၁။ ပင်လယ်ထဲမှာ ရွာတဲ့မိုး
၂. No-name
၃. Long-Exposure Photography ..
၄. Head-to-Head
၅. Model
၂၀၁၁ မေမှာ ငွေဆောင်ရောက်တော့ ရိုက်ဖြစ်တဲ့ထဲကတချို့ပါ..
ဒါ့ပုံစရိုက်ဖြစ်ပြီးမှ ပထမဆုံး ပင်လယ်ခရီး အဖြစ် အမှတ်တရပါ .. ခုချိန်ပြန်ကြည့်တော့ အားမရပါ ….
Post Views: 260
9 comments
တညင်သား
September 16, 2011 at 10:34 pm
ပညာရှင် အဆင့် ပဲ………………
mr.lone
September 19, 2011 at 9:59 am
ပုံတွေက internet ထဲကကူးထားသလား အောင့်မေ့ရတယ်…. တတိယပုံက ငွေဆောင်ဘယ်နားမှာရိုက်တာ
လဲ…..ရေငွေ့တွေလားမြူတွေလား….
weiwei
September 19, 2011 at 10:10 am
တော်တော်လှတာပဲနော် …. ဓါတ်ပုံတွေ မူရင်းဆိုဒ်အတိုင်း ကူးချင်တာ အင်တာနက်လိုင်းက မကောင်းဘူး … ဒီအတိုင်းကူးရင် ဆိုဒ်သေးသေးလေးတွေလဲရတယ် ….
ပုံတွေမှာ effect တွေ ထည့်ထားသေးလား …
inz@ghi
September 22, 2011 at 10:09 am
ကူးနိုင်ပါသည်ခင်ဗျား .. ဆစ်ဂနေချာလေးသာ crop မလုပ်လိုက်ဖို့ တောင်းဆိုပါသည်ခင်ဗျား..
effectတွေသုံးသလားဆို .. grad filter နဲ့ nature density filterတွေသုံးထားပါတယ်ဗျ..
photoshop အနေနဲ့ကတော့ brightness/ contrast နဲ့ midtone လောက်တော့ပြင်ပါတယ်..
etone
September 19, 2011 at 10:58 am
တကယ်ရိုက်လာတာမှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိပါတယ် … ။ တိမ်တွေ မြူခိုးတွေက ငွေဆောင်မှာ မရှိလောက်ဖူးထင်တယ်နော် …အရောင်တွေကလည်း မူလရောင်တွေ မဟုတ်လောက်ဘူး …
head to head ကလည်း ငွေဆောင်ဘယ်နားမှာလဲ … ။
manawphyulay
September 19, 2011 at 10:59 am
သုံးပုံမြောက်ကရော တကယ်ရိုက်လာတာလား… အရင် ဖိုတိုရှော့ဆိုက်တစ်ခုမှ မြင်ဖူးနေလို့မေးကြည့်တာပါရှင်….
inz@ghi
September 21, 2011 at 2:00 pm
တကယ်ရိုက်ထားတာပါခင်ဗျား …
တတိယပုံက long exposure photography ဖြစ်ပါသည်
seascape လို့ပြောလို့ရပါသည်…
aperture ကို 22ထားပြီး စက္ကန့် ၁၂ဝကျော် ရိုက်ထားတာပါခင်ဗျား
remote နဲ့ tripod သုံးပါသည်
လှိုင်းတွေ အားလုံး ဝါး(blur)သွားလို့ ဝူခုံးကားထဲက နတ်ပြည်လိုမျိုး မြူခိုးတွေ လိုဝေနေတာပါခင်ဗျား..
head-to-head က ချစ်သူများကျွန်း ..ကျောက်ဆောင်တွေဘက်ခြမ်းဖြစ်ပါသည်ခင်ဗျာ
နောက်ဆုံးပုံကတော့ အဖေနဲ့ အမေ ဖြစ်ပါသည်ဗျား…. 😛
ဆူး
September 21, 2011 at 2:18 pm
ပုံတွေက လှလွန်းလို့ မယုံနိုင်လောက်အောင်ပါပဲ။
ချီးကျူးပါတယ်။ ငွေဆောင်ကိုတော့ တခါမှ မရောက်ဖူးသေးဘူး။
နွယ်ပင်
September 22, 2011 at 10:44 am
ပုံလေးတွေက အရမ်းလှပါတယ် ငွေဆောင်မှာ ရိုက်တယ်လို့တောင် မထင်ရဘူးပဲ …….