Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အေသင်သို့ လည်လည်သွားခြင်း (၁)

herostarMay 4, 20102min2862
ငယ်ငယ်က ကျောင်းမှာ အေသင်မြို့မှ အပြေးသမား ဆိုတာလေး သင်ခဲ့ဖူးတယ်။ ကမာ္ဘ့သမိုင်းစာအုပ်ထဲက ပုံပြင်တစ်ပုဒ်လို့ မှတ်ယူထားခဲ့ဖူးတယ်။ ခုတော့ မမျှော်လင့်ဘဲ အဲ့ဒီအပြေးသမားလေးရဲ့ အေသင်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာက ပြန်လာတုန်းကတည်းက သွားလည်ဖို့ စိတ်ကူးထားပေမဲ့ ဒီလမှပဲ လည်ဖြစ်တော့တယ်။ ဒီခရီးစဉ်လေးမှာတော့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်၊ ဆဲဖော်ဆဲဖက်သူငယ်ချင်းများနဲ့ မိတ်ဆွေအချို့ကို စုပြီး အားလုံး မြန်မာကျောင်းသား ၈ ယောက် သွားလည် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄၀ဝ ကျော်လောက်ကတည်းက ရှိနေခဲ့တာဆိုတော့ ကမာ္ဘ့မြို့ဟောင်းကြီးတွေထဲက တစ်ခုပေါ့လေ။


ဂရိနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ၂ရ နိုင်ငံရှိတဲ့ European Union အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။ အေသင်ကတော့ ဂရိနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး လူဦးရေ ရ သိန်းကျော်နေထိုင်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ ကမာ္ဘ့ ၃၂ ခုမြောက် အချမ်းသာဆုံးမြို့တော် ဖြစ်ခဲ့ပါတယ်။ အသီနာ(Athena) ဆိုတဲ့ အေသင်မြို့တော်ကို စောင့်ရှောက်တဲ့ နတ်ဖုရားမရဲ့ နာမည်ကို ယူပြီး အေသင်မြို့လို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

လည်မယ်ဆိုရင်

Germanwings Airline ကို ၂ လလောက်ကြိုတင် Booking လုပ်ထားတဲ့အတွက် အသွားအပြန်လေယာဉ်ခက ယူရို ၈ဝ ကျော်ပဲ ကျပါတယ်။ Aristoteles Hotel (15 , Aharnon str. Vathi sq., Athens, Greece 10438) မှာလည်း ၂ လလောက်ကြိုတင် Booking လုပ်တဲ့အတွက် တစ်ညကို 12 ယူရိုနှုန်းနဲ့ ၄ ည တည်းခဲ့ပါတယ်။ ခရီးစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်က ယူရို ၁၇ဝ ကျော်ပဲ ကျပြီး လက်ဆောင်ဝယ်တာ စားတာနဲ့ ဆိုရင်တော့ ယူရို ၂၀ဝ ကျော်နီးပါးပဲ ကျတဲ့အတွက် မြန်မာငွေ ၃ သိန်းနီးပါးနဲ့ အေသင်မြို့မှာ ၄ ည အိပ် ၅ ရက်ခရီးကို ပျော်ပျော်ကြီး ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ သွားတတ်ရင် စရိတ်သက်သက်သာသာနဲ့ သွားနိုင်တဲ့အတွက် ဥရောပမှာ ခရီးသွားတွေက နေရာအနှံ့ပါပဲ။

