Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုပေါက်လမ်းသလားနေသည် အပိုင်းတစ် (တောသားမြို့ သွားစီစဉ်ခန်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်းတစ် (တောသားမြို့ သွားစီစဉ်ခန်း)”

ကျနော်ရန်ကုန်ကို မရောက်တာ 1983ခုနှစ်ကတည်းကဆိုတော့ 29နှစ်။
ကျနော်သူငယ်ချင်းဟောင်းမှန်သမျှ နိုင်ငံခြားရောက်သူရောက် မြန်မာပြည်အနှံ့ရောက်သူရောက်
ရန်ကုန်မှာဘယ်သူမှ မရှိတော့ဘူး။
အဲတော့ ရန်ကုန်ကိုလာဘို့စိတ်ကူးမရှိခဲ့ဘူး။
2009ကစလို့ ဘာအခွင့်အလမ်းမှ မျော်လင့်စရာမရှိတဲ့ အင်တာနက်မှာ ဝါသနာအရ စာရေးလိုက် ဓါတ်ပုံတွေတင်လိုက်လုပ်ရာကနေ
ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်လေးက လူသိလာပါတယ်။
လူသိတယ်ဆိုတာလဲ အများကြီးမသိပါဘူး စာတစ်ခါရေးမှ ကော်မင်းလေး ဆယ်ခုတောင်မရသေးတဲ့ စာပေဝါသနာအိုးပါ။
(ဒါပေမယ့် ကို်ယ့်စိ်တ်ထဲတော့ လူအတော်သိနေပြီဆိုပြီး တစ်ခါတစ်ခါ ဘဝင်တွေမြင့်တတ်ပါတယ်။
ပညာသည်လဲမဟုတ်တော့ အများကြီးလဲ မပြောတတ်ပါဘူး။)

လောလောဆယ် ကျနော်ဝင်ပြီးတစ်ခါထဲရေးနေတဲ့ဆိုက်တွေကတော့
(1) မြန်မာသူငယ်ချင်းများနေ့
(2) poemscornor
(3) အိမ်လွမ်းသူ
(4)ချောကလက်မြို့တော်
(5)ထာဝရသူငယ်ချင်းများ
(6)ချစ်သူမြို့တော်

အပါအဝင်ဆယ်ခုလောက်ရှိမယ်ထင်ပါတယ်။
အဲတော့ စာတွေရေးနေရင်းက
အဲဒီဆိုက်က မိတ်ဆွေများလဲရှိလာပါတယ်။
နောက်ကျနော်စာဖတ်ပြီး မိတ်ဆက်လာတဲ ့လေထဲက မိတ်ဆွေတွေလဲရှိပါတယ်။

ရွာထဲက မိတ်ဆွေကတော့ အများဆုံးပါဘဲ။
ဟိုတစ်ခါက ရွာထဲမှာတွေ့ဆုံပွဲတွေစီစဉ်ကြ တွေ့တယ်လို့ အိပ်မက်တွေ မက်ကြတော့
ကျနော်လဲ တွေ့ချင်ပိုး ထလာပါတယ်။
အဲတော့ ရန်ကုန်က မိတ်ဆွေများကို ပိုပိုပြီး ကျနော် က တွေ့ချင်လာပါတယ်။
ဒါနဲ့ဘဲ ကျနော်ရဲ့အလုပ်ကိစ္စတွေ လူမူရေးကိစ္စတွေနဲ့အတူ လေထဲက မိတ်ဆွေများကို တွေ့ဘို့
ရန်ကုန်ကိုဆင်းလာခဲ့ပါတယ်။

