Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူဌေးသား နဲ့ အသပြာ ၁၀၀

ဆူးJuly 2, 20111min57716

ရွာထဲမှာ မှတ်တမ်းလေး တခု အနေနဲ့ စစ်တမ်း ဆိုတဲ့ ပိုစ်လေး တင်ထားပါတယ်။ တော်တော် များများ အားပေးပြီး လာရေးတာ တွေ့ရပါတယ်။ ထိုပိုစ်ရဲ့ ရည်ရွယ်ချက် က ရွာသားတွေ အချင်းချင်း အသက်ကြီးလား ငယ်လား မသိကြပေမဲ့ ရွာနာမည် တခုသာ မြင်နေကြတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ကလည်း အားလုံး ဆယ်ကျော်သက်လို့ ထင်နေကြတာလည်း ရှိပါတယ်။ လူတိုင်း မှာ ဘဝ ကိုယ်စီ နေထိုင်မှု နေရာ ကိုယ်စီ ရှိနေကြသလို မတူညီတဲ့ ဘဝတွေ ပိုင်ဆိုင်ထားပြီး မတူညီတဲ့ အရေးအသားနဲ့ အမြင် မတူ မှုတွေကို ဖလှယ်ကြတာ ဖြစ်ပါတယ်။ ရွာထဲမှာ ညီရင်း အကို မောင်နှမ တွေလို သဘောထားနဲ့ ရေးသားနေခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ လူငယ်များ ကတော့ လူကြီးမှန်း မသိ လူငယ်မှန်း မသိ စိတ်ထင်တိုင်း ရိုင်းတာလေးတွေ တွေ့နေလို့ လူကြီးတွေ များတယ် ဆိုတာ သိအောင် တမင် ပိုစ်တခု အနေနဲ့ ဖန်တီးပြီး လူငယ်တွေ သိစေအောင် သွယ်ဝိုက် ပြောပြလိုက်တာ ဖြစ်ပါတယ်။

ရွာထဲမှာ စာရေး စာဖတ် လုပ်နေတာ အချိန် အတော်ကြာခဲ့ပါပြီ။ ဒီရွာကို ရောက်စဉ် အခါက ပိုစ် တခုကို ၃၀ဝ ပေးပါမယ် ရေးပေးကြပါ ကွန်မန်း ပေးရင်လည်း ပွိုင့် ၅ဝ ပေးပါမယ် စသဖြင့် ရေးထားတာ မြင်မိတယ်။ အဲဒီ တုန်းက ဘာရေးလို့ ရေးရမှန်း လည်း မသိခဲ့ဘူး။ တွေးမိတာတော့ ရှိတယ် စာလည်း သိပ်မစီတတ်ဘူး။ ဒီလိုနဲ့ ဟိုရေး ဒီရေးနဲ့ အခု ဆို တခုခု တွေးလိုက်လို့ ရေးမိရင် တော်တော် အရစ်ရှည်အောင် ရေးတတ်နေပါပြီ။ ရွာရဲ့ ကျေးဇူးတွေ ဖြစ်မှာပေါ့။

ရွာထဲမှာ ကွန်မန်းတွေ အရင်က တခု ၅ဝ ပေးတယ် နောက်တော့ ၁ဝ ပြောင်းသွားတယ်။ ၁ဝ ပြောင်းသွားတာကလည်း မန်ဘာ အရေအတွက် များလာတဲ့ အတွက် ကွန်မန်းတွေ များလာပြီး ပွိုင့် ထွက်တဲ့ အရေအတွက် များလာတဲ့ အတွက် နောင်ရေး စိတ်အေးရအောင် ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်မှာပါ။ ပေးသူနဲ့ ရယူသူ ပေးသလောက် ပဲ ယူရမှာပဲလေ။ နောက်ပိုင်း သိတဲ့ အတိုင်း ရွာထဲမှာ တိုက်ပွဲတွေ များတာတော့ ကွန်မန်းတွေ တော်တော် တက်တယ်။ ၁ဝ နဲ့ တော်တော် ပေးနေရတယ်။ ဒီလိုကနေ တဆင့် မန်ဘာ ဦးရေ အရမ်း များတာတဲ့ အခါ ပွိုင့် တွေ ပေးရတာ များနေပြီ ဖြစ်လို့ ပွိုင့် ပေးတဲ့ စနစ်ကို ပြင်လိုက်ပါတယ် ပိုစ် တခု ၅ဝ နဲ့ ကွန်မန်း တခု ၁ဝ ကို ပိုစ် တခု အတွက် တခါပဲ ရမယ် ဆိုပြီး ပြင်ဆင်လိုက်ပါတယ်။

