြောချင်ပါတယ်။ ကျမစာတွေစရေးတော့ အထက်တန်းကျောင်းသူဘဝပေါ့။ ကျေးလက်ရွာကလေးတရွာမှာနေတဲ့ကောင်မလေးတယောက်အနေနဲ ့ကိုုယ့်စာတွေ ပုုံနှိပ်စာလုုံးအဖြစ်ဖော်ပြခံရဖိုု ့ဆိုုတာ စိတ်တောင်မကူးရဲတဲ့အရာလေ။ ဒီတော့ကျမ ကလည်း ကိုုယ့်စာတွေပုုံနှိပ်ဖော်ပြခံရဖိုု ့ဆိုုတာကိုုထည့်မစဉ်းစားတော့ပဲ ကိုုယ်ရေးချင် တာတွေရေးခဲ့တာပဲ။ အဲဒီလိုုရေးခဲ့တာတွေကလေ့ကျင့်ကွင်းလိုုဖြစ်သွားခဲ့တာ။

၁၉-မေး။မန္တလေးဂေဇက်ကို ဘယ်လိုမြင်ပါလဲ။
ဖြေ။ဒီလိုနိုင်ငံ၊ဒီလိုအခြေအနေမျိုးမှာ မြန်မာစာပေနဲ့ထုတ်ဝေတဲ့စာစောင်တစောင်လုပ်နိုင်တာ ကောင်းမွန်ပါတယ်။မြန်မာတွေအတွက် ဝမ်းသာစရာကောင်းပါတယ်။ကဏ္ဍစုံသလို သတင်းလဲစု့ပါတယ်။ရသစာပေကဏ္ဍထည့်သွင်းဖော်ပြတာလဲ သဘောကျမိပါတယ်။

၂၀-မေး။ပြည်တွင်းပြည်ပစာဖတ်ပရိသတ်အတွက်စကားလက်ဆောင်။
ဖြေ။လွတ်လွတ်လပ်လပ်ဖန်တီးထားတဲ့ စာပေအနုုပညာတွေကိုု လွတ်လွတ်လပ်လပ် ဖတ်ရှုခံစားကြရပါစေလိုု ့။

မှတ်ချက်။ ။ မန္တလေးဂေဇက် ၂၀၁၁ ဧပြီလထုတ်တွင် ဖေါ်ပြပြီးဖြစ်သည်။

11 comments

  • hmee

    April 14, 2011 at 12:14 pm

    သဂျီးရေ မှီလည်း စာရေးဆရာမ အရမ်းဖြစ်ခြင်ခဲ့တာ။ ဆရာမ မစန္ဒာ ၊ မိုးမိုး(အင်းလျား) ၊ မင်းလူ တို.လို သဘာဝ ကို အခြေခံရေးတဲ့စာရေးဆရာ ဖြစ်ခြင်ခဲ့တာ။ မျိုးရိုးက မရှိတော. သတ္တိမရှိဘူး။ ဆရာမ ခက်မာ ပြောတာနဲ. နဲနဲအားရှိသလို ဖြစ်လာပြီ။ အခုတော. သတ္တိမွေးပြီး ရွာထဲမှာပဲ လက်သွေးနေတာလေ။ မှီ စာရေးပြီး မဂ္ဂဇင်း တွေကိုပို.ရင် ဖြစ်နိုင်မလား။

    • kai

      April 14, 2011 at 5:06 pm

      ပို့ပေါ့ဗျာ… ဒီခေတ်က ပိုတောင်လွယ်သေးတယ်..။
      အရင်ကများ.. စာရေးဆရာတွေခင်မြာ… မဂ္ဂဇင်းတိုက်ချောင်းပေါက်အောင်သွား.. ကိုယ့်စာမူလေးတကိုင်ကိုင်နဲ့..
      အယ်ဒီတာက ယူဖတ်ရင်တောင် တော်တော်ဟုတ်နေပြီ..။
      စာမူခကလည်း.. ဘာမှရှိတာမဟုတ်..။ စာမူရွေးရင်လည်း .. ပြန်ပြုစုရတာနဲ့တင်.. စာမူခကုန်ရော…။
      အဲဒီလိုနဲ့.. သောက်ခဲ့ဖူးတဲ့လက်ဖက်ရည်တွေ တော်တော်များခဲ့တာ..။ 🙂 အနှစ်၂ဝကျော်က…။

      အခုခေတ်တော့.. စာရေးရတာလည်းလွယ်…။ စူးစူးစိုက်စိုက် တွန်းလုပ်သွားရင်.. ပရိုလမ်းကြောင်းပေါ်တက်ဖို့လည်းလွယ်တယ်..။
      အဲဒီလိုနဲ့.. စာရေးဆရာတွေ ကမ္ဘာပတ်နေနိုင်တဲ့ခေတ်ပေါ့..။

