Best Teacher (9) ဆရာမ အတွက် သစ်ခွပန်း တစ်ပွင့်
Best Teacher (9) ဆရာမ အတွက် သစ်ခွပန်းတစ်ပွင့်
ဒီ တစ်ခါရေးချင်တာကတော့ ၁၉၆၄ ခုနှစ် (မဂ္ဂဇင်းအမည် မမှတ်မိတော့) တုန်းက ဆရာ
မောင်စွမ်းရည် ရေးခဲ့တဲ့ ကဗျာလေး ကို ခံစားမိတာပါ။
တပည့်ငယ်၏ နောင်ရေး
ကျက်စာတွေ မင်းမကျက်ပါလ
ကျက်ပါလဲ ညက်စွာမရပါဘူး
ခက်ပါလှ တပည့်ရယ်။
ဆရာစိတ်မောပါဘိ
ငေါက်သောအခါမျက်ရည်လည်လို့
ရိုက်မည်ရွယ် မျက်ရည်ကျလို့
မင်း ဘာကြောင့် ညံ့လေတယ်
ဆရာမေးပြန်တော့။
တပည့်လေးအဖြေထွက်တာက
နံနက် ဆိုစောစွာထပေမဲ့
သူများလို အချိန်ပိုမရပါဘု
လင်းစမှာ ရေကိုရောင်းလို့။
ကျောင်းဆင်းချိန် ထင်းလည်ခွဲပါရ
ပဲတစ်လည်မယ် ဆန်တစ်ဆုပ် အတွက်
အလုပ်ရှုပ်လို့ စာမကျက်သာတယ်
ခက်ပါတယ် ဆရာရဲ ့ ဝမ်းစာခင်း..တဲ့။
ဪ .. တပည့်ငယ် ငိုတစ်ရှိုုက်နှင့်
ဖြေလိုက်ပုံ ဆရာကြားရတော့
နားမသာ အားနာမိပါရဲ ့
မချိပေါင် တပည့်နောင်ရေးဟာလည်း
စိတ်လေးဖွယ်မှုံ တဝါးပါလ
တရားခံ ဖွေရှာလို့
ရှာရင်းသာ စိတ် မကောင်းသနှင့်
ပန်းတိုင်းသာပွင့်စေကြောင်းကို
ဆုတောင်းရုံ ပြုရပါတယ်
ဆရာ့မှာ ရွှင်မပျ ပါဘု
ချမိ သက်ပြင်း။
ဆရာမောင်စွမ်းရည်ကို တကယ်ကို လေးစားကျေးဇူးတင်ပါတယ်။
ကိုယ်တွေလည်း သက်ပြင်းခဏခဏ ချမိပါတယ်။ ဒီ သက်ပြင်းတွေ စုထားမယ်ဆိုရင်
ဆူနာမီ တစ်လှိုုင်းစာလောက် ကိုရှိရော့ မယ် ထင်ပါရဲ ့။ နောက်ဆုံးမှာတော့ သက်ပြင်းပင်စင်
ယူပြီး သက်ငင် အနားယူနေပါပြီ။
တစ်ခါတုန်းက ဖတ်မိခဲ့တဲ့ ဝတ္ထုလေးတစ်ပုဒ် ပြန်သတိရမိတယ်။ စာရေးဆရာ အမည်မမှတ်မိတော့ တာ ခွင့်လွှတ်ပါ။ စာရေးဆရာရဲ ့ အာဘော် ကိုမှတ်မိ သလောက် ကိုယ့် စကားနဲ့ ပြန် ဖော်ပြရတာ ခွင့်လွှတ်ပါ။ မူလ စာရေးဆရာကို လေးစားလျှက်ပါ။
မူလတန်းကျောင်းငယ်လေး တစ်ခု မှာ ကျောင်းသား ကျောင်းသူ တွေသိပ်ချစ်တဲ့ ဆရာမလေး
တစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ နေ့တိုင်း သူတို့ ဆရာမ ပန်ဖို့ ပန်းပေးကြပေမဲ့ မပေးနိုင်ရှာတဲ့ ကလေးလေးတစ် ယောက်လည်းရှိတယ်။ သူ့ခမျာ နေ့တိုင်း စိတ်ညစ်နေရှာတယ်။ တစ်နေ့ တော့ ကျောင်းအစောကြီး လာပြီး ဆရာမ စားပွဲပေါ်မှာ အင်မတန် လှပ တဲ့ ဈေးကြီးတဲ့ သစ်ခွပန်းကြီးတစ်ပွင့် ဆွတ်ဆွတ်ဖြူနေတာပဲ ၊ ဆရာမ စားပွဲပေါ်မှာ လာတင်ထားသတဲ့။
