ယ္ခုသီတင်းပတ်အတွက် စိတ်မဝင်စားဖွယ်နှင့် မမှတ်သားဖွယ်သဒင်းများ Boring news

bur newspaper

ြမြန်မာစစ်အစိုးရ သတင်းစာ

သဂျီးခင်ဗျား ကျနော်လည်း ရွာသား eros လို တပတ်အတွင်း သတင်းကဏ္ဍတခု တင်ဆက်ချင်ပါတယ်။ သူနဲ့ခေါင်းစဉ် မတူအောင် စီစဉ်ထားပါတယ်။ သူ့လိုပဲ Sticky ပို့စ်တင်ပေးပါ။ တင်းမပေးရင်တော့ သဂျီးက နအဖသူလျှို၊ ဖော်လံဖား ဖြစ်ရမယ်၊ ဝိုင်းချကြပါဗျို့…..
၁။ ဒယ်ဒီ့သားအာဘော – ဒေသဖွံ့ဖြိုးရေး တံတားများတိုးမြှင့်တည်ဆောက်၊ တံတားများ ရေရှည်တည်တံ့ရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း
၂။ မွန်ပြည်နယ် သစ်ခုတ်ဝံကြီး စိုက်ခင်းများကြည့်ရှုစစ်ဆေး
ဝန်ကြီးဦးဝင်မော်ဦး … မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံမှာကြား…..
၃။ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ပကိုယ်စားလှယ်တွေ့ဆုံ
အဖွဲ့ဝင်၂၂ဦးပါဝင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့….. ရင်းနှီးစာ ဆွေးနွေး…
၄။ ယဉ်မတော်တဆမှု အစဖျောက်ရေး ကျိုင်းတုံမြို့၌ ကွင်းဆင်းစစ်ဆေး
ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး….စည်းကမ်းလိုက်နာရေး.. ကွင်းဆင်းစစ်ဆေးခဲ့…
၅။ ပြည်ထောင်စုဝံကြီး ဦးဝင်းမြင့်အား ဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် …..ဆွေးနွေးခဲ့…
၅။ လူဝံမှုကြီးကြက်ရေးနှင့် ပြည်သူ့အင်အားဦးစီးနှာထ ပြည်ထောင်စုဝံကြီး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပ
ပြည်ထောင်စုဝံကြီး ဦးခင်ရီက.. နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ….မှာကြားခဲ့သည်။
၆။ ကျားပျံရေးဒုတိယဝံကြီးအား တရုတ်နိုင်ငံ ယဉ်ကျေးမှုသံမှူး လာရောက်တွေ့ဆုံ
ဒုဝံကြီးဦးစိုးဝင်းအား တရုတ်ယဉ်ကျေးမှုသံမှူး…. နှစ်နိုင်ငံသဘောတူစာချွန်လွှာ.. ဆွေးနွေးခဲ့
ရ။ မရမ်းကုန်းမြို့နယ်၌ မှုခင်းကျဆင်းရေး ငတိ ပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အောင်သဇင်ဓမ္မရုံ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး…… မှုခင်းကြိုတင်ကာကွယ်ရေးနှင့်………စပ်လျဉ်း၍ ပညာပေးဟောပြောပြီး… ပြန်လည်ဖြေကြား…..

3 comments

  • MaMa

    May 1, 2011 at 6:37 am

    ဂျာနယ်တွေထဲမှာ gossip ကဏ္ဍဆိုရင် လူတွေအများကြီး စိတ်ဝင်စားကြတာပဲ။ ဒါလည်း သတင်းပါပဲ။ eros နဲ့အပြိုင် zero ဆိုပြီးတင်ပေ့ါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 7:14 am

    မဲမသမာမှု တိုင်ကြားချက်များ မေလဆန်းတွင် ပြန်လည်စစ်ဆေးမည့် သတင်းအား
    http://myanmargazette.net/47560/economic-news-international-news-news-industry-people-in-the-news-us-news-news နေရာမှအဆက်
    ဒီအမှုတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ သူတို့ရဲ့ ပြဌာန်းချက်တွေ နဲ့ လက်တွေ့ တကယ် လုပ်ဆောင်ချက်တွေ လွဲချော်နေပါတယ်လို့ ဥပဒေပညာရှင်တဦးက ထောက်ပြ ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

    ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်းမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားတဲ့အမှုတွေကို လွှတ်တော်ရှိနေတဲ့အတွက်ဆိုပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းထဲက ရပ်ဆိုင်းထားတာ ဖြစ်ပြီး အခုတကြိမ် စစ်ဆေးဖို့အတွက် ပြန်လည် ဆင့်ခေါ်နေတာ ဖြစ်ပါတယ်။ တကယ်တော့ အခု မဲမသမာမှုတွေနဲ့ အနိုင်ရထားတယ်ဆိုတဲ့ အပြန်အလှန် တိုင်ကြားချက်တွေကို လွှတ်တော် ခေါ်ယူမကျင်းပခင် ကတည်းက အပြီးသတ် စစ်ဆေးဖို့လိုသလို အခုမှ ပြန်လည် ခေါ်ယူစစ်ဆေးမယ် ဆိုတာက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြဌာန်းချက်နဲ့ လုပ်ဆောင်ချက်တွေ လွဲနေတာ တွေ့ရတယ်လို့ ဒီအမှုတချို့ကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ထောက်ပြပါတယ်။

    “ကန့်ကွက်လွှာတွေနဲ့ အခြေအနေညှိပြီး လွှတ်တော်ခေါ်တဲ့အချိန်မှာ ဆိုင်းငံ့ထားတယ်ဆိုတော့ အမှုတွေ ဆိုင်းငံ့တာ ရိုးရိုး ဆုံးဖြတ်ပြီး ရိုးရိုးလေးပြီးသွားမယ့် အမှုမျိုးတွေမဟုတ်တော့ဘူးလေ။ ကိုယ်စားလှယ် တယောက်ရဲ့ ဆုံးဖြတ်ရမယ့် အနေအထားမျိုးတွေ ဖြစ်သွားတဲ့ကိစ္စမျိုးကို သူတို့ အခုမှ ပြန်စတယ်ဆိုတော့ ဥပဒေက ပြဌာန်းပေမဲ့ လုပ်ဆောင်ချက်တွေကတော့ ပြန်ပြင်ရဦးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။ တာဝန်တွေတောင် ခွဲပြီးတဲ့နောက်မှ ဒီကန့်ကွက်လွှာတွေကို ပြန်စစ်တယ်ဆိုတော့ ကော်မရှင်ဥပဒေတွေ ပြင်ရမှာဖြစ်သလို ဒီကော်မရှင်ကလည်း ဆုံးဖြတ်ရမယ့်နေရာမှာ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို အများကနေ စိတ်ဝင်တစားကြည့်ရမယ့် အနေအထားမျိုး ရောက်သွားတာပါ။”

    အခု တိုင်ကြားခံထားရတဲ့သူတွေဟာ လွှတ်တော်တက်ပြီးတဲ့သူတွေ ဖြစ်သလို ရေးရာကော်မတီဝင်တွေ၊ ဝန်ကြီးအဖွဲ့လို နေရာတွေမှာပါ တာဝန်ယူထားပြီးသား သူူတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

    “ကန့်ကွက်လွှာမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ ဝန်ကြီးဖြစ်နေတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ကနေ ဖယ်တာ မဖယ်တာတောင် သိပ်ပြဿနာမရှိတောတဲ့ အနေအထား ရောက်သွားရော၊ ဒေါက်တာမြတ်ဉာဏစိုးတို့ဆိုလည်း
    ရေးရာကော်မတီထဲမှာပါတော့ ကန့်ကွက်လွှာမှာ ရှုံးခဲ့ရင်ရော ဖယ်ပစ်မှာလား။ ဒေါ်ဘောက်ဂျာက ကန့်ကွက်ထားတဲ့ ဖားကန့်က ဦးအုန်းမြင့်က ဝန်ကြီးထဲမှာတောင် ပါသွားပြီလေ၊ ဒါမှမဟုတ်လည်း ကန့်ကွက်လွှာကို သူတို့ဘယ်လို ဆောင်ရွက်မှာလဲဆိုတဲ့ ကိစ္စတွေရှိလာတယ်။ ဒါကြောင့် ကော်မရှင် ဥပဒေကိုပဲ ပြင်သင့်ပြီးတော့ နောက်ကျရင် ဒီလိုမဖြစ်အောင် ရွေးကောက်ပွဲပြီးတာနဲ့ ကန့်ကွက်လွှာတွေ အလျှင်အမြန်စစ်ဆေးပြီးတော့မှ လွှတ်တော်မခေါ်ခင် အပြီးဖြစ်နိုင်မှ ပိုကောင်းမှာပါ။ ဒီလိုအနေအထားမျိုးမှာ သူတို့ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ ဥပဒေနဲ့အညီ လုပ်တာရှိမရှိကတော့ လေ့လာဖို့သင့်နေပါပြီ။”

