Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နော်ဝေ ဆီ သို့ ….. (၁)

မောင်ဆန်းAugust 15, 20111min44414

မေလထဲက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး နော်ဝေဆိုတာ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးတနိုင်ငံ၊ဝင်ငွေထဲကလှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ စတဲ့ စတဲ့ သတင်းကောင်း သတင်းပေါင်း များစွာကို ဂျာနယ်တွေမှာ ချီးမွမ်းရေးသားနေကြတဲ့အချိန် နော်ဝေကိုသွားဘို့ အခွင့်အရေးလေးတစ်ခု ရလာပါတယ် ပတ်ဝန်းကျင် နိုင်ငံတချို့ကိုရောက်ဘူးပေမဲ့ ဥရောပနိုင်ငံတွေဘက်ကိုတော့ တစ်ခါမှ သွားခွင့်မကြုံခဲ့ပါဘူး။ ဥရောပနိုင်ငံထဲကမှ နော်ဝေဆိုတာမို့ ဒီတစ်ခေါက်ခရီးစဉ်အတွက် ရင်ခုန်မိသလို ရွာသူရွာသားတွေကိုလဲ ကိုယ်သိလာမဲ့ ဗဟုသုတလေး ပြန်မျှဝေချင်စိတ် ပေါ်လာမိပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အရင်ဆုံး ဗီဇာကိစ္စအတွက် ကြိုးစားရတယ် နော်ဝေသံရုံးက မြန်မာပြည်မှာမရှိပဲ ဘန်ကောက်မှာပဲရှိတာမို့ ဘန်ကောက်က နော်ဝေသံရုံးကို ဗီဇာလျှောက်ဘို့ကိစ္စ စာရွက်စာတမ်းတွေ လိုတာပြင်ဆင်ပါတယ် မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိရင်းမှ နော်ဝေဗီဇာကိုရန်ကုန်က Schengen Visa ပေးနိုင်တဲ့သံရုံး တစ်ခုခုမှာ လျှောက်လို့ရနိုင်တယ်ဆိုလို့ စုံစမ်းကြည့်တော့  ဂျာမနီသံရုံးမှာ လျှောက်လို့ရတယ်ဆိုတာ သိလာရလို့  ဒီမှာ လျှောက်ဘို့ ပြင်ဆင်ရပြန်ပါတယ် အရင်ကတဲက Schengen Visa ကိုကြားဖူးပေမဲ့ သေချာတော့ မသိခဲ့ပါဘူး အခုမှ ဘာကြီးလဲဆိုပြီး လိုက်လေ့လာကြည့်မိတော့မှ “ ဂျာမနီ၊ပြင်သစ်၊လူဇင်ဘတ် သုံးနိုင်ငံ နယ်စပ်က Schengen ဆိုတဲ့ ဝိုင်ထုတ်တဲ့ ရွာသေးသေးလေးမှာ(လူက ၁၆၀ဝ လောက်ပဲရှိပြီး ဧရိယာက ၄ စတုရန်းမိုင်ပဲရှိတာကိုး ) နိုင်ငံ ၂၅ ခုက ၁၄-၆-၁၉၈၅ မှာ သူတို့ နိုင်ငံ အချင်းချင်းတွေကြားထဲ ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး Schengen Aggrement ကို သဘောတူ လက်မှတ်ထိုးခဲ့ကြရာကနေ စပေါ်လာတာ အစကတော့ Schengen လို့မသုံးသေးဘူး နောက်မှ အမည်ပြောင်းဘို့ လုပ်ကြပြီး ၃-၉-၂၀၀၆ ကျမှ Schengen Visa လို့ အမည်ပြောင်းကြတာ သဘောတူညီချက်ထဲ လက်မှတ်ထိုးထားတဲ့ ၂၅ နိုင်ငံထဲမှာ အင်္ဂလန်နဲ့ အိုင်ယာလန်ကလွဲလို့ အီးယူနိုင်ငံအားလုံးပါတယ် အီးယူမဟုတ်တဲ့ထဲက နော်ဝေနဲ့ အိုက်စ်လန် ပါတယ် Schengen Visa ရှိရင် အဲဒီနိုင်ငံတွေအားလုံးသွားလို့ရတယ် ဆိုတာသိလာရတယ်  ဒီနိုင်ငံတွေထဲက ပြင်သစ်သံရုံး ရန်ကုန်မှာရှိတယ် ဒါပေမဲ့ နော်ဝေဗီဇာတော့ မပေးဘူး ဂျာမနီသံရုံးကပဲပေးတယ်

