အူးတာဗျင်
အခုရက်ပိုင်းတွင် စမ်း(some) အင်တာဗျူး အချို ့ကို အဆက်မပြတ် ဖတ်ရှူ မိသဖြင့် ၊ မေပေါင် ခေါ် မောင်ပေ ၊ ကျွန်ုပ် ကြုံခဲ့ဖူးသော အင်တာဗျူးလေးကို လည်း ပြန်ဖောက်သည် ချမိချင်လာသည် ။ သို ့အတွက် ကျွန်တော်၏ ကပေါက်တိ ကပေါက်ချာ၊ အရေးအသားလေး ကို အပျင်းပြေစေရန် အလို ့ငှါ ဖတ်ရှူတော်မူကြပါကုန် ။
အချိန်ကား Y2K
နေရာကား စေ့စပ်ပွဲ ပြုသူ လူငယ်တစ်ဦး ၏ နေအိမ် ၊ မန်းတလေး မြို ့
နေအိမ်ရှေ ့တွင်
ဂျစ်ကား ၄ စီးခန် ့၊ ဆိုင်ကယ် အစီး ငါးဆယ် ခန် ့ ၊ စလွန်းကား ၂ စီး ခန် ့ရပ်ထားသည် ။
စေစပ့်သည့် သတို ့သား သည် အင်ဂျင်နီယာအတတ်ပညာများကို သင်ကြားပေးနေသည့် တက္ကသိုလ် ကျောင်းတွင် တက်ရောက်သင်ကြားနေသူ ကျောင်းသားတစ်ဦး ။
သူ၏ ပေါင်းသင်း ဆက်ဆံရေးကောင်းမှုကြောင့် သူငယ်ချင်း အပေါင်းအသင်း လွန်များပြားပြီး ၊ ယခု စေ့စပ်ပွဲ တွင် တက်ရောက်လာသူ သူငယ်ချင်း အယောက် ၇ဝ ခန် ့။
စေ့စပ်ပွဲ ကို အောင်မြင်စွာ ပြီးဆုံး ပြီး
သတို ့သား ကို သူငယ်ချင်း များ က
ဘူချလူ နိုက် အဖြစ် လိုက်တိုက်ခိုင်းကြတော့လေသည် ။ ( မှတ်ချက် = ဘူချလူနိုက် ဆိုသည် မှာ စေ့စပ်သူ များ ၏ ည )
သို ့ဖြင့်
မန်းတလေး မြို ့၏ ဘီယာဆိုင် တစ်ဆိုင်တွင် စေ့စပ်သူ နှင့် အပေါင်းအဖော် တစ်စု ( လူ၇ဝကျော် ) တို ့သည် ပျော်ပါးသောက်စား ကြကုန်သည် ။
ဝူးဝါးဝူးဝါး ဖြင့် မူးရူး ပြီး ထအော်သူ က အော် ၊ အိုဗာ ဖြစ်ပြီး ဇက်ကြိုးသူ ( အမူးလွန်ကာ မှောက်သွားသည် ) က ကြိုး ၊ ဥဩဆွဲ (အန်သည်) သူ က ဆွဲ ဖြင့်
အချိန် ၂ နာရီခန် ့ကြာပြီး သကာလ
သောက်ပွဲသဘင်ကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည် ။
အရပ်ထဲ မှာတော့ ပွဲပြီးရင် ဖျာလိပ် တဲ့
သူတို ့တတွေ က တော့ ပွဲပြီးတော့ ပြဿနာ ရှာပါတော့သည် ။
သောက်စားနေသူ အချင်းချင်း က လည်း အစုအဖွဲ ့လေးတွေ ကိုယ်စီ နဲ ့လာကြတာ ဆိုတော့
အချင်းချင်း ထ ပြဿနာ ရှာလို ့က လည်း မဖြစ်
နောက်ဆုံး တူညီ စွာ ဆုံးဖြတ်လိုက်ကြပြီး
၇၃ လမ်း ၊ မင်္ဂလာ တံတား မှ စပြီး မန်းတလေး နန်းမြို ့ရိုး နှင့် ကျုံးကို ဘယ်ရစ် ပတ်ကြလေတော့သည် ။