ဒီရွာမှာ စပြီး စာရေးတုန်းကလည်း ပျင်းလို့ ဝင်ရေးတယ်။ နောက်တော့ လူစည်လာတော့ တက်ကြွစွာနဲ့ ရေးသားခဲ့တယ်။ယခု အချိန်မှာတော့ ပွိုင့် ၁သိန်း တော်တော် နီးစပ်လာခဲ့ပါတယ်။ ပြည့်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ သဂျီးက ထိပ်ဆုံးမှာပဲ ကြာကြာ ဆက်ထားချင်လို့လား မသိဘူး ပွိုင့် ပေးတဲ့ စနစ်ကို ပြုပြင် လိုက်တာ ဖြစ်မယ် ထင်တယ်။ ထိပ်ဆုံးကနေ ဦးအောင် ရန်တွေ့ ကောင်းအောင် ထင်ပါရဲ့။

ပိုစ် ရေးခ လျော့ချ လိုက်တဲ့ ကိစ္စမှာ ပိုစ်တင်သူရဲ့ အားသာချက် အနေနဲ့ ကွန်မန်း တခုရရင် ၅ပွိုင့် ရတဲ့ စနစ် တခုပေးထားတာ ရှိပါတယ်။ စစ်တမ်း ကောက်တဲ့ ပိုစ်ကို တင်ဖို့ တွေးမိနေတာ တော်တော် ကြာပါပြီ။ ဒါပေမဲ့ ပွိုင့် ပေး စနစ် ပြုပြင် ထားတဲ့ အတွက် အချိန်အခါ အလိုက်သင့် တင်လိုက်တာ ဖြစ်ပါတယ်။

သဂျီး ရဲ့ ရည်ရွယ်ချက် အတိုင်းပါပဲ ကွန်မန်း များများ ရအောင် ရေးဆိုပြီး ပိုစ် တခုမှာ ရေးထားတာ မြင်မိတဲ့ အတွက် ရည်ရွယ်ချက် အထ မြောက်အောင် ရွာသားတွေ ရဲ့ အကူအညီနဲ့ ဖြစ်အောင် ရေးရင် ဖြစ်တယ် ဆိုတာ ပြတဲ့ သဘောပါပဲ။

ပိုစ် တခု တင်တယ် ဆိုတာ ကိုယ်ပိုင် အတွေးနဲ့ ကိုယ်ပိုင် စိတ်ကူး ချရေးတဲ့ အခါမှာ ပိုစ်တိုင်း ကွန်မန်း မရနိုင်ပါဘူး။ ကွန်မန်း ဆိုတာ ဝေဖန် ဆွေးနွေးတဲ့ သဘောဆောင်တယ်လို့ မြင်မိတယ်။ သိပ်ကောင်းလွန်းတဲ့ ပိုစ် ဆိုရင် ဘာတွေ ကွန်မန်း ပေးလို့ ပေးရမှန်း မသိအောင်ကို ပြည့်စုံတာတွေ ရှိပါတယ်။ စာရေး ကောင်းတဲ့ လူ အတွက် ရွာသားများက အလှူခံပုံးထဲ ထည့်သလို သဒ္ဒါကြေး ၅ပွိုင့် ပေးမှ ရမဲ့ ပုံ ဖြစ်နေတယ်လို့ ခံစားရတယ်။

စာရေးတဲ့ လူများ ကွန်မန်း များများ လိုချင်ရင်တော့ သူများ ထောက်ကွက် ထားပေးနိုင်အောင် ရေးမှ ဖြစ်တော့ မလို ဖြစ်နေပါတယ်။ (တဖက်သတ် တွေးမိတာပါ။)