အာဆီယံကလဲ ဒါကို သဘောကျလို့ ညှိနှိုင်းသဘောတူပြီး မြန်မာနိုင်ငံ ဒလ လိုနေရာမျိုးမှာများ လက်မှတ်ရေးထိုးဖြစ်ရင် နောင်တချိန် ဒလဗီဇာ ဆိုတာပေါ်လာနိုင်မလား တွေးကြည့်မိသေးတယ် မဖြစ်ဘူးလို့ ဘယ်သူသေချာပေါက် ပြောနိုင်မလဲဗျနော်

စာရွက်စာတမ်းတွေကတော့ တခြားနိုင်ငံတွေလိုပဲ ဒီဘက်ကထောက်ခံချက်တွေ၊စာတွေ ဟိုဘက်ကထောက်ခံချက်တွေ အကုန်လိုတာပါဘဲ တစ်ခုပိုတာ ကျန်းမာရေးအာမခံ မဖြစ်မနေပါရတယ် ယူရို ၃၀၀၀ဝ တန် အာမခံပေါ့ ရန်ကုန်ကခရီးသွားလုပ်ငန်းတွေမှာ ဝယ်လို့ရတယ် ယူရို ၅ဝ ပေးရတယ် (ကာလသတ်မှတ်ချက်တော့ ရှိတယ် )

တချို့သံရုံးတွေက မြန်မာဝန်ထမ်းတွေက ခပ်တင်းတင်းပဲ(အပေါက်ဆိုးတယ် ) ဆိုတာမျိုး ကြားဖူးပေမဲ့ ဂျာမနီသံရုံးက မြန်မာဝန်ထမ်းကတော့ သဘောကောင်းပါတယ် ဘာစာရွက်တွေလိုမလဲ ပထမဆုံးအကြိမ်သွားမေးကတဲက သေချာရှင်းပြပေးတယ် “ မည်သည့်လက်ဆောင်မျှ ယူမလားခြင်းဖြင့် လုပ်ငန်းအဆင်ပြေအောင် ကူညီပါ” ဆိုတဲ့ စာလေးလဲကပ်ထားတယ် တကယ်လဲ ဘာလက်ဆောင်မှ မလိုပဲ သူ့တာဝန် သူကျေအောင် ဆောင်ရွက်ပေးတယ် (လစာကြောင့်လား၊လေ့ကျင့်ပေးထားမှုကောင်းလို့လား၊စနစ်တွေကကောင်းလို့လား အဲဒါမျိုး အစိုးရရုံးတွေရော ဖြစ်အောင်လုပ်လို့မရနိုင်ဘူးလားလို့လဲ စဉ်းစားမိတယ်  လောလောဆယ်တော့ မလွယ်သေးဘူး ထင်ပါရဲ့)

စာရွက်စာတမ်း ပြည့်စုံတယ်ဆို (၃)ရက်လောက်နဲ့ ဗီဇာရပါတယ် အခုချိန်မှ ရေးပြတော့သာ လွယ်သလိုဖြစ်နေတာ အဲဒီရက်ကတော့ ဟိုစာရွက်လို ဒီစာရွက်လို ဟိုညှိရ ဒီညှိရ တော်တော်တော့ ခေါင်းစားလိုက်ရတယ် ရန်ကုန်နဲ့ အော်စလိုကလဲ နွေရာသီဆို အချိန် ၄ နာရီ ကွာတော့ (သူတို့က နောက်ကျတယ် ) ကိုယ်က အလုပ်လုပ်ချိန် သူတို့ကမရောက်သေး ကိုယ်အိမ်ပြန်တော့ သူတို့က ဟိုဘက်မှာ အလုပ်လုပ်လို့ကောင်းတုန်း

