Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကာမေသုမိစ္ဆာစာရကံ အကျယ်ဖွင့်ဆိုချက် အမေးအဖြေ

ဆန်နီနေမင်းSeptember 5, 20111min123112

ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့်ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တက်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖဝါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့်အဖြေလေးကတော့ ဒီလိုပါ။

အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။

(၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျုိုးများ မရှိတော့သော အမျိုးသားအမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင်အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၂) အရူးမများအား ကျူးလွန်လျှင်လည်း အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၃) မိမိ ကာမပိုင်သောအမျိုးသမီးရှိသော်လည်း အပျော်မယ်များနှင့် ပျော်ပါးခြင်းစသည်များသည်လည်း အပြစ်ကျူးလွန်ရာရောက်ပါသလားဘုရား။

(၄) ၎င်းအပြင် အမျိုးသမီးတစ်ယောက်မှ နောက်တစ်ယောက်ပြီးတစ်ယောက် ထပ်ယူခြင်းသည် အပြစ် သင့်ပါသလားဘုရား။

(၅) တပည့်တော်တို့မြန်မာသမို်င်းတွင် ဘုရင်အဆက်ဆက်သည် အမျိုးသမီးများစွာထားရှိပါသည်ဘုရား။ ထိုမင်းများသည် မင်းကျင့်တရားနဲ့ ညီညွတ်ပါသလားဘုရား။

(၆) ထို့ပြင် သိကြားမင်းသည်လဲ နတ်ပြည်တွင် နတ်သမီး (၂၅၀၀၀၀၀၀)နှင့်နေခြင်းသည် ဘယ်လိုဘုန်းကံမျိုးပါလဲဘုရား။

(၇) မိဘအုပ်ထိန်းသူအောက်တွင်ရှိသော အမျုိုးသမီးနှင့် ရယ်ငန်၍ ကျူးလွန်နေကြသော်လည်း (အမျိုးသမီးသည် ခွင့်ပြုကြည်ဖြူ၏) နောင်တွင် လက်ထပ်ယူကြလျင်လည်း အပြစ်ဖြစ်ပါသလားဘုရား။ မည်ကဲ့သို့အပြစ်ရှိပါသလဲဘုရား။ ကံကိုကျူးလွန်တို်င်း အပြစ်ဖြစ်ပါသလားဘုရား။

အထက်ပါမေးခွန်းများကို တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဖြေကြားပေးတော်မူပါဘုရား။

အင်း ပထမဦးဆုံး ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်ပြီး သိထားရမည်က လောကတွင် လောကဝစ္စ၊ ပဏ္ဏတ္တိဝစ္စဟု နှစ်မျိုးရှိရာ ဒီကံတရားသည် လောကဝစ္စထဲတွင် ပါဝင်ပေသည်။ လောကဝစ္စဆိုသည်မှာ မိမိနှင့်ကိုယ်ချင်းစာပြီး နားလည်သိရှိ သဘောပေါက်ရမည်ဖြစ်ပါသည်။ သူတစ်ပါးသားမယားကို မိမိက ကျုးလွန်မယ်လို့ စိတ်ပေါ်လာတဲ့အခါမှာ မိမိစိတ်ထဲမှာ ဒီလိုလေး တွေးတောကြည့်သင့်ပါတယ်။ ငါကျုးလွန်မဲ့ မိန်းကလေးဟာ ငါ့ရဲ့ မိခင်၊ အမ၊ နှမဆိုလျှင်ရော ငါဘယ်လိုခံစားရမလဲ။

အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိစိတ်ရဲ့ ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ် ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကာမေသုမိစ္ဆာစာရကံကိုမကျုးလွန်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။

ကာမေသုမိစ္ဆာစာရကံထိုက်သည့်အင်္ဂါရပ်များကို ပထမဦးဆုံးပြောပြပါမယ်။

၁။ အဂမနိယဌာနတာ – မသွားလာအပ်သော အရာဌာနဖြစ်ခြင်း။

၂။ သေဝနာစတ္တံ – မှီဝဲလိုသော စိတ်ရှိခြင်း။

၃။ မဂ္ဂေနမဂ္ဂပဋိပတ္တိ – မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

၄။ သာဒိယနံ – သာယာခြင်း။

ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံမှ ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းလျှင် ကံမထိုက်ပေ။ သို့သော် တစ်ပါးပါးကျုးလွန်မိလျှင် အပြစ်သေးသော အကုသိုလ်တော့ ဖြစ်ပေသည်။

သူတပါး၏ ခင်ပွန်း၊ ဇနီး၊ မယားတို့ကို သဘောတူ၍ဖြစ်စေ မတူပဲဖြစ်စေ ပြစ်မှားကျူးလွန်ခြင်းကို ပါရဒါရကံဟု ခေါ်သည်။ ပရဒါရကံက ကာမေသုမိစ္ဆာစာရကံထက် ပို၍ အပြစ်ကြီးပါသည်။ ကာမေသုမိစ္ဆာစာရကံဆိုသည်မှာ မိမိတရားဝင်ယူထားသော ယူထားသူမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀)ကို သဘောတူ၍ဖြစ်စေ၊ မတူ၍ဖြစ်စေ ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