ပုံပြင် တခု ရှိတယ် သူဌေးကြီး တယောက်က သားကလေး တယောက် ရှိတယ် အလုပ် ကောင်းကောင်း မလုပ်ချင်တဲ့ အပြင် ဘာအလုပ် ကိုမှ လက်ကြော တင်းတင်း မလုပ်တဲ့ အတွက် အလုပ်ကို သေချာလုပ်စေချင်တဲ့ အတွက် သားလုပ်သူကို သွား…. အသပြာ ၁၀ဝ ရှာယူလာခဲ့ ရှာနိုင်ခဲ့ရင်တော့ ငါပိုင်တဲ့ စည်းစိမ်တွေကို ဆက်ဆံ သူ အဖြစ် အမွေပေးမယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် လုပ်အားနဲ့ ရှာတဲ့ အသပြာ မှ ဖြစ်မယ် ဆိုပြီး အမိန့်ထုတ်လိုက်တယ်။ အမေ လုပ်သူက သားလုပ်တဲ့ လူ လက်ကြော မတင်း ပျင်းမှန်း သိလို့ လက်သိပ်ထိုး ကျိတ်ပြီးတော့ အသပြာ ၁၀ဝ ပေးပြီး နောက်နေ့ အဖေ လုပ်သူကို သွားအပ်ခိုင်းတယ်။

