Telecommunication Business အပိုင်း(၁)
ဂရိ ဘာသာစကားနဲ ့ ” ဝေးကွာသော ” လို ့ အဓိပါယ် ရတဲ့ ” Tele ” ဆိုတဲ့ စာလုံးနဲ ့ လက်တင် ဘာသာစကားနဲ ့ ” ချိတ်ဆက်ခြင်း ” လို ့ အဓိပါယ် ရတဲ့ ” Commnication ” ဆိုတဲ့ ပေါင်းစပ်
ဘာသာစကား အနေနဲ ့ တနေရာကနေ အခြားဝေးကွာတဲ့ တနေရာကို အချက်အလက်တွေ ပေးပို ့ ဆက်သွယ်တာကို ဆိုလိုပါတယ်။ ယနေ ့ခေတ် တယ်လီကွန်မျူနီကေးရှောန်း မှာ လက်ခံပေးပို ့
ခြင်း အတွက်လိုအပ်တဲ့ Hard Ware , Soft Ware တွေ ပေါင်းစပ်ပြီး Cable နဲ ့ဖြစ်စေ ကြိုးမဲ့ (Wireless) နဲ ့ ဖြစ်စေ Data တွေကို ပေးပို ့လက်ခံတဲ့ နေရာမှ ကျယ်ပြန် ့စွာ သုံးနှုံးကြတယ်။
ဒီ Post မှာ ဆက်သွယ်ရေး လုပ်ငန်းနဲ ့ ပတ်သပ်ပြီး သိသင့်တဲ့ အချက် အလက်တွေကို ရေးသားသွားမှာ ဖြစ်တယ်။ တကယ်လို ့ လိုအပ်ချက် ရှိနေရင်လည်း ကျွန်တော့်ရဲ ့ လေ့လာမှု အားနည်းခြင်းကြောင့်သာ
ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ ့ ဆက်သွယ်ရေး လုပ်ငန်းဟာ
(၁) အစိုးရရဲ ့ ဒါရိုက် ချုပ်ကိုင်မှု အောက်မှာ ရှိနေဆဲ ဖြစ်တဲ့ အပြင်
(၂) ကနဦး တပ်ဆင်စားရိတ်ကို ဖောက်သည်(ပြည်သူ) မှ ယခု အချိန်အထိ ကျခံစေခြင်းအား လျော့ချနိုင်မှု မရှိသေးတာ
(၃) အမှန်တကယ် လိုအပ်တဲ့ ဆက်သွယ်ရေး လုပ်ငန်း အခြေခံ အဆောက်အဦ (Infrastructure) အား ကာမိစေတဲ့ ဖောက်သည် အင်အား မရှိသေးတာ
(၄) လုပ်ငန်းတူ အပြိုင် အဆိုင်ရှိမှ ကနဦး တပ်ဆင်ခ၊ ဖုန်း အသုံးပြုခ နဲ ့ ဖောက်သည် တွေကို ဆွဲဆောင်နိုင်အောင် Service ကောင်းကောင်း လုပ်ပေးနိုင်မှ
လူတိုင်း သုံးစွဲနိုင်မည့် ဈေးနှုံးအောက်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ဆက်သွယ်ရေး လုပ်ငန်းဟာ နိုင်ငံပိုင်စီးပွား လုပ်ငန်း တခု အနေနဲ ့ အစိုးရကပဲ ချုပ်ကိုင်ထားလျက်ရှိပြီး အများပိုင် လုပ်ငန်း (သို ့) ပုဂ္ဂလိကပိုင်
လုပ်ငန်း အနေနဲ ့ ပေါ်ထွန်းလာမည့် အနေအထားရှိလာမည် လို ့မျှော်လင့်ဖို ့ အလှမ်းဝေးနေပါသေးတယ်။
ဆက်သွယ်ရေးလုပ်ငန်းဟာ အပြိုင်အဆိုင် လုပ်ငန်းတူ ရှိလာတဲ့ အနေအထားဆိုရင် နှစ်ဦး နှစ်ဖက် (Service ပေးသူ နဲ ့ Customer အကြား) အလွန် အကြိုးရှိစေပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အထင်ကရ ကြိုးမဲ့ ဆက်သွယ်ရေး စနစ် အနေနဲ ့ဆိုရင် GSM (Globle Mobile System) နဲ ့ CDMA (code division multiple access )
ဆိုတဲ့ စနစ် တွေက လူသိများပါတယ်။ အခြား အသစ်ထပ်ပြီး ပြုလုပ်နေတဲ့ စနစ်တွေ ပေါ်ထွက်နေသလို စမ်းသပ်ကွင်း တစ်ခု အနေနဲ ့ ဆင်ပြောင်ကြီး အမြီးကျမှ
တစ်နေတဲ့ စနစ်တွေလည်း ရှိနေပါသေးတယ်။ စနစ်ပေါင်း မြောက်များစွာ ရှိနေပေမဲ့လဲ အခု အချိန်ထိ ပြီးပြည့်စုံတဲ့ စနစ်တခုကို မှ တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။