အဆိုပါ မိန်းမ(၂၀)တို့မှာ

၁။ အမိအုပ်ထိန်းသောသူ။

၂။ အဘအုပ်ထိန်းသောသူ။

၃။ အမိအဘစုံ အုပ်ထိန်းသောသူ။

၄။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောသူ။

၅။ အမကြီး အမငယ် အုပ်ထိန်းသောသူ။

၆။ ဆွေမျိုးတို့ အုပ်ထိန်းသောသူ။

၇။ အမျိုးအနွယ်တို့ အုပ်ထိန်းသောသူ။

၈။ အပေါင်းအသင်း မိတ်ဆွေသီတင်းသုံးဖော်တို့ အုပ်ထိန်းသောသူ။

၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၍ မိန်းကလေးများမှာ ကံမထိုက်ပေ။ အဘယ့်ကြောင့် ထိုမိန်းကလေးများသည် သူတို့ကာမကို သူတို့ပိုင်သေးသောကြောင့် ဖြစ်သည်။ မိဘစသော အုပ်ထိန်းစောင့်ရှောက်သူများကို တစ်ပါးသူက တရားဝင်မတောင်းယူရသေးသောကြောင့် ဖြစ်ပေသည်။

၉။ ထိန်းမြား (တစ်နည်း)လက်ထပ်ပြီးသောသူ။

၁၀။ ဘုရင်ကောက်ယူရန် သတ်မှတ်ထားသောသူ။

၁၁။ ဥစ္စာဖြင့် ဝယ်ယူထားသောသူ။

၁၂။ အလိုတူ ပေါင်းသင်းနေသောသူ။

၁၃။ ပုဆိုးတန်းတင်ပေါင်းသင်းနေသောသူ။

၁၄။ စည်းစိမ်ကိုပေး၍ပေါင်းသင်းနေသောသူ။

၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘကပေးစားထားသောသူ။

၁၆။ ခေါင်းခုချ၍ လင်မယားအဖြစ်နေသောသူ။

၁၇။ ကျွန်ကို မယားပြုထားသောသူ။

၁၈။ အမှုလုပ်ကို မယားပြုထားသောသူ။

၁၉။ စစ်မြေပြင်မှ သုံးပန်းရခဲ့သောသူ။

၂၀။ ခေတ္တမျှပေါင်းရန် ငှားယူထားသောမိန်းမတို့ပင် ဖြစ်ပေသည်။

ထိုတွင် အမှတ်(၉)မှ(၂၀)ထိ မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောက်ျားရော မိန်းမပါ ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။

၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။

၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။

၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။

၄။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းများကို ဦးဇင်းတစ်ခုချင်းစီ ထပ်ရှင်းပြပေးပါမယ်။ နံပါတ်(၁-၂)သည် အထက်ပါအုပ်ထိန်းသူ (၂၀)ထဲ မပါရှိလျှင်တော့ အပြစ်မရှိပါ။ အုပ်ထိန်းသူရှိနေလျှင်တော့ အပြစ်ရှိပေသည်။

နံပါတ်(၃)သည် မိမိမှာ ကာမပိုင်ရှိသောကြောင့် မည်သည့်မိန်းမမျိုးနှင့်မဆို ကျူးလွန်လျှင် အပြစ်ရှိပေသည်။

နံပါတ်(၄) အုပ်ထိန်းသူခွင့်ပြုချက်ရ၍ နောက်ထပ်မိန်းမယူလျှင် မိမိသည် တရားဝင် တောင်းယူထားသောကြောင့် အပြစ်မရှိပါပေ။

နံပါတ်(၅) ဘုရင်များသည် မိဖုရားကော်ယူရာ၌ တရားဝင်လက်ထက်ယူလျှင် အပြစ်မရှိပေ။ တိတ်တိတ်ပုန်းယူလျှင်တော့ မင့်ကျင့်တရား၌လည်း ငါးပါးသီလလုံခြုံရမည့်ဖြစ်၍ အပြစ်ရှိပြီး မင့်ကျင့်တရားနှင့်မညီပေ။

နံပါတ်(၆) သိကြားမင်းသည် အရင်လူ့ဘဝက မာဃအမည်နှင့် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်းစတဲ့ ကောင်းမှုများလုပ်ခဲ့၍ သိကြားမင်းဖြစ်ပြီးလျှင် ယခုပွင့်ခဲ့တဲ့ ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ထံခဏခဏသွားပြီး တရားနာခဲ့ခြင်းကြောင့် သောတာပန်ဖြစ်သွားပါတယ်။ အဲဒီသောတာပန်ဖြစ်ပြီးနောက် အရင်သိကြားမင်း ဘဝကနေ ယခုတစ်ဖန်ဆက်လက်ပြီး သိကြားမင်းဖြစ်ရပါတယ်။ နတ်မိဖုရားများရခြင်းကတော့ နတ်သမီးဖြစ်လာမည့်သူများသည် နတ်သားများ၏ ဗိမာန်တွင်း၊ ဗိမာန်ရှေ့တည့်တည့်တွင် မဖြစ်ဘဲ လေးဘက်လေးလံနတ်သားများ၏ဗိမာန်ကြားတွင် လာဖြစ်ပါက သိကြားမင်းသည် နတ်သားများ အငြင်းပွားစရာလုစရာဖြစ်နေလျှင် သူကပဲ ကောက်ယူခြင်းကြောင့် နတ်မိဖုရားများရခြင်း ဖြစ်ပေသည်။