ဒီတော့လဲ ကျနော်နေတဲ့ခဏလေးအချိန်အတွင်းမှာအားနိုင်တဲ့မိတ်ဆွေတွေကို အချိန်းအချက်လုပ်ရပါတယ်။
တကယ်လက်တွေ့မှာ အားမယ်ထင်သူက မအားဘဲ
မအားဘူးထင်သူတွေက ကျနော့်အတွက် တမင် သက်သက် ကြီးကို အားလိုက်ကြတာကိုအရမ်းအားနာစရာကောင်းအောင်ကို တွေ့လိုက်ရပါတယ်။
နောက် ရွာထဲမှာစာရေးတာကြာတော့ ဘယ်သူနဲ့ဘယ်သူက ဘယ်လိုဆိုတာလဲ ကျနော်သိနေတော့
အပျော်ပွဲလေးကနေ ခပ်ကြမ်းကြမ်းပြောရရင် ဆော်ပွဲလေးဖြစ်ကုန်မှာလဲ စိုးတယ်။
ကျနော်ပျော်ချင်လို့ လာတာကိုတော့ အပျက်မခံနိုင်ပါဘူး။
ဒီတော့ တူရာတူရာလူတွေကို စုလို့တွေ့ဘို့ စီစဉ်ရပါတယ်။
အဲတော့ ကျနော့်မိတ်ဆွေများကို ကျနော် လူတွေခွဲလို့ တွေ့ဘို့ ထပ်စီစဉ်ရပါတယ်။
ဒါကို အပြစ်တင်ချင်ရင်လဲ တင်လိုရသလို ထင်ချင်သလိုလဲ ထင်လို့ရပါတယ်။
(ဒါကို လူစုခွဲတယ်လို့ သတ်မှတ်မယ်ဆိုရင်တော့ ထင်ချင်သလိုထင်ပါလို့ ပြောရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။
သူအဲလိုထင်တာကို မထင်နဲ့နော်…………လို့ သွားပြောလို့မှမရတာကြီးကို)

