မီးနေခွင်ဝယ်
နာကျင်ပြင်းပြ၊ ဆိုငိုတ၏၊
ထိုမှတဖန်၊ တအားသန်၍
အားမန်ကဲမောက်၊ ချွေးပေါက်ချွေးသီး
ယိုစီးပြိုက်ပြိုက်၊ သူအားစိုက်သည်
တိုက်စကြာဝဠာ ခါလောက်၏။
ဝေဒနာနှင့်
ငါတကားဟဲ၊ သည်လွန်ပွဲဝယ်
အူဝဲသံလွင့်၊ ခွန်ချိုဆင့်သော်
မိခင်မျက်နှာ၊ ထိန်ထိန်သာသည်
သော်တာငွေလ ရှုံးလောက်၏။
From: (ညွန့်ဝေ-ကသာ)
Post Views: 125
One comment
chitkay
May 5, 2010 at 9:04 am
အမေနေ့ အတွက် အမှတ်တရပေါ့