“ခွင့်ပေးပါ”
လမိုက်ည ရဲ့ အလင်း
ရှာသူကို ရှာခွင့်ပေးပါ ။
နို့ငတ်သူ ရဲ့
မိခင်ကို မြင်ခွင့်ပေးပါ ။
လှေကားလုပ်ခံရသူအတွက်
တစ်ဖန်ပြန် နင်း ခွင့်ပေးပါ ။
ချစ်သူရဲ့ အချစ်
မျှော်သူကို ချစ်ခွင့်ပေးပါ ။
ဘဝအတွက် နေမင်းအား
နိုးထ ခွင့်ပေးပါ ။
အို . . . ဘုရားသခင်
တောင်းဆိုမှုများအတွက် သင့်ကိုတွေ့ခွင့်ပေးပါ ။ ။
“ . . . ခွဲကြရမှာပါ”
နှလုံးသား သစ်သီးတစ်ဝက်
ရင်ခွင်တစ်ခုက ဒုက္ခတွေ
တစ်နေ့တော့ ခွဲကြရမှာပါ ။
ကွဲရှမှုနက်ရှိုင်း ၊ အထွတ်အထိပ်ခံစားမှုမှာ
တစ်နေ့တော့ ခွဲရမှာပါ ။
ချစ်ခဲ့ကြလည်း နာကျည်းမှုတစ်ဖက်
ပုလဲတစ်ပေါက် ၊ မျက်နှာသုတ်ပဝါကြားက
တစ်နေ့တော့ ခွဲကြရမှာပါ ။
နတ်ဆိုးရဲ့ Dairy
အချစ်ငှက်ပျံသန်းသွား
ခုတော့ . . .
ခွဲခဲ့ရပြီလေ ။ ။
“စ်ိတ္တဇလူငယ် ရေးတဲ့ စ်ိတ္တဇကဗျာ”
ပြီးဆုံးသွားပေါ့ . . .
လေအိမ်ဆောက် ၊ လမင်းပျောက်
တိုက်ပျက်လို ဆွေးဆဲ
ကောင်မလေး . . . သိမှာလား
ပူပြင်း လမင်းနဲ့
အေးမြ နေမင်းအလယ်
ပညာရှိ တိရစာ္ဆန်များကြား
ဦးနှောက်မပါ လူတို့
ဪ . . . ‘လက်’ ထောက် တောင်းပန်
‘ဒူး’ မြောက် အရှုံးပေး
တို့ . . .နှစ်ယောက်
ကွဲကွာပြန်ပြီလား . . .
အရှေ့က ‘ဝင်’ ၊ အနောက်က ‘ထွက်’
သတိသိရှိ ထားမိချိန်
လောက တစ်ကိုယ်တည်းအလယ်
ဤကဗျာရေးပြီးနေပြီ ။ ။