သူနဲ့သာဆိုရင်………..
“သူနဲ့သာဆိုရင်…… ဘယ်လိုပင်ဝေးပါစေ လိုက်မှာပဲ အမြဲမခွဲဘဲယှဉ်၊
သူနဲ့သာဆိုရင်…… ပန်းရနံ့လဲမမွှေးတဲ့ လမ်းအဝင်
ကြယ်တွေမစုံ လမိုက်ညသောညတွင်
စမ်းရေပင် ပူလောင်မီးလျှံအသွင်၊
အလှဆိုတာ အလျှဉ်းမတွေ့တောင်……..
ခဲခက်လှစေ လျှောက်ချင်
တစ်ယောက်ကို တစ်ယောက်တွဲလို့ တသက်မခွာမခွဲအစဉ်
လက်ကို ခိုင်ခိုင်ဆက်မယ် သူနဲ့သာဆိုရင်…………………
(အသဲအသက်မက ချစ်ကြင်……. မြတ်နိုးယုယ နှောင်တဲငင်
တစ်ယောက်မရှိရင် တစ်ယောက်တွင် မနေနိုင်အောင် စိတ်မှာပင်……။)”
ခုရက်ပိုင်း စိတ်ထဲမှာ ဟာတာတာနဲ့ ဒီသီချင်းစာသားလေးကို တိုးတိုးလေး ညည်းနေမိတယ်။ သူ့ကိုမတွေ့ရတာ ရက်ပိုင်းလေးသာ ကြာပေမယ့် ဘယ်လိုမှ အိန္ဒြေမဆည်နိုင်အောင် ဂဏာမငြိမ် ဖြစ်နေရပါတယ်။
သူနဲ့သာဆိုရင် တနေ့တာ အချိန်တွေဟာ ဘယ်လိုကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ဘူး။ အချိန်တွေ အကုန်မြန်လိုက်တာလို့တောင် ထင်မိတယ်။
ဦးကျည်ပွေ့ အတက်ပေါက်တာကို အားကျပြီး ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ သင်တန်းသွားအတက်မှာ သူနဲ့ စတွေ့ခဲ့တာပါပဲ။
စတွေ့တုန်းကတော့ ရုပ်ရှင်တွေထဲက မင်းသားနဲ့ မင်းသမီးလို ဘုနဲ့ဘောက်ပေါ့။ ကိုယ်ကလည်း မအူမလည်။ သူကလည်း ပညာပြ။ စိတ်တွေလည်း တိုခဲ့ရတာပေ့ါ။
ကြာလာတော့လည်း သူ့ကြောင့်ပဲ အလုပ်လုပ်ရတာ အဆင်ပြေ လွယ်ကူလျှင်မြန်လာတဲ့ အခါကျတော့ စိတ်ချမ်းသာရတာပေ့ါ။ ဒီလိုနဲ့ပဲ စိတ်တွေလည်း အရောင်စုံခဲ့ရသေးတော့တယ်။
တွေ့ရတဲ့ ကာလတွေ ရှည်ကြာလာတာနဲ့အမျှ ကိုယ့်မှာ သူမရှိရင် မနေနိုင်အောင် စွဲလန်းမိတော့တာပေ့ါ။
အလုပ်ကို အကြောင်းပြပြီး သူနဲ့အတူတူ ကမာ္ဘအနှံ့ လည်ပတ်ခဲ့ရတာတွေ၊ ၊ သီချင်းတွေလည်း ဆို၊ ဂိမ်းတွေလည်း ကစား၊ ပြောချင်တာတွေပြောပြီး၊ စားစရာစရာ အစုံအလင်နဲ့ အပျော်ကြီးလည်း ပျော်ခဲ့ရသေးတယ်။
သူ့ကြောင့်ပဲ ခင်မင်ချင်စရာ မိတ်ဆွေသူငယ်ချင်းတွေလည်း ပိုလာခဲ့တယ်။ ဗဟုသုတတွေလည်း စုံလင်လာခဲ့တယ်။ ဒါတွေဟာ သူ့ကြောင့်မို့ သူ့ကို ကျေးဇူးတင်မိပြန်ပါရော။
ဒါပေမယ့်လည်း သူ့မှာက မကြာခဏ ပယောဂ ဝင်တတ်တော့ မကြာမကြာဆိုသလို ကျန်းမာရေးကို စစ်ဆေးပေးရတယ်။ ကိုယ်ကိုယ်တိုင် ဆေးပေးဆေး လုပ်ယူရတာအပြင် ဆရာဆီကိုလည်း မကြာခဏ သွားပေးရသေးတယ်။
ဒီတစ်ခေါက်တော့ သူ့ကို ကျန်းမာရေး စစ်ဆေးဖို့ ပို့လိုက်တာ ရက်တွေ တော်တော်လေးကြာသွားတော့ သူများ ကြွသွားရင်ဆိုပြီး စိတ်တွေ အရမ်းပူနေရတာပေါ့။
ဟော – ခုတော့ သူပြန်ရောက်လာပြီ။ သူ့လက်ကိုတွဲပြီး ရွာထဲကို အရောက်လာပြီ နော့။
(စာကြွင်း- ယခုပိုစ့် ဖြစ်မြောက်ရေးအတွက် သီချင်းစာသား ရှာပေးသော ကိုပေါက်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။)
21 comments
ကိုပေါက်(မန္တလေး)
September 9, 2011 at 10:25 pm
မမရေ
သူနဲ့တွေ့ဘို့က မီးရှိမှနော်။
မီးမရှိရင် သူနဲ့တွေ့လဲ အလကားဘဲနော်။
xman
September 9, 2011 at 10:45 pm
ပြီးတော့ ကွန်လေးလဲကောင်းဦးမှ ….