နံပါတ်(၇) မိန်းကလေးဘက်ကကြည်ဖြူသော်လည်း မိဘစသောအုပ်ထိန်းသူများထံ တရားဝင်ခွင့်မတောင်းရသေးဘဲ ကျုးလွန်လျှင် အပြစ်ရှိပေသည်။ စေ့စပ်ခြင်းစသည့် တရားဝင်အုပ်ထိန်းသူများထံ ခွင့်တောင်းပြီးသားဖြစ်လျှင်တော့ တကယ်လည်း တရားဝင်လက်ထက်ယူဖြစ်ပါက အပြစ်မရှိပါပေ။

ယခုခေတ် ရည်းစားအတွဲများသည် အုပ်ထိန်းသူရှိသူများအား ကျုးလွန်မိလျှင် အပြစ်ရှိပေသည်။ အထက်ပါ မိန်းမ(၂၀)မှ တစ်ကနေရှစ်အထိ ပါဝင်နေသော မိန်းကလေးများမှာမှု ကာမေသုမိစ္ဆာစာရကံတော့ မထိုက်ပေ။ သို့သော် ယောက်ျားများအား သွေးဆောင်မာယာများမှုရှိပါက အကုသိုလ်အပြစ်တော့ ဖြစ်ပေသည်။ ထို့ပြင် အိမ်ထောင်ကျပြီးသူများသည် မိမိတရားဝင်ယူထားသော မိန်းမမှတစ်ပါး ကျန်သောသူများနှင့် အယုတ်ဆုံး ပြည်တန်ဆာမနှင့်ကျုးလွန်လျှင်လည်း ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။ အိမ်ထောင်မကျသေးသောသူများသည် အုပ်ထိန်းသူက ခွင့်ပြုထားသော ပြည်တန်ဆာမလည်းဖြစ်၊ ကာယကံရှင်ပြည်တန်ဆာမကလည်း ကြည်ဖြူမည်၊ သူများစပွန်ဆာပေးထားတာလည်း မရှိသေးလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ ရာဂသောင်းကျန်မှု အကုုသိုလ်တော့ ဖြစ်ပေသည်။ အုပ်ထိန်းသူက ခွင့်ပြုမထားသော သူများက မိမိအရင် သတ်မှတ်ထားပြီးသား ပြည်တန်ဆာမကိုကျူးလွန်မိလျှင်တော့ ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းတွေရဲ့ တစ်ခုချင်းစီကိုရော၊ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကိုရော၊ မကျုးလွန်သင့်သည့် မိန်းကလေးများကိုရော၊ မကျင့်သင့်သည့်အချိန်ကာလ နည်းစနစ်များကိုပါ ရှင်းပြပြီးဆိုတော့ ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ ဒါ့ကြောင့် ဒီမှာပဲ ဦးဇင်းရဲ့အဖြေကို နိဂုံးချုပ်ရင်း လူသားအားလုံး ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါပေသည်။

ကျမ်းကိုးများ

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊

၂။ အာဂမနီယဝတ္ထု(တည်တောဆရာတော်)

၃။ မဃဒေဝလင်္ကာသစ် အပိုဒ်-၂၃၂

၄။ ပါရာဇိကဏ်အဋ္ဌကထာ

၅။ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀

၆။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄

၇။ သံခိပ်ဋီကာ

၈။ ဘာသာဋီကာ

၉။ ဆဂတိဒီပနီ

၁၀။ စွယ်စုံကျော်ထင်ကျမ်း

 