ဂရိစကားကတော့ ကာလီမဲရာ (Good Morning) ဆိုတာလောက်ပဲ လေ့လာသွားပါတယ်။ အင်္ဂလိပ်စကားကို နေရာတိုင်းမှာ သုံးလို့ ရနေလို့ တော်သေးတယ်။ ဒီလိုနဲ့ ၂၀၁ဝ ရဲ့ဧပြီ ၂ဝ ရက်နေ့မှာတော့ Stuttgart မြို့လေယာဉ်ကွင်းကနေ မနက် ရ နာရီလောက်မှာ ထွက်ခဲ့လိုက်ပါတယ်။ လေယာဉ်ပေါ်မှာ ၃ နာရီကြာစီးပြီးတဲ့ နောက်မှာတော့ အေသင်မြို့ကို ရောက်ပါတော့တယ်။ ဂျာမနီနဲ့ ဂရိက အချိန် တစ်နာရီ ကွာနေတဲ့အတွက် အချိန်တွေကို တစ်နာရီ ရှေ့တိုးရပါတယ်။ ဂျာမနီက အချိန်တစ်နာရီနောက်ကျနေတာပေါ့လေ။

Aristotle Hotel ကိုလည်း ရောက်ရော ညတုန်းက လေယာဉ်ကွင်းမှာ ညအိပ်စောင့်ထားရလို့ အိပ်ရေးပျက်တာရော၊ ခရီးပန်းတာရော၊ ဟိုတယ်က ကုတင်မွေ့ယာတွေက ကောင်းတာရောကြောင့် အနား ယူချင်နေပါတော့တယ်။ ဗိုက်ကလည်း တမနက်လုံး ဘာမှ စားမထားရသေးတော့ နီးစပ်ရာမှာ KFC ဆိုင်ကို ပြေးဝယ်ပြီး မနက်စာနဲ့ နေ့လည်စာကို ဟိုတယ်မှာ ပေါင်းစားလိုက်ပါတော့တယ်။ ဒီလိုနဲ့ နားပြီးတဲ့နောက် ညနေပိုင်းလောက်ရောက်မှ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) နဲ့ အေသင်ပိုလီတက် တက္ကသိုလ် (Athens Poly-tech University) ဘက်ကို အလည်သွားရင်း ညနေစာ ရှာဖွေ စားသောက်ကြပါတော့တယ်။ ဒါကတော့ ပိုလီတက်ကျောင်းထဲက ပုံလေးပါ။


ပထမရက်

ဒီနေ့ကတော့ အေသင်မြို့ရဲ့ အထင်ကရ နာမည်အကြီးဆုံးဖြစ်တဲ့ Acropolic တောင်ကုန်းဘက်ကို ရောက်ပါတယ်။ Acropolic ဆိုတာကတော့ ဂရိလို ရေးထားတာပါ။ အဓိပ္ပါယ်ကတော့ မြို့ရဲ့ အမြင့်ဆုံးနေရာလို့ ဆိုလိုပါတယ်။ ဒီတောင်ကုန်းထိပ်ကနေကြည့်လိုက်ရင် အေသင်မြို့ကြီးကို အပေါ်စီးကနေ အံ့မခန်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် ဘီစီ ၅၀ဝ လောက်ကတည်းက ဂရိမှာ နတ်ဘုရားကိုးကွယ်မှုတွေ အားကောင်းခဲ့တော့ တောင်ကုန်းပေါ်မှာ နတ်ဘုရားကျောင်းတွေကို တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၅၀ဝ ကျော်လောက်တုန်းကတည်းက ဆောက်ထားတဲ့အဆောက်အဦးတွေဆိုပေမဲ့ မြင်ရတာ အံ့စရာပါပဲ။ မြတ်စွာဘုရားသခင်လည်း ဒီအဆောက်အဦးတွေ တွေ့သွားမှာပဲ တွေးနေမိပါသေးတယ်။ ဘုရားပွင့်တဲ့အချိန်နဲ့ ဒီနတ်ဘုရား ကိုးကွယ်မှုတွေ ပေါ်ထွန်းခဲ့တဲ့ နှစ်တွေက သိပ်လည်း မကွာဘူးလေ။


