ရွှေအိုးထမ်းလာတဲ့သား Part II

မောင် ပေJuly 21, 20111min2139

အောက်ဖော်ပြ ပါ ဇါတ်လမ်းတွင် ပါသူ တို ့၏ အမည် နာမ များ မှာ မည်သည့် ဂေဇက်ဝင် တို ့၏ နာမည် ကို မှ ယူသုံးထားခြင်း မဟုတ်ပါကြောင်း ။ မည်သည့် ဂေဇက်ဝင် ကို မှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါကြောင်း တင်ကြို အကြောင်းကြား အပ်ပါသည် ။ အညှီအဟောက် မပါအောင် တတ်နိုင်သမျှ ကြိုးစားထားပါသည် ။ ( အချို  ့ဂေဇက်ဝင်များ က ကျွန်တော့် ကို အညှီအဟောက် ရေးသားသူ တစ်ဦးဟု ထင်နေပါသဖြင့် ) လိင်ကိစ္စ နိုးဆွသော စာတစ်ပုဒ် မဟုတ်ကြောင်းကို လည်း အာမခံ ပါသည် ။

လင်းလင်း တစ်ယောက် မမ နှင့် သမီးရည်းစား ဖြစ်သွားကြသည် ။ ထိုနောက်ပိုင်း ရန်ကုန်သို ့ရောက်တိုင်း လင်းလင်း ၏ အထိန်းတော် ဒရိုက်ဘာ ကိုထွန်းမှာ ကားတာဝန် အားလုံး သူ တစ်ယောက်ထဲ ၏ တာဝန် ။ လင်းလင်း က တော့ မမ နှင့် သာ လည်ပတ် ပျော်ပါးနေခဲ့သည် ။  အလုပ် မှ ခွင့်ယူရက် များလာသော မမ ကို သူမ ၏ ဘော့စ် မှ သတိထားမိလာသည် ။ အမှန်အတိုင်း မှာ မမ မှာ စက္ကတ္ထရီ ဟု နာမည် တပ်ထားသော်လည်း သူမ ၏ အဓိက တာဝန် မှာ ဘော့စ် အား အနီးကပ် ပြုစု စောင့်ရှောက်ရခြင်း ဖြစ်သည် ။ အမြဲတမ်းတော့ မဟုတ် ။ ဘော့စ် အလိုရှိသည့် အခါ မျိုးတွင် မှ ဖြစ်သည် ။ မမ သည် ကစ်ပင်း တစ်ယောက်ဖြစ်သည် ။ ယခင် က တော့ မမ အနေဖြင့် ဘော့စ် အား အတော် တွယ်ကပ် ခဲ့သော်လည်း ဘော့စ် ၏ မယားကြီး က ကုမ္ပဏီ သို ့မကြာခဏ လိုက်လာချိန်မှ စ ၍ ဘော့စ် အား မမ ရှောင်ဖယ် ရှောင်ဖယ် လုပ်ခဲ့သည် ။ ယခု မူ ဘော့စ် က မမ ကို အလိုရှိနေသည် ။ ဘော့စ် အလိုရှိနေချိန်တွင် မမ က မရှိ ။ လင်းလင်း နှင့် အတူ ပျော်ပါးနေသည် ။ မမ ခွင့်ယူ သည့် အကြောင်း ကို စုံစမ်းသော အခါ မန်းတလေး မှ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ လေး ၏ သား နှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည် ကို ဘော့စ် သိရှိသွားရာမှ မျက်လုံးပြူးသွားတော့သည် ။ ဘော့စ် တစ်ယောက် မမ ဆီ သို ့ဖုန်းဆက် ကာ တွေ  ့ဖို ့ချိန်းသောအခါ မမ တစ်ယောက် အကြောင်းအမျိုးမျိုး ပြကာ ရှောင်တော့သည် ။ တစ်ရက် ရုံးခန်းတွင်း တွင်တော့ ရှောင်၍ မရတော့ ။