http://www.sanninaymin.com/ တွင်လည်း ဖတ်ရှု့နိုင်ပါသည်။

12 comments

  • ကြောင်ကြီး

    September 7, 2011 at 8:13 am

    အရှင်ဘုရား တပည့်တော် မရှင်းသည်မျာကို မေးလျောက်ပါရစေ..။
    ၁။ ပို့စ်ပါ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များတွင် မည်သည့်အချက်များသည် ပိဋကတ်တော်လာ၊ အဠကထာကျမ်းလာ ဖွင့်ဆိုချက်များဖြစ်သည်ကို ခွဲခြားသိလိုပါသည်။
    မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရာဇဝတ်သားဆိုသူများကို ကွပ်မျက်သုတ်သင်ရာတွင် လွန်စွာရက်စက် ကြမ်းတမ်းလှသော နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ ဥပမာ – တံကျင်လျှိုကွပ်မျက်၊ ခြေလက်တဖက်စီကို မြင်းများနှင့်ဆွဲဖြုတ်သတ်။ ဘုရားရှင်က ထိုအခြင်းအရာများကို တားမြစ်ဟန့်တားသည်ဟု အထောက်အထား မတွေ့ခဲ့ဘဲ သူ့ကံနဲ့ သူ့အကျိုး၊ အတိတ်ကံ စီမံခြင်းခံရသည်ဟုသာ နားလည်ထားပါသည်။ ဤသည်မှာ ဘုရားရှင်သည် လူ့ကိစ္စများကို ထဲထဲဝင်ဝင် စွက်ဖက်ခြင်း မပြုလုပ်ခဲ့ကြောင်း ထင်ရှားသည့် အထောက်အထားဖြစ်ပါသည်။ သို့ပါလျက် ကာမေသုမိစ္ဆာစာရကံတွင် အသေးစိတ် လိုက်နာဖွယ်ရာ အချက်များ ဖော်ပြထားသည်မှာ ရှေးခေတ်အိန္ဒိယ ယဉ်ကျေးမှု အစဉ်အလာများ ပါဝင်နေသလားဟု တွေးစရာဖြစ်ပါသည်။ ဥပမာ – ငွေပေးဝယ်၊ စစ်ပွဲသုံ့ပန်း၊ ကျွန်ကိုမယားပြု။

    ၂။ ထို့ပြင် ပေးထားသော အချက်များ၌ တခုနှင့်တခု အနက်ဖွင့်ဆိုပုံ မတူညီသည်ကို သတိထားမိပါသည်။ ဥပမာ –
    ၁၄။ စည်းစိမ်ကိုပေး၍ *******aပါင်းသင်းနေသောသူ********။
    ၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘက ******ပေးစားထားသောသူ*********။
    ၁၆။ ခေါင်းခုချ၍ ********လင်မယားအဖြစ်နေသောသူ*********။
    ၁၇။ ကျွန်ကို ********မယားပြုထားသောသူ*******။
    စတားပြထားသောအချက်တို့သည် မယားသတ်မှတ်ချက်တွင် တခုနှင့်တခု မည်သို့ကွာခြားသည်ကို သိလိုပါသည်။

    ၃။ နောက်ဆုံး လျောက်ထားလိုသည်မှာ မယားဟု သိမ်းပိုက်၊ ရယူ၊ ပေးအပ်နှင်း ခံလိုက်ရတိုင်း မယားအရာ မြောက်နိုင်ပါ၏လော။ ဥပမာ – ဝိနည်းလွတ် သိမ်းပိုက်ရယူပြီး (ကျွန်၊ သုံ့ပန်း၊ အကြွေး) လင်ဝတ်တ္တရား အစကထဲက ကျေပွန်ရန် ဆန္ဒမရှိခဲ့လျင်၊ အလုပ်အကျွေးအဖြစ်သာ သဘောထားခဲ့လျင် သူ့မယားအဖြစ် သတ်မှတ်နိုင်ပါမည်လား။ ဘုရားရှင်လက်ထက်က သောတာပန်အမျိုးသမီးတဦး ရှေးရေစက်ကြောင့် သားသတ်မုဆိုးတဦးနှင့် မိဘများသဘောမတူဘဲ အိမ်ယာထူထောင်ခဲ့ကြောင်း ကျမ်းလာများရှိပါသည်။ ထိုအမျိုးသမီးအား ကာမေသုကံနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု ရေးသားချက်မရှိပါ။
    အရှင်ဘုရားထံမှ ဖြေကြားချက်နှင့် ရွာသားများထံမှ ထင်မြင်ချက်များကို စောင့်မျှော်လျက်ရှိပါသည်။

  • Moe Z

    September 7, 2011 at 11:42 am

    အရှင်ဘုရား တပည့်တော်ကြားဖူးသည်မှာ မိမိတရားဝင်ယူထားသော
    ဇနီးမယားပင်ဖြစ်သော်လည်း ဇနီးသည်မှအလိုမတူသောအခါ
    ကာမေသုမိစ္ဆာစာရကံမြောက်သည်ဟုသိရပါသည်။
    ဟုတ်ပါသလားဘုရား..

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 7, 2011 at 1:22 pm

    လိင်တူချစ်သူများ သည်
    မိမိတို့ချစ်သူဖြင့် တူနှစ်ကိုယ် ကြည်ဖြူတာကတော့
    ဖေါ်ပြပါ အပြစ်တွေမှာ မပါရှိတဲ့အတွက်
    လိင်တူချစ်သူများ ကိုယ်စား ကြည်နူးမိပါတယ်ဘုရား
    မိမိကြင်ဘက်ပင်ဖြစ်သော်ငြား
    …………………………………….
    ( ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။
    ၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။
    ၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။
    ၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။
    ၄။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။)
    ……………………………..
    အမှတ်သုံးကတော့ တစ်ရွာလုံး လွတ်ပါ့မလားဘဲတွေးတောစရာပါ
    တော်သေးတယ် တပည့်တော်က ရွာသူတို့ရဲ့ အမှု့ဖြစ်သော
    အိမ်ထောင် ပြုခြင်း အမှု့ကိုရှောင်ရှားသူဖြစ်တဲ့အတွက်
    ကောင်းသော အမှု့ကိုကျင့်သူပါလားလို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ်ဘုရား