သားစိုး နှင့် ရန်ရန်ချမ်း ဆိုထားသည့် သီချင်းထဲ က လို ဆိုင်ကယ် တွေ ဗြူးဗြူးနဲ ့ဗြဲ ၊ ဂျစ်ကားတွေ ရော ၊ စလွန်းကားတွေ ပါ
သူ တို ့အတွက် ကံကောင်းတာလား ကံဆိုးတာလား တော့ မသိ
၂၆လမ်း ၇၈x၈ဝ ကြား ၊ အရောက်တွင်တော့
သူတို ့လိုချင်နေသော ပြဿနာ သည် ` နိုက်စ်တူ မိယူ ´ ဟု နှုတ်ဆက်လာသည် ။
လူငယ်သဘာဝ ၊ သောက်လာသည့် အခံကလေး က လည်း ရှိ ၊ ရိုက်ပွဲ တစ်ပွဲ ဖြစ်ခဲ့လေသည် ။
လူ ၇ဝ ကျော် နှင့် လူ ၅ ယောက် ခန် ့
တွက်သာကြည့်
လူ၅ ယောက် က ပြေးကုန်ကြတာပေါ့
အဲ..သူတို ့က စက်ဘီးလေး တွေ နဲ ့ဆိုတော့ ၊ စီးနင်းလာတဲ့ စက်ဘီးလေး တွေ ပစ်ပြေးကြရှာတယ်
ပြဿနာ ရှာလို ့အားမဝသေးသူ လူသိုက်က ၊ ကျန်ခဲ့တဲ့ စက်ဘီးတွေ ကို မန်းတလေး ကျုံးထဲ ပစ်ချ ကြပါလေရော
ပြီးတော့ လူစု ခွဲ ပြန်ကြတာပေါ့
သူတို ့ရှာခဲ့တဲ့ ပြဿနာ က လွယ်လွယ် နဲ ့တွေ ့ခဲ့ ရပေမယ့် ၊ လွယ်လွယ် နဲ ့မပြီးခဲ့ပုံ က
အဲဒီည
မေပေါင် တစ်ယောက် အိမ်ပြန်အရောက်
ရီဝေ စွာ အိပ်ပျော်နေတုန်း
တစ်ဒုန်းဒုန်း နဲ ့အခန်းတံခါး ထုလာတယ်
ဘယ်သူ များပါလိမ့် လို ့ဖွင့်ကြည့်တော့ ( အချိန်က ည ၁၂ ခွဲခန် ့ရှိပြီ )
မာတာမိခင်
` ဟဲ့…..အိမ်ရှေ ့မှာ နင့်အကောင်တွေ ရောက်နေတယ် ၊ ထွက်ကြည့်လိုက်ဦး ´ ဟု ဆိုလာသည်
သို ့နှင့် ၊ အိပ်ချင် မူးတူး ဖြင့် ထွက်ကြည့်တော့
4wd ကားလေး ၊ ကားပေါ်မှာ သူငယ်ချင်း တစ်ယောက် က လှမ်းပြုံး ပြနေသည် ။
ပြီးခဲ့သည့် ပွဲ တွင် ၊ မောင်ပေ သည်လည်း ဘော်ဒါများသူ ဖြစ်သည် ။
သို ့သော် ၊ ဖြစ်ခဲ့သည့် ပြဿနာ တွင် မူ ၊ တစ်ချက် ဝင်မလုပ် ခဲ့ ၊ ဘေးကပဲ ကြည့်နေခဲ့သူ
ယခုမူ အိပ်ယာအောက် ကို ရေဝင်လာပြီ
ကားပေါ်တက်ပြီး ၊ ကားအထွက် ၊ ကားပေါ် ပါလာသော သူငယ်ချင်း ကို မေးရတော့သည် ။
သူ လည်း ဒီလုပ်ရပ် မှာ ဘာတစ်ချက် မှ ဝင်မလုပ်ခဲ့သူ ။
` ဟေ့ကောင် ၊ ငါလည်း ဘာမှ မလုပ်ခဲ့တာ မင်းအသိ ၊ အဘယ်ကြောင်း နှင့် င့ါ ကို ဖော်ရသနည်း ´ ဟု ဆိုလိုက်တော့ ၊ ဆရာသမား က ပြုံးဖြီးဖြီး ဖြင့်
