မင်းရှင်စောရဲ့ ရွှေကျီးမြင်(မန္တလေး)
24လမ်း 82လမ်းမကြီးရဲ့လမ်းဦးတိုက်အလည်ခေါင်တည့်တည့်မှာရှိနေတဲ့ဘုရားကတော့ မင်းရှင်စောတည်ထားခဲ့တဲ့
ရွှေကျီးမြင် ဘုရား (ပြည်ကြိးကျက်သရေအရှေ့ နဲ့ပြည်ကြီးကျက်သရေအနောက်)ရပ်ကွက်ကြီးနှစ်ခုလုံးနဲ့ဆိုင်တဲ့ဘုရားဖြစ်ပါတယ်။
အားလုံးအခေါ်ကတော့ ရွှေကျီးမြင့် လို့ ဘဲ အသံထွက်တာတွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ်တုံးက လေယာဉ်ပျံပေါ်ကနေကြဲံချလိုက်တဲ့ဗုံးတစ်လုံးကဒီရွှေကျီးမြင်စေတီတော်ရဲ့အောက်မှာရှိတဲ့အာရုံခံတန်ဆောင်းပေါ်ကို
ကျလာပေမယ့် မပေါက်ကွဲခဲ့ပါဘူးတဲ့။
အားလုံးက ဒီအဖြစ်အပျက်ကို ဘုရားတန်ခိုးတော်လို့ယုံကြည်ကြပါတယ်။
အပေါ်ကပုံကတော့ ဗုံးကျခဲ့တယ်ဆိုတဲ့အာရုံခံတန်ဆောင်းပေါ့။
အတွင်းထဲ့ ဆင်းတုတော်များရှိရာဌာန။
ဒီအထဲမှာတော့ ရွှေကျီးမြင်ဘုရားရဲ့အထင်ကရ စိန်ဘုရား မြဘုရားရှိပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေရယ်၊ဝါဆိုလပြည့်၊သီတင်းကျွတ်လပြည့်နှင့်ဘုရားပွဲတော်အချိန်များမှာသာ အပြင်ကို ထုတ်ပေးပြီးအပူဇော်ခံတော်မူပါတယ်။
ဟောဒီနေရာလေးကတော့ဘုရားထဲမှာရှိတဲ့အောင်မြေ။
ငယ်ငယ်တုံးမှာတော့ စာမေးပွဲဖြေခါနီးတို်င်းအဖွားက သွားလို့အဲဒီမြေကိုအနင်းခို်င်းပါတယ်။
ရှေးတုန်းကတော့မြေကျင်းလေးပေါ့။
အခုတော့သပ်သပ်ရပ်ရပ်။
ငယ်ငယ်တုံးန်ကအိပ်ယာဝင်ပုံပြင်ထဲကတစ်ခုဖြစ်တဲ့ ကောင်းမူ့တော်နဲ့ခပ်ဆင်ဆင်စေတီလေးပါ။
ညအခါလူခြေတိတ်ချိန်မှာ အသက်အောင့်ပြီး ဒီစေတီကို (7)ပါတ်ပါတ်ရင် လူနီထွက်လာပါသတဲ့။
လူနီနဲံဖို်က်တင်ချ နိုင်လို့သူ့ဦးထုပ်ကိုရရင်လိုရာဆုတောင်းနို်င်ပါသတဲ့။
ကျနော်တို့အရပ်ထဲမှာ အဲဒီလူနီနဲ့ဖိုက်ခဲ့ဘူးသူရှိပါသတဲ့။
လူနီဦးထုပ်တော့မရဘူး တစ်ယောက်ထဲပက်လက်လှန်လဲရင်းဝူးဝူးဝါးဝါးအော် ဆေးအတော်ကုယူရပါသတဲ့။
ဒီညောင်ပင်ကတော့ကျနော်ထက်အသက်ကြီးတာလုံးဝသေချာပါတယ်။
ဒါကတော့ ဘုရားအတွင်းကရွှေချထားတဲ့တိုင်လုံးတွေ၊
ငြမ်းဆင်လို့ပြင်လဲပြင်နေပါတယ်။
ဒါကတော့ရှေးကတည်းက ရှိတဲ့ ဇရပ်ရယ် ရှေးလက်ရာတွေရယ် အံ့စရာ လေးစားစရာ။
ဒီဇရပ်ကတော့ဒေါ်ဖွားမယ်ဇရပ်ဆိုပြိး အမည်တွင်ပါတယ်။
ဥစ္စာစောင့်သိုက်ကို တူးဖော်ရလို့ဆိုပြီး ဇရပ်တည်ထားခဲ့တာပါ။
ဒိနေရာလေးကတော့အရင်က အမိုးအကာရှိတဲ့တန်ဆောင်းလေးနဲ့ပါ။
ဗန္တုလ ဦးဆိုင်ဆောက်လုပ်လှူဒါန်းတယ်လို့သိရပါတယ်။
အခုအချိန်မှာတော့အဲဒီတန်ဆောင်းကိုဖျက်လိုက်တော့ မိုးလေမလုံဘူးဖြစ်သွားပါတယ်။
ဒါလေးကတော့ဘုရားသမိုင်းကျောက်စာပါ။အများလေ့လာနိုင်အောင်တင်ပေးလိုက်ပါတယ်။
11 comments
007James
July 22, 2011 at 11:12 pm
ကိုပေါက် ကျေးဇူးတင်ပြီးရင်းတင်ရင်းဗျာ။
ကိုပေါက်(မန္တလေး)
July 22, 2011 at 11:19 pm
ကျနော်မအားလို့အခုရက်စာသိပ်မရေးဖြစ်ဘူးလေ။
အဲတော့ အချိန်လေးလဲရ ကော်နက်ရှင်ကလဲ သိပ်မဆိုးတဲ့အချိန်ဆိုတော့