    • ချစ်စ/ဆ ရာ

      September 7, 2011 at 1:24 pm

      လိင်တူချစ်သူကြီး မိုက်ကယ်ဂျော်နီအောင်ပု ခင်ဗျား
      အိမ်ထောင်မပြုတာနှင့် စားပြီးနားမလည်တဲ့
      သဘောကို အနည်းငယ် ချဉ်းကပ်ပြပါခင်ဗျ

      • မိုက်ကယ်ဂျော်နီအောင်ပု

        September 7, 2011 at 1:56 pm

        ဟေ့
        မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာ
        ယောက်ျားကွ ယောက်ျား
        လိင်တူချစ်သူမဟုတ်ဘူး မှတ်ထား
        ဒါ အများအကျိုး ပရဟိတ အလုပ်လုပ်နေဒါကွ
        ပြောလိုက်ခြင်ဘူး
        ဘုန်းကြီးကျောင်းထည်းမှာ

  • ဆန်နီနေမင်း

    September 7, 2011 at 2:58 pm

    ဒကာတော် ကြောင်ကြီးရေ ကာမေသုမိစ္ဆာစရကံနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ မူရင်းပါဠိတော်က မသွားလာအပ်တဲ့အရာဌာနမှာ မသွားပါနဲ့၊ ကာမပိုင်ရှိသူကို မကျုးလွန်ပါနဲ့စတဲ့ အကျဉ်းပြလောက်သာ ပါပါတယ်။ ဒါဟာလည်း ဦးဇင်းတို့က ဘုရားဟောပါဠိဘာသာရပ်ကို သေချာမပြန်ဆိုနိုင်တာလည်း ဖြစ်ပါမယ်။ ဒါ့ကြောင့်လည်း အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရှေးဆရာတော်ကြီးများဖြစ်တဲ့ မဃဒေဝဆရာတော်၊ တည်တောဆရာတော်၊ ဦးဇနကာဘိဝံသစတဲ့ဆရာတော်ကြီးများက ဘုရားဟောပါဠိဘာသာကို တက်နိုင်သမျှသိရှိနားလည်အောင် ထပ်မံရေးသားခဲ့ကြတာပါ။

    တကယ်တော့ ဘာသာတစ်ခုရဲ့စကားကို တခြားဘာသာတစ်ခုနဲ့ပြန်တဲ့အခါ လိုရင်းအဓိပ္ပါယ်အကုန်ကို မပြန်ဆိုနိုင်ကြတာ များပါတယ်။ ခုခေတ် အင်္ဂလိပ်စာဘာသာသုံးဖြစ်တဲ့ love-ဆိုတာကို မြန်မာလို အချစ်လို့ပဲ များသောအားဖြင့် ဘာသာပြန်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လူမျိုး သူတို့ဘာသာစကားအရမှာတော့ အဓိပ္ပါယ်အများကြီး ရှိပါသေးတယ်။
    ဒါကို တချို့က အဋ္ဌကထာဆရာတော်များရေးတဲ့ဟာက တစ်ခုနှင့်တစ်ခု ဘာ့ကြောင့် မတူတာလဲ။ အဋ္ဌကထာဆရာများရဲ့စကားကို ယုံကြည်ဖို့ မသင့်ဘူးလို့ ပြောကြပါသေးတယ်။ ဒါဆို အင်္ဂလိပ်စာကို မြန်မာလိုဘာသာပြန်တဲ့ အဘိဓာန်စတဲ့စာအုပ်တွေမှာရော ဘာ့ကြောင့် တစ်ခုနှင့်တစ်ခု မတူကြတာလဲ။ ဒါကိုလည်း စဉ်းစားရမှာပါ။

    တကယ်တော့ အဋ္ဌကထာဆရာများရဲ့စကား၊ ဋီကာဆရာများရဲ့စကားကို ကမ္ဘာကဉာဏ်အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ မင်းကွန်းဆရာတော်၊ လယ်တီဆရာတော်တို့တောင် အဋ္ဌကထာ၊ ဋီကာဆရာတော်တို့လောက် ဘုရားဟောပါဠိစာများကို မကြံဆနိုင်၊ မတွေးတောနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ဆရာတော်များကတောင် အဋ္ဌကထာ၊ ဋီကာဆရာများရဲ့ ဖွင့်ဆိုချက်များကို လက်ခံခဲ့ကြပါတယ်။