` မမ…ကိုကြီး ကို ဘာလို ့ရှောင်နေတာလဲ ´

ဘော့စ် က မမ မေးစေ့ လေး ကို ကိုင်ပြီး မေးလိုက်သည် ။ မမ က ရွံ သလိုလို အမူအယာ ပြကာ နောက်ဆုတ်ရင်း ဖြေသည် ။

` ဘော့စ် ကို မရှောင်ရဲ ပါဘူး ဘော့စ် ရယ် ၊ နယ်က အမျိုးတွေ ရောက်နေလို  ့အလည် လိုက်ပို ့ပေးနေရလို ့ပါ ´

` မင်း ပြောတဲ့ နယ်က အမျိုးတွေ ဆိုတာ မန်းတလေး က ဦးလင်းဆွေ ရဲ  ့သား လင်းလင်း လား ´

မမ တစ်ယောက် ဒေါသ အရမ်းထွက်သွားပြီး တစ်ဆတ်ဆတ် တုန်လာသည် ။

` ဒီမှာ ကိုကြီး ၊ ကိုကြီး သိနေပြီးသား ဆိုရင်လည်း  ကိုကြီး ခေါင်းထဲ မှာပဲ ထားပါ ၊ ကျွန်မ ကိုကြီး ကို အကောင်းဆုံး ပေးဆပ် ခဲ့တာတွေ ကို မျက်နှာထောက်ပြီး ၊ ကျွန်မ တို ့ကိစ္စ ကို မေ့ပစ်ပေးပါ လို ့ တောင်းပန်ပါရစေ ´

` ဒီလို လုပ် လို ့ဘယ်ဖြစ်မလဲ မမ ရာ ၊ ဦးလင်းဆွေ ဆိုတာ ကိုကြီး နဲ ့စီးပွားလုပ်ဖော် ကိုင်ဖက် ဆိုရင်လည်း ဟုတ်တယ် ၊ မိတ်ဆွေ ကောင်း တစ်ဦး ဆိုရင်လည်း ဟုတ်တယ် ၊ ဒီတော့ လင်းလင်း ဆိုတာ ကိုကြီး တူလို ့ပြောလို ့ရတယ် ။ တက်လမ်းတွေ အများကြီး ရှိတဲ့ ကိုယ့်တူ တစ်ယောက်  …၊  မမ နဲ ့ဒီလို ဖြစ်တာ ကို တော့ ကိုကြီး သဘောမတူ တာ အမှန်ပဲ ။ နောက်ပြီး မမ နဲ ့ ကိုကြီး ထပ်တွေ ့ချင်သေးတယ် ၊ ကိုကြီး နဲ ့ငြိပြီးတဲ့ နောက် တစ်ခြား ကောင်လေး တွေ တစ်ခြား ဘဲကြီး တွေ နဲ ့မမ ရှုပ်ခဲ့တာ ကို ၊ ကိုကြီး မသိချင်ဟန်ဆောင်ပေးနိုင်ခဲ့တယ် ၊ အခု လင်းလင်း ကိစ္စ ကိုတော့ ကိုကြီး သဘောမတူ နိုင်ဘူး ၊ ခွင့် မပြု နိုင်ဘူး ။ဒီတော့ ဒီကလေး ကို လွှတ်လိုက်ပါ မမ ရာ ၊  မမ လိုချင်တာ မှန်သမျှ တောင်းဆိုခဲ့သမျှ ကို လည်း ကိုကြီး ပေးခဲ့တာပဲ မလား ´

` ဒီမှာ…၊ ကိုကြီး….. ။ ကိုကြီး က ကျွန်မ ဘဝ အတွက် အမှီသဟဲ တစ်ခု ဖြစ်ခဲ့တာ မှန်ပါတယ် ။ ဒီအတွက် ကျွန်မ ဘက် က လည်း ကျွန်မ ဘဝ ကို ရင်းနှီးခဲ့တာပဲလေ ။ အခု လင်းလင်း က တော့ ကျွန်မ ဘဝ အတွက် တစ်စုံတစ်ရာ ကို ပြောင်းလဲ နိုင်စွမ်း ရှိတဲ့ သူ တစ်ယောက် မို ့ကျွန်မ့ဘက်က လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူး ။ ကိုကြီး နဲ ့  ထပ်တွေ  ့ဖို ့ဆိုတာက…… မေ့လိုက်ပါတော့ ကိုကြီး ရယ် ၊ ကျွန်မ တို ့ဇါတ်လမ်းက ပြီးပါပြီ ၊ ဒီလကုန် ရင် ကျွန်မ အလုပ်ထွက်မယ် ။ ဟုတ်ပြီလား ´