ကျနော်ရိုက်ခဲ့ဘူးတဲ့နေရာလေးတွေ က မန္တလေးက ဘုရားပုံတွေကို တင်ပေးလိုက်ပါတယ်။
မှတ်တမ်းတစ်ခုအနေနဲ့ပေါ့။
နောက်
အိမ်တော်ရာ
မဟာသကျသီဟနဲ့
မန်းတောင်ခြေတစ်ဝို်က်ကဘုရားတွေ အားရင်ဓါတ်ပုံလိုက်ရိုက်ပြီးတင်ပေးပါအုံးမယ်။
တတ်သိလို့ရယ်တော့ မဟုတ် မျှဝေခံစားခြင်းပေ့ါဗျာ။
mandalaywith
July 23, 2011 at 1:28 am
Thanks Always share our Mandalay info,photo~
yaungchikha
July 23, 2011 at 10:49 am
အခုလို မန္တလေးရဲ့ ဘုရားစေတီပုထိုးတွေအကြောင်းနဲ့ အမှတ်တရဓာတ်ပုံလေးတွေ တင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်…………
နွယ်ပင်
July 23, 2011 at 10:56 am
လေးပေါက်ရေ မန်းလေးကိုရောက်ခဲ့ပင်မယ့် ရွှေကျီးမြင့် ဘုရားကိုတော့ မဖူးခဲ့ရဘူး
အခုလိုတင်ပေးတာ ကျေးဇူးပါ ….
ရွှေဘိုသား
July 23, 2011 at 11:14 am
လေးပေါက်ကို ရွာရဲ. တစ်နှစ်တာ ဓါတ်ပုံ အကောင်းဆုံးဆု အနေနဲ. သူကြီးက
ပွိုင်. 100000 ပေးသင်.ပါကြောင်း
ဖူးမျှော်ရတာ တော်တော်ကျေနပ်စရာကေင်းတယ်
မရောက်ဖူးတဲ.နေရာကို ကိုယ်တိုင်ရောက်နေသလိုပဲ
ကျေးဇူးတင်ပါတယ် လေးပေါက်
စုံ စုံ
July 23, 2011 at 11:47 am
လေးပေါက်ရေ
ကိုယ်တိုင်မရောက်ခဲ့ပေမယ့်
ပုံတွေကြည့်ရတာကိုယ်ကိုတိုင်သွားနေရသလိုဘဲ
ကျေးဇူးတင်ပါ၏
pooch
July 23, 2011 at 3:49 pm
လေးပေါက် အခုလိုတင်ပေးတာ အရမ်းသဘောကျတယ်…
တခုလောက်အကြံပေးချင်လို့ မနက် ဝေလီဝေလင်းတို့၊ ညနေစောင်းတို့၊ညတို့၊..ဘုရားအတွင်းထဲကို ရိုက်ရင် camera ထဲကနေ soft snap , twilight , night ,twilight portrait စသဖြင့် တခုခုကို ရွေးပြီး ကြည်အောင် ရိုက်လို့ ရတယ် အဆင်ပြေသလိုပေါ့ လေးပေါက် အနော်ကဆရာလုပ်တာ ဟုတ်ဖူးနော်… လေးပေါက်ရဲ့ စနက်ရှော့တွေ ပိုအသက်ဝင်အောင်လို့ ….
ကျန်တဲ့ လေးပေါက်ရဲ့ အတွေးတွေ အမြင်တွေကတော့ very very nice ပါ…
windtalker
July 23, 2011 at 10:11 pm
ကျွန်တော် ၅ တန်း ကနေ ၈တန်း ကျောင်းသား ဘဝ လောက်ထိ နေ ့လည် ထမင်းစားဆင်း ရင် ထမင်းစားပြီးတာနဲ ့ရွှေကျီးမြင့် ဘုရားဝန်းထဲ မှာ အမြဲ ဆော့ကစားခဲ့ဖူးတယ် ။ တစ်ခါ တစ်လေ ဆော့ကစား ကြလို ့အရမ်း အသံကျယ် ခဲ့ရင် ဂေါပက အဖိုးကြီး တွေ က လိုက်ဆူ တာ ဗျ ။ အမှတ် ၈ ၊ အမှတ် ၄ ၊ အမှတ် ၁၁ တို ့က ကျောင်းသူ ကျောင်းသားလေး တွေ လည်း အမြဲ လာကြတာပေါ့ ဗျာ ။
unclegyi1974
July 23, 2011 at 10:29 pm
ဗန္ဓုလဦးဆိုင်အကြောင်းလည်းလင်းအုန်းမှပေါ့ကိုပါက်ရဲ့
ကိုပေါက်(မန္တလေး)
July 23, 2011 at 10:58 pm
pooch ရေ
တစ်ခါတစ်လေတော့လဲ သတိရမိတော့ပြောင်းတယ်။
တစ်ခါတစ်လေတော့ လဲ ပုံရိုက်ချင်ဇောနဲ့ရိုက်ထဲ့တာ နောက်မှ မပြောင်းမိဘူးဆိုတာသတိရ။
အီးကယ်ဂျန်ရေ
ဦးဆို်င်အကြောင်းသိချင်ရင် လူချင်းတွေ့တော့ပြောမယ်ဗျာ။
မန်းလေးတွေ့ဆုံပွဲလုပ်ဖြစ်ရင်ပေါ့၊