    ဒါကို မိမိတို့ဘာမဟုတ်တဲ့ဉာဏ်လေးရှိတဲ့လူက ယုံကြည်စရာမဟုတ်ဘူး။ ယုံကြည်ဖို့မကောင်းဘူးလို့ ဘာ့ကြောင့်များ ပြောရတာလဲ။ ဘယ်လိုသက်သေပြနိုင်လို့လဲ။ အဋ္ဌကထာ၊ ဋီကာဆရာများထက် ပိုပြီး ဘုရားဟောများကို ဖွင့်ဆိုကြံဆနိုင်လို့လား။ ဒါမှမဟုတ် မင်းကွန်းဆရာတော်၊ လယ်တီဆရာတော်တို့ထက် ဉာဏ်များကောင်းနေကြလို့လား။ အဲဒီတော့ မိမိမကြံဆနိုင်၊ မတွေးတောနိုင်၊ မဖွင့်ဆိုနိုင်ရင် မယုံကြည်သင့်ဘူးလို့ မပြောသင့်ပါ။ မိမိစိတ်ကို မိမိသာလျှင် အစိုးရသည်မို့ မိမိဘာသာ စိတ်ထဲက မယုံကြည်လျှင်တော့ မယုံကြည်ပါနဲ့လို့ပဲ ပြောရပါစေ။

    ဒကာတော်ကြောင်ကြီးရဲ့ မေးခွန်းများကို ဦးဇင်းတက်နိုင်သလောက် ဖြေပေးပါမယ်။
    (၁) ဘုရားရှင်ဟာ အာဏာရှင်ဘုရင်များရဲ့ အမိန့်ဖြင့် အပြစ်ရှိလို့ သတ်ဖြတ်ခံရသူကို မသတ်ပါနဲ့ ဒီလိုမလုပ်ပါနဲ့ ပြောပြခြင်း မရှိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းဟာ အပြစ်များတယ်ဆိုတာကတော့ တေမိဇာတ်ကို ဖတ်ဖူးလျှင် ဘုရားလောင်းက ဘယ်လောက်အပြစ်များတယ်ဆိုတာ ပြောခဲ့တာကို သိပါလိမ့်မယ်။ နောက်တစ်ခုက သူများလုပ်နေတဲ့အလုပ်ကို ဘုရားရှင်က ဝင်ရောက်နှောက်ယှက်ခြင်း မလုပ်ပါဘူး။ သူ ဒါလုပ်ရင် ဒီလောက်အပြစ်တွေ ခံစားရမယ်။ နောက်လူတွေ ဒါမျိုးမလုပ်နဲ့လို့ တခြားလူတွေကိုပဲ ဟောခဲ့တာပါ။ ဘုရားရှင်က သူများလုပ်မဲ့ဟာကို တားခဲ့မယ်ဆိုရင် အဇာတသတ်လည်း သူ့အဖေကို သတ်ဖြစ်မှာမဟုတ်သလို ဒေဝဒတ်လည်း ဘုရားရှင်ကို ပြစ်မှားမိမှာ မဟုတ်ပါဘူး။ ဘုရားရှင်သာ တကယ်သူများလုပ်တာကို လိုက်တားနေမယ်ဆိုရင် သဗ္ဗညုတဉာဏ်နှင့်ကြည့်ပြီး အကုန်တားလို့ရပါတယ်။

    (၂) မှာမေးထားတဲ့ မတူညီတဲ့အချက်များက ရှေးဆရာတော်များရဲ့ စကားအသုံးအနှုံး မတူတာပါ။ တကယ်တော့ အဓိပ္ပါယ်ချင်းကတော့ အတူတူပါပဲ။ ခုခေတ်မှာလည်း တချို့က ချောတဲ့ကောင်မလေးကိုမြင်ရင် မိုက်တယ်လို့ ပြောကြပါတယ်။ တချို့ကျတော့လည်း လန်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ လှတယ်ချောတယ်ဆိုတာကိုပဲ ပြောကြတာပါ။ အဲဒီလိုပါပဲ
    စည်းစိမ်ပေးပေါင်းသင်းတယ်ဆိုတာ ယခုခေတ် မိန်းကလေးက သဘောမတူဘဲ မိဘကိုစည်းစိမ်ပေးပြီး သိမ်းပိုက်ယူတာမျိုးကို ပြောတာပါ။ ဒါဟာလည်း ယခုခေတ်မှာ ပြုလုပ်နေပါသေးတယ်။

    ရေခွက်လက်ဆုံးချပေါင်းတယ်ဆိုတာ မိဘကဖြစ်စေ အကိုအမတို့ကဖြစ်စေ ချစ်သူနှစ်ယောက်ကို သဘောတူတယ်ဆိုပြီး လက်ချင်းဆက်ပြီး ပေးစားတာမျိုးကို ဆိုလိုပါတယ်။
    ခေါင်းခုချ၍ပေါင်းသင်းတယ်ဆိုတာ ခေါင်းရွက်ပြီးဟင်းသီးဟင်းရွက်စတာတွေ ရောင်းစားနေရတဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးက မင့် ဒါတွေလုပ်ရတာ ပင်းပန်ပါတယ်။ မင့်မလုပ်ပါနဲ့တော့။ မင့်ကို ကိုယ်ပဲ ထာဝရလုပ်ကျွေးပါမယ်ဆိုပြီး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ်။

