Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြည့်ရင်းကြည့်ရင်း…………………………..


ဟို ရှေးသီချင်းလေးတပုဒ်ပေါ့။
ဝင်းဦးဆိုထား တယ် ဆရာမြို့မငြိမ်းရေးပေါ့။
မပြီးသေးသော ပန်းချီကားတဲ့။
အဲဒီထဲကစာသားလေးက
ကြည့်ရင်းကြည့်ရင်း အဓိ္ဓပါယ်ပေါ်လွင်တဲ့။
ဒီအရိုးစုလေးကို သေသေချာချာကြည့်ရင် စိတ်ထဲမယ် ဘယ်လိုခံစားရပါသလဲ ?
ဒီအရိုးစုလေးက အလဟဿထားတာမဟုတ်ဘူးရယ် လူတွေကို တရားရအောင်တဲ့၊
ဘယ်နေရာမှာရှိနေတဲ့အရိုးစုလေးလို့ထင်ပါသလဲ?
ဒီအရိုးစုလေးကိုမြင်တော့ ကြောက်စိတ်တွေဝင်မိပါသလား?
တစ်ပုံနဲ့ တစ်ပုံတူသလိုလိုရှိနေပေမယ့် တကယ်ကြည့်ရင်တော့ မတူပါဘူး။
ဒီပုံလေးရဲ့ ရာဇဝင်ကတော့ …………………………..

31 comments

  • ကြည့်ပြီးတာနဲ့ စိတ်ထဲမှာ ကျလိကျလိ ဖြစ်မနေနဲ့နော်။
    မေးခွန်းလေးတွေကို ဖြေထား ။
    နောက်နှစ်ရက်လောက်နေရင် အဖြေချင်းတိုက်ကြည့်မယ်.

  • weiwei

    July 10, 2011 at 6:49 pm

    ဒီအရိုးကိုကြည့်ရတာ ယောက်ျားလေးအရိုးဖြစ်ရမယ် … သေသွားခဲ့တာ ၁ဝ နှစ်ကျော်လောက်ရှိမယ့်ပုံပဲ …

  • ဝမေမေ ကြည့်ရတာ ရှားလော့ဟုမ်းနဲ့ ဆွေမျုးိတော်မယ်ထင်ပါရဲ့။
    ဆက်မှန်းကြည့်လိုက်ပါအုံးဘယ်နေရာမှာ မြင်ဘူးသလဲလို့။

  • Big Defender

    July 10, 2011 at 6:56 pm

    ကိုပေါက်ကို ရယ်ပြနေတယ် ထင်တယ်။
    ဘုန်းကြီးကျောင်းမှာထင်တယ်။ ဒါကြောင့် ယောကျားင်္လေး
    ထင်တယ်။

  • hmee

    July 10, 2011 at 7:06 pm

    ကြောက်တတ်ပါတယ်ဆိုမှ တည့်တည့် တိုးပြီ။ ဒီညတော့ အိပ်ပျော်မယ် မထင်။ သေချာကြည့်တော့ စိတ်ထဲမယ် ကြောက်လာတယ် ဘာကိုမှန်းမသိ။ လေးပေါက်ကတော့ တွေ့လည်း တွေ့တတ်တယ်။

  • ကျနော်လဲအဲဒီညက အိပ်မပျော်ဘူး။
    မဒမ်ပေါက်က တောင် ဟောက်သေးတယ်။
    ပေါက်ပေါက်ရှာရှာ ရိုက်တုံးက ရိုက်ပြီးတော့တဲ့။
    ပူတယ် လူနားလာကပ်မအိပ်နဲ့တဲ့။
    ကဲ…………………

  • mnoe

    July 10, 2011 at 7:20 pm

    ဒုက္ခပဲကိုပေါက်ရေ….
    အရိုးစုကြီးမြင်တာတောင် တရားမရမိသေးဘူး။ စိတ်ထဲမှာလား……မကြောက်ပါဘူး။ ကိုယ့်ကိုမြင်လို့ အားတက်ပြီး ပြုံးပြနေတယ်ထင်ပြီး ကိုယ်တောင်ပျော်သွားသလိုလို။
    ကိုယ်အလှည့်ကျလည်း အရိုးဖြစ်တာတောင်ပြုံးနေနိုင်အောင် ပြင်ဆင်ထားရမယ်လို့တော့ တွေးမိလိုက်တယ်။
    အဲ.. ဒီခေတ်မှာ အရိုးကောရှိသေးလို့လားနော်။