မီးမီး သော်
September 9, 2011 at 11:22 pm
ဟယ် မမက သူနဲ ့တူလက်ချင်းချိတ်ပြီး ရွာထဲဝင်လာတယ်ပေါ့။အဲလိုလား။မိုက်တယ်နော်။မီးကမလာ၊ကွန်နက်ရှင်ကမကောင်းရင်တော့သေပီဘဲနော့။
ဆူး
September 9, 2011 at 11:39 pm
သူနဲ့သာ ဆိုရင် ဆိုတဲ့ သီချင်းကလေ.. တခါတလေ တော်တော် စိတ်ထဲ အလိုမကျဖြစ်မိတယ်။
အလှဆိုတာ အရှင်းမရှိတောင် သွားမယ်။
ကြယ်တွေမစုံ လမိုက်ည
စမ်းရေတွေပူလောင် မီးလျှံအသွင်
ဒို့တော့ ဒါမျိုး မလိုက်နိုင်ပေါင် ငရဲပြည်သွားမဲ့ သူနဲ့ ဘာလို့ သွားရမှာလဲ.. အေးအေးဆေးဆေး ကိုယ့်လမ်းကိုယ်သွားမယ် လိုက်ချင်ရင် လိုက်ခဲ့.. တွဲခေါ်ပေးမယ် ဆွဲတော့ မချ နဲ့ လိုက်ဘူး။
kai
September 9, 2011 at 11:59 pm
သူ့ကို.. တရားသဘောနဲ့.. စိပ်ဖြာဝေဖန်ကြည့်ရင်.. အင်မတန်စိတ်ဝင်စားစရာကောင်းလိမ့်မယ်..။
ချစ်-ရွှင်-သနား၊ တည်ကြား-ကြမ်းကြုတ်၊ စက်ဆုပ်-ကြောက်ရွံ့၊ ရဲဝံ့-အံ့ဩ၊ နောအရသာ … ဆိုတဲ့.. ရဿ ကိုးပါး ဖြစ်အောင် တဖက်သား(ဆက်ဆံသူတွေကို)လုပ်နိုင်စွမ်းတယ်..။
ဒါပေမဲ့.. သူကိုယ်တိုင်က.. ပရမတ်သစ္စာ၊ သမုတိသစ္စာ၊ စတဲ့သစ္စာရှုထောင့်ကကြည့်ရင်.. နိဗ္ဗာန်ရောက်နေတယ်လို့ပဲ ခေါ်ရလိမ့်မယ်..။ ရဟန္တာတွေဖြစ်တဲ့.. စိတ်လိုပဲ.. တြိယာစိတ်ပဲရှိတော့တယ်..။ သူကိုယ်တိုင်က… ဘာစိတ်ခံစားချက်မှ ..မရှိတော့ဘူး.. နော…။
ဆွဲထားလိုက်… ဆက်ဆွဲထားလိုက်…။ သူ့ကို မလွတ်တန်း… ဆွဲထားလိုက်…
အဲဒီလိုသူနဲ့..ဆက်ဆံရင်.. အင်မတန်ကုသိုလ်ရ…ဆိုပဲ..။
🙂
မောင်ဘလိူင်
September 12, 2011 at 1:13 pm
ကြိယာစိတ် ထင်ပါရဲ့ ဦးခိုင်..စာလုံးပေါင်းလေး ဦးခိုင်သတိမထားမိလို့
ဝင်ပြီး ဖော သွားပါတယ်.. 🙂
maythakhin
September 10, 2011 at 12:31 am
အော်………. သူကြီးက ကုသိုလ်ရတယ်လို့ ဆိုလိုတာပေါ့။ မေကတော့ သူ့ကိုအဝေးကမြင်ရယုံနဲ့တင်ကျေနပ်နေတာ။ ကြာတော့လည်း မနေနိုင်ပါဘူး။သူ့နားကိုပဲ တိုးဝင်လာရတာပါပဲ။ ဆွဲဆောင်မှု ကောင်းတယ်နော်…………… 😀 😛