    ကျွန်းကိုမယားပြုတယ်ဆိုတာကတော့ ယနေ့ခေတ် အိမ်ဖော်ကောင်မလေးကို အိမ်ရှင်ဖြစ်တဲ့ မုဆိုးဖိုးကဖြစ်စေ၊ လူပျိုကြီးကဖြစ်စေ၊ တခုလက်ယောက်ျားကဖြစ်စေ အိမ်မှာပဲအမြဲခေါ်ထားပြီး ပေါင်းသင်းနေထိုင်တာမျိုးကို ဆိုလိုပါတယ်။

    တကယ်တော့ အထက်ကပေါင်းသင်းနေထိုင်မှုတွေဟာ လူသိရှင်ကြားဖော်မပြဘဲ ပေါင်းသင်းတဲ့ဟာမျိုးတွေကို ဆိုလိုတာပါ။ ယနေ့ခေတ် ချစ်သူများခိုးပြေးပြီး ရုံးတက်လက်မှတ်ထိုးယူကြတာတွေလည်း အဲဒီထဲမှာ ထည့်လို့ရပါတယ်။

    ၃။ မိန်းကလေးဆိုသည်မှာ အားနွဲ့ပါတယ်။ လုပ်စားဖို့လည်း ခက်ပါတယ်။ တစ်ယောက်တည်း ဘဝမှာရှင်သန်ဖို့လည်း ခက်ပါတယ်။ အဲဒီတော့ ယောက်ျားတစ်ယောက်က ဘယ်လိုနည်းနဲ့ဖြစ်စေ သူ့ကိုပေါင်းသင်းပါမယ်ဆိုရင် များသောအားဖြင့် မိန်းကလေးတွေဟာ စိတ်မပါသော်လည်း လက်ခံရတာ များပါတယ်။ ဥပမာ-အိမ်ဖော်တစ်ယောက်ကို အိမ်ရှင်ဖြစ်တဲ့ယောက်ျားက အနိုင်ကျင့်ပြီး ငါ့မင့်ကို တရားဝင်ယူပါမယ်လို့ပြောရင် အဲဒီအိမ်ဖော်မိန်းကလေးဟာ အားကိုးရာမရှိပါက စိတ်မပါသော်လည်း လက်ခံရတာ များပါတယ်။ အဲဒါကြောင့် ဇနီးမယားဖြစ်သွားရပါတယ်။

    သောတာပန်အမျိုးသမီး မုဆိုးနှင့်အိမ်ထောင်ကြတာ မှန်ပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးဟာ လွတ်လပ်သူဖြစ်လို့ ကာမေသုမိစ္ဆာစာရကံ မထိုက်ပါဘူး။ ဒါ့ပြင် သောတာပန်ဆိုတာကလည်း တဏှာရာဂမကုန်သေးတဲ့အတွက် အိမ်ထောင်ပြုလို့ရပါတယ်။

    ကိုင်း စာလည်းများသွားပြီ။ ထပ်မရှင်းတာများ ရှိပါက ထပ်မံမေးမြန်းနိုင်ပါတယ်။ ဦးဇင်းလည်း ပြည်ပမှာပညာသင်နေတာမို့ ပလ္လင်ပေါ်တက်တရားမဟောနိုင်သေးလို့ အွန်လိုင်းကနေပဲ တက်နိုင်သမျှ၊ သိသမျှလေးကို နေ့စဉ်နဲ့အမျှ ပညာပါရမီဖြည့်ရင်း သာသနာတိုးတတ်အောင် လုပ်ဆောင်နေပါတယ်။
    အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်………။

    • ကြောင်ကြီး

      September 8, 2011 at 9:43 am

      တကူးတက ဖြေကြားပေးလို့ ကျေးဇူးတင်ပါသည် အရှင်ဘုရား။ အမြင်မတူသည်များကို ဖယ်ထားပြီး အမြင်တူသည်များကို လျောက်တင်ရလျင် ဘာမှပြောစရာ မရှိပါဘုရား။ သို့ကလို ဆိုပါက သဂျီးထံမှ ကျနော်သုံးကျပ်၊ အရှင်ဘုရားလည်း နဝကမ္မ ခုနှစ်ကျပ် ရရန်မသေချာ၍ အနည်းငယ် အထွန့်တက်ပါမည်။
      အထူးအားဖြင့် အမှတ်(၂) လူသိရှင်ကြား ဖော်မပြတဲ့ ပေါင်းသင်းနေထိုင်မှုမျိုးဆိုပါလျင် ယနေ့ခေတ် လက်မထပ်ပဲအတူနေ၊ ရံဖန်ရံခါနေ အတည်တကျ စုံတွဲများလည်း အကြုံးဝင်နိုင်ပါသည်။ ဤသည်မှာ အဋ္ဌကထာဖွဲ့ဆိုခြင်း သဘောသဘာဝ၏ အားနည်းချက် ဖြစ်ပါသည်။ အားသာချက်မှာ ခေတ်နှင့်လျော်ညီစွာ ဆုံးမပဲ့ပြင်နိုင်ခြင်း ဖြစ်ပါသည်။ တပည့်တော် ပုဂ္ဂလိက အနေဖြင့်ကတော့ အဋ္ဌကထာ ဖွင့်ဆိုချက်များအပေါ် အရှင်ဘုရားပြောသလို ယူနိုင်သည်ကိုယူ မယူနိုင်သည်ကို မယူယုံ ရှိပါသည်။ စော်ကားပြစ်တင်လို စိတ်မရှိသလို လိုအပ်လာလျင်လည်း ဝေဖန်သုံးသပ်ဖို့ ဝန်မလေးပါကြောင်း ရိုသေစွာလျောက်ထားအပ်ပါသည်။