    အမှုပေါင်း ၂၉ ခုအနက် ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီကနေ အခြားအနိုင်ရကိုယ်စားလှယ်တွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို တရားစွဲထားတဲ့အမှု ၂ရ မှုရှိပြီး ကျန်တဲ့နှစ်မှုကသာ ကြံခိုင်ရေး ကိုယ်စားလှယ်တွေကို ပြန်လည်တိုင်ကြားထားတဲ့ အမှုတွေဖြစ်ကြပါတယ်။ ဒါတွေကို ရှေ့မေလ အတွင်း အပြီးသတ်စစ်ဆေးပြီး စီရင်ချက်ချဖို့ များတယ်လို့ ဦးမြင့်သွင်က ခန့်မှန်းပါတယ်။

    “ကော်မရှင်ဥက္ကဌကိုယ်တိုင်ကလည်း သမာသမတ်ကျကျ လုပ်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခု ကော်မရှင်ခုံအဖွဲ့မှာ ပါတဲ့ လူကြီးတွေက တရားစီရင်ရေးမှာ ပါခဲ့တဲ့လူအချို့အဝက်ပဲ ရှိမှာပါ။ ဥပမာ ရှေ့နေချုပ်လိုင်းကဆိုရင် တရားစီရင်ရေးမှာ အချို့မပါဖူးဘူးပေါ့လေ၊ တရားစီရင် မေးတာ မြန်းတာ ပြောတာဆိုတာတွေမှာ တရားစီရင်ရေးနဲ့ မကိုက်ညီတာမျိုးတွေလည်း တွေ့ရပါတယ်။ ကော်မရှင် ဥပဒေမှာတော့ ကော်မရှင်ဥက္ကဌနဲ့ ကော်မရှင်လူကြီးတွေရဲ့ မျှတမှုနဲ့ သမာသမတ်ကျမှုက မူတည်နေတာပါ။”

    ဒါကတော့ မဲမသမာမှုတွေရှိတယ် ဆိုပြီး တိုင်တန်းချက် အမှုအချို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမြင့်သွင် ဖြစ်ပါတယ်။ ၂၀၁ဝ နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာအများစုကို စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ကြံခိုင်ရေးပါတီက နေရာအများစု အနိုင်ရခဲ့ပါတယ်။ ဒီမဲရလဒ်ကို ဝေဖန်မှုတွေရှိပြီး အနောက်နိုင်ငံအချို့က လက်မခံခဲ့ကြပါဘူး။
    http://www.voanews.com/burmese/news/Burma-election-malpractice-04-30-11-121035414.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 7:16 am

    နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းတို်က်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ဂဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးသွားပါတယ်။ ဒါပေမယ့် မိုမာဂဒါဖီကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုလို ဂဒါဖီသားတဦးနဲ့ မြေးသုံးဦးသေဆုံးတယ်ဆိုတာ လစ်ဗျားအစိုးရပြောခွင့်ရသူ မူဆာ အီဗရာဟင်က အတည်ပြုကြေညာပါတယ်။

    အသက် ၂၉နှစ်အရွယ် ဆာရီ အယ် အာရဗ် ဂဒါဖီ နဲ့ ဂဒါဖီရဲ့မြေးတွေဟာ လစ်ဗျားခေါင်းဆောင်ကဒါဖီကို နေတိုးတပ်ဖွဲ့က လုပ်ကြံတိုက်ခိုက်မှုအတွင်းမှာ သေဆုံးသွားရတယ်လို့ သူက ပြောပါတယ်။

    မစ္စတာဂဒါဖီနဲ့ သူ့ဇနီးဖြစ်သူဟာ အဲဒီအချိန် သူ့သားနေအိမ်မှာရှိနေပေမယ့် ထိခိုက်ဒဏ်ရာမှု မရှိဘူးလို့ ပြောပါတယ်။ အိမ်ကတော့ အတော်လေး ပျက်စီးသွားတာတွေ့ရပါတယ်။

    ဒီမတိုင်ခင်ကတော့ လစ်ဗျားခေါင်းဆောင်ကဒါဖီက လစ်ဗျားပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ဆွေးနွေးဖို့ နေတိုးတပ်ဖွဲ့ကို ကမ်းလှမ်းခဲ့ပါတယ်။ နေတိုးတပ်ဖက်ကတော့ ဒါကို လက်မခံ ပယ်ချပါတယ်။
    ကျန်ရှိသည့်သတင်းများကို
    အောက်ကလင့်မှာ ဆက်ဖတ်ကြပါခင်ဗျ
    http://myanmargazette.net/47842/arts-humanities/history-museums

Leave a Reply