တော်တော်လည်းရေးတတ်တဲ့ မမပဲ (မြန်မာ့မီးရထား)လို့ စသံလေးတွေ မကြားရတာကြာပြီနော်။
windtalker
September 10, 2011 at 12:52 am
သင်နဲ ့သာဆိုရူ
မင်သက်ကာ အပျိုယူ
အင်း
အင်း
ဘာဆက်ရေးရမလဲ မသိတော့ဘူး ဗျို ့
ဟီဟိ
weiwei
September 10, 2011 at 10:21 am
သူနဲ့သာဆိုရင် တွေဝေမိန်းမောနေတာနဲ့ ကုသိုလ်အလုပ်တွေလုပ်ဖို့ မေ့လျော့နေပေတော့တယ် …
သူနဲ့သာဆိုရင် ဗိုက်မဆာ ထမင်းဟင်းမချက်ချင်တာနဲ့ weight ကျပေတော့မယ် …
သူနဲ့သာဆိုရင် အိပ်ရေးတွေပျက်လို့ ရောဂါတွေလဲ ရပေတော့မယ် …
သူနဲ့သာဆိုရင် အလုပ်မလုပ်ချင်လို့ အလုပ်ပြုတ်ပြီး ရွာပြန်ရပေတော့မယ် …
သူနဲ့သာဆိုရင် ပိုက်ဆံပိုကုန်ရလို့ စုဆောင်းထားတဲ့ ဒေါ်လှတွေလဲ ပြောင်တော့မယ် …
သူနဲ့သာဆိုရင် ……
သူနဲ့သာဆိုရင် ….
ကြောင်ကြီး
September 10, 2011 at 10:44 am
သူနဲ့သာဆို
ဖြူနွဲ့ကညာပျို
ထူလှည့်ပါအကို..
သူဖွဲ့ကာငို
ယူမဲ့ဟာကို
မူရွဲ့ကာပို..။
ူ
တညင်သား
September 10, 2011 at 11:59 am
သူ့ကိုလက်တွဲရအောင်ကလဲ လက်ကမရှိ ရွာထဲဝင်ဖို့ လမ်းရှောက်ကြမယ်ဆိုတော့ ခြေထောက်ကမပါ .အဲဒီခြေမပါ လက်မပါကြီးကိုပဲ တွယ်တာနေမိတယ်…………
weRone
September 10, 2011 at 2:34 pm
သူက ခြေ တွေ လက်တွေ သာ မပါတာ.. ကမာ္ဘာ ပတ်လို့ရတယ်..
🙂
zaw min
September 10, 2011 at 2:56 pm
မမရေ…ဗုဒ္ဒဂါယာ(ကီးဘုတ်က ဓ ပါတ်ဆင့်ရိုက်လို့မရလို့ပါ) မသွားခင်…ရွာထဲမှာ လက်ချင်းတွဲပြီး လမ်းလျှောက်ချင်သေးတာထင်တယ်…
hmee
September 10, 2011 at 5:51 pm
သူနဲ့သာဆိုရင် အားလုံးကိုမေ့ ထမင်းချက်ဖို့မေ့ ကလေးကိုမေ့ထားလို့ ယောက်ကျား မျက်နှာ မကြည်သာတော့ပါ။
king
September 10, 2011 at 6:18 pm
ခေါင်းစဉ်လေးကို ကြည့်လိုက်ကတည်းက ……..
သူနဲ့သာဆိုရင်ကို စဉ်းစားကြည့်မိလိုက်ရင်း
လုပ်လက်စတွေကို ပစ်ချထား
သူ့ရှေ့မှောက်အပြေးရောက်၍
ဒူးထောက်ကာ ချစ်ခွန်း သီကြည့်ချင်မိတော့သည် ….
