ပို့စ်မော်ဒန်ဆရာကြီး
အပြာရောင် အစိမ်းရောင်
အလင်းတုများမော်ကြွား
တစ်ဖြတ်ဖြတ်တောက်ပ
အပြုံးတုတစ်စနှစ်စ ။
ဇွန်းသံပန်းကန်သံ
ငြင်းခုန်သံတွေကြား
သဘာဝတရားကိုပစ်ထား . . .
တစ်ကျိုက်နှစ်ကျိုက်
မျိုလိုက်တဲ့သူရာ
ခန္ဓာတစ်ခုလုံးပျံ့နှံ့သွားခဲ့ . . .
ဟိုလူကငြင်းခုံ၊ ဒီလူကပယ်ချ
ပို့စ်မော်ဒန်ဘဝ ထိုသူကပြောပြ။
ခေါင်းဆံပင်ဖြူဖြူနဲ့ယမကာစုပ်တဲ့သူ
သူ့ချစ်သူမော်ဒန်မအကြောင်း
မိုးလုံးပြည့် ဥပမာေတွေပေး
သူလွယ်တဲ့မြန်မာလွယ်အိတ်ကလေးကိုမှ အားမနာ
အဆုံးမတော့ အိမ်ရှင်မကိုပေးရမယ့်အသပြာ
တစ်ဝိုင်းစာကိုရှင်း
မင်း … နောက်နေ့လာခဲ့ဦးတဲ့၊ . . .
နည်ရဲဇော်
7 comments
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
June 25, 2011 at 6:07 pm
ပို့စ်မော်ဒန်ကို ခင်ဗျားက ဘာထင်နေလို့လဲဗျ။ ကမ္ဘာပေါ်မှာ ပို့စ်မော်ဒန်စစ်စစ် သုံးဦးပဲရှိတယ်။
windtalker
June 26, 2011 at 7:22 am
ဗဟုသုတ အလို ့ငှါ ဝေမျှှပေးပါ လား အကိုရှုံးနိမ့်နေသူတစ်ဦး ခင်ဗျား ။
captainamerica
June 26, 2011 at 12:21 pm
ဗဟုသုတရအောင်မျှပေးပါလို.
ကျွန်တော်ကလည်းထပ်တောင်းဆိုပါရစေ…
MaMa
June 26, 2011 at 3:53 pm
တဝိုင်းစာရှင်းမယ်ဆိုရင်တော့ MG တွေ့ဆုံပွဲလေးကိုဖိတ်ခေါ်ပါတယ်။
captainamerica
June 26, 2011 at 4:16 pm
တစ်ဝိုင်းစာဆိုတာဘယ်လိုတစ်ဝု်င်းလဲခင်ည 🙂
ကိုပေါက်(မန္တလေး)
June 26, 2011 at 4:39 pm
ပိုစ်မော်ဒန်တစ်ယောက်ကတော့ ကိုပေါက်(မန္တလေး)ပါ။
ပိုစ်တွေတင်ဘို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ ကာတွန်းအောင်ရှိန်ရဲ့ မော်ဒန်ကာတွန်းတွေပြန်ဖတ်ပြီးမှစာရေးပါတယ်။
ဒါကြောင့်ကိုပေါက် က ပိုစ်မော်ဒန်ပါဘဲ။
nature
June 26, 2011 at 5:08 pm
ပို့စ်မော်ဒန်ကို ကြားဖူးပေမဲ့ အဓိပါယ်ကိုသေသေချာချာမသိပါ။ ကမ္ဘာပေါ်မှာ ပို့စ်မော်ဒန်စစ်စစ် သုံးဦး ဆိုတာ ဘယ်သူများလည်း သိချင်ပါတယ်။