တောင်ကုန်းပေါ်မှာတော့ (Parthenon) ပါသီနွန်လို့ ခေါ်တဲ့ နတ်ဘုရားကျောင်းကြီးကို တွေ့မြင်ရပါတယ်။ အေသင်မြို့တော်ကို အကာအကွယ်ပေးတဲ့ ဂရိနတ်ဖုရားမ အသီနာတွက် ဆောက်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ကီလိုဂရမ် ၅ဝ ( 50 Kg) လေးတဲ့ သံတူနဲ့ ပေပေါ်တင်ထုရင်တောင် မကွဲတဲ့ စကျင်ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းတော် ဖြစ်ပါတယ်။ မာခြင်းအဆင့် (Mohs scale) မောစကေး ၄ နဲ့ ၅ ကြားမှာရှိတဲ့ စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ခဲ့လို့ နှစ်ပေါင်း ထောင်ချီပြီး ခုချိန်ထိ မြင်တွေ့နေနိုင်ခြင်းဖြစ်ပါတယ်။ ဒီနတ်ဖုရားကျောင်းကို BC 447 မှာ ၉ နှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ပြယုဂ်တစ်ခုအဖြစ် ကြြံ့ကံ့ခံ တည်ရှိနေမဲ့ နန်းတော်ဆောင်လို့ ဆိုပါတယ်။

အသီနာ နတ်ဖုရားမရဲ့ ကျောင်းဆောင်ဘေးမှာကတော့ အဲရစ်သွန် ကျောင်းဆောင်ကို တွေ့မြင်ရပါတယ်။ ဂရိသူရဲကောင်း Erichthonius အဲရစ်သိုးနီးယပ်စ်တွက် နတ်ကွန်းဗိမာန်ဖြစ်ပြီး ဂရိ ဒဏ္ဍာရီ ဘုရင် Erechtheus က သူသေဆုံးတဲ့အခါ ဒီကျောင်းဆောင်ရဲ့ ဘေးမှာ မြှုပ်နှံပေးဖို့ဆိုပြီး ဆောင်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နတ်သမီးတိုင်လုံးတွေနဲ့ မို့ ဒီကျောင်းဆောင်က ကမာ္ဘ့လှည့်ခရီးသည်တွေကို ဆွဲဆောင်အား ကောင်းစေ ပါတယ်။ ဒီနတ်ဖုရားကျောင်းလေးက ရာဇဝင်လေး ရှိတော့ နည်းနည်းလေး ပြောပြချင်ပါသေးတယ်။

အေသင်မှာက ဘီစီ ၅၀ဝ စု အစစောပိုင်းကတည်းက ဒီမိုကရေစီထွန်းကားနေခဲ့ပြီလေ။ လူ့အခွင့်အရေး အပြည့်အဝရတယ်ဆိုပေမဲ့ အစပိုင်းမှာတော့ အမျိုးသမီးတွေ မဲပေးခွင့် မရကြပါဘူး။ ပန်ဒိုရာနဲ့ သူမရဲ့ သေတ္တာလေးအကြောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ဂရိဒဏ္ဍာရီမှာ ပန်ဒိုရာ (Pandora ) ဆိုတာက နတ်ဘုရားတွေ ဖန်ဆင်းပေးလိုက်တဲ့ ပထမဆုံး လူသားအမျိုးသမီးလေးလေ။ သူမနဲ့ သူမရဲ့ သေတ္တာလေးအကြောင်း ပြောပြရမလား။ ဒါဆို အပိုင်း (၂)မှာ ဖတ်နော်။ 😛 😛

herostar

မစောင့်ဘဲ ဖတ်ချင်တယ်ဆိုရင်တော့

www.herostaraungaung.co.cc  ကိုလာလည်နော်။

2 comments

  • intro

    May 4, 2010 at 10:16 am

    လုပ်ပါဗျို့… အားပေးနေပါတယ်…

  • kopauk mandalay

    May 5, 2010 at 1:30 am

    ပန်ဒိုရာဆိုတာ ငါတို.ကိုဒုက္ခတွေစပေးသွားတဲ.ကောင်မလေးနေမှာ

Leave a Reply