နေဝန်းနီ စည်းကမ်း မဲ့တယ်……..
လူတိုင်းလူတိုင်းမှာ အတ္တကိုယ်စီ ။မာန်မာန ကိုယ်စီ ထောင်လွှားမှုကိုယ်စီ ထင်ပေါ်လိုမှုကိုယ်စီ ဂရုစိုက်ခံလိုမှုကိုယ်စီ အဲ… ပြီးတော့ တွေဝေမှုကိုယ်စီ နဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကိုယ်စီ နဲ့ သက်ဝင်လှုပ်ရှားနေကြတာ။ အဲဒိလိုသက်ဝင်လှုပ်ရှားနေရင်းက အမှားတွေ လည်းကျူးလွန်းမိရင်းပေါ့..။ မဖြစ်နိုင်မှန်းသိရက်နဲ့ ဖြစ်လာမလား ဖြစ်လာမလားလုပ်ရင်းနဲ့ လုပ်ကြည့်ရင်းနဲ့ ငှက်များပျံရင်း သေရသလိုသာပ…။လူမှာလည်း ကြံစည် စိတ်ကူးရင်း သေကြရတာ.တွေချည့်ပဲ။ ဘယ်သူ့ကိုပဲကြည့်ကြည့် နောက်ဆုံးထွက်သက် ချသွားချိန်မှာ သူ့အလိုပြည့်သွားတယ်..။ သူ့မျှော်လင့်ထားသမျှ ရသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ခပ်ရှားရှား..။ အဲဒိ အတ္တ ကိုယ်စီနဲ့ အဆင်ပြေသလို လှုပ်ရှားနေကြရင်းနဲ့ ပြောနေကြ စကားပြော လိုက်ရရင်တော့ ဘာတဲ့….” လူတစ်ကိုယ်ထင်တစ်လုံး “တဲ့ လေ..။ ကိုယ့်ကိုကိုယ်တော့ သူများထက် နှာတစ်ဖျားလောက်တော့ အနဲဆုံး သာတယ်ထင်တဲ့သူချည့်ပဲ..။ ငါသာငါထက် မာန်တွေတက်ရင်း ငါနဲ့ငါပြိုင် ငါသာနိုင်ရမယ်ဆိုတဲ့ မူကို ကျင့်သုံးပြီး သူတစ်ကာ အားနည်းချက်ကို ကြည့်ပြီး ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်.။ ရှုံချချင်လည်း ရှုံချလိုက်မယ်..။ ကိုယ့်ထက်သာတဲ့ အချက်ကြတော့ မျက်ကွယ်ပြုထားကြတယ်လေ..။ လုံးဝ မျက်ကွယ်ပြုထားလို့ မရရင်တော့ မနာလိုတာ ဝန်တိုတာတွေ ဖြစ်ကုန်ရော…။ အဲဒိ မနာလိုတာ ဝန်တိုစိတ်နဲ့ ဆက်ဆံပြန်ရော… ။ကိုယ့်ရဲ့ ရလိုမှု ပိုင်ဆိုင်လိုမှုကို ရှေ့တန်းတင်ပြီး သူတစ်ပါးကို ကိုယ်ချင်းစားစိတ် မထားနိုင်လောက်အောင်ဖြစ်ကုန်ရော..။ ကိုယ်တစ်ယောက်ထဲပဲ သွေးနဲ့သားနဲ့ တည်ဆောက်ထားသလိုမျိုး ကိုယ်ပဲ ခံစားတတ်တယ်။ သူတို့ဘာမှ မသိဘူးဆိုတဲ့ အချိုးနဲ့ လူတိုင်းကိုြ့ည့်မိပြန်ရော..။ အဲဒိလိုနဲ့စည်းကမ်းမဲ့တဲ့ လုပ်ရပ်တွေ လုပ်လာကုန်ရော ဆိုပါတော့…။ စည်းကမ်းမဲ့မယ်ဆိုလည်း ကိုယ်နဲ့ သက်ဆိုင်သလောက်ပဲ မဲ့ပါလား ။သူတစ်ပါးကို ထိချုက်အောင်မမဲ့နဲ့ပေါ့..။ ဥပမာ..။ရေမချိုးပဲ နေတာတို့..။ သွားမတိုက်ပဲနေတာတို့ ။အဝတ်လျှော်ဖွတ် ပြီး မဝတ်တာတို့..။ လက်မဆေးပဲ အစားစားတာတို့ ပေါ့..။ အဲဒိလိုမျိုးကျပြန်တော့ လူအထင်သေးမှာစိုးလို့တဲ့…။ ရေချိုး သွားတိုက် အဝတ်လျှော် ရုံတင်မကဘူး အပြင်ထွက်ရင်ရေမွှေးလေးပါ ဆွတ်လိုက်ချင်သေးတယ်တဲ့လေ…။
