စာပေလောက… ပြောပြစရာ ရှိတယ်
ကျူပ်ငယ်ငယ်က စာရူး ကဗျာရူး။ ရူးတာမှသွတ်သွတ်ခါ။ မစာ;နိုင်၊ မအိပ်နိုင်ရေးတာ။ ရေးလိုက်ရတဲ. ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို ။ အင်း.. မဂ္ဂဇင်းတိုက်တွေကိုလှမ်းပို.တော.လဲ လက်မခံ။ အဲဒီခေတ်က ကလောင်သစ်တွေဆို မျက်နှာငယ်ရတဲ.ခေတ်ကိုး။… …..(ခုခေတ်ကတော. အင်တာနက်ကြီးတွေရှိနေပြီကိုး..။ ပြီးတော. MG လိုလက်စမ်းစာပေရေးတာတောင် ဖတ်မယ်.ပရိတ်သတ်လဲရှိ။ စာမူခ ပေးမယ်သူလဲရိ်ှဆိုတော စာပေဝါနာပါသူ လူငယ်တွေ၊ လူကြီးတွေအတွက် အားရှိပါးရှိသာ ရေးလိုက်ကြစမ်းပါ။ ဟိုးအရင်ကလို ကလောင်သစ်တွေ မျက်နှာမငယ်ရတော.ပါဘူး) ………..။ ကျူပ်တိုခေတ်တုးန်ကတော. ကဗျာလေး စာတိုပေစလေး အနည်းငယ်ကလွဲပြီး ကျုပ်ရေးခဲ.တာတွေ ပို.တဲ. တိုက်တွေတိုင်းက ပယ်တယ်။ .. ဘယ်ရမလဲ ကျူပ်ကလဲ အားမလျော.ဘူး ဘယ်သူမှမဖတ်လဲတော်ပြီ အိမ်ကလူတွေနဲ. သူငယ်ချင်းတွေ ကိုဖတ်သီးသန်.ဖတ်ဖို. ရေးတော.မယ်ဆုံးဖြတ်လိုက်ပါတယ်။ သူတို.ကလဲ အာ းအပေးသား။ အိမ်ကဆို ပေးလိုက်တဲ.မုန်.ဖိုး စာအုပ်ငှားဖတ်၊ စာအုပ်ဝယ်တာနဲ. ကုန်လွန်းလို. ပွမ်ရော။ သူငယ်ချင်းတွေကတော. ကောင်းပါတယ် ..ကျုပ်ရေးလိုက်တဲ.စာမူတစ်ပုဒ်ဖတ်ဖို. သူတို.ဗိုက်ထဲ မုန်.အဝကျွေးလိုက်မှ ဖတ်တာ( သူတို.ပြောတာတော. ကျနော်စာမူတွေက လွမ်းစရာတွေသိပ်ပါနေတော. သူတို.ခံစားနိုင်အောင်လို. အားရှိအောင် စားတာပါတဲ.။ )
ကဲ ကျူပ်ပြောချင်တာက ကျူပ်အကြောင်းမဟုတ်သေးဘူးဗျ။ လူတွေကို အတွေးအခေါ်၊ ဗဟုသုတ၊ အသိ ပေးနိုင်တဲ.နေရာမှာ ရုပ်ရှင် ၊ ဂီတ၊ စာပေ လို.ခေါ်တဲ. အခုခေတ်အခေါ် မီဒီယာ ပေါ.နော။ ဒီ ၃ ခုမှာ ဘယ်အရာကို ပိုသဘောကျလဲမေးရင် ကျူပ်ကတော. စာပေ ပဲဗျ။
၁။ စာပေက အဆင်.အတန်းမခွဲခြားဘူး။