အဖေ လုပ်သူက အသပြာ ၁၀ဝ မြင်တဲ့ အခါ တွေးပါတယ် ဒီအသပြာကတော့ ကိုယ်တိုင် ရှာလာတာတော့ မဖြစ်နိုင်ဘူး သိရအောင် စမ်းမှ ဆိုပြီး အသပြာ ၁၀ဝ အထုပ် ကို မြင်မြင်ချင်း တခါတည်း ဆွဲယူပြီး မီးပုံထဲ ပစ်ထည့်လိုက်တယ်။ သားလုပ်တဲ့ လူရဲ့ အမူ အရာကို အရိပ်အကဲ ကြည့်တဲ့ အခါ ဘာမှ တုန်လှုပ်တဲ့ အမူ အရာ မတွေ့လို့ ဒါမင်း ရှာတာ မဟုတ်ဘူး ငါ့ ဆီက အသပြာ ကို အမေ လုပ်သူ ပေးတာ ဖြစ်မယ် ဆိုပြီး ဆူပူကြိမ်းမောင်းလိုက်ပါတယ်။ သား အမိ နှစ်ယောက်က သူတို့ တိတ်တိတ်ကလေး လုပ်မိတာ အဖေ သိသွားလို့ စိတ်မကောင်းလည်းဖြစ် သူဌေးကြီးရဲ့ အဆူ အဟောက်လည်း ခံရတယ်။ အမေ လုပ်သူကို ပိုက်ဆံ ခိုးမပေးရဲအောင် တင်းတင်းကျပ်ကျပ် ဆူ ထားတဲ့ အတွက် သား လုပ်သူက အသပြာ ၁၀ဝ ပေးပါ တောင်းလည်း မပေးရဲတော့ပါဘူး။ ဒီလိုနဲ့ မဖြစ်တော့ဘူး ဒီ အသပြာ ၁၀ဝ ငါ့ဟာငါ ရှာမယ် ဆိုပြီး အလုပ်တွေ လုပ်ကြည့်တယ်။ တကယ် လုပ်တော့ တော်တော် နဲ့ မရဘူး အသပြာ ၁၀ဝ ဆိုတော ရှာရ တော်တော် ခက်ပါလား ဆိုတာ သိလာခဲ့တယ်။ ကြိုးစား ပမ်းစား ရှာပြီး အသပြာ ၁၀ဝ ပြည့်တဲ့ အချိန်မှာတော့ ဝမ်းသာ အားရ အဖေဆီကို ပြေးပြီး ဒီမှာ အသပြာ ၁၀ဝ ဆိုပြီး ပေးလိုက်တယ်။ သူဌေးကြီးက ဘာလဲ ဒါလည်း ငါ အသပြာ ခိုးထုတ်ပြီး လာပြတာပဲလား ဆိုပြီး ဒေါသပုန် ထပြီး မီးထဲ ပစ်ထည့်လိုက်တယ်။ အဲဒီမှာ သူဌေးသား က အရင် တခုတုန်းကလို ပုံစံ မဟုတ်တော့ပဲ အရမ်း စိတ်တို သွားတဲ့ ပုံစံနဲ့ ဘာလုပ်တာလဲ အသပြာ ၁၀ဝ ရဖို့ လွယ်တာ မဟုတ်ဘူး တော်တော် ကြိုးစားပြီး ရှာထားရတာ ဗျ ဆိုပြီး အော်ပြီး မီးထဲကို တဝက်တပျက် ကျသွားတဲ့ အသပြာ ထုတ်ကို အပူထဲမှာ မကြောက်မရွံ့ ဆွဲထုတ်နေတာ မြင်တော့ အဖေ လုပ်သူက ထရီပါတယ်..ဟား ဟား ဟား…. ငါ့သား လိမ္မာလာပြီ မင်း တကယ် အလုပ် လုပ်ပြီ ဆိုတာ ငါယုံပြီ လို့ ထ အော်လိုက်တယ်။ သား လုပ်သူက ဘာလို့ ဒီလို ပြောတာလဲ အသပြာတွေ မီးထဲ ပစ်ထည့်တုန်းကတော့ ပစ်ပြီးတော့ အခုမှ အလုပ်လုပ်တာ ဆိုပြီး ပြောရတာလဲ ဆိုတော့မှ သူဌေးကြီးက သား လုပ်သူကို ရှင်းပြတယ်။ အရင် အသပြာ ၁၀ဝ တုန်းက လည်း ဒီတန်ဖိုးပဲ အခု အသပြာ ၁၀ဝ ကလည်း ဒီတန်ဖိုးပဲ.. မတူညီတာက မင်းရဲ့ လုပ်အားခ နဲ့ ရှာထားတဲ့ အသပြာ ဖြစ်တော့ မင်း တန်ဖိုးထားတယ်။ အရင် အသပြာ ၁၀ဝ တုန်းက ငါ့ဟာ ဆိုတော့ ငါနှမြောတာပေါ့ ဒါပေမဲ့ မင်းရဲ့ စိတ်ကို သိချင်လို့ စမ်းသပ်တဲ့ သဘောနဲ့ မီးထဲ ပစ်ထည့်မိတာ.. အခုတော့ သိပြီ မဟုတ်လား။ ကဲ မင်းလည်း အသပြာ ၁၀ဝ ရဲ့ တန်ဖိုး မင်း ကိုယ်ချင်း စာတတ်နေပြီပဲ ဟု စကား ပြောရင်း သား အဖ နှစ်ယောက် တည့်သွားကြပြီး အမွေခံ သား အဖြစ် အသိအမှတ် ပြုပေးလိုက်ပါသတဲ့ကွယ် ။

 

ပုံပြင်ထဲက အသပြာ ၁၀ဝ အတိုင်းပါပဲ။

အချိန်တွေ စိတ်တွေ အများကြီး ရင်းနှီး ပေးဆပ် ပြီး တဖြေးဖြေး လုပ်ယူထားတာ ဖြစ်ပါတယ်။

ရွာထဲမှာ ပိုစ်ကို ကြည့်တဲ့ လူ ဦးရေ ၅၀ဝ ဖြစ်ရင် ပွိုင့် တိုးပေးမယ် ပြောလို့ ၅၀ဝ ရှိနေပြီ ဆိုပြီး အသံ ပေးတဲ့ လူကို တကယ် တိုးပေးခဲ့တာ မြင်မိတယ်။ ဖြစ်ချင်တော့ အဲဒီ အချိန်နဲ့ မတိမ်းမယိမ်းမှာ ဆူး ရေးတဲ့ ပိုစ်က ကြည့်တဲ့ လူ ၁၀၀ဝ အထိ ဖြစ်သွားတာ တွေ့လို့ အသံပေးလိုက်တယ် မသိချင်ယောင်ဆောင်ခံ လိုက်ရတယ်။ ပွိုင့် ကိစ္စ အရေးတော့ သိပ်မကြီးပေမဲ့ မန်ဘာ ချင်းခွဲခြား သလို လုပ်တဲ့ ကိစ္စကိုတော့ သဘောမကျတာ အမှန်ပဲ။