အနိမ့်ဆုံးပေါ့..။ လူသွား လမ်းကျဉ်းကျဉ်းလေးမှာ ပိတ်ရပ်ပြီး တစ်ယောက်ယောက်နဲ့ အလ္လာပ။ သလ္လာပ စကားရပ်ပြောနေတာမျိုး ။ လမ်းကကျဉ်းပါတယ်ဆို လူနှစ်ယောက်က ရပ်ပြီး စကားပြောနေတော့ လမ်းသွားလမ်းလာတွေ ကမနဲလွတ်အောင်ရှောင်သွားနေကြရတာ..။ လ္ဘက်ရည်ဆိုင်မှာကော ရေနွေးကြမ်း အကျန်ကို ရှေ့နောက်မကြည့်ပဲ
ဘက်ကနဲ လှမ်းသွန်လိုက်တာမျိုး ။ သူတစ်ကာကို စဉ်သွားမှာ ထည့်မတွက်ဘူး ။ တစ်ခြားတစ်ယောက်က လုပ်လိုက်လို့ ကိုယ်လာစဉ်ရင် ဘယ်လိုနေမလဲ။ ဆိုတာမျိုး မတွေးဘူး ။ စက်ဘီးနံ့ သွားတယ်။ ဆိုင်ကယ်နဲ့ သွားတယ်။ ကားနဲ့သွားတယ်။ ဆိုင်တစ်ဆိုင်မှာ ဝင်မယ်ဆိုပါတော့ လမ်းသွား သာအောင် မရပ်ချင်ဘူး။ တစ်မင်များကန့်လန့်လုပ်ချင်သလားမသိဘူး။ လမ်းပိတ်ပြီးရပ်တယ်..။ ကိုယ့်ကြောင့်သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်အောင် စည်းကမ်းမဲ့တာတွေ..။ ကိုယ့်အိမ်မှာမဟုတ်တိုင်းတွေ့ကရာ ကွမ်းသွေးထွေးလား ထွေးရဲ့..။ ဆေးလိပ်တို မီးမငြိမ်းပဲ ပစ်လားပစ်ရဲ့..။
အဲဒိလို အတ္တကိုယ်စီနဲ့အပြိုင်အဆိုင် စည်းကမ်းမဲ့ချင်တိုင်း မဲ့နေကြတာ.။ ကိုယ်မဲ့လို့ သူလိုက်မဲ့။ သူမဲ့လို့ ကိုယ်ကပြန်မဲ့နဲ့ ။ စည်းကမ်းမဲ့ သံသရာထဲမှာ နေဝန်းနီ လည်းရောပါနေရော..။
မနေ့ကပါ…..။ အင်တာနက်ဆိုင်ပေါ်ကဆင်းလာတော့ …နဲနဲစောနေသေးတယ်..။ ဆိုင်က အပေါ်ထပ်အောက်ထပ်လေ…။ ကိုယ်ကအပေါ်ထပ်မှာထိုင်နေတာ ကဆင်းလာတာ..။ မင်ဘာကဒ်နဲ့ဆိုတော့ ကိုယ်ထိုင်ချင်တဲ့ခုံ ထိုင်ခွင့်ပေးထားတယ်ဆိုပါတော့။ ကိုယ်ယူဇာနိမ်းနဲ့ ကိုယ့်ပါတ်စဝါတ်နဲ့ ကိုယ်ဖွင့် ပြီးရင် ရီစတပ်ချခဲ့..။ ရတယ်..။ ပြန်သွားလို့ အကောင့်ပွင့်နေမှာ မပူရဘူးပေါ့..။ ကိုယ့်ရှေ့က သုံးသွားသူတွေရဲ့ အကောင့်တွေပဲ လိုက်ပိတ်ပေးနေရတာ .။ အဲဒိလို ညပိုင်းပြန်ဆင်းလာတော့ အောက်ထပ်မှာ သူငယ်ချင်း ရှိဦးမလား ဝင်ကြည့်လိုက်တာ..။ မတွေ့ဘူး ။ ဆိုင်ရှင်က လူလွတ်တဲ့ ခုံမှာ ဂိမ်းဆော့နေတာ..။ ဘာဂိမ်းလဲပေါ့..