လက်ကျန်
-ချစ်ဖို့တော့ နှလုံးသားပါခဲ့တယ်…
ပစ်ဖို့တော့ မဟုတ်ပါဘူး..ချစ်ရသူ…။
မနှစ်မြို့တဲ့ အပြုံးတွေ လက်ဆင့်ကမ်းလို့
ရစ်ဖို့တော့ နှလုံးသား ကို မကျီစား ပါနဲ့ကွာ….။ ။
-ဆောင်းတွင်းမှာပေါ့ချစ်ရသူ…
မင်းချမ်းနေမယ်ဆိုရင်
ငါကိုယ်တိုင်မီးအဖြစ်ပေါ့..
-မိုးတွင်းမှာပေါ့ ချစ်ရသူ…
မင်းကိုစိုမယ့် မိုးအတွက်
ငါကိုယ်တိုင် ထီးအဖြစ်ပေါ့လေ…
-ငါ့ကိုယ်တိုင် ငါပိုင်ခဲ့ပေမယ့်
ငါ့နှလုံးသား ငါ မပိုင်ခဲ့ဘူးလေ…။
-မင်းကိုတွေ့တိုင်းသာခုံနေတဲ့ရင်ခွင်
အားအင် မရှိတော့ရင်တောင်မှ
လှုပ်ခပ်နိုင်သေးတယ်…။
ဒါဟာဒီနေ့အတွက်တော့ တမ်းချင်းတစ်ပုဒ် ပဲ ချစ်ရသူ..
နောက်နေ့ အတွက် ကတော့………….
ဆုံလာမယ့်အကြည့်တွေထဲမှာ ငါ ရေးပေးခဲ့မယ်။ ။
3 comments
chartatelay
September 21, 2011 at 12:39 pm
စာသားလေးကကောင်းပါတယ်
kyarphyu
August 3, 2012 at 3:44 pm
ဆုံလာမယ့် အကြည့်တွေကိုကော ရင်ဆိုင်နိုင်တဲ့ သတ္တိကော ရှိရဲ့လား……..?
mamanoyar
August 3, 2012 at 3:48 pm
-ငါ့ကိုယ်တိုင် ငါပိုင်ခဲ့ပေမယ့်
ငါ့နှလုံးသား ငါ မပိုင်ခဲ့ဘူးလေ…။
ဒါဆို ဘူပိုင်တာလဲဟင် ??????????