နိုင်ငံ တနိုင်ငံဟာ သူ ့ရဲ ့ ဆက်သွယ်ရေး လုပ်ငန်း အတွက် ဘယ်လို စနစ်မျိုးကို ရွေးချယ်သင့်သလဲဆိုတဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး နိုင်ငံရဲ ့ စီးပွားရေးတိုးတက်မှု
နိုင်ငံသားတွေရဲ ့ အလုပ်အကိုင် အခွင့်အလမ်း စတာတွေကို ထိရောက်စွာ အပြောင်းအလည်း ဖြစ်စေပါတယ်။ လက်ရှိအနေအထားမှာ စနစ်တခုကိုမှ ကောင်းမွန်အောင်
ဆောင်ရွက်နိုင်ခြင်း မရှိပဲ အသုပ်စုံ လုပ်နေတဲ့အခါမှာ သုံးစွဲသူ ဖောက်သည်တွေ အတွက် ကောင်းမွန်တဲ့ Service ကို မပေးနိုင်တဲ့ Telecommunication Services
Provider ဆီမှာ Subscribing လုပ်နေရတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးဟာ အစိုးရက နိုင်ငံရေးမှာ အရေးပါတဲ့ ဆက်သွယ်ရေးလုပ်ငန်း
ကို ထိန်းချုပ်ဖို ့ အားထုတ်ထားတဲ့ မူဝါဒမျိုး ဖြစ်နိုင်သလို အတွေ ့အကြုံ မရှိတဲ့ အကြံပေးသူတွေနဲ ့ အတူ နည်းပညာ အသစ်တွေကို သူ ့ထက်ငါ အပြိုင်အဆိုင် တင်သွင်း
ပြီး လူပေါ်လူဇော် လုပ်ဖို ့ကို ပဲ အားထုတ်နေတဲ့ စွန် ့ဦး လုပ်ငန်းရှင် အချို ့တို ့ကြောင့် လည်း ဖြစ်နိုင်ချေရှိပါတယ်။ ညီညွတ်စွာ စံစနစ်တခုကို ရွေးချယ်ခြင်းအားဖြင့် ပိုမို
ထိရောက်တဲ့ အကျိုးရလာဒ်ကို တွေ ့နိုင်မှာဖြစ်ပေမဲ့လည်း ဒီအတိုင်းဆိုရင်တော့ ပြည်ပကနေ ပြည်တွင်းမှယ ဆက်သွယ်ရေးလုပ်ငန်းကို ရင်းနှီးမြုတ်နှံမှု လုပ်ခွင့်ပြုလာတဲ့
အနေအထားမျိုး ရရှိလာတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ အမြင်ရှိတဲ့ ပြည်တွင်း လုပ်ငန်းရှင်ကနေ ဆက်သွယ်ရေး လုပ်ငန်းကို လုပ်ကိုင်လာတာပဲ ဖြစ်ဖြစ် လက်ရှိ
လုပ်ဆောင်နေတဲ့ အမျိုးမျိုးသော စနစ်တွေနဲ ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ အနှေးနဲ ့အမြန် ကျဆုံးသွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေက ရွေးချယ်စရာ အခွင့်အရေး
ရှိလာတဲ့ အခါမှာ အရာရာ ပြောင်းလည်းတတ်တယ်ဆိုတာ ငြင်းလို ့မရနိုင်တဲ့ သာဒက တွေပါ။ အရင့် အရင် ဆယ်စုနှစ် အတော်ကြာကြာက ဆိုရင် Mobile Phone
ကို လက်ဝယ် ကိုင်ဆောင်ခွင့် ရဖို ့ဆိုတာဟာ သာမာန် အရပ်သားတွေ အနေနဲ ့ ယုံတမ်းပုံပြင်လို ဖြစ်ခဲ့ဖူးပါတယ်။
သာမာန် အရပ်သားထဲကနေ Mobile Phone ခါးချိတ်ပြီး အများပြည်သူကြားမှာ သွားလာနေခဲ့ရင် လူထူးဆန်းကြီးလိုမျိုး၊ အရုပ် Phone ကို ခါးမှာ ချိတ်ပြီး ဟန်လုပ် သလို
မျိုး အကြည့်နဲ ့ ကြည့်ခံရဘူးမှာပါ။
5 comments
nigimi77
April 18, 2011 at 7:21 am
မနေ ့ညက တင်တာလဲ တော်တော်ခက်၊ စာတွေလဲ တပိုင်းတစနဲ ့၊ ပြန်ပြီး Edit လုပ်တာလဲ မရနဲ ့