။ ခုမှ စက်တွေ ကြံ့ခိုင်းရေး လုပ်ပြီးအသစ်လဲတန်တာလဲ လုပ်ထားတာ..။ အထာမကျသေးလို့ ပို့စ်တောင် မရေးနိုင်ဘူး..။ အဲဒါနဲ့ ဘာဂိမ်းလဲ ဆော့ကြည့်တယ် ။တစ်ချက်နှစ်ချက် လုပ်ကြည့်တယ်.. ။အဲဒါနဲ့ ခဏဆိုပြီး ဆော့လိုက်တာ နှစ်နာရီလောက်ကြာသွားတယ်..။ 11 ကျော်မှ ဆိုင်ပိတ်တော့မှာ ဆိုပြီး သတိဝင်လာပြီး ထလာခဲ့တာ..။ အဲဒါကောင်းလား..။ တစ်ကယ်ဆို ကိုယ့်မင်ဘာ ရှိနေတာပဲ..။ စည်းကမ်းမဲ့တာပြောပါတယ်..။ ကစားချင်လည်း ဘယ်ဂိမ်းလဲပေါ့..။ ကိုယ့်ဖာသာ ကိုယ့်ပါစဝါတ်နဲ့ ကိုယ်ဖွင့်ပြီး ဆော့သင့်တာပေါ့..။ မဟုတ်ဘူးလား။ ဆိုင်ရှင်ကတော့ဘယ်ပြောမလဲ..။ ကိုယ်က မင်ဘာယူဇာပဲ..။ ကိုယ်က အလိုက်မသိရာကျနေတာ..။ အဲ …… ဆိုင်ကထွက်လာတော့ လ္ဘက်ရည်ဆိုင် ဖွင့်နေသေးတယ်..။ သင်္ကြန်တွင်း ဆိုင်တွေပိတ်ကြလို့ ညပိုင်းလ္ဘက်ရည် မသောက်ရတာကြာပြီ။ ဝင်သောက်မယ်ပေါ့. ။ ဆိုင်က ဘောလုံးပွဲရှိလို့ မပိတ်သေးတာ..။ ဘာပွဲလဲတော့ မသိဘူး။ ကြည့်တဲ့သူများတော့ ကြည့်တဲ့သူတွေကို စောင်ပြီးဆိုင်ကိုဖွင့်ပေးထားတာ ဆိုတော့ ပွဲကောင်းမှာပေါ့ နော့…။ ဒါနဲ့ လ္ဘက်ရည်မှာ ပြီး ထိုင်ခုံရှာ…။ အတွင်းထဲမှာက သိမ်းလို့ရတာ သိမ်းထားပြီ။ ထိုင်ခံလိုက်ရှာလိုက်ရသေးတယ်..။ ထိုင်ပြီး လ္ဘက်ရည်နဲ့ မုန့်လာချပေးပြီး အကြမ်းအိုးမလာသေးဘူး… ။ စားပွဲထိုးကလည်း ဘောလုံပွဲငေးလို့ ကောင်းနေတုန်း..။ TV ကိုကြည့်လိုက်တော့ ပွဲချိန်က မိနစ် 60 ကျော်နေပြီ..။ အသဲ အသန်ကန်ကြတုန်း။ ဘယ်အသင်းတွေမှန်းသာမသိတယ်..။ ဘယ်အသင်းကမှ ဂိုးမရသေးဘူး..။ ကြည့်နေတဲ့သူတွေကလည်း ဟာကနဲ ဟင်ကနဲ..။ မရိုးမရွ ဖြစ်နေ……….။ အပိုင်လုံးတွေ လွတ်ထွက်လို့ စိတ်မထမ်းပဲ ငါနဲ့ကိုင်တုတ်…။ အင်း ဖတ်ဖူးတဲ့ ဝတ္ထု တစ်ပုဒ်ကို သတိရလိုက်သေး…….။ ဆရာမဂျူးရဲ့ ” ဆဲတတ်သူများနဲ့ တစ်ညနေ “ …ရန်ကုန်အောင်ဆန်းကွင်းမှာလား မသိဘူး ဘောလုံးပွဲ သွားကြည့်မိတဲ့ အကြောင်းလေးရေးထားတာ..။ ဘောလုံး ကန်နေတဲ့သူတွေက ကိုယ်တိုင်ကန်နေရတာ..။ ဒီဂိုးတွေ သူတို့က ပိုလိုချင်မှာပေါ့..။ မရနိုင်လို့..။ တစ်ဖက်အသင်းကလည်း ဂိုးမပေးရရေး ကာကွယ်မှာပဲ..။ သူတို့လည်း ကစားနေတာပဲလေ………။ သူတို့မှာလည်း အတ္တကိုယ်စီ ရှိကြတာပဲ..