Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေတ်သစ် မြန်မာ့ရိုးရာ စကားပုံများ၏ အဓိပ္ပါယ်များ

KingMay 21, 20111min142711

မြန်မာ့ရိုးရာ စကားပုံ များ၏ အဓိပ္ပါယ်များ

ဧဒင်ဥယျာဉ် Website မှာ တင်ထားတဲ့ ဘလော့လေးကို သဘောကျ နှစ်သက်တဲ့အတွက် ကူးယူခွင့်တောင်းပြီး ရွာထဲမှာရှိတဲ့

မိတ်ဆွေတွေကို ခဏတာ ပြုံးရွှင်စေဖို့ တင်ပြထားတာပါဗျ။ အားလုံးကြိုက် မကြိုက်တော့ မသိဘူး ကျျွန်တော်ကတော့ ကြိုက်တယ်ဗျ

ရီရလို့ 😛 အော် နောက်ပြီး ရှိသေးတယ် ကျွန်တော်က မူရင်းခေါင်းစဉ်ကို ခေတ်သစ်ဆိုတဲ့ စာသားလေးပါ ဖြည့်စွက်ထည့်သွင်းထားပါကြောင်း….

ကဲစပြီး ဖတ်ကြည့်ရအောင် …..

(ပိုနေမြဲ ကျားနေမြဲ)

Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကိုဆိုလိုသည်။

(ကိုယ့်ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်ချင်)

Connection မကောင်းလျက်နဲ့ Facebook ဗွီဒီယိုများ ကြည့်လိုခြင်းကို ဆိုလိုသည်။

(ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း)

ကွန်နက်ရှင်ကောင်းရာ လိုင်း/ အင်တာနက်ကို ပြောင်းသုံးသည်။

(ဂါထာပေးတေးဖြစ်)

မြန်မာနိုင်ငံတွင် MS office 2007/2010 တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

(ငါးစိမ်းမြင် ငါးကင်ပစ်)

ပထမ Dial-Up, နောက် Broad Band, ADSL, Wi-Max,CDMA 800Hz, Willcom, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲခြင်းကို ဆိုလိုသည်။

(စိန်ကောင်း ကျောက်ကောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်)

ဆေးရိုးသည်= Accessed Denied Pages

(ဆင်ပါးစပ် နှမ်းပက်)

ဆင်ပါးစပ်= Internet Users

နှမ်း = Internet Bandwidth

(ညောင်ဦးကမ်းပါပြို စမ္မနဂိုက နွားပေါင်ကျိုး)

မိုးခြိမ်းသဖြင့် အင်တာနက်လို်င်းကျသွားသည်။ 😀

(တစ်ခါသေဖူး ပျဉ်ဖိုးနာလည်)

ဒုတိယ အကြိမ် ကွန်ပျူတာ သွားဝယ်ခြင်းကို ဆိုလိုသည်။

(တစ်ရွာ တစ်ကျီဆောက်သည်)

ရောက်ရာဆိုဒ်၊ ရောက်ရာနေရာတွင် အကောက်များစွာ ဖွင့်သည်ကိုဆိုလိုသည်။

(ထိုင်နေရင်အကောင်း၊ထသွားမှ ကျိုးမှန်းသိ)

ကောင်းမလားလို့ Window 7 (64 bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့တိုးနေသည်။

(ရင်လောက်တင်မှ ဒူးလာက်ကျသည်)

Download ဆွဲနေစဉ် ကြာမည့် အချိန် တွင်ပေါ်သော နာရီနှင့် ဂဏန်းကိုဆိုလိုသည်။

(နဂိုရှိမှ နဂိုင်းထွက်သည်)

laptop အဟောင်းကို ပစ္စည်းထည့် မွန်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသော အသစ်ဝယ်မှ ရမည်။

(ပန်းထိမ်မတတ်ခင် ရွှေခိုးသင်) ဝမရှိပဲ ဝိလုပ်သည်

မြန်မာစာလက်ကွက်ကို ကောင်းစွာမရိုက်တတ်သေးပဲ ချက်တင်ပွားနေသူများကိုဆိုလိုသည်။

(ပျက်အစဉ် ပြင်ခန)

MPT ( ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်။)

(ဖိုးသူတော်လဲ တောင်ဝှေး မထူနိုင်)

ဘန်းဆိုဒ်များကို proxy ဆိုဒ်များဖြင့်ကျော်ကြည့်နိုင်သော်လဲ…..ထို proxy ဆိုဒ်များကိုပါ ပိတ်ထားသောအခါ………. :X

(ဗူးကောင်းမှ စင်ခံ၊ လင်ကောင်းမှစံ)

ကွန်နက်ရှင်ကောင်းမှ အင်တာနက်အရသာကိုသိနိုင်သည်။

(ဘုရားလဲဖူးရင်း၊ လိပ်ဥလဲတူးရင်း)

ဒေါင်းလော့ ဆွဲထားရင်း၊ ချက်တင်ပွားခြင်းကို ဆိုလိုသည်။

(မမှားသောရှေ့နေ မသေသောဆေးသမား)

မကျဖူးသော ကွန်နက်ရှင်ကို ဆိုလိုသည်……

(မရွယ်ပဲနဲ့ စော်ကဲ မင်းဖြစ်သည်)

နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

(ရှင်ဘုရင့် ပုဆိုး ပိုးချည်းပဲ)

Mac Book Air, Pro, iPad 2, iPhone 5

(လင်းတလောက်တော့ငှက်တိုင်းလှသည်)

လင်းတ= မြန်မာပြည်ကွန်နက်ရှင်

(လယ်ထွန်သွား နွားမေ့)