အနှစ်ချုပ်ရရင်တော့ ရွာ စစ်တမ်း ကောက်တာက လုပ်မယ်ဆိုရင် လုပ်နိင်တယ် ဆိုတာ ပြတဲ့ သဘောနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။

စာဖတ်သူ အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ။

 

16 comments

  • MaMa

    July 2, 2011 at 1:15 pm

    အင်းးးးးးးးးးးးးးးးသူဌေးသမီးလေးလည်း ကိုယ့်လုပ်အားခလေးကို တန်ဖိုးထားကြောင်း သက်သေပြလိုက်တာပေ့ါလေ။ တန်ဖိုး ပိုစ့်မှာ ရေးသလိုပဲ- အမှန်တကယ်လည်း ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ ရထားတာဟာ ကြိုးစားအားထုတ်မှု မရှိပဲ ရတာနဲ့ တန်ဖိုးချင်း (တန်ဖိုးထားတာချင်း) ကွာပါတယ်။

    • ဆူး

      July 2, 2011 at 1:18 pm

      သူဌေးသမီး မဟုတ်ရပါဘူး။ နေ့စဉ် ထမင်း ၂နပ် ပုံမှန်စားတဲ့ လူတန်းစားတဲ့ လူထဲက လူပါပဲ။

  • windtalker

    July 2, 2011 at 1:31 pm

    ထမင်း ၃ နပ် ကျွေးမယ် ဗျာ ။ မန်းတလေး ကို လာလည် ရင်

  • nature

    July 2, 2011 at 1:54 pm

    windtalker ရေ နဂိုတခါလို လူစားလွှတ်ပေးလို့ရမလား။ 🙂

    • ဆူး

      July 2, 2011 at 1:59 pm

      လူစား လွတ်ဖို့ ကိုပေါက်(မန်း) ကို ရွေးချယ် ထားပါတယ်။ ဟဲဟဲ..

  • hmee

    July 2, 2011 at 1:54 pm

    အင်း…ဘာပြောရမှန်းတောင် မသိပါဘူး။ ပွိုင့်လိုချင်လို့တော့ မဟုတ်ပါဘူး။ ကွန်မန့်လေးများ တက်လာရင် ပျော်ပါတယ်။ ကိုယ်စိုက်တဲ့ အပင်လေး အသီးသီးလာလို့ ဝမ်းသာတဲ့ ခံစားချက်ပါ။

  • windtalker

    July 2, 2011 at 2:07 pm

    လေတွေ နဲ ့လွှတ်နေရင်တော့ လေတွေ ပဲ ရမှာပေါ့ နော် ။
    ပုံ ။ ။ လေပြောသူ မဟုတ်သော windtalker ( ဒီနာမည် ကို ယူထားတာ က နီကိုးလပ်စ်ကေ့ရှ် ရဲ ့စစ်ကားလေး ကို သဘောကျ လို ့ပါဗျာ ။ windtalker ဆိုတာ စစ်ကားထဲ က code နာမည် ပါ )

  • weiwei

    July 2, 2011 at 2:16 pm

    ရွာသူကြီး ဦးလေးခိုင်က သူ့တူမလေး ဆူးကို လက်ရုံးရည် နှလုံးရည် ဘယ်လောက်ပြည့်ဝလဲဆိုတာ စမ်းသပ်နေတာပါ … တစ်ရာ ပြည့်ပြီးရင် ရာထူးတိုးပေးအုန်းမှာ … 😛

  • weiwei

    July 2, 2011 at 2:18 pm

    မန်းလိုက်တာ မှားသွားလို့ ..
    ရာထူးတိုးပေးမှာ မဟုတ်ဘူး … အမွေတွေပေးမှာ 🙂

  • Yan Shin

    July 2, 2011 at 3:15 pm

    မန်းတော့လဲ ပိုကောင်းတာပေါ့။
    ကိုယ့်တင်တဲ့ ပိုစ်လေး ဝင်ကြည့်ဖေါ်ရရင်တောင် ဝမ်းသာကြည်နူးလို့ မဆုံးပါဘူး။
    ဝေဝေ့ လို မှားမန်းတော့လဲ….. ဟဲဟဲ