။ ဒီမှာ လာထိုင်ကြည့်နေတဲ့သူတွေက သူ့ရို့ လောင်းကြေးပါနေလို့ ဆဲလိုက်တာ…။ ပြီးတော့ ဒီအချိန်ထိ တစ်ကူးတစ်က စောင့်ကြည့်နေတာပဲကြည့်..။ဘယ်သူတွေဘာလိုပဲပြောပြော လောင်းကြေးကြောင့်..။ လာစောင့်ကြည့်နေကြတာ..။ လောင်းကြေးမပါပဲကြည့်နေတာဆိုလို့ နေဝန်းနီ တစ်ယောက်ထဲ..။ ဝါသနာ မပါတော့လို့ လောင်းကစားချင်တဲ့စိတ်ပျောက်နေလို့ အင်တာနက်ပေါ်မှာပဲ အချိန်ကုန်နေတာ..။ { လောင်းကစားချင်တဲ့ စိတ်ပျောက်နေတယ်ဆိုလို့ အရင်တုန်းကတော့ လုပ်ခဲ့ဖူးတယ်ပေါ့..။ ဟုတ်ပါတယ်..။ အရင်ကတော့ လုပ်တယ်..။ ဒါတင်မကဘူး ..။ ” ကောင်းတာကလွဲရင် အကုန်လုံး လုပ်တဲ့ သူတွေ” လို့ပြောစမှတ်ဖြစ်အောင်ကို လုပ်ခဲ့တာ…။ ဒီအကြောင်းတွေကို ရွာထဲ ဖောက်သည် ပြန်ချဖို့ အားယူနေတုန်း …..။ လုပ်ခဲ့တာတွေက ကိုယ်တစ်ယောက်ထဲ မဟုတ်လို့ အားနာစရာတွေ ပါနေမလားလို့………….}
အဲ…….. ဘောလုံးပွဲက အကြိတ်အနယ်..။ ဘယ်အသင်းတွေမှန်းလည်းမသိ…။ စိတ်ထဲမှတ်မိတာက အနီနဲ့အနက်(ဆရာ..နတ်နွယ်ရဲ့ ဘာသာပြန် စာအုပ်မဟုတ်ပါဘူး) ဝတ်ထားတဲ့ အကျီ င်္အရောင်တွေကို မှတ်ထားတာ..။ အနီက အသာစီးရနေတာ.. ။ထင်တာပဲ..။ ဘောလုံးပွဲကလည်း မကြည့်တာကြာပြီကိုး..။
စောစောကပြောလက်စ ……ဘယ်ရောက်သွားပြီလဲ..။ ရေနွေးကြမ်းအိုးတောင်းတာ….။ နေဝန်းနီ ထိုင်နေတဲ့ ခုံက ကောင်တာနားမှာ သိမ်းမလို့ တစ်ရှူးခွက်တွေ.. ။ဆေးခံခွက်တွေ အဲဒိစားပွဲပေါ်မှာ လာစုထားပြီ..။ ဘောလုံးပွဲငေး နေတဲ့ စားပွဲထိုးခမျာ အကြမ်း ခယား ဓါတ်ဘူး ရှာပြီးရေနွေးမထည့်နိုင်ရှာဘူး .။ ဆိုင်ထဲမှာထားတဲ့ လိုက်အိုး ကြီး နေဝန်းနီ ရှိရာမ, လာရှာတယ်..။ ရတယ်ပေါ့…။ တစ်ကယ်တော့ နေဝန်းနီကလည်း ဘယ်အညံ့ခံမလဲ..။ ဘောလုံးပွဲကြည့်ရင်းနဲ့ ရေနွေး ငှဲ့ချလိုက်တယ်..။ စားပွဲပေါ် ရှော်ကျကုန်ရော………။ အိုးြ့ီးက အကြီးကြီးကိုး..။ အောက်ချထားတဲ့ ဆေးလိပ်တိုပါစိုသွားတယ်..။ သောက်မရမဲ့ အတူ ခပ်လှမ်းလှမ်းက အမှိုက်ထည့်တဲ့ ပုံးထဲ လှမ်းပစ်ထည့်လိုက်တယ်..။ ဘောလုံးပွဲ ပဲ အာရုံရောက်နေတာလေ..။ ပုံထဲ မရောက်ဖူး..။ ရှိစေတော့..။ ဘောလုံးပွဲပဲ ဆက်ကြည့်နေလိုက်တယ်။ မှတ်ကရော…။ ဂိုးမလို ဂိုးမလိုနဲ့ ဘောလုံးပွြဲ့ည့်နေတဲ့သူတွေလည်း အားပါနေကြရဲ့…။ ဆိုင်ထဲမှာဆူလို့..။ ည…..11 နာရီခွဲ နေပြီ ။ .