      • Foreign Resident

        September 17, 2011 at 4:55 pm

        – ကမ္ဘာကဉာဏ်အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ မင်းကွန်းဆရာတော် ?????

        The world appreciates “မင်းကွန်းဆရာတော်” memory only.
        ( I think Pentium I computer can do the same memory job )

        I think,
        The world never appreciates “မင်းကွန်းဆရာတော်” in ideology & philosophy.

        May I know,
        “မင်းကွန်းဆရာတော်” made any invention of idea or philosophy ???

        – အဋ္ဌကထာ ဖွင့်ဆိုချက်များအပေါ် ယူနိုင်သည်ကိုယူ မယူနိုင်သည်ကို မယူယုံ ရှိပါသည်
        – လိုအပ်လာလျင်လည်း ဝေဖန်သုံးသပ်ဖို့ ဝန်မလေးပါကြောင်း

  • weiwei

    September 8, 2011 at 9:57 am

    အရှင်ဘုရားရေးတာတွေဖတ်ကြည့်ရသလောက် အရှင်ဘုရားက နှာစေးချောင်းဆိုးရောဂါမရှိပဲ ကျန်းမာစွာဖြင့် ဘာသာ သာသနာအတွက် အလုပ်လုပ်နေတယ်လို့ တပည့်တော် ထင်ပါတယ်ဘုရား …
    အရှင်ဘုရားရေးတဲ့ပို့စ်တွေကို ဖတ်ကြည့်ဖြစ်ပေမယ့် အထူးတလည် အမြင်မတူစရာ မတွေ့ခဲ့လို့ ကွန်မန့်မပေးဖြစ်ခဲ့ပါ … အားပေးနေပါကြောင်း အသိပေး လျှောက်ထားအပ်ပါသည် …

  • kai

    September 8, 2011 at 12:06 pm

    ငါးပါးသီလကို.. အဋ္ဌကထာ၊ဋီကာဆရာပြန်ဖွင့်ချက်တွေမပါ..တခြားငယ်ဖြူဆရာတော်ကြီးတွေပြန်ရှင်းပြတာမဟုတ်ပဲ.. မူရင်းပါဠိတော်ကအတိုင်း… တိုက်ရိုက်မြန်မာလို ပြန်ရေးထားတာများရှိရင် ဖတ်ချင်မိပါတယ်ဘုရား..။

  • မီးမီး သော်

    September 8, 2011 at 12:55 pm

    အရှင်ဘုရား ကျေးဇူးကြီးပါတယ်။ခုလိုမျိုး များများရေးပေးပါဘုရား။

  • ဆန်နီနေမင်း

    September 8, 2011 at 1:01 pm

    ဟုတ် ဒကာ ကြောင်ကြီး၊ ယခုခေတ် Living together ဆိုတဲ့အတူနေမှုများဟာ နှစ်ဦးသဘောတူလည်းဖြစ်မယ်။ မိန်းကလေးဘက်ကလည်း အုပ်ထိန်းသူမရှိ၊ ပိုင်ရှင်မရှိဖြစ်ရမယ်။ ယောက်ျားလေးကလည်း လူလွတ်ဖြစ်ရမယ်။ အဲဒါမှသာ ကံမထိုက်မှာပါ။ အဲဒီလို မိန်းမယောက်ျားနှစ်ဘက်လုံးမှာ ချို့ယွင်းချက်ရှိရင်တော့ ကံထိုက်ပါတယ်။ ဒါကိုလည်း ယခုခေတ်မှာ နားမလည်လို့လား၊ သိသိကြီးနဲ့မိုက်နေကြတာလားဆိုတာတော့ မပြောတတ်ပေ။

    ငါးပါးသီလကို မြတ်ဗုဒ္ဓဟောတော်မူခဲ့တဲ့ပါဠိတော်အတိုင်း သိချင်ဖတ်ချင်လေ့လာချင်ပါက သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ အဘိသမယဝဂ်၊ နခသိခသုတ်ထဲတွင် ငါးပါးသီလ၊ ရှစ်ပါးသီလအကြောင်းများကို ဟောကြားတော်မူခဲ့တာရှိပါတယ်။ အဲဒီမှာ လေ့လာလိုက်ပါ Kai ရေ။

Leave a Reply