(ဘာကိုမှမခွဲခြားတာ ယောက်ကျား..မိန်းမ ..အခြောက်..သူတောင်စား..မိန်းမရွှင် …ဥပမာ..စုတ်ပြတ်သတ်ပေတေနေတဲ. သူတောင်းစား တစ်ယောက် အသိပညာတွေ ဘဝတိုးတက်ရေးတွေ ရပါတယ်ဆိုတဲ. ရုပ်ရှင်ကို သူဘယ်လိုကြည်.နိုင်မလဲ။ ငွေစုပြီးကြည်.ရင်တောင် သူရဲ.ဝတ်စားဆင်ယင်မှုကိုကြည်.ပြီး အဆင်.အတန်းကခွဲလိုက်ကြဦးမှာ။ ဒါပေမယ် တောင်စားတဲ.လူရဲ.လက်ထဲမှာ အတွေအခေါ် ဗဟုသုတ နဲ. ဘဝတိုးတက်ရေး စာအုပ်လေးတစ်အုပ်ရှိနေခဲ.ရင် အဆင်.အတန်းခွဲ.ဖို. မပြောနဲ. စာအုပ်နဲ. ဖက်အိပ်နေတောင်ရတယ်ဗျ။ ဝယ်မဖတ်နိုင်ရင် ငှားဖတ်လို.ရတယ်။ တခြားမီဒီယာတွေလို ဈေးမကြီးတော. လူတိုင်းလက်ထဲကို စာအုပ်ကပေးချင်တဲ. အသိတစ်ခုကို တိုက်ရိုက်ရောက်နိုင်တယ်။ ဒါက စာပေရဲ. အဆင်.အတန်းမခွဲခြင်း)
၂။ စာပေမှာ မာန မရှိဘူး။
( ဒါက ဘာစာအုပ်ကြီးပါ.. ဘယ်သူတွေမှ ဖတ်လို.ရမှာဆိုတဲ. ခွဲခြားခြင်းမာန စာပေမှာမရှိဘူး။ ဘယ်သူရေးရေး လူတိုင်းဖတ်ပိုင်ခွင်.ရှိတယ်။)
၃။ စာရေးဆရာ (ဝါ) စာရေးသ ူ(ဝါ) ကလောင်ရှင် က အဆင်.အတန်းမခွဲခြားဘူး
(ဒါကလဲ စာပေရဲ.ချစ်စရာ ယဉ်ကျေးမှုပါပဲ။ သူတို.စိတ်ထဲမှာ ဒီလူတွေ ငါရေး ငါပေးမှ သိမှာပါဆိုတဲ. အတွေးမျိုးမရှိတာ၊ ဒီလိုအတွေးမျိုးနဲ.မရေးတာ တကယ်ချီးကျူးစရာ စာပေစိတ်ဓာတ်တွေပါ။)
၄။ စာရေးဆရာ(ဝါ) စာရေးသ ူ(ဝါ) ကလောင်ရှင် မှ ပရိတ်သတ် အပေါ်မာန မရှိဘူး
(ဒီလူတွေ ငါပြောမှသိတာပါ။ ငါကသူတိုထက်ပိုတတ်ပါတယ်ဆိုတဲ. မာန မရှိဘူး)
ဒါက ကျူပ်တို.ခေတ်က တကယ်အောင်မြင်ခဲတဲ. စာရေးဆရာကြီးတွေကို ကျူပ်ခပ်ငယ်ငယ်ဘဝ ကတည်းက လေးစားလွန်းလို. သူတို.အကြောင်းသိသလောက်ပါ။ စာပေလောကမှာ ဒီလိုစိတ်ဓာတ်မျိုးတွေမွေးနိုင်မှလဲ အောင်မြင်မှာပါလို. ကိုယ်တွေ.တွေကျူပ်ပြောလိုက်ပြီဗျာ..နော။ ဒါတွေကလဲ ဘယ်သူကမှ စည်းကမ်းထုတ်တာမဟုတ်တဲ. တကယ်စာပေကို( နာမည်ကြီးယုံမဟုတ်ပဲ) တကယ်ချစ်တဲ.သူတွေရဲ.သူတို.ကိယ်တွင်းမှာ အလိုလို ကိန်းအောင်းနေတဲ. စိတ်ဓာတ်….။
9 comments
alinsett
August 29, 2011 at 6:54 pm
စာပေ ကို ချစ်တဲ ့သူအချင်းချင်း ရာဇဝင် လူဆိုူးကို လေးစားပါတယ် ။
အခုလို စနစ်တကျ ပြောပြလိုက်တာကိုလည်း..စာပေသမားအားလုံး..နည်းတူ ဝမ်းသာရပါတယ် ။
ပြောထားသလို..ပါပဲ.။ စာပေ ဆိုတာ…….