အဲဒိမှာ အနီ သင်းက ပင်နယ်ဒီ ရလိုက်တယ်..။ အင်း… လက်ခုပ်တွေတောင်တီးလို့……….။ အနီး အနားကလူတွေကတော… ဝဋ်ပဲ ..။ လန့်နိုးကုန်မှာပဲ..။ ဂိုးသမားကလည်း ကန်ချက်နဲ့ တစ်ခြားစီ ဖမ်းပြလိုက်တာ ဂိုးသွားပါလေရော……။ ဂိုး……. ဆိုတဲ့ အသံကြီး က ဟိန်းထွက်သွားပြီး ခုံတွေကိုတောင်လက်တွေနဲ့ပုတ်လို့..။
ကြည့်နေတဲ့ လူတွေထဲမှာ စားပွဲထိုးလေးတွေကလွဲရင် အသက် သုံးဆယ်အောက်မပါသလောက်ပဲ..။ လူ့ ဘဝကြီးထဲ အနှစ်သုံးဆယ်လောက် အနဲဆုံးနေလာခဲ့ ဖူးပြီး စည်းကမ်း ကလနား တွေ စုတ်ပြတ်သပ်နေတာ( နေဝန်းနီ အတွေးထဲ ဖြစ်တာပြောတာပါ..။ သူ့များ မျက်ချေးပဲ အာရုံ ထားနေပြီး ခုဏက သူများဆော့နေတဲ့ ဂိမ်းကို အကြားကြီး ဝင်ဆော့ခဲ့တာ ရေနွေးကြမ်းတွေ စားပွဲပေါ် ရှော်ငှဲ့ပစ်တာ ရေစိုနေတဲ့ ဆေးလိပ်တို အမှိုက်ပုံးထဲ သေချာ မထည့်ခဲ့တာ.တွေ ကျတော့…… ဟင်းးးး ဟင်းးးးးးး)
ကဲပါ..။ ဘယ်အသင်းနဲ့ ဘယ်အသင်းမှန်း မသိသေးတဲ့ အနီနဲ့ အနက် ကန်နေတဲ့ဘောလုံးပွဲဆက်ကြည့်..။ ဂိုးသွားရင်တော့ စားတန်းကြီးကြီး တက်လာမှာပဲ..။ မကြာပါဘူး..။ အနက်သင်းကလည်း ပင်နယ်ဒီ ရတယ်..။ စောစောက ခုံပုတ်တဲ့သူက ထဆဲတယ်..။ ပင်နယ်ဒီ မဟုတ်ပြန်ဘူး။ စည်းအပြင်နားလေးက ကန်ရမဲ့ ပြစ်ဒဏ်ဘော..။ လက်ထိတာလား ခိုက်မိတာလား ပင်နယ်ဒီ အခုမှရတာ… ။ ဝင်သွားပြီ..။ ကောင်းရော…။ သရေ ဖြစ်သွားပြိ..။ ကျွန်တော် အစီရင်ခံနေတုန်းမှာပဲ ဘောလုံးပွဲကြီးလဲပြီး သွားပါတယ်..။ ကန်နေတဲ့ အသင်းက အာဆင်နယ်နဲ့ လီပါပူးပါတဲ့..။ ဒါကြောင့်ကောင်းနေတာကိုးလို့ ကောက်ချက်ချပြီး ပိုက်ဆံရှင်းပြီး ထပြန်လာခဲ့ရော……..။
အဲဒါ နှစ်နာရီခွဲ သုံးနာရီလောက်အတွင်း သတိနဲ့ နေနေရင်း စည်းကမ်းမဲ့လိုက်တာ..။ တစ်နေကုန် ထိုင်ကြည့် ပြောစရာတွေချည့်ပဲ..။ ကလေးမအေတွေ သူ့ကလေးတွေကိုပြောသလိုမျိုး ရိုက်ကွင်း ဆယ့်နှစ်ကွက် ရိုက်ကွက်ဆယ့်နှစ်ကွက် တစ်ကွင်းမှ တစ်ကွက်မှ မလွတ်ဘူး ဆိုတာမျိုးလို………။ အလကား..။ စကားပြောတော့. မိုးပြော ဂျိုးပြောနဲ့..။ နေဝန်းနီ ဆိုတဲ့ကောင်ကိုပြောပါတယ်………
