ထန်းပင်ညိုညို ဆည်းဆာအိုအို စေတီလေးကတော့ ကြည်ညိုစရာ
ပုထိုးတော်ကြီးဘုရား အရှေ့ဘက် ဝင်ပေါက်မှာဘုရားလေးတစ်ဆူရှိပါတယ်။
ဒီစေတီလေးကို ထန်းပင်ညိုညိုတွေကဝိုင်းထားပါတယ်။
ထန်းပင်တွေက ဘုရားကဘုရားကိုမိုးထားပါတယ်။
ကျနော်ရောက်သွားချိန်ကလည်း နေဝင်ချိန်လေးပါ။
ရှည်လျားတဲ့ထန်းပင်ညိုညိုရယ်
ဆည်းဆာရောင်အိုအိုရယ် ကြားမှာ ထုံးသင်္ကန်းတွေဆက်ကပ်ထားတဲ့စေတီလေးကတော့ ဖြူဖွေးနေပါတယ်.။
လှပပြီးလွမ်းစဘွယ်ကောင်းသောမြင်ကွင်းလေးပါ။
2 comments
mihninlay
April 23, 2011 at 6:17 am
ဦးပေါက်တို ့ကတော့တစ်မျိုးပြီးတစ်မျိုးမရိုးရအောင်လွမ်းအောင်ဖန်တီးနေပါပေါ့လား
kopauk mandalay
April 23, 2011 at 11:33 am
အလွမ်းဓါတ်ခံရှိမှ လွမ်းတာပါ mihninlayရေ
ကျုပ်ကိုယ်တိုင်ကလည်းလွမ်းတတ်ပါသဗျာ