ဆရာမလေးလည်း အတန်းထဲ ဝင်လာရော ဒီ သစ်ခွပန်းကြီး ကို မြတ်မြတ်နိုးနိုး နဲ့ မွှေးကြည့်လိုက်ပြီး ကေသာ ဆံထုံး ထက်မှာပန်ဆင်လိုက်တယ်။ ကျန်တဲ့ ပန်းလေးတွေ ကို ခါတိုင်းလိုပဲ ရေဖန်ခွက်လေးထဲမှာ ထိုးစိုက်ထားလိုက်တယ်။ ပြီးတော့ အတန်း သန့်ရှင်းရေးလုပ်ထားကြတာစစ်ဆေး၊ နာမည်စာရင်းခေါ်၊ စသဖြင့် အတန်းတာဝန်တွေစတင် ဆောင်ရွက်ပါတော့တယ်။
စာသင်ပြီး လေ့ကျင့်ခန်းစာအုပ်တွေစစ်ဆေးရင်းနဲ့ စာအုပ်လာပြတဲ့
သစ်ခွပန်းလာထားသူ ကလေးကို ပြုံးပြရင်း “ သားဆရာမ အတွက် ယူလာပေးတဲ့ ပန်းက သိပ်လှတာပဲကွယ်။ ဒါပေမဲ့ ငါ့ သား နောက်တစ်ခါ ဒီလိုဈေးကြီးတာတွေ မယူခဲ့ရဘူးနော်။”
လို့ ခပ်တိုးတိုးလေး ပြုံးပြီးပြောလိုက်တယ်။ သူချစ်တဲ့ဆရာမ ဆီ က တုံ့ပြန်မှု ချိုချို ရပြီးပြီဆိုတော့ သားငယ်လေး ခမျာ အရင်လို စိတ် မညစ်တော့ဘဲ သူ့ထိုင်ခုံ မှာပြန်ထိုင်ပြီး စာတွေ အော် ကျက်နေတော့တာပါပဲ။
အမှန်တော့ ဆရာမလေးကို အခြားကျောင်းသားတစ်ယောက်က တိတ် တိတ်လေး သတင်းလာပေးထားပြီးသားပါ။ သားငယ်လေးတို့ အိမ်က သုသာန်နားမှာလေ၊ သူ
ဒီ သစ်ခွလှလှကြီး ကို ဘယ်က ယူလာမလဲဆိုတာ ဆရာမလေး သိပြီးသား ဆိုပါတော့။
ကဲ မိတ်ဆွေရော သက်ပြင်းချမိ တယ် မဟုတ်လားဟင်။
ကိုယ်တို့တစ်တွေ ဆရာမ ဘဝ ကို ရယူပိုင်ဆိုင်ကြ ပြီ ဆိုကတည်းက ကလေးတွေ ကို ရင် ဝယ် သား ကဲ့သို့ ကျောသားရင်သား မခွဲခြားဘဲ မေတ္တာ ပေးကြရမယ် ဆိုတာ မမေ့သင့် ကြပါဘူး။
မိတ်ဆွေတို့ရေ
Best Teacher နဲ့ မဆိုင်တဲ့ မေးခွန်းလေးတစ်ခုပါ။ ကိုယ် က Typing နှေးတော့ တိုက်ရိုက်
Internet Surfing လုပ်နေတုန်းရိုက်ရင် Bill သိပ်တက်မှာလေ။ ဒါကြောင့် Memory Stick
ထဲမှာ အေးအေးဆေးဆေး ရိုက်ထားပြီးမှ Mandalay Gazette ထဲကို ဝင်၊ ပြီးမှ Publish
လုပ်တာလေ။
အဲဒီတော့ Cut and Paste လို့ ပြတော့ ကိုယ်တိုင် မရေး ကော်ပီလေး လို့ ပြောတာလားဟင်။ နားမလည်လို့ မေးတာ မကော ကြနဲ့နော်။
6 comments
ရွှေအိမ်စည်
September 25, 2011 at 10:09 pm
မင်္ဂလာပါဆရာမ
ဒီဆရာမက..ကျနော်နဲ ့ဖေ ့ဘုတ်မှာသတဲ ့ဆရာမနဲ ့တူမယ်ထင်ပါတယ်…။
—————–
ကဲ ဆရာမဘလော ့လေးစပြောကြည့်မယ်…
ကျောင်းသားဆိုတာ…ဆရာမကိုအမှန်ဆုံးဝေဖန်နိုင်တဲ ့သူဆိုတာ..ဆရာမကောလက်ခံပါတယ်နော်….