` ငါလည်း ၊ ရုတ်တရက် ငါ့အိမ် ကို ရဲတွေ လာခေါ်တော့ ၊ မင်းအဖော်တွေ ဖေါ်လို ့ဆိုလာတော့ ၊ လုပ်မိလုပ်ရာ…မင်း ကို ဖေါ်မိတာပဲ….ဟီးဟီး ´
တော်တော် ချဉ်တူး မိသော ကျွန်တော် မောင်ပေ မှာ သူ ့ကို ဘာပြောလို ့ပြောရမှန်း မသိတော့ ။ ယခု ချိန်မှ အပြစ်ပြောနေလျှင် လည်း သူငယ်ချင်း စကားထပ်များရုံ ။
ကိုယ်တိုင် က မဆင်မခြင် ၊ သူတို ့တစ်သိုက်နှင့် ၊ ပျော်ပါး လျှောက်သွားခဲ့သည် ကို သာ သတိရနေပြန်တော့သည် ။
သို ့နှင့် 4wd ကားဖြင့် ဘော်ဒါ အပေါင်းကို လိုက်လံ ခေါ်ဆောင်တော့သည် ။
ကျွန်တော် အပြီး ၊ သွားရောက် ပင့်ဆောင်ဖြစ်သည် က သတို ့သား ။ သူ ့ထံ မှ ဆက်လက် ထွက်လာသည် က တစ်ကယ့် တရားခံ များ ။
ကျွန်တော် အပါအဝင် ၁ဝ ယောက် ပြည့်သည် နှင့် ကားသည် ရဲစခန်း သို ့ဦးတည် တော့လေသည် ။
စခန်းသို ့အရောက် ၊ ကျွန်တော် တို ့၁ဝယောက်သည် လည်း ပျော်ပျော်ပါးပါး ၊ စကားများ ပြောလျှက် ။ ( ငယ်ကြသေးသည် ကိုး ၊ ပူရမှန်း မသိ )
ကျွန်တော် တို ့လူသိုက် ကို တစ်ယောက် စီ ခွဲ ပြီး ဗျူးကြလေတော့သည် ။
ရဲ = ညီလေး နာမည်
ပေ = မောင်ပေ ပါ
ရဲ = အဖေ နာမည် ၊ အမေ နာမည်
ပေ = xxxxxxxxxxxxx
ရဲ = နေရပ် ၊ နောက်ပြီး ညီလေး က ဘာတက်နေတာလဲ
ပေ = မန်းတလေး ၊ နည်းပညာ တက္ကသိုလ်
ရဲ = ညီလေး က အခု အမှု မှာ ဘယ်လို လုပ်ခဲ့တာလည်း ၊ မှန်မှန်ဖြေ နော် ၊ ကိုယ်တို ့ဆီ မှာ မှတ်တမ်း အတိအကျ ရှိတယ်
ပေ = ဘာမှ မလုပ်ခဲ့ ရပါဘူး အကို ၊ မှတ်တမ်းရှိတော့ ပိုကောင်းတာပေါ့ ၊ မှတ်တမ်း ကို အရင် ပြန်ကြည့်ပြီး မှ ကျွန်တော့် ကို ဗျူးပါလား ၊ ဒါမှ ကျွန်တော် အပြစ်မရှိကြောင်း သိပြီး ၊ ကျွန်တော့် ကို ပြန်လွှတ် ပေါ့
ရဲ = အဲဒီလို လုပ်လို ့မရဘူး ၊ ငါ့ညီ ၊ အခုဟာ က တစ်ကယ့် တရားခံ တွေ ကို လိုက်ဖမ်းတော့ ၊ ညီလေး နာမည် လည်း ပါနေတယ် ။
ပေ = အခု ဖြစ်ခဲ့တဲ့ ကိစ္စ မှာ ၊ ဘာတစ်ခု မှ ကျွန်တော် မှ မလုပ်ခဲ့တာ ၊ ဘယ်လို လုပ် ကျွန်တော် က တရားခံ ဖြစ်ရတာလဲ
ရဲ = ညီလေး က ဘာမှ မလုပ်ခဲ့ဘူး လို ့ပြောနေပေမယ့် ၊ ကိုယ်တို ့မှတ်တမ်း အရ ညီလေး လဲ ပါတယ် ။ ဒီတရားခံ တစ်စု ကို ပဲ ကိုယ်တို ့က အရေးယူ ရတော့မှာ လေ