  • aye thet mon

    July 10, 2011 at 8:03 pm

    ဘုန်းကြီးကျောင်းမှာ ထားထားတာလား…….ဒီလို အရိုးစုထားထားတာ တစ်ခါမှ မကြားဖူးဘူး

  • ဆူး

    July 10, 2011 at 8:07 pm

    အရိုးစု ရဲ့ ဘေးမှာ မျက်နှာသုတ် အစိမ်းလေး နဲ့ တဖက်မှာ ပုံးတလုံး မှောက်ထားတာ ရှိတယ် သေချာ ကြည့်လိုက်…
    အမှန်က အရိုးစုက ရေပုံးထဲ မှာ ရေထည့်ပြီး မျက်နှာသုတ် လေးနဲ့ ရေပတ်တိုက်နေတာ.. လူလာသံ ကြားတော့ အမြန် ရေပုံးလေး မှောက်ပြီး မျက်နှာသုတ်လေး တန်းပေါ် တင်ပြီး ခပ်တည်တည် နဲ့ အမြန် ပြန်ပြီး ပုံးထဲ ပြန်ဝင်နေတာ.. လာတဲ့ လူတွေကို ပါးစပ်ကြီး ဖြဲပြီးတောင် ပြုံးပြနေတာ.. အမှတ်မထင် သွားကျွှတ်ကျသွားတာ အောက်သွားတချောင်း အရှေ့တည့်တည့်က မရှိဘူး။

  • pooch

    July 10, 2011 at 8:24 pm

    ကြည့်ရင်း ကြည့်ရင်းကြောက်လာလို့ … ပါးစပ်ကြီးက ဖြဲပြီး ပြုံးပြနေသလားမှတ်တယ်….
    ရေကန်နားမှာ ထားတာဆိုတော့ ရေချိုးရင်းသေသလားမှ မသိတာ…..
    ပြောချင်တာက အချိန်မဟုတ် အခါမဟုတ် ရေချိုးမကဲနဲ့ …. မဟုတ်ရင် ငါ့လိုဖြစ်မယ် ပြောချင်တာနေမှာ… 🙂

  • တညင်သား

    July 10, 2011 at 8:59 pm

    ဒီအရိုး စုကို အိမ်ဖြူတော်မှာ သွားထားရင် ကောင်းမလားစဉ်းစားမိတယ်…..:)

  • unclegyi1974

    July 10, 2011 at 10:03 pm

    ဘုန်းကြီးကျောင်းသို့မဟုတ်နာရေးကူညီမှုအသင်းမှာ
    လူအများတရားရှုနိုင်အောင်ထားထားတာနေမှာပါ

  • nature

    July 10, 2011 at 11:07 pm

    သေသေချာချာကြည့်တော့ ပင့်ကူအိမ်တွေ တက်နေတာတွေ့ရပါတယ်။
    ရိပ်သာတွေမှာ အသုဘ ကမ္မဌာန်းပွားများဖို့ထင်ပါတယ်။
    မှန်ပုံးထဲ ထည့်ထားတော့ သိပ်ကြောက်စရာ မကောင်းသလိုပဲ။ သော့ခေတ်ထားလို့။ 🙂

  • kai

    July 11, 2011 at 5:37 am

    အဲဒီခတ်ထားတဲ့ သော့တွေကို အထက်လမ်းဆရာတယောက်က စီမံလုပ်ရတယ်ကြားဖူးတယ်..။
    အထဲက ပင့်ကူမျှင်လို ဟာတွေကလည်း အစီအမံတွေပဲ..။
    အဲဒါ..တယောက်ယောက်က ဖွင့်လိုက်ရင်.. အဲဒီအရိုးစုမျက်လုံးနေရာတည့်တည့်ကြည့်ဖူးတဲ့သူတွေဆီ .. ဘယ်မှာနေသူဖြစ်ဖြစ်.. လိုက်လာရောတဲ့..။

    အသုဘ ကမ္မဌာန်းပွားများတယ်ဆိုပြိး.. ကြည့်ထားတဲ့သူတွေဆို.. မိသားစုလိုက်ကို.. အတင်းလာခေါ်တာတဲ့..။
    အဲဒီကိုရင်က …ရေနစ်သေထားတာမို့.. လာခေါ်ရင် ဘုရားစာရွတ်တာလောက်နဲ့ ငြင်းမရဘူးလည်းဆိုထားတယ်..။
    အဲဒါ..
    ဓါတ်ပုံထဲမလည်း.. (စိတ်မချရတာမို့) မျက်လုံးနေရာ တည့်တည့် မကြည့်လိုက်ကြနဲ့နော…။ 🙂
    ကိုပေါက်က..အဲဒီသတိပေးစာလေးပါ ထည့်ရေးပေးထားဖို့ကောင်းတယ်..။