လေယာဉ်လက်မှတ်ကတော့ ရန်ကုန်-ဘန်ကောက်-ဖရန့်ဖတ်-အော်စလို လမ်းကြောင်းကနေ သွားဘို့ စီစဉ်တယ် (ဘန်ကောက်-အော်စလို တိုက်ရိုက်လဲရှိတယ်) ၊လက်မှတ် (e ticket) ရပြီ ၊ ဗီဇာရပြီ ဆိုတော့ သွားဘို့ပဲ ရှိတော့တာပေါ့………………

14 comments

  • nozomi

    August 15, 2011 at 11:45 am

    စိတ်ဝင်တစား ဖတ်ဖြစ်တဲ့အထဲ ခရီးသွားဆောင်းပါးတွေ ပါပါတယ် အဲဒီဆောင်းပါတွေကနေ ကိုယ့်အတွက် ဒေသန္တရဗဟုသုတများစွာရလို့ ကိုယ်တိုင်လဲရေးဘို့အားခဲထားပေမဲ့ စလုံရေကို မစနိုင်ခဲ့ပါဘူး လွန်ခဲ့တဲ့ နှစ်လက နော်ဝေကိုသွားဖြစ်တော့ ရေးမယ်ဆိုပြီး တတ်နိုင်သလောက် မေးမြန်း မှတ်သား လုပ်ခဲ့ပေမဲ့ ရွာထဲက ပညာရှင်အဆင့် လက်ရာတွေ တွေ့နေရတော့ ကိုယ့်ကိုယ်ကိုအားမရတာနဲ့ မရေးဖြစ်ခဲ့ပါဘူး အခုတော့ စိတ်ကိုတင်းပြီး ရေးဖြစ်လိုက်ပါတယ် မှတ်တမ်းလေးတစ်ခုကျန်ချင်တာရယ် ကိုယ့်လို ဒေသန္တရဗဟုသုတလိုချင်တဲ့ရွာသားတွေအတွက် စွမ်းသလောက်လေး စမ်းကြည့်လိုက်ပါတယ် ဘာသာစကား၊မှတ်သားနိုင်စွမ်း၊စာရေးတဲ့အတတ်ပညာ အားနည်းချက်တွေကြောင့် အရေးအသားရော အချက်အလက်ပိုင်းဆိုင်ရာမှာပါ လွဲချော်မှုတွေ၊လိုအပ်ချက်တွေရှိနိုင်မှာမို့ နားလည်တတ်ကျွမ်းတဲ့သူတွေက ပြုပြင် ဝေဖန်ပေးဘို့ မေတ္တာရပ်ခံပါတယ်

    • kai

      August 15, 2011 at 11:59 am

      ဓါတ်ပုံလေးတွေနဲ့.. ရှင်းရေးလေး..ရေးသွားပေးပါနော..။
      စောင့်ဖတ်နေပါ့မယ်..။

  • တညင်သား

    August 15, 2011 at 12:12 pm

    ကောင်းပါတယ် ကျွန်တော်တော့ ဖတ်ရတာ အဆင်ပြေပါတယ်…အဆီယံ ဗီဇာလုပ်ဖို့တောင် နေရာရွေးပြီးသွားပြီပေါ့…

    • Foreign Resident

      August 15, 2011 at 12:18 pm

      Dear တညင်သား,
      “အာဆီယံ ဗီဇာလုပ်ဖို့တောင် နေရာရွေးပြီးသွားပြီပေါ့”
      Not finished yet,
      we need to choose, whether တညင် or ဒလ
      😛