အသစ်ပြန်တင်တော့ တက်သွားတယ်။ ဆြာခိုင်ရေ….ထုံးစံ အတိုင်း….. 🙂
မိုက်ကယ်ဂျော်နီအောင်ပု
April 18, 2011 at 1:12 pm
ဒါကဒီလိုရှိတယ်မောင်ရင်ရဲ ့
မောင်ရင်ကလဲ ဟုတ်မလိုလိုနဲ ့တော်တော်ညံ့သေးတာဘဲ
မောင်ရင်ပြောသလို
မကြပ်မတည်းဖြစ်အောင်လုပ်မယ်ဆိုရင်လဲရတာပါဘဲ
ဥပမာကွယ်
ဂြိုလ်တုကြီး အလုံးရှစ်ဆယ်လောက်လွှတ်တင်မယ်ဆိုရင်လဲ သူတို ့လုပ်နိုင်ပါတယ်
မလုပ်ဘူး
ဘာဖြစ်လို ့လဲ
နိုင်ငံနှင့်အဝှမ်းမှာ ဖုန်းဆက်သွယ်ရေးတွေကို လွှတ်ပေးလိုက်ရင်
သူတို ့ကို ပုန်ကန်လို ့ရသွားမယ်လေ
ဥပမာကွယ်
စစ်တပ်တစ်ခုကို
အခြားလက်နက်ကိုင်တစ်ခုကအမြှောက်နဲ ့လှမ်းထုမယ်
မထိဘူး
ဘယ်နှစ်မီတာလွဲတယ်
ဘေးကတစ်ယောက်က ဖုံးကနေလှမ်းပြောမယ်
ဟေ့ယာင်တွေ
နောက်ထပ်ဘယ်နှစ်မီတာ ဆက်ထု
ဒါဘဲ
ကျန်တာ
ကတော့
ကိုယ့်ဘာသာကိုယ်ဆက်ပွားပေတော့
အဲ့
တစ်ခုတော့ရှိတယ်
ဖြစ်သင့်တာကို မဖြစ်ဘူး
ဘာဆက်လုပ်မလဲ???????????????
nigimi77
April 18, 2011 at 3:48 pm
ကိုရင်ပု ကတော့ လုပ်ပြီ။ ကျုပ်လဲ အကြံကုန် ဂဠုန် ဆားချက်ကြည့်တာ။ 🙂
ဆက်ပြီး ထောပဏာ ပြုပါဦး။ မန်းသူမရှိ လို ့ အားငယ်တယ်။
ဆက်ရေးရအောင်လဲ မူးနေတယ်။
kai
April 18, 2011 at 8:24 pm
တခုချင်းပြန်ရေးမယ်လေ..
လောလောဆယ်.. (၁) အစိုးရရဲ ့ ဒါရိုက် ချုပ်ကိုင်မှု အောက်မှာ ရှိနေဆဲ ဖြစ်တဲ့ အပြင်
ကို ဝေဖန်ရှင်းမယ်..။
နိုင်ငံအားလုံးလိုလိုက… ဆက်သွယ်ရေးလုပ်ငန်းကိုအစိုးရရဲ ့ ဒါရိုက် ချုပ်ကိုင်မှု အောက်မှာထားကြတာများပါတယ်..။
ယူအက်စ်တောင်.. အစပိုင်းက ..ဒီလိုထားရတာပဲ..။
ဂျပန်လည်း ဒီလိုပဲ..။
အဲဒီနောက်မှာမှ..ဖြညိးဖြည်းချင်းလွှဲကြရတာ.။ ဒါတောင် လုပ်ခွင့်ရတဲ့ ပုဂ္ဂလိကကုမ်ပဏီကြီးတွေ .. အာဏာပါဝါပြလွန်းလို့.. အစိတ်စိတ်ဖြုခွဲချရတဲ့ဥပဒေတွေ ထပ်လိုက်ရတယ်..။
အင်မတန်အရေးကြီးတဲ့.. တိုင်းပြည့်အသက်သွေးကြောတွေဖြစ်လို့ပါ…။
The Bell System was the American Bell Telephone Company, an AT&T led organization that provided telephone service in the United States from 1877 to 1984, at various times as a monopoly. In 1984, a Federal mandate broke the company up into separate companies.
bigcat
April 19, 2011 at 3:10 am
အဟမ်း… ဒါကဒီလိုရှိတယ်ဗျ။ အစိုးရကသာ ပြိုင်ဆိုင်မှုကို အားပေးလိုတဲ့စိတ်ရှိရင် အနည်းဆုံးတော့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်နေတာကြာပြီ။ မလုပ်ချင်လို့ တမင်ခက်အောင်လုပ်ထားမှတော့ ဘယ်သူမှ ရှင်းလို့မရဘူးဗျို့။ အရမ်းအမြတ်အစွန်းများမဲ့ စီးပွားရေးဆိုတော့ လုံခြုံရေးအကြောင်းပြပြီး လက်သင့်ရာ စားတော်ခေါ်ကြအုံးမှာပါပဲ။