ဒါက ကျနော်ရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ။
ကျနော်နဲ့တွေ့ဘို့ ဝိုင်းဝန်း စီစဉ်ကြတဲ့ မိတ်ဆွေများရဲ့ကိုယ်ပိုင်အခွင့်အရေးလဲ ရှိပါတယ်။
တွေ့လို့ရမလားလို့ ချိန်းတယ် တွေ့မယ်ဆိုသူကို တွေ့နိုင်တဲ့အချိန်မှာ ပြန်ချိန်းတယ်။
တွေ့မယ်လူတွေအားတဲ့အချိန်တွေကို ပြန်ညှိကြတယ်။
တစ်ဖက်သတ် စီစဉ်တာ မဟုတ်ဘဲ အားလုံး ညီညွတ်စွာ ညှိနို်င်းတွေ့ဆုံကြတဲ့ပွဲလေးပါ.။
မတွေ့နို်င်သူ မအားသူကို လည်း စိတ်ဆိုးစရာမလိုပါဘူး။
လူဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ်ပြေးလွှားနေကြရတာကို အတိအကျနားလည်သလို ကိုယ်တိုင်လည်းထို့အတူပါဘဲ။
နောက်အစကတည်းက ပြောထားတာက ကျနော်နဲ့တွေ့သူတွေကို ဘယ်သူနဲ့ဘယ်လိုတွေ့တာပြုတာဆိုတာကို ပိုစ်ထဲမှာထည့်မရေးဘူးလို့လဲ
ဆုံးဖြတ်ထားပြီးသားပါ။
(ဒါက လူခင်လို့ တွေ့တဲ့ ကိစ္စ သက်သက်ဆိုတော့ အကြောင်းအရာကို အပေါ်ယံ ဘဲရေးချင်ရေးမယ် အတိအကျရေးဘို့မလိုဘူးလို့ ယုံကြည်ထားလို့ပါ)
ဖြစ်ချင်တော့ ကျနော့် မွေးနေ့ 3-7-2011 နေ့ကလဲ ရန်ကုန်ရောက်ချိန်နဲ့တိုက်ဆိုင်နေပါတယ်။
ရွာထဲမှာ ဒီမွေးနေ့ကို ကျနော်က သံချောင်းမခေါက်ဘဲ အရင်က တည်းက ပြောရင်းဆိုရင်း မှတ်မိသူတွေကလည်း မှတ်မိနေကြပါတယ်။
အဲတော့ မှတ်မိနေသူတွေက ကိတ်မုန့်မှာပြီး ဖယောင်းတိုင်မီးလေးတွေမူတ်လို့ ဟက်ပီး ဘတ်ဒေးလို့ အော်ချင်တဲ့ကလေးတွေကလဲရှိပါတယ်။
(ဒါပေမယ့် ကိတ်မုန့်မှာပြီး မီးတော့ မမူတ်လိုက်ရပါဘူး မီးလောင်မှာစိုးလို့ပါ ဟက်ပီးဘတ်ဒေးလို့တော့ ဝိုင်းအော်လိုက်ကြတာ ဘေးလူတွေတောင်လန့်ယူပါတယ်။)
အဲတော့ မွေးနေ့ကို သိသူများနဲ့ က တစ်ပွဲ မသိသူများနဲ့ကတပွဲ ဒါက ရွာထဲကလူတွေ။
မသိလို့ အချိန်မီသတင်းပေးဘို့ဆက်သွယ်စရာဖုူန်းနံပါတ် မသိလို့ မပြောလိုက်ရသူက သိလို့ဆက်သွယ်တဲ့အခါလဲ သူနဲ့လဲ သီးသန့်ထပ်တွေ့ဘို့ စီစဉ်ရပါတယ်။
နောက်ဒီပြင်ဆိုက်ကလူတွေနဲ့ကလဲ တစ်ပွဲ မက သုံးလေးပွဲ။
သူတို့က စာတော့မရေးဘူး ဒါပေမယ့် စာဖတ်သူဖြစ်နေသော လေးစားစရာကောင်းသော မိတ်ဆွေများနဲ့ကလဲ တစ်ပွဲ ကျနော်မိသားစုတွေဆွေမျုးိတွေနဲ့ကလဲ
ပွဲပေါင်းများစွာ အချိန်တွေလုလို့ စီစဉ်ရပါတယ်။
မောတော့မောပါတယ်။
သွားချင်တဲ့နေရာတွေကိုလဲ ရောက်ခဲ့ပါတယ်။
ထင်တိုင်းလဲပေါက်ခဲ့ပါတယ်။
ထင်ထားတာတွေနဲ့ တစ်လွဲဖြစ်သော အဖြစ်အပျက်များလဲရှိခဲ့ပါတယ်။
ပျော်စရာကောင်းသော နေ့များလဲ ဖြစ်ခဲ့ပါတယ်။
တွေ့ဆုံပွဲတွေက လည်း ကျနော့်အနေနဲ့ဆိုရင် ချက်တင်မှာလေပေါဘူးတာကလွဲ လို့ ဓါတ်ပုံတောင် မမြင်ဘူးသူတွေချည်းပါဘဲ။
ကျနော်ဓါတ်ပုံကိုတော့ ပို့ပေးပါတယ် ကျနော့်မဒမ်ပေါက်နဲ့ တွဲရိုက်ထားတဲ့ပုံကိုပေါ့။
မြင်ရင်ကျနော်မှန်းသိအောင်လို့ပါ.။
ကျနော်က မန်းလေးကမအူမလယ်တောသား ပါ။
တော်ကြာမသွားတတ်မလာတတ်နဲ့ လာရဲ့သားနဲ့ မတွေ့လိုက်ဘဲ လွဲသွားမှာကို လဲ စိုးရိမ်လို့ပါ။
ရန်ကုန်လာပြီး မမြင်ဘူးတဲ့မိတ်ဆွေကို တွေ့ဘို့ စီစဉ်တယ်ဆိုတာ တွေးကြည့်ရင် ရီစရာကြီးနော်။

ဒါပေမယ့်………………….
ကံကောင်းထောက်မစွာနဲ့
ကျနော်အချိန်တွေခွဲလို့ စီစဉ်တဲ့ကိစ္စတွေလဲ အားလုံးအချိန်ကိုက်အောင်မြင်ခဲ့ပါတယ်။
(28-6-2011 နေ့ကနေ 4-7-2011)နေ့အထိရန်ကုန်မှာနေသွားပါတယ်။
အဲတော့ ရေးစရာတွေမှ တစ်ရက်ကို နှစ်ပုဒ်နုန်းလောက်ကိုရေးရင်ရပါတယ်။
ဖြစ်ချင်တော့ …………………………