` လွယ်လှချီလား မမ ရဲ  ့၊ မင်းကောင်လေး က သေချာပြီပေါ့လေ ၊ ဟုတ်လား ။ ကိုကြီး က မင်း ကို ဒီလို လွယ်လွယ် နဲ ့ လက်လွှတ်ခံ မယ် လို ့မင်း ထင်နေလို ့လား ´

` ကိုကြီး ကို ကျွန်မ တောင်းပန်ပါတယ် ။ ကျွန်မ နောက်ကြောင်း ရှုပ်ခဲ့တယ်ဆို တာ မှန်ပေမယ့် ၊ ဒီကောင်လေး နဲ ့ ဘဝ အသစ် ထူထောင်ချင်တာ ကို ကိုကြီး နားလည် ပေးပါ လို ့တောင်းပန် ပါရစေ နော် ´

` မရဘူး မမ ၊ အေး…. မင်းကို နောက်ဆုံး အနေ နဲ ့ စကားကုန် ပြောလိုက်မယ် ၊ လင်းလင်း ရဲ  ့အဖေ အမေ သာ ဒီအကြောင်း ကို သိသွားမယ် ဆိုရင် မင်းလို မိန်းမ မျိုး နဲ ့ ၊ သူတို ့လည်း လုံးဝ သဘောတူ မှာ မဟုတ်ဘူး ၊ ကိုကြီး က လည်း မင်း လို ကစ်ပင်မျိုးကို လက်လွှတ် မခံ နိုင်ဘူး ။ နောက်ပြီး လင်းလင်း ဆိုတာ ကိုယ့်တူလို မျိုး မို ့၊ မင်း လို မိန်းမ မျိုးနဲ ့မဖြစ်အောင် လို ့ကိုကြီး တို ့က စောင့်ရှောက်ရမယ့် ဝတ္တရား ရှိတယ်  ။ ဒီတော့ မင်း အနေ နဲ ့ဘယ်လို မှ ဖြစ်မလာနိုင်တဲ့ ဇါတ်ကို ဆက်မက ပါနဲ ့ ၊ အရင်လို ကိုကြီး ရဲ  ့ထောက်ပံ့ပေးပိုးအောက်မှာပဲ အေးအေးဆေးဆေး ဆက်နေ ပါ ၊ မင်းကို ကိုကြီး အရင်ကထက် ထပ်တိုး စောင့်ရှောက်ပေးမယ် လို ့ကိုကြီး ဘက်က ကတိပေးပါတယ် ။ ဟုတ်ပြီလား ´

` ကောင်းပြီလေ……  မမ ဆိုတဲ့ ကျွန်မ ဟာ လည်း ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာ ကို  ဘယ်လောက် ခက်ခဲ ပါစေ ၊ ရအောင် ယူ ပြမယ် ။  ကိုကြီး ဆက်ကြည့်နေလိုက်ပါ ၊ ကိုကြီး ဆီ က နေ အခု ပဲ ကျွန်မ အလုပ်ထွက်တယ် ဆိုတာ ပြောခဲ့မယ် ၊ ကျွန်မ သွားပြီ ´

` ဟားဟားဟားဟား…….  မမ ရေ ၊ ကြည့်ကြသေးတာပေါ့ ကွာ ´

မမ တစ်ယောက် ဘော့စ် ( ဦးကိုကို ) ၏ အလုပ် ရုံးခန်း မှ ဒေါသတကြီး ဖြင့် ထွက်လာပြီး  ၊ တိုက်ခန်း သို ့ပြန်ကာ အဝတ်အစား များ အကုန်သိမ်းဆည်းတော့သည် ။ ကားဂိတ်သို ့မန်းတလေး ကားလက်မှတ် တစ်စောင် ဖုန်းဆက် မှာလိုက်ပြီး မန်းတလေး သို ့သွားရန် ပြင်ဆင်တော့သည် ။  လင်းလင်း ဆီ ဖုန်းဆက်လိုက်သည် ။