  • မီးမီး သော်

    August 15, 2011 at 12:41 pm

    တောကြက်နွယ်ဝင်ဖြစ်သော တိန်ညင်(ခ)တညင်မှာ လက်မှတ်ရေးထိုး၍ တညင် ဗီဇာဟုခေါ်တွင်စေမည်ဖြစ်ပါကြောင်း. ဟိ ဟိ. နောက်တာပါရှင်

  • မီးမီး သော်

    August 15, 2011 at 12:44 pm

    Nozomi ရေ ဓါတ်ပုံလေးတွေနဲ ့ထပ်တင်ပေးပါနော်။စောင့်နေပေါ့မယ်ရှင်

  • aungnng87

    August 15, 2011 at 12:45 pm

    အဲဒီနော်ဝေဆိုတာကိုသွားချင်တာကြာလှပြီ။ သွားဖို.ကအခွင့်အလမ်းမရသေးဘူး။ သူငယ်ချင်းမိသားစုဆိုရင်
    UNနဲ့ နော်ဝေးသွားရမှာ။ သင်တန်းတောင်တက်ပြီးပြီဆိုဘဲ။ တောသူဌေးတိုင်းပြည်လို.တော့ပြောကြတာဘဲ။

  • hmee

    August 15, 2011 at 1:27 pm

    စောင့်ဖတ်နေပါမယ်။ ဒေသန္တရဗဟုသုတလေးတွေပါ ရေးပါနော်။

  • MaMa

    August 15, 2011 at 3:36 pm

    ကိုယ့်အတွေ့အကြုံကို မျှဝေချင်တဲ့ စေတနာအပြည့် ရှိနေတာကို စာထဲမှာ တွေ့နေရပါတယ်။ ဒါ့ကြောင့်မို့ ရေးသာရေးပါ။ အားပေးပါတယ်။ ကိုယ်လည်း ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။

  • နွယ်ပင်

    August 15, 2011 at 3:45 pm

    ဗဟုသုတရတဲ့ အတွက်စောင့်ဖတ်နေပါတယ်
    ဆက်ရေးပါနော် ……..

  • pooch

    August 15, 2011 at 4:07 pm

    သိချင်မြင်ချင်မိပါတယ် ပုံလေးတွေလည်းတင်ပါ အတွေ့အကြုံတွေလည်း မျှပါ စောင့်ဖတ်နေပါတယ်…

  • nozomi

    August 15, 2011 at 4:42 pm

    အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

    နောက် ပို့စ်လေးတွေမှာ ဓါတ်ပုံလေးတွေပါ ထည့်ပေးပါမယ်၊ အော်စလိုက ပန်းခြံအကြောင်းကျရင် ပို့စ်တစ်ခုအနေနဲ့ ဓါတ်ပုံတွေ အများကြီးနဲ့ တင်ဖြစ်မယ်ထင်တယ်

    နေ့ခင်းက လိုင်းကျနေတယ် ၊(၂)ကို တင်တာ ဓါတ်ပုံကိုတင်လို့မရသေးဘူး ရတာနဲ့ ဆက်တင်ပေးလိုက်ပါမယ်နော်

  • fatty

    August 16, 2011 at 9:21 am

    ကျနော်တခါပြောခဲ့တဲ့ နော်ဝေက ဟိုဘက်ခြမ်းကနေ့ ဒီဘက်ခြမ်းက ည ဖြစ်နေတဲ့နေရာလေး
    ပါကောင်းပါရဲ့ ..။ စိတ်ဝင်စားစွာဖြင့်စောင့်မျှော်ဖတ်ရှုနေပါတယ် ….။

    • nozomi

      August 16, 2011 at 10:26 am

      အဲဒီ အကြောင်းတော့ သိပ်မသိဘူး နော်ဝေမြောက်ပိုင်းမှာတော့ ဒီနွေရာသီဆို မိုးကုတ်စက်ဝိုင်းမျဉ်းအောက်ကို နေကရောက်မသွားဘူး Mid Night Sun ထွက်ပြီး ၂၄ နာရီ လင်းထိန်နေတာတော့ သိတယ်

Leave a Reply