ဒါက အမြည်းပေးလိုက်တာ နောက်တော့ အသေးစိတ်ရေးမယ်နော်………………………
(တစ်ရက်တပုဒ်နူန်းနဲ့လာပါမယ် ဆက်လက်စောင့်မျော်၍ကော်မင်းများများပေးစေလိုပါသည်)

(ဆက်လက်ဖော်ပြပါမည်)

20 comments

  • R Ga

    July 5, 2011 at 9:44 am

    ကိုပေါက်လမ်းသလားနေသည် အပိုင်း ၂ အားစောင့်မျှော်လျက်..။ အပိုင်းအားလုံးပြီးရင် လွင်မိုးလိုတစ်ခွေရိုက်မယ်။ ဒါမှမဟုတ် စာအုုပ်ထုတ်မယ်။

  • pan pan

    July 5, 2011 at 9:44 am

    လေးပေါက် ဒီနေ့ ရန်ကုန်မှာမရှိတော့ဘူးပေ့ါ
    မန်းပါဆိုလို့ မန်းလိုက်ပါပြီ
    😀

  • နွယ်ပင်

    July 5, 2011 at 9:49 am

    လေးပေါက် အပိုင်း(2) ကိုဆက်လက်စောင့်နေပါမယ်
    အခုပေးတဲ့ အမြည်းလေးလဲ မဆိုးပါဘူး ………..

  • PinkCandy

    July 5, 2011 at 11:39 am

    ဓါတ်ပုံတွေပါတင်မယ်လို့ သတင်းကြားထားတယ်
    ဆက်လက်စောင့်မျှော်လျှက်ပါ။

  • weiwei

    July 5, 2011 at 12:21 pm

    ကိုရီးယားဇာတ်လမ်းတွဲကျနေတာပဲ 😛

  • king

    July 5, 2011 at 12:36 pm

    အားပေးနေပါသည်
    လွင်မိုး အဲ ဟုတ်ပါဘူး ကိုပေါက် ခရီးသွားနေသည် …. 😛

  • naywoonni

    July 5, 2011 at 12:38 pm

    ကိုကိုပေါက် ခုမှလမ်းလျှောက်တတ်တာပေါ့…။ ဟင်းနော် နေပြည်တော်ကိုတော့ မလာဘူး ..။ သူသိပ်ဆိုးတာပဲ သွား…။

    • manawphyulay

      July 6, 2011 at 10:31 am

      လေးနီ… မနော လာတယ်လေ… ပြန်မှ သတိရမိတယ်သိလား… နို့မို့ ကြိုချိတ်လိုက်ပါတယ်။ တစ်ပတ်တော့ နေခဲ့တယ်။

  • တညင်သား

    July 5, 2011 at 12:50 pm

    ကိုပေါက် (မန ္တလေး) ကိုပဲ တွေ့ချင်ကြတာလား …….
    တညင်သား ကိုရော မတွေ့ချင်ကြဘူးလား………..:) 🙂

  • ဆူး

    July 5, 2011 at 2:09 pm

    ကိုပေါက် မလွမ်းစကောင်း လွမ်းစကောင်းက နေ တဆင့်တက်.. လမ်းမသား လမ်းသလား ဆိုပြီး နာမည် အသစ် တင်ဖို့တောင် ကောင်းနေပြီ။ ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ ခပ်ဆင်ဆင်မျိုးပေါ့..