` ဟယ်လို…… မောင် လား ဟင် ´

` ဟယ်လို….. ပြော မမ….. ဟင် ၊ မမ ငိုနေတာလား ၊ ဘာဖြစ်တာလဲ ပြော…ပြောစမ်းပါဗျာ ´

` အဟင့်……. ဒီညနေ ကား နဲ ့ မမ မန်းတလေး ကို လာခဲ့မယ် ၊ မမ အလုပ် က ထွက်လိုက်ပြီ ၊ မန်းတလေး ရောက်မှ အကြောင်းစုံ ပြောပြတော့မယ် ၊ မနက်ဖန် မနက် မမ ကို မောင်လေး လာကြိုပေး နော် ´

` ကောင်းပြီလေ….မနက်ကားမဆိုက်ခင် ၁ဝ မိနစ်လောက် ကြို ပြီး ကားကြီးကွင်း မှာ မောင်စောင့်နေမယ် ၊ မမ လမ်းမှာ ဂရုစိုက်ဦးနော် ၊ မငိုနဲ  ့တော့နော် ´

` အင်းပါ… ။ ဒါနဲ  ့မောင့် ဆီ ကို တစ်ယောက်ယောက် က များ မမ အကြောင်း ဖုန်းဆက် ပြောလာရင် မယုံလိုက်ပါနဲ ့လို ့မမ မှာထားပါရစေနော် ´

` ဘယ်လို ဘယ်လို…. မမ က ဘာ ဖြစ် လို ့ ၊ ဘယ်သူ က မောင့် ဆီ ဖုန်းဆက် ပြောလာမှာလဲ…. မောင် နားမလည် ဘူးကော ´

` ကဲပါ….မောင် ့ကို မမ ပြောသလို သာ မောင် လုပ် ပါ ၊ မနက် မောင် နဲ ့တွေ ့မှ အကြောင်းစုံ မမ ပြောပြတော့မယ် ၊ အခု မမ အရမ်းဝမ်းနည်းနေလို ့စကားအများကြီး မပြောချင် ဘူး ၊ မနက်ဖန် မနက် မန်းတလေး မှာ ဆုံမယ် နော် မောင် ၊ ဒါပဲကွာ ၊ ဘိုင့်ဘိုင် ´

` မမ…မမမ….´ ဖုန်းက ကျသွားခဲ့ပြီ ။ လင်းလင်း တစ်ယောက် ဘာမှကို မသိပဲ မမ တစ်ယောက် ငိုပြီးဖုန်းဆက်လာတကို ကြားလိုက်ရပြီးနောက် ပြာယာ ခတ်သွားခဲ့သည် ။ ` အင်း.. မမ ဘာတွေ ကွိုင်တက် နေပြီလဲ မသိဘူး ၊ အေးပေါ့လေ..သူ ပြောသလို  မနက်ဖန် မနက် ကြ အကြောင်းစုံ သိရမှ ပဲ ဘာလုပ်သင့်သလဲ ဆိုတာ ကို ဆက်စဉ်းစားရမှာပဲ …ဟူးးး ´

