ဇိမ်းဆတ်ဆတ်နဲ့ ငါ့ရဲ့ကမ္ဘာ
တံတိုင်းတွေပြိုလဲ
ဝင်းဒိုးတွေပွင့်
ဒေါ့ကွမ်းတွေပေါက်ကွဲနဲ့
ကမ္ဘာကြီးက တစ်ဖြေးဖြေးပြားချပ်နေပြီး
အသေးဆုံးထိကြုံ့ဝင်နေပြီတဲ့……။
ဒီနေ့ ငါ့ကမ္ဘာကတော့
ကွန်နက်ရှင်တက်လိုက်ကျလိုက်နဲ့
ကြုံ့ဝင်သွားလိုက်ပြန်ပွလာလိုက်
ပြားချပ်သွားလိုက်ပြန်လုံးလိုက်နဲ့
ဇိမ်းဆတ်ဆတ်ကမ္ဘာမြေဖြစ်လို့……..။
နေဝန်းနီ
ဆရာကျော်ဝင်းရဲ့ “ကမ္ဘာပြားပြီ “ကို ပြန်လည်ဖတ်မိပြီး ဒီကဗျာလေးရေးဖြစ်သွားတာပါ
5 comments
မိုက်ကယ်ဂျော်နီအောင်ပု
May 30, 2011 at 2:29 pm
ကဗျာဆရာကြီး
( ကြုံ့ဝင်သွားလိုက်ပြန်ပွလာလိုက် )
အဲ့သည်အကြောင်းအရာက တော်တော့်ကို တော်တော် တာသွားတယ်နော်
MaMa
May 31, 2011 at 1:09 am
အရင်ကကြားဖူးတာ ဖဲသမားမယား နှဲသမားပါး လို့ပဲပေါ့။ ခုခေတ်မှာ စကားပုံတောင် ပြောင်းရမလို ဖြစ်နေပြီ။ အင်တာနက် ကော်နက်ရှင် မရှင့်တရှင်လို့။
kai
May 31, 2011 at 9:09 am
အထိန်းမတတ်တဲ့အခါ
ဇိမ်းဆတ်ဆတ် ဒီမြေကမ္ဘာဟာ
ငါ့ရွာရင်တွင်းဖြစ်တွေကို
ထစ်ကနဲ့ရှိ ခလုပ်တိုက်
အမိုက်တွေထဲ နှစ်နှစ်ချနေလေရဲ့..။
တကယ်တော့…
နှစ်ချလို့ နစ်ကျနေတာမဟုတ်
ရစ်ကြလို့ ပစ်ချခံရတာလည်းမဟုတ်ပြန်ဘူး
စစ်ကတက်က အနှစ်မရှိသူတွေ
ညစ်ကြလို့… ဖြစ်ကြတာရယ်ပါ။ ။
naywoonni
June 1, 2011 at 11:45 am
ညစ်ကြတာရယ်က တစ်နှစ်နဲ့လည်းမပြီး
တစ်သက်စာ ကစ်ထားတော့မလားရယ်လို…….
အမယ်မင်းးးးး ကယ်နိုင်တော့ဘူးလား ဟရို့………
fatty
June 1, 2011 at 2:18 pm
ဗြောင်နောင်ဗြောင်နောင် … ဗြောင်နောင်ဗြောင်နောင် ……
ငယ်ငယ်က ပွဲခင်းထဲ မင်းသားငိုချင်းချ မှတရေးနိုးလာပြီး … ပြီးခါနီးပြီဟ မိုးလင်းခါနီးပြီဟ …
ထကြထကြနဲ့ … မှတ်မိသေးတော့တယ် …။