အကြမ်းဖက်လုပ်ရပ်များကြောင့် ရွေးကောက်ပွဲအချိန်ကာလ မရွှေ့ဆိုင်းဟုဆို
အကြမ်းဖက်လုပ်ရပ်များကြောင့် ရွေးကောက်ပွဲအချိန်ကာလကို ရွှေ့ဆိုင်းရန်မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ခင်ရီက ပြောကြားသည်။ မေ၆ရက်က ပြုလုပ်သည့် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့သူများအနက် တစ်ဦးကိုဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြုကြိုးကိုင်နေသူများအား ဖော်ထုတ်နိုင်ခဲ့မှု နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယင်းသို့ အတည်ပြုပြောကြားကြောင်း သိရှိရသည်။
One comment
susunosuki
May 11, 2010 at 3:55 pm
လုံခြုံရေး ကိုသေချာဂရုစိုက်သင့်ပါတယ်
ဒါမှ အပြစ်မဲ့သူတွေ ချမ်းသာရမှာ