အင်တာနက်သုံးရန်သွားသောအခါ Facebook, G mail Account Password များမေ့နေခြင်းကို ဆိုလိုသည်။

လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက်လုံ့လစိုက်၊ အချိန်နှင့်ဒီရေသည် လူကို မစောင့်)

ညဉ့်နက်သန်းခေါင် လူအများအိပ်ချိန် ဒေါင်းလော့ ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင်လဲ သရဲကားထဲက သရဲတွေလိုပဲ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ။ မိုးလင်းလျှင် မရှိတော့……) 😛

(ဝက်ဖြစ်မှ မစင်မကြောက်နှင့်)

အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနှင့်၊

(သန်းခေါင်ထက် ညဉ့်မနက်)

Connection Speed ဟူသည် 0kb/s သာရှိသည်။ -5 kb/s ဟူသည်မရှိပါ။

(သေချင်တဲ့ကျား တောပြောင်း)

မြန်သည်ဟုပြောလို့ EVDO ပြောင်းသုံးကာမှ လိုင်းကျတာချည်းနဲ့တိုးနေသည်။

(အုတ်ရောရော ကျောက်ရောရော)

Facebook New Feeds များကိုဆိုလိုသည်။ အရေးကြီးတာကော မကြီးတာကော Spam များပါ တက်လာလေ့ရှိသည်။

(အရေးကြီးတော့ သွေးနီးရာ)

အင်တာနက်သုံးသူ အချင်းချင်း ကောင်းတာလေးတွေ ၊ proxy software စသည်တို့ကိုမျှ ဝေကြသည်။

(အငိုလွယ်လျက် အရှိုက်ခက်သည်)

Download လွယ်သလောက်….. Upload ခက်သည်။

(အရူးမီးဝိုင်းသလို)

တပြိုင်နက် G-talk 20 ဦးခန့်ကို ပြောခြင်း။

(အကြံတူ ရန်သူ)

အင်တာနက်ဆိုင်တွင် ၂ ယောက်တပြိုက်နက် ဒေါင်းလော့ဆွဲခြင်းကို ဆိုလိုသည်။

(အနာပေါ် တုတ်ကျ)

ထိုစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်သည့်ပုံစံ……… 😀

11 comments

  • mandalarthu

    May 21, 2011 at 1:38 pm

    Good idea of thinking our Myanmar famous proverbs and internet culture .
    Modern Myanmar proverbs can make us amused!
    Thanks for sharing.

  • king

    May 21, 2011 at 1:46 pm

    ဟုတ်ကဲ့ပါဗျ
    ကျွန်တော်လည်း ဒီကနေ မူရင်းရေးသားသူကို ဒီလိုမျိုး ပေါ်လွင်အောင် ဖော်ပြပေးတဲ့အတွက်
    ချီးမွမ်းထောမနာ ပြုလိုက်ပါကြောင်း ………………..
    ( * _ ^ )

  • sonicwave

    May 21, 2011 at 5:10 pm

    ကောင်းပါတယ်ဗျာ။ မြန်မာစကားပုံလေးတွေနဲ့ မြန်မာ့အင်တာနက်လောကကို ရှင်းပြသွားတာ

  • MaMa

    May 22, 2011 at 8:55 am

    မြန်မာစာ ကျွမ်းကျင်ကြောင်း သက်သေပြသွားတာပေ့ါ။ မောင်မင်း လူကလေး တော်ပါပေတယ်။

    • king

      May 22, 2011 at 9:10 am

      မမဖုရား က ဘယ်နားက မောင်မင်း လူကလေးကို ချီးမွန်းတာလဲဗျ
      ကျွန်တော်မျိုးကြီး သိခွင့်ရှိရင် ရွှေနှုတ်တော်မှ မဖွင့်ဟဘဲ
      ရွှေပေလွှာထက်မှာ ရေးသားရင်း ပြန်ကြားလွှာလေး ပို့ပေးတော်မူပါ မဖုရားလေးခင်ဗျားးးးးးးးးးးးးးးးးးး
      😛

  • MaMa

    May 22, 2011 at 9:33 am

    မှားသွားပါတယ် ဆြာ ကင်းရယ်။ ခေတ်သစ် မြန်မာ့ရိုးရာ စကားပုံများ၏ အဓိပ္ပါယ်များကို ဘာသာပြန်သလို ပြန်ဖတ်တော်မူပါ။ မူရင်းရေးသားသူကိုရော၊ ထပ်ဆင့် ဖြန့်ဝေပေးသူကိုရော ကျေးဇူးတင်တယ်လို့ ရေးတာပါရှင့်။

  • nature

    May 23, 2011 at 1:29 am

    အရူးမီးဝိုင်းနဲ့ ၊ဝက်ဖြစ်မှမစင်မကြောက်နဲ့ ဆိ်ုတာလေးကိုသဘောကျတယ်၊ copy လဲကောင်းပါတယ်။

  • လင်းဝေကျော်

    May 23, 2011 at 5:13 am

    ရယ်ရတယ်။ စဉ်းစားပုံလေးတွေကောင်းပါတယ်။
    တစ်ခု ရှိတာက account(အကောင့်) ကို အကောက်ပဲ ပြောကြတာ ဘာဖြစ်လို့ပါလိမ့်။
    စကားမပီကြတာလား နားမကြည်ကြလို့လား။

    • king

      May 23, 2011 at 10:51 am

      အကောက်လို့ ပြောကြတာ
      ……………………………………………..
      ကျွန်တော်လည်း သိဘူးးးးးးးးးးး
      😛

  • naywoonni

    May 23, 2011 at 12:02 pm

    account ကို ငပိသံနဲ့ အကောက်လို့ အသံထွက်ကြတာနေမှာပေါ့…။။

Leave a Reply