padonmar
September 10, 2011 at 6:35 pm
မိုးလင်းလင်းချင်းပြေးကြည့်ရတာ သူ့မျက်နှာ၊
အိပ်ခါနီး နောက်ဆုံးနှုတ်ဆက်ရတာလည်း သူ့မျက်နှာ၊
nature
September 10, 2011 at 7:22 pm
hmee ရေ မှီ့ယောကျင်္ားကိုပါရွာထဲဝင်ခိုင်းလိုက်လေ။
alinsett
September 10, 2011 at 7:41 pm
ရေးမိရေးရာ လေး လက်စမ်းစာပေ ..လုပ်လိုက်တာတောင် တော်တော်လေး ဖတ်လို ့ကောင်းနေပါလား။ တကယ် အတည်သာရေးမယ် ဆိုရင်..အင်း…. ခုခေတ်စာရေးဆရာတွေ ငတ်သည်ထက် ငတ်ကုန်တော့မယ်။
MaMa
September 10, 2011 at 10:31 pm
မီးလည်းလာ၊ ကွန်လည်းကောင်းတဲ့အချိန်မှာ ကွန်ပြူတာ ပြင်ဆိုင်ပို့ထားရတဲ့ ၂ရက် ၃ ရက်လောက်လေးကို နေမထိ ထိုင်မသာ ဖြစ်နေတာ ကိုယ့်ကိုကိုယ် သတိထားမိပြီး ရီချင်သွားတာနဲ့ ဒီပိုစ့်လေး ရေးဖြစ်သွားတာပါ ကိုပေါက်၊ xman နဲ့ မီးမီးသော် တို့ရေ။
သီချင်းကို သီချင်းလိုပဲ စဉ်းစားလိုက်ပါ။ သီချင်းထဲကို ကိုယ့်ရဲ့ လက်တွေ့ဘဝ သွားမယှဉ်နဲ့လေ
ဆူးရဲ့။ (သဂျီး အိုင်ဒီယာအတိုင်း စကားလုံးခဏ ငှားသုံးလိုက်ပါသည်။)
သဂျီးကတော့ ကုသိုလ်ရတယ်တဲ့။ မဝေကတော့ ကုသိုလ်လုပ်ဖို့ မေ့နေတယ်တဲ့။ ကိုယ်ကတော့ ကုသိုလ်အကုသိုလ် မသိတဲ့ မောဟစိတ်တွေ ဖြစ်နေတယ် ထင်တာပဲ။
မြန်မာ့မီးရထားလည်း အလုပ်မလုပ်လို့ အလုပ်ပြုတ်တာ ကြာပါပြီကာ maythakhin ရေ။
windtalker နဲ့ ကိုကြောင်ကြီးတို့ရဲ့ လက်စမ်းစာပေနဲ့ အပြိုင်ကြဲထားတဲ့ ကဗျာလေးတွေကို လက်တမ်းကဗျာလို့ နာမည်ပေးလိုက်မယ်။
(သူ့ကိုလက်တွဲရအောင်ကလဲ လက်ကမရှိ ရွာထဲဝင်ဖို့ လမ်းလျှောက်ကြမယ်ဆိုတော့ ခြေထောက်ကမပါ) တညင်သား ပြောတော့မှပဲ ပိုစ့်က ပိုပြီးရီစရာ ကောင်းသွားတယ်။
weRone ရေ ခြေလက်မပါပဲ ကမာ္ဘပတ်နိုင်တာကိုက သူ့ရဲ့ အားသာချက်ပဲလေ။ nature ကတော့ hmee ချစ်ချစ်ကြီးကို ကြံရာပါထဲထည့်နေပြီ။ မောင်ကင်းကတော့ သူရဲ့ ကုမ္ပဏီက ရိုက်မယ့် love scene တွေးနေတယ် ထင်ပါ့။ padonmar လိုပဲ တနေ့မမြင်ရရင် တစ်လထင်နေလို့ပါ zaw min ရေ။
alinsett ရေ တို့က အမြှောက်မကြိုက်တတ်ပါဘူး။ ဒါပေမယ့် ခုလို အမှန်အတိုင်းပြောတာကိုတော့ ကျေးဇူးတင်စွာဖြင့် လက်ခံရတာပေ့ါ။ 😀
ရွှေအိမ်စည်
September 10, 2011 at 11:30 pm
မမရေ..ဖတ်လို ့ကောင်းပါတယ်…သူနဲ ့သာဆိုရင်..ခေါင်းစဉ်မြင်တော့..
ရှု ့ခင်းတွေတောင်စိတ်ကူးနဲ ့အာရုံယူမလို ့ဘဲလေ…
ရွာထဲ ကစာအသစ်တွေ တွေ ့ပေမဲ ့ချက်ခြင်းလာမဖတ်နိုင်ဘူး…အကုန်က..မနက်ဖြန်ပေါ့
သူနဲ ့သာဆို..ပျောပါစေမမ
zaw min
September 12, 2011 at 2:28 pm
မမ..လူက ရွာထဲကိုပြန်ရောက်တာ မကြာသေးတဲ့သူပဲဖြစ်ရမယ်…ကျနော်ထင်ထားတဲ့သူ ဖြစ်နိုင်ပါတယ်…ဟုတ်တယ်ဟုတ်…