  • unclegyi1974

    July 5, 2011 at 3:06 pm

    ဒါပဲလေမိုးဖြူမစဲ မိုးမဲမရွာဆိုတာ
    တွေ့ကြရအောင်ဟေ့လို့ဗျို့ဟစ်နေကြတုန်းက
    မဆုံဖြစ်ကြပဲ
    မထင်တဲ့အချိန်မထင်တဲ့နေရာမှာတွေ့ဆုံလိုက်ကြတာ
    နောက်ဆုံးတော့ဘယ်သူလုပ်သွားသလဲလို့ကြည့်လိုက်တာ
    ကိုကျော်ကိုး

  • shweminthar

    July 5, 2011 at 4:32 pm

    ကိုပေါက်ပျောက်သွားလို့ ကြည့်လိုက်တော့ ရန်ကုန်မှာ မင်းသားသွားလုပ်နေတာကိုး။
    ကိုဒီးယား ဇတ်လမ်းတွဲလို အပိုင်းလိုက်အပိုင်းလိုက် ရိုက်ပြီး ဂေဇက် စာမျက်နှာပေါ်တင်မှာပေါ့။

  • nature

    July 5, 2011 at 4:56 pm

    မြန်မာပြည်ကတိုးရစ် ကိုပေါက်ပေါ့။

  • MaMa

    July 6, 2011 at 8:27 am

    ကင်း အန်တာတိတ်မန့်အတွက် အစရှာရပြီ။ ရွာထဲက ရွှေမင်းသားကို မင်းသားကိုပေါက်က ကျော်တက်သွားပြီပေ့ါ။

  • bigcat

    July 6, 2011 at 9:09 am

    ဦးပေါက်တူမရော ခေါ်မသွားဘူးလား…ရန်ကုန်မှာ ကျနော့ခြေရာချည်ပဲ။ ကျနော့်နာမည်ပြောရင် အိမ်တိုင်းသိတယ်။ 😎

  • chitpyae

    July 6, 2011 at 9:33 am

    ရွာထဲက သူတွေ နဲ့တွေ့ချင်ပါတယ်ဆိုမှ …. လေးပေါက်ရန်ကုန်သွားတာ သိလိုက်ဘူး .. ဟင့် ။
    နောက်တခါ ဆို ကြိုပြော ထားနော် … 🙂
    လေးပေါက်မှ မဟုတ်ပါဘူး …ဖြစ်နိုင်ရင် ရွာထဲက ရှိသမျှ ရွာသူ ရွာသားအကုန်လုံးကို အပြင်မှာ တွေ့ဖူးချင်တာ … တရွာထဲနေ တဲ့ သူတွေကို 🙂

  • AKKO

    July 6, 2011 at 10:33 am

    ကိုပေါက်ကြီးနဲ့ ဆုံလိုက်ရတာ ဝမ်းသာတယ်ဗျာ ။ ဒီတခါ ကျွန်တော်က သူများတွေ့ဖို့ စီစဉ်မှ သိရလို့ day return tip အ စီစဉ်လေးတွေတောင် မလုပ်ဖြစ်ခဲ့ဘူး ။ နောက်တခါ လာလည်ပါဦး ။ ရှယ်ပြုစုမှာပါ ။

  • char too lan

    July 6, 2011 at 5:07 pm

    (ကျနော်က မန်းလေးကမအူမလယ်တောသား ပါ။)
    ဟုတ်လို့လား ~~ဟုတ်ရဲ ့လား ~~
    မလျှိုနဲ့နော် လေးပေါက် လျှိုလွန်းရင် တိုတွားမယ်
    လျှော့ပြော လျှော့ပြော 😛

  • padonmar

    July 6, 2011 at 6:11 pm

    ကိုပေါက်ရဲ့ ခရီးသွားအတွေ့အကြုံနဲ့ ဓာတ်ပုံလေးတွေ စောင့်ဖတ်ပါမယ်။
    လမ်းသလားရင်း ခလုပ်တော့မတိုက်နဲ့ပေါ့။ 😀

  • ခလုတ်တော့မတိုက်ပါဘူး။
    နေ့တိုင်းမိုးရွာတော့ ဓါတ်ပုံရိုက်ရင်းချော်လဲမှာစိုးတာပါ။
    အခုပုံတွေစတင်နေပါပြီ
    အားပေးတော်မူကြပါ………………….

Leave a Reply