နေဝန်းနီ
8 comments
chityaaung
April 19, 2011 at 3:58 pm
ဟောင်းနွမ်းနေတဲ့ ပုံပြင်လေးလိုပဲ— ပြောလဲမထူးတဲ့ ဒီစည်းကမ်းတွေ- သေးသေးလေးလည်းပျက် ကြီးကြီးမားမားလည်း မလိုက်နာ ။ ဘယ်လိုမှ ပြင်မှာမဟုတ်တော့ဘူး။ ဒါကြောင့်ပြောတာ လမ်းဘေးမှာ စည်းကမ်းချက် အများဆုံးရေးထားရတဲ့မြို့ဟာ စည်းကမ်းမရှိတာကိုပြတာတဲ့။ စည်းကမ်းရှိတဲ့သူတွေများရင် ဆိုင်းဘုတ်တပ်ဖို့မလိုဘူးလေ
nwnn
April 20, 2011 at 5:42 am
ကိုနေ… လူလည်ကျတယ်။ ကိုယ့်ဖာသာကိုယ်ပြောသလိုလိုနဲ့ xxxxxxx ပြောသွားလိုက်တာစုံလို့ရယ်—
kai
April 20, 2011 at 7:58 am
ဖတ်ပြီးတော်တော်မောသွားတယ်..။
စာရေးပုံလေးကြိုက်တယ်ဗျာ…။ ဒိုင်ယာရီလိုလိုပေါ့..။ မြန်မာပြည်လက်ဖက်ရည်ဆိုင်ထဲ ဘာတွေဖြစ်နေလည်း သိသာတာမို ့.. နိုင်ငံမတူနဲ့နေရာရောက်နေသူတွေ…အလွမ်းပြေတယ်..။
char too lan
April 20, 2011 at 1:30 pm
ပြောပါ ပြောပါ ဒီရွာထဲမလဲ နေဝန်းနီဆိုတဲ့ကောင်ကိုပဲ ပြောလို့ရမပေါ့
ဘယ်သူကို ပြောချင်သေးလို့တုန်း
(ဏောက်ဒါဏော်) 🙂
padonmar
April 20, 2011 at 2:08 pm
မရှိတာထက် မသိတာခက်တဲ့၊ ကိုယ့်ကိုကိုယ်သိတဲ့ ဦးနီက တော်တော် တော်နေပြီပဲ၊(ကိုယ့်ရွာသားချင်းဆိုတော့ ဒီလိုဘက်လိုက်ပြောရမှာပေါ့နော်)
သူများကိုပြင်ချင်ရင် ကိုယ့်ကိုကိုယ် အရင်ပြင်ဆိုတော့
ကျွန်မတို့တတွေ ကိုယ်ကစပြင်ကြပါစို့၊
m
April 21, 2011 at 9:42 am
အင်းးးး နေဝန်းနီ အကြောင်းက ဂဃနဏ သိနေတော့ …..
ပြောရမှာ ခက်နေသလိုပဲ –
အင်းပါလေ —
ဟိုးတုံးက သူချေးသွားတဲ့ ပိုက် ဆံ —-
အင်း အစ မဖော်တော့ပါဘူးးးး –
ရှိပါစေတော့ –
hmee
April 21, 2011 at 11:53 am
ဖတ်ပြီးတော. လက်ဖက်ရည်ဆိုင် ထိုင်ချင်လာပြီ။ ပေါက်စီ၊ အသားပေါင်း၊ အီကြာကွေး၊ ဝမ်ဝမ် ပဲကိတ် လဘက်ရည်ဆိုင်က စားစရာတွေ လွမ်းလာပြီ။
unclegyi1974
April 21, 2011 at 4:21 pm
ဒါပဲလေ အရိုးစွဲနေတဲ့အကျင့်တွေဖြစ်နေတာ
ဘယ်လိုပြင်ကြမယ် ဒီ့လိုပြင်ကြမယ်