ဒီလိုလေးရေး တင်လိုက်တာကို တကယ် ့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။
ko ko gyi
August 29, 2011 at 8:24 pm
ကိုရာဇဝင်လူဆိုးရေ အကို. ခယ်မ dvd စက်အဆင်ပြေသွားပြီလား (စကားမစပ်မေးတာ)….။
ဟုတ်တယ်ဗျ စာပေဆိုတာ အဆင်.အတန်းမခွဲဘူး၊ မာန်မာနမရှိဘူး၊ အထင်သေးခြင်းမရှိဘူး၊ ကိုယ်.စာ သူများဖတ်နေရင်ပဲ စာရေးဆရာတော်တော်များများက ပျော်နေတတ်တာ။
မီးမီး သော်
August 29, 2011 at 8:45 pm
၃။ စာရေးဆရာ (ဝါ) စာရေးသ ူ(ဝါ) ကလောင်ရှင် က အဆင်.အတန်းမခွဲခြားဘူး
(ဒါကလဲ စာပေရဲ.ချစ်စရာ ယဉ်ကျေးမှုပါပဲ။ သူတို.စိတ်ထဲမှာ ဒီလူတွေ ငါရေး ငါပေးမှ သိမှာပါဆိုတဲ. အတွေးမျိုးမရှိတာ၊ ဒီလိုအတွေးမျိုးနဲ.မရေးတာ တကယ်ချီးကျူးစရာ စာပေစိတ်ဓာတ်တွေပါ။)
ခုတလော စာပေလွတ်လပ်ခွင့်ပေးလာတာတွေ ့ရတယ်နော်။ကြိ ုဆိုရမှာဘဲပေါ့။
Thaw Zin Loikaw
August 29, 2011 at 8:53 pm
စာပေမှာ မာန မရှိဘူး။
( ဒါက ဘာစာအုပ်ကြီးပါ.. ဘယ်သူတွေမှ ဖတ်လို.ရမှာဆိုတဲ. ခွဲခြားခြင်းမာန စာပေမှာမရှိဘူး။ ဘယ်သူရေးရေး လူတိုင်းဖတ်ပိုင်ခွင်.ရှိတယ်။)
စာရေးဆရာ (ဝါ) စာရေးသ ူ(ဝါ) ကလောင်ရှင် က အဆင်.အတန်းမခွဲခြားဘူး
(ဒါကလဲ စာပေရဲ.ချစ်စရာ ယဉ်ကျေးမှုပါပဲ။ သူတို.စိတ်ထဲမှာ ဒီလူတွေ ငါရေး ငါပေးမှ သိမှာပါဆိုတဲ. အတွေးမျိုးမရှိတာ၊ ဒီလိုအတွေးမျိုးနဲ.မရေးတာ တကယ်ချီးကျူးစရာ စာပေစိတ်ဓာတ်တွေပါ။)
စာရေးဆရာ(ဝါ) စာရေးသ ူ(ဝါ) ကလောင်ရှင် မှ ပရိတ်သတ် အပေါ်မာန မရှိဘူး
(ဒီလူတွေ ငါပြောမှသိတာပါ။ ငါကသူတိုထက်ပိုတတ်ပါတယ်ဆိုတဲ. မာန မရှိဘူး)
ဟုတ်တယ်ဗျ..မာနထားနေရင်လည်း ဘယ်မှာ စာရေးလို့ရတော့ပါ့မလဲ?