ပေ = ကြည့်လည်း လုပ်ပါဦး ဗျာ ၊ အခု ၁ဝ ယောက်ထဲ မှာ တစ်ကယ်လုပ် တဲ့ ကောင်တွေ ပါ ပါတယ် ။ ပြောရရင် သတို ့သား နဲ ့ ဟို ၃ ယောက် ပေါ့ ဗျာ ။
ရဲ = ညီလေး တို ့အဖွဲ ့က ဆိုးတာက ၊ ကျုံးထဲ ကို စက်ဘီး တွေ ပစ်ချခဲ့တာပဲ ၊ တရားလို တွေ ဘက်ကလည်း သူတို ့စက်ဘီးတွေ အတွက် အမှုဖွင့်လာတယ်
( အမှန်ကား ၊ တရားလို များ က ကျွန်တော် တို ့စခန်းရောက်သည် ကို ပင် မသိ ၊ ဘာအမှု မှ လည်း မဖွင့်ရသေး ၊ ကျွန်တော် တို ့တတွေ ကို ဖမ်းပြီး ၊ စခန်း က အကြောင်းကြား မှ သိရသည် )
ပေ = စက်ဘီးတွေ ပစ်ချ ခဲ့တယ် ဆိုတာ မှန်ပါတယ် ၊ ပစ်ချ ခဲ့သူတွေ က လည်း ကျွန်တော် ပြောတဲ့သူတွေ ပဲ ၊ ကျန်တဲ့ သူတွေ ကို မေးရင် လည်း ၊ ကျွန်တော် ဖြေသလို ဖြေကြမှာပဲ
ရဲ = မှန်ပါတယ် ။ ဒါပေမယ့် ညီလေး တို ့က ကျောင်းသား တွေ ဆိုတော့ ချုပ်ထားလို ့မရပါဘူး ၊အမှုတော့ ဆိုင် ကြ ရလိမ့်မယ် ၊ ခဏနေ ညီလေး တို ့မိဘ တွေ အာမခံ လာပေးရင် ညီလေးတို ့ပြန်ကြရမှာပါ ၊
ပေ = ဗျာ ၊ အမှု ဆိုင်ရမယ် ၊ ကျွန်တော် က ဘာမှ မှ မလုပ်ခဲ့ဘူးလေ ၊ ဘေးက ပဲ ပါသွားပြီး ၊ ကြည့်ရုံပဲ ကြည့်ခဲ့တာလေ ၊ အဲဒါ ကျွန်တော် က တရားဆိုင် ရ ဦးမှာလား
ရဲ = ညီလေး က ဘာမှ မလုပ်ခဲ့ပေမယ့် လည်း ၊ ပြဿနာ ဖြစ်ချိန် မှာ ညီလေး ပါနေတဲ့ အတွက် ၊ အခု ရောက်နေ တဲ့ ၁ဝ ယောက်လုံး အမှုကတော့ သေချာပေါက် ဆိုင်ရတော့ မှာပဲ
ကျွန်တော် လည်း ဘာမှ မပြောနိုင်တော့ ၊ ခဏနေ ကြ ၊ ဆိုင်ရာ မိဘ များ ရောက်လာပြီး ၊ အသီးသီး အာမခံ ဖြင့် ပြန်ခေါ်ကြတော့သည် ။
ရုံးချိန်းတော့ ပေးလိုက်တာပေါ့ ။ ကျွန်တော် နှင့် ဘာမှ မလုပ် ပဲ စခန်း သို ့ရောက်ခဲ့သူ ၆ ယောက် လုံးက တော့ မချိပြုံး လေး များ အသီးသီး ပြုံးလျှက် ကိုယ်စီ ပြောလိုက်ကြသည် မှာ
` ဗျူးတော့ ဗျူးတာပေါ့ ၊ ဒါပေမယ့် မမောဘူး ´
( အားလုံး ကို ကျေးဇူးတင်ပါသည် )
11 comments
pyinlepyaw
August 19, 2011 at 1:20 am
အူးတာဗျင် တဲ့.. ဘဲလာ လို့
ဂိမှသု
ဖေါင်းကပ် တယ်
ကယ်တောင်း ဗျာ………။
MaMa