    ဒန်တန်တန်…။

    • ဆူး

      July 12, 2011 at 8:33 pm

      သဂျီးက ပုံကို သေချာ ကြည့်ပြီး စာရေးလိုက်တာ ဖြစ်လို့.. ဘယ်နေရာ ဖြစ်ဖြစ် လိုက်တာ ရောတဲ့.. ဒန် တန် တန်…. 😀

    • nature

      July 12, 2011 at 10:41 pm

      ကျနော်က စီရင်ထားတဲ့ အထက်လမ်းဆရာ နာမည်တောင်သိသေးတယ်။ သူကရာထူးတော့အကြီးသား။

  • chitpyae

    July 11, 2011 at 8:06 am

    ဘုန်းကြီးကျောင်း လား ၊ ရိပ်သာလား တစ်ခုခု ပဲထင်တယ်နော်။
    ညဘက်များအဲဒီ့နေရာသွားရင်တော့ နည်းနည်းတော့ လန့်မိမှာပဲ ….
    တရားရမရတော့ မသေချာဘူး …. ကြောက်တာကအရင်ဖြစ်မှာ 🙁

  • weiwei

    July 11, 2011 at 8:23 am

    အဲဒီအရိုးစုက လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ကားတိုက်ခံရပြီးသေသွားတဲ့ ကောင်လေးတစ်ယောက်ရဲ့အရိုးစု …

    • weiwei

      July 12, 2011 at 9:42 am

      ဘာဖြစ်လို့ အနှုတ်ပေးလိုက်တာလဲမသိဘူး … ကျွန်မက ဇာတ်ကြောင်းကို အမှန်သိလို့ အမှန်အတိုင်းရေးပြလိုက်တာပါ … သန်လျင်ဖားအောက်ရိပ်သာထဲမှာ ရှင်းပြတဲ့သူက သေချာရှင်းပြခဲ့လို့ သိခဲ့ရတာ …

  • ရွှေဘိုသား

    July 11, 2011 at 9:00 am

    ရွာသားတို. သေသေချာချာ ကြည်.ပြီး တရားသဘောလို.မှတ်နော်

    ကိုယ်.အလှည်.ကျရင် ဒီလိုအရိုးစုတောင် ကျန်ရစ်မှာမဟုတ်ဘူး
    မီးသဂြိုလ် မှာဗျ ယူချင်တယ်ဆိုရင်တောင် အရိုးစုကျန်မှာမဟုတ်ဘူး
    ပြာအိုးပဲကျန်ရစ်မှာ

  • pan pan

    July 11, 2011 at 9:21 am

    ရိပ်သာမှာထားတယ်ထင်တာပဲ
    တချို့ရိပ်သာတွေမှာ တရားထိုင်တဲ့ခန်းမမှာပဲ အရိုးစုကို ချိတ်ထားတာ ဓါတ်ပုံထဲ ကြည့်ဖူးတယ်

  • MaMa

    July 11, 2011 at 3:37 pm

    ပြီးခဲ့တဲ့ တနင်္ဂနွေက မှော်ဘီက ဗောဓိရိပ်ငြိမ်ကျောင်းကို ရောက်တုန်း ဓမ္မာရုံဘက် လျှောက်ကြည့်မိတယ်။ မိုးကရွာထားတော့ အောက်ဖက်ပဲကြည့်သွားနေရာကနေ အပေါ်မော့ကြည့်လိုက်တော့ ခေါင်မိုးပေါ်ကနေ အရိုးစုကြီး ချိတ်ပြီး တန်းလန်းဆွဲချထားတာ တွေ့လိုက်တော့ ရုတ်တရက် လန့်သွားတာပဲ။ ကိုပေါက်တွေ့တဲ့ ပုံလိုတောင် မှန်ဘောင်တွေထဲ ထည့်ထားတာ မဟုတ်ဘူး။

  • moethidasoe

    July 11, 2011 at 4:47 pm

    ရုတ်တရက် ဆိုရင်တော့ လူတွေ လန့်ကြမှာပါ ..
    တကယ်က အသက် မရှိတဲ့ အပြင် အသားပါ မရှိတော့တဲ့ ပစ္စည်းပဲလေ ..
    တို့ ကျောင်းတက်တုန်းက စာကျက်ရတဲ့ အရိုးတွေကို သေတ္တာနဲ့ ထည့်ပြီး ကုတင်အောက်မှာ ထားခဲ့တယ် ..
    ကျောင်းပြီးမှပဲ .. အငယ်တန်းက လူကို လက်လွှဲလိုက်တယ် .. ရတုန်းကလဲ အကြီးတန်းက အလကား ပေးခဲ့တယ် .. ကိုယ်ကလဲ အလကား လက်လွှဲပေးခဲ့တယ် .. (အခုဆိုရင် အရိုးတွေ ရှားနေပြီ . အလကား ရချင်မှ ရတော့မှာ)