——
ကျနော်မှာ.၁ဝနှစ်သားအရွယ ်ပြည်မြို ့ ရောက်တော့..လူသစ်တွေနဲ ့ပေါင်းရတယ်…
အခန်းရဲ ့နောက်ဆုံးတန်းမှာတစ်ယောက်ထဲ ထိုင်နေရတဲ ့ကျောင်းသူတစ်ယောက်တွေ ့တယ်..သတိထားမိတယ်ဆိုပါတော့…သူမှာသူငယ်ချင်းမရှိဘူး…..
ကျနော့်အတန်းပိုင်ကဆိုးလိုက်တာဗျာ……
ရုပ်ရည်ရူပကာလည်းအများနဲ ့မတူှသလို ..အပြောကလည်းဆိုးလိုက်တာ…
စကားချိုဝဲတဲ ့မော်လမြိုင်အရပ်ကလာသူဆိုတော့…..ဒီလိုကြားမိတာအဆန်းဘဲ
သူမမှာသူငယ်ချင်းမရှိသလို ..ဆရာမရဲ ့အကြင်နာ..အသိမှတ်ပြုမခံရဘူးဗျ…
ဒါနြ ့ကျနော်(လူသစ်)ကသူနဲ ့သူငယ်ချင်းဖြစ်ပါတယ်မိတ်ဖွဲ ့ပါတယ်…
နောက်မှပြောတာသိရတယ်…သူမိဘက…ပြည်..ကန်တော်ဦးသုသာန် ကပါ..
….
ကျနော်..ဒါလေးဖတ်ရတော့ သူငယ်ချင်းမလေးကိုပြန်သတိယပါတယ်…..
သူလည်း၁ဝတန်းနှစ်မှာဆုံးသွားပါတယ်…..
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာမဟာ….ကျနော်ငယ်ငယ်ကဆရာမနဲ ့မတူတာကျေးဇူးတင်ပါတယ်ဗျာ…
ကျနော်ကတော့..လူကိုလူလို မြင်သလို ..
ပန်းကိုပန်းလို ့ဘဲမြင်ပါတယ်…..။
ဆရာမလည်း….ရင်ဝယ်သားလို ့သာသဘောထားရင်..သူဘဝအတွက်..အားပါဆရာမရယ်….
သူလည်းအများသူဌာလိုပေးချင်တာပါဗျာ…
လေးစားခင်မင်လျှက်ပါဆရာမ
TTNU
September 25, 2011 at 10:41 pm
ရွှေအိမ်စည်ရေ
ဟုတ်ပါတယ်။ Facebook က အန်တီပါ။
ကျောင်းသူကျောင်းသားဆိုတာ ဆရာ ဆရာမ တွေရဲ ့ ကြေးမုံပြင်ပါ။ မဲ့ကြည်ရင် မဲ့ ရုပ်ထင်ပြီး ပြုံးပြရင် ပြုံးရိပ်
မြင်ရတဲ့ သက်ရှိ Indicator တွေ လို့ လက်ခံထားပါတယ်။ ဒါကြောင့် သူတို့ အခြေအနေကို ကြည့်ပြီး သင်နည်းတွေ ပြောင်းသင်နိုင်တဲ့ ဆရာဆရာမ ရဲ ့ Teaching Expertise အရေးကြီးနေတာပေါ့။
————–
ပြည်မှာကျောင်းနေဖူးတာလား။ အန်တီက မှော်ဇာမှာနေဖူးတယ်။ ရွှေအိမ်စည်မြင်သလို လူကလူပါ၊ ပန်းကပန်း
ပါဆိုတာ သဘောကျပါတယ်။ သုသာန်က ပန်းကို တပည့်လေးယူလာပေးတော့ အမလေး တ ပြီးထွက်ပြေးမဲ့ ဆရာမတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ အရဲစွန့် လက်ခံရတဲ့ ဆရာမတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ အရေးကြီးတာကတော့ ဒီလို စိတ်မှာ Stigma ရှိနိုင်မဲ့ ကလေးတွေ အတွက် ဆရာမရဲ ့ မေတ္တာ နဲ့ နားလည်ပေးနိုင်ခြင်း ပဲပေါ့။
ရွှေအိမ်စည်
September 26, 2011 at 12:53 am
မှော်ဇာဆိုတော့ဩဇာသီးပေါ်တာပေါ့…..
အင်း..ဆရာမနဲ ့ဆိုကျနော်ဂေဇတ်ကလူသိတာ….၃ယောက်ရှိပါပြီ..
ကျနော် မိဘများက..ဝန်ထမ်းဆိုတော့..အမြို ့မြို ့အနယ်နယ်ရောက်ဘူးပါတယ်..။
..
ကျနော်ဆို..သူ ့တို အိမ်လိုက်လည်ဘူးတယ်..ခဏခဏရောက်ပါတယ်..
သွားတာ.ကြာတော