မမ နှင့် လင်းလင်း တို ့ဖုန်းပြောနေချိန် တွင်  ရန်ကုန် မှ ဦးကိုကို  က လည်း လင်းလင်းအဖေ ဦးလင်းဆွေ ဆီ ဖုန်းဆက် လာသည် ။ လင်းလင်း နှင့် မမ တို ့၏ ဇါတ်လမ်းအကြောင်းများ နှင့် မမ ၏ ဇါတ်ကြောင်း များ ကို ပါ ပြောခဲ့သည် ။ ဦးလင်းဆွေ လည်း ဖုန်းဆက်အပြီး ဒေါသ အရမ်းဖြစ်သွားသည် ။ သို ့သော် ဦးလင်းဆွေ က ပညာတတ် တစ်ဦး ပီပီ ခေါင်းအေးအေး နှင့် ပြန်စဉ်းစားတော့ သည်ပြဿနာ မှာ အလွယ်တကူ ချက်ချင်း လက်ငင်း ဖြေရှင်းလို ့ရသည့် ပြဿနာ မဟုတ်မှန်း သိလိုက်သည် ။ သို ့နှင့် ဇနီး ဖြစ်သူ ကို ခေါ ်ကာ လင်မယား နှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်ကြသည် ။ လင်းလင်း ၏ အထိန်းတော် ကားဒရိုက်ဘာ ကိုထွန်း ကို  လည်း ခေါ ်ယူလိုက်ပြီး ဖြစ်ပုံ အကြောင်းစုံကို သေချာမေးသည် ။ နောက်ဆုံး တွင် သည်ကိစ္စ ကို လောလောဆယ် မသိချင်ဟန်ဆောင် နေကြရန် ဆုံးဖြတ်လိုက်ကြသည် ။

( ဆက်လက် ရေးသားပါဦးမည် ။ )

အားလုံးကို ကျေးဇူးတင်ပါသည် ။

 

 

9 comments

  • etone

    July 22, 2011 at 8:16 am

    မောင်ပေကတော့ လုပ်ပြီ … ဇာတ်လမ်းတပုဒ်လုံး အကုန်ရေးပြီးမှ အပိုင်းခွဲတင်ပါလား … ပိုဖတ်လို့ကောင်းမှာပဲနော် ။

  • နွယ်ပင်

    July 22, 2011 at 9:31 am

    အင် ဒီတစ်ခါလည်း ဆက်ရန်ရှိသေးတယ်လား
    ကောင်းခန်းရောက်ပြီဆို ဖြတ်လိုက်ပြန်ပြီ ………

  • ရွှေဘိုသား

    July 22, 2011 at 9:51 am

    ကောင်းခန်းရောက်ရင် မမျှော်ချင်လို. ကိုးရီးယား ကားတောင်မကြည်.ပဲ
    ရွာထဲလာပါတယ် မြန်မာကိုးရီးယား ဆရာ ကိုပေနဲ. လာတွေ.နေတယ်
    ငါ.နှယ်နော်

  • ကြောင်ကြီး

    July 22, 2011 at 9:57 am

    မန်းသားလေးအကြောင်းဆိုတော့ ဦးပေါက်ငယ်စဉ်က ဇာတ်လမ်းများလား…သူပြောတော့ ရန်ကုန်ကို နှစ်ပေါင်း၂ဝကျော်ပြီးမှ တခေါက်ပြန်ရောက်တာတဲ့။ အခုဆို ဦးပေါက်ရဲ့မဒီကြီးက အသက်၆ဝကျော်ရောပေါ့။ wind talker ကတော့ ဖော်ကောင်လုပ်နေပြီ၊ ဦးပေါက်ရေ လွမ်းသေးလားဗျ…..

  • pan pan

    July 22, 2011 at 10:38 am

    တရက်တပိုင်းနှုန်းလား
    ကိုရီးယားကားထက်တော့ သာပါတယ်
    ကြော်ငြာမပါလို့ 😀

  • MOEPWINTPHYU

    July 22, 2011 at 3:01 pm

    အဆုံးပိုင်းကို သိချင်နေပြီ အမြန်ရေးပါဗျို့…

  • 007James

    July 22, 2011 at 10:14 pm

    ကောင်းတုန်းဆိုလုပ်ပြီ(ဆက်လက်ရေးသားပါသီးမည်)တဲ့။ဘယ်လောက်စောင့်ရဦးမှာလဲ။

  • 007James

    July 22, 2011 at 10:17 pm

    စာလုံးပေါင်းမှားရင်ဘယ်လိုပြင်ရလဲ။ကူညီပါ။

  • shweaeimsi

    July 23, 2011 at 11:18 am

    အွန်ငါလိုဘဲ..သူကြီးလာပြောလိုက်မယ်..။
    ***********************

    တကယ်အရေးကာင်းတယ်ဗျ…စောင့်မျော်လျှက်ပါ

Leave a Reply