August 19, 2011 at 7:06 am
အဲဒီ အင်တာဗျူးလေးလည်း ဘယ်သတင်းစာ အယ် မှားလို့ ဘယ်ဂျာနယ်မှာများ ပါသေးလဲ လို့။ နာမည်ကြီးတွေရဲ့ အင်တာဗျူးကို ဖတ်ချင်လို့ပါ။ 🙂
ogre
August 19, 2011 at 7:40 am
မောင်ပေလုပ်တာနဲ့
တို့ အရက်နှစ်သက်သူတွေ မူးလာရင်
ပြဿနာရှာတယ်လို့ လူတွေထင်ကုန်တော့မှာပဲ..ကွာ..။။။
pan pan
August 19, 2011 at 9:25 am
တော်သေးတယ်
ဒီအူးတာဗျင်က “ပေ့ါနော်” မပါလို့
နွယ်ပင်
August 19, 2011 at 9:25 am
မေပေါင် ရဲ့ အူးတာဗျင် ကတော့မိုက်ပ
သူများထက်တူးတယ် …………
hmee
August 19, 2011 at 4:00 pm
တော်သေးတာပေါ့ တညလောက် သွေးမလှုရတာ။ 🙂
ပေါက်ဖော်
August 19, 2011 at 4:13 pm
မေပေါင် မေပေါင်..
စမုတ်တံ တစ်ချောင်း ခါးကြားညှပ်လျက်တွေ ့တာတောင် ဟုတ်ပါဘူး..လုပ်ပါဘူး ညင်းနေသေးတယ်… 😛
တို ့အလှည့်တုန်းကတော့ သူဗျူး..ကိုယ်ဗျူးပဲ..
ကောင်းကောင်းနဲ ့ လှိမ့်ဗျူး..လှိမ့်ပြီး ချီးပေါက်ပေးလိုက်တယ်….ဟုတ်တယ်လေ
ပြဿနာရှာသွားတာ တစ်ဖွဲ ့..လာဖမ်းတော့..မဆိုင်တဲ့လူတွေရမ်းသမ်းပြီး စိသွားတယ်
ဘယ်လောက်တောင် စောက်သုံးမကျတဲ့ရဲတွေလဲလို ့..ရေလည်စိတ်ပိန်တယ်..
akswe
August 19, 2011 at 4:20 pm
မေပေါင်.. အနော်အထေ မတိုင်.. ဂေါက်ရတ်…အမှတ်ပု..စာပြတ်သနောက်..ဝါလင်။
ကေကေနောင်း..လာမိန်..
moonpoem
August 19, 2011 at 4:23 pm
အူးတာဗျင်က ရာရတယ်ဗျီ
ကိုပေါက်(မန္တလေး)
August 19, 2011 at 7:18 pm
ကျွန်နုပ် ဝါတော်ကင်း
အပေါင်းအသင်းများရယ်နဲ့
ဘက်ချလိုက်နာ က
အရက်တိုက်တာကို
ငတ်ကြီးကျမိတော့
အမူတွဲထဲ
မရိုက်မဆဲရဘဲပါ။
အိမ်ရောက်မှ မှန်ကြည့်
ပေါ်လာတဲ့ ငတိကို
သောက်ချင်အုံးဟဲ့အရက်………………..
လုပ်ချင်အုံးဟဲ့ ဘက်ချလိုက်နာ……………….
လည်ချင်အုံးဟဲ့ သူငယ်ချင်းတွေနဲ့………………
ပြောပြောပြီး မှန်ထဲက ငတိကို
မှတ်လောက်အောင်ဗျဉ်းလိုက်တာ
ကျုပ်ပါးတွေတောင်နာလို့ရယ်………………………
naywoonni
August 19, 2011 at 9:57 pm
အော်ဟော ………. မောင်ပေ တို့ အထဲကိုပေါက်လည်းပါခဲ့သပေါ့လေ……….. ကောင်းပါလေ့ ကောင်းပါလေ………