  • weiwei

    April 14, 2011 at 12:37 pm

    ဖြစ်နိုင်တာပေါ့ မှီ … ပို့ကြည့်ပါ .. အားပေးပါ့မယ် …

  • ဆူး

    April 14, 2011 at 1:39 pm

    ဆူး က စာဖတ်တာ ဝါသနာ မပါဘူး.. စာဖတ်ရမှာ အရမ်းပျင်းတယ်။ စာကို မုန်းတယ် လို့ ပြောရမလားဘဲ.. ငယ်ငယ်က အတင်းအကျပ် စာကျက်ခိုင်းတဲ့ ဒဏ်တွေကြောင့် စာဆို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖတ်ဘူးတဲ့ အချစ် ဝတ္တု ဆိုရင်လည်း လက်ချိုးရေလို့ရတယ်။

    အရင်ကတည်းက စာတွေ လျောက်ရေး.. ပြီးတော့ ဖြဲပြစ်လိုက်တာဘဲ။

    ဒီမှာ စာဝင်ဖတ်တော့မှ စာများများ ဖတ်ဖြစ်တယ်။ စာရေးတဲ့ ပိုးလေး စ ဖြစ်လာတယ်။
    ဒီမှာ ရေးလိုက်ရင်လည်း အားပေးတဲ့ လူတွေ ရှိတော့ ပိုပြီး ရဲရဲ တင်းတင်း ရေးဖြစ်လာတယ်။

  • bigcat

    April 15, 2011 at 1:14 am

    ကျွန်ုပ်ကြောင်ကြီး၏ ပထမဆုံးစာပေလက်ရာသည် ၂၀၀ဝခုနှစ်ဒီဇင်ဘာလတွင် ထုတ်ဝေသော တိုမ်းစ်မဂ္ဂဇင်း ထောင်စုပြည့်အက်ဒီးရှင်း မျက်နှာဖုံးဆောင်းပါး ဖြစ်ခြေသည်တကား………

  • လင်းဝေကျော်

    April 15, 2011 at 7:17 am

    မခက်မာရေ လို့ ပထမဆုံးရည်းစားနာမည်က သောကြာနံနဲ့ စပြီး အခု စနေနံနဲ့စတဲ့တိုင်းပြည်မှာ ရောက်နေတယ် ဆိုတာ ဟုတ်ပါသလားလို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 15, 2011 at 1:24 pm

    ဆုံမှဆုံတတ်ပါပေတယ်
    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏
    ဆယ်နှစ်တိတိ အနောက်လူကို ပြန်လည်ရေတွက်ကြည့်ရာ
    ၂၀၀ဝခုနှစ်ဒီဇင်ဘာလတွင် ထုတ်ဝေသော တိုမ်းစ်မဂ္ဂဇင်း ထောင်စုပြည့်အက်ဒီးရှင်း မျက်နှာဖုံးဆောင်းပါး ရှင်
    ကိုကြောင်ကြီးဖြစ်နေသည်ကို အံ့ဩဖွယ်ရာ တွေ ့ရှိလိုက်ရခြေသည်ဒဂါး
    မှတ်ချက်။ ။ ကျွန်ုပ် အရှေ ့တွင် ဘူမှ မရှိတော့ပါ။

  • maungmoenyo

    April 19, 2011 at 12:45 am

    ရေးသူဖတ်သူ စာပေဝိုင်းလေးတွေကစ,ရရင် မကောင်းဘူးလား။ weekends တွေမှာပေါ့။

    • kai

      April 19, 2011 at 9:06 am

      အင်းနော်.. အဲဒါစလုပ်ကြည့်ရင်ကောင်းမယ်..။
      အရင်ဆုံးစာကြည့်တိုက်ကလေးလုပ်မလား..စဉ်းစားနေရင်းနဲ့ပဲ.. အချိန်တွေကုန်သွားတာ…။

  • MaMa

    April 19, 2011 at 2:51 am

    ဆရာမရဲ့ လိုတိုရှင်း ဆုတောင်းလေးကို သဘောကျတယ်။ ဆရာမကိုလည်း ဒီရွာလေးက ကြိုဆိုနေပါတယ်။ ကိုကြောင်ကြီးနဲ့ မိုက်ကယ်ပုတို့ရဲ့ ဂန္ဓဝင်မြောက် လက်ရာတွေကို ဖတ်ရှုခွင့် မရလိုက်တာတော့ အင်မတန် ဝမ်းနည်းစရာပါပဲ။

  • htet way

    November 7, 2011 at 7:20 pm

    ကြာတော့ကြာခဲ့ပါပြီ
    လေထန်ကုန်းမှာတခါတွေ့တော့ပန်းချီဆရာသန်းဋ္ဌေးမောင်
    ပြောပြလို့ဆရာမပြည်ပထွက်မှာကိုသိခဲ့ရပါတယ်
    မဟေသီမှာရေးတဲ့ဝတ္ထုတိုတွေကိုကြိုက်ပါတယ်
    ရင်ထဲမှာဝတ္ထုတိုလေးတွေစွဲလမ်းတုန်းပါ။
    ကိုအောင်ဝေးကိုလည်းလွမ်းပါတယ်၊ကဗျာမြင်းရိုင်း
    မင်းဒုန်းစိုင်းလေ၊လာလမ်းပြန်မလှည့်ကြေး။

Leave a Reply