  • shweminthar

    July 2, 2011 at 3:54 pm

    ကဲ ပိုစ့် ဖတ်ပြီးချိန်
    သဂျီး ကိုခိုင်တစ်ယောက် အတွေးတခုဝင်လာပြီး ဆူးမမ ကို စမ်းလိုသောစိတ်ဖြင့် ပေးထားပြီးသား ပွိုင့် ၉ သောင်းကျော်ကို မီးထဲ ပစ်ထည့်ရန် စီစဉ်လေတော့သည်။

    • ဆူး

      July 2, 2011 at 3:58 pm

      အဲဒီလို ဆို ဆူး ကို စမ်းတာ မဟုတ်တော့ဘူး
      သူ့ သိက္ခာကို သူ စမ်းတာ.. ဘယ်လောက် ရှိသလဲ ဆိုပြီး။

  • မင်းပြည့်ရှိန်

    July 2, 2011 at 4:06 pm

    ရေတံခွန် တစ်ခုလို အရှိန်ပြင်းစွာ စီးဆင်းနိုင်ဖို့ဆိုတာ..
    အချိုးအကွေ့ပေါင်း မြောက်မြားစွာကို ဖြတ်သန်းခဲ့ရပါလိမ့်မယ်…
    ပြီးတော့….မှ.. သိပ်လှတဲ့ ရေတံခွန်လေး ဖြစ်ဖို့….

    ရေတံခွန် ဖြစ်ရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
    တောတွေ တောင်တွေကို ဖြတ်သန်းခဲ့တာ မဟုတ်ပေမယ့်…

    တစ်ချို့ပို့စ်တွေက ဘာမှ ပြန်မပြောနိုင်လောက်အောင်.. ကောင်းပါတယ်..
    ဥပမာ.. ”ဘဝမှတ်တိုင်” … ”ကျွန်ုပ်တို ့ဘာလုပ်ကြမည်နည်း”….”လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ဝန်းရံခြင်း” စသည်ဖြင့်ပေါ့..
    ကျန်တာတွေလည်း အများကြီးရှိဦးမှာပါ..

    အဲဒီတော့ဗျာ..
    လျှာရှည်တယ် လို့ မဟုတ်ရပေမယ့်လည်း… လူ့အခွင့်အရေးရယ်လို့ သဂျီးမင်းက ပြောပြ .. သင်ပြ…ထားလေတော့..
    ( freedom to speak out) ဆိုပေမယ့်လည်း… အဲဒီ အသံတွေကို ဘယ်လိုတုန့်ပြန်သလဲဆိုတာ…. သိချင် နားလည်ချင်နေမိပါတယ်.

  • bigcat

    July 2, 2011 at 4:55 pm

    သဂျီးဖက်လည်း
    စဉ်းစားကြပါအုံး
    သူ့ခင်မျာ
    အကြီးလည်းထောက်
    အငယ်လည်းထောက်
    ရွာထဲမှာလည်းတမှောက်
    အန်တီဆူးလည်းကြောက်
    ဟိုလူကနှောက်
    ဒီလူကခြောက်
    တော်ကြာနေ
    ထွက်ရပ်ပေါက်သွားမှဖြင့်…… 🙄

  • windtalker

    July 2, 2011 at 5:29 pm

    ကွန်မင့် တွေ ဖတ်ကြည့်တော့ ဖွားဆူး က သူကြီး ကို တော်တော် နိုင်တာ တွေ ့နေရတယ်

  • pan pan

    July 4, 2011 at 6:41 am

    သူဌေးသားရဲ့ ငွေ၁၀ဝမပြောနဲ့ ကိုယ့်ရဲ့ ပိုစ့်လေးမှာ
    လာမန့်ကြရင် ၅ကျပ်ရတာတောင် အတော်ပျော်တယ်

Leave a Reply