  • july cancer

    July 11, 2011 at 5:13 pm

    သန်လျင် ဖားအောက်ရိပ်သာ စင်းကြန်လမ်းနံဘေးက အရိုးစုလို.ထင်ပါတယ်…အဲဒီ့ရှေ.မှာတောင် ဆိုင်းဘုတ်လေးထောင်ထားသေးတယ် “ငါလည်း တချိန်က သင့်လိုနေခဲ.ဘူးတာပဲ…သင်လည်းတချိန်တော့ငါ့လိုဖြစ်ရဦးမှာပါ” အခုရှိ/မရှိ တော.မသိပါ…

  • padonmar

    July 11, 2011 at 9:41 pm

    မော်လမြိုင်ဖားအောက်မှာတော့ မြို့ပေါ်က သူဋ္ဌေးသမီး အသက်နှစ်ဆယ်လောက် သေးသေးသွယ်သွယ်လေးရဲ့ အရိုးစုကို သူ့မိဘတွေက လှူထားတယ်လို့ ကြားဖူးပါတယ်။မော်လမြိင်ရောက်ခဲ့ရင်တော့ သွားကြည့်ဖို့ စဉ်းစားထားပါတယ်။

  • ကြောင်ကြီး

    July 12, 2011 at 7:45 am

    တောက်….ဒေါ်ပဒုမ္မာဖြေတာကြည့်ပြီး သန်လျင်ဖားအောက်တောရလို့ ဖြေမလို့ဟာ ဦးပေါက်က စောဖြေလိုက်တယ်။ အန်တီဝေမနေ့က ဖြေကထဲက အထာပေါက်လိုက်ရမှာ၊ အခုတော့ 🙁

  • Foreign Resident

    July 12, 2011 at 8:20 am

    By the way,
    ဖားအောက်ရိပ်သာ strictly follows the method of “အဘိဓမ္မာ ပိဋိကတ်”.

  • mzm

    July 12, 2011 at 4:15 pm

    ူယူတတ်ရင်တော့ တရားရစရာပါပဲ
    မယူတတ်ရင်တော့ စကားများစရာပဲပေါ့နော်

  • weiwei says: (Edit)

    (ဘာဖြစ်လို့ အနှုတ်ပေးလိုက်တာလဲမသိဘူး … ကျွန်မက ဇာတ်ကြောင်းကို အမှန်သိလို့ အမှန်အတိုင်းရေးပြလိုက်တာပါ … သန်လျင်ဖားအောက်ရိပ်သာထဲမှာ ရှင်းပြတဲ့သူက သေချာရှင်းပြခဲ့လို့ သိခဲ့ရတာ)
    မဝေရေ အရင် က ဂေဇက်မှာ like disklike က တကယ်ကို သေချာဖတ်ပြီးပေးတာ။
    အခုဖြစ်နေတာက လက်ဆော့ တာ။
    သေချာတာက တော့ ကျနော့်တို့လို့ အမြဲဖတ်နေရေးနေ ကော်မင်ပေးသူတွေက ဒီလိုပေါက်ကရအလုပ်မလုပ်ဘူးဆိုပါ မဝေရေ။
    ကျနော်လဲအစက ဒါကို စိတ်ထဲထားတယ် အခုတော့ လှည့်ကို မကြည့်တော့ ဘူး။
    သူတို့လက်ဆော့ချင်သလောက်ဆော့ပါစေတော့။

  • mnoe

    July 12, 2011 at 9:02 pm

    ရဲရဲတောက် တို့ဗမာတွေ (အနှုတ်တွေ) တွေ့လို့ အမြန်ရှင်းလိုက်ပါဦးမယ်။
    အရိုးစုကြီးမြင်တာတောင် တရားမရဘူး .. ဆိုတာ ကိုယ့်ဘာသာကိုယ်ပြောတာပါနော်။ ကျမခုထိ တရားမရသေးဘူးလို့ပြောတာပါ။ အခြားလူများကို ထိခိုက်သွားရင် တောင်းပန်ပါတယ်။ စာလုံးရွေးတာ မှားသွားလို့ပါနော။ ဘာမှကိုမပြောရဲတော့ဘူးဖြစ်နေပါပြီ။

Leave a Reply