အဆင့်အတန်းခွဲခြားရင်ရော ဘယ်မှာ စာရေးဆရာဖြစ်လာပါ့မလဲ?
တကယ်တော့ စာရေးဆရာတွေဆိုတာ ဆင်းရဲခြင်းနဲ့နပန်းလုံးပြီး နာမည်ကျော်နေရတဲ့ သူတွေနဲ့ထူးမခြားနားပါပဲ ..ဘာလို့လည်းဆိုတော့ အပတ်တကုတ်ကြိုးစားပြီး ရလာတဲ့ရလာဒ်ဆိုတဲ့အပေါ်မှာ ပီတိတာစားပြီး ဗိုက်ဝနေတတ်သူများဖြစ်နေလိို့ပါ ..ဟုတ်သလားဗျာ
လူချွှန်
August 29, 2011 at 10:46 pm
ကိုရာဇဝင်လူဆိုးတင်ပြထားတဲ့စာပေအကြောင်းကကောင်းပါတယ်။ ကျွန်တော်ကတော့စာပေမှာ အဆင့်တန်မခွဲခြားဘူဆိုတာနှစ်သက်ပါတယ်။ သက်မဲ့ဖြစ်တဲ့စာပေကတောင် လူတွေအပေါ်မှာအဆင့်တန်းမခွဲခြားဘဲ လူသားတွေအတွက်အကျိုးရှိတဲ့အရာတစ်ခုဖြစ်ပြီတော့ သက်ရှိဖြစ်တဲ့လူတွေ…လူတွေဆိုမှ အားလုံကိုပြောတာမဟုတ်ပါဘူ။ တစ်ချိုသောလူတွေပါ…လူချင်းတူတာတောင်မှ အဆင့်တန်းခွဲခြားချင်ကြတယ်နော်…သေချာပါတယ်အဲဒီလူတွေဟာ သက်မဲ့ဖြစ်သောစာပေလောက်တောင်မှ တန်ဖိုးမရှိတဲ့လူလို့ပဲ..ကျွန်တော်ကတော့မှတ်ယူပါတယ်။…. ကဲ့ဒီလောက်ပဲပြောတော့မယ်နော။
အကိုရာဇဝင်လူဆိုးလဲ စာပေရဲ.တန်ဖိုးကိုနှစ်နှစ်ကာကာသိတဲ့အတွက် ၊ရေးတဲ.အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်လဲ ကျနော်တို. မသိတာတွေ ရေးပြပါဦး..။
Nan Shin
August 29, 2011 at 11:38 pm
ဟုတ်လိုက်လေဗျာ……………။
Cap+
August 30, 2011 at 2:40 am
လူငယ်တွေ စာရေးတာ ကောင်းပါတယ်။ စာရေးအတွက်တော့ အနည်းဆုံး စာဖတ်ရမယ် မဟုတ်လား။ စာဖတ်ရင် ဗဟုသုတ ကြွယ်မယ်။ လေ့လာအား ကောင်းမယ်။ ပြီးတော့ သူရဲ့ ရပိုင်ခွင့်ကို သူကိုယ်တိုင် စားသုံးရစေချင်တယ်။
pan pan
August 30, 2011 at 2:23 pm
စာပေကို ချစ်တယ်
စာပေတွေ ဖန်တီးတဲ့ စာရေးဆရာတွေကိုလည်း လေးစားချစ်ခင်တယ်
ရှေးတုန်းက စာဆိုတော်ကြီးတွေဆိုရင် အနုပညာမြောက်ရုံတင်မက ဉာဏ်ပညာလည်း
အင်မတန်ကြီးမားတယ်
cobra
August 30, 2011 at 3:45 pm
အကို့ကိုတော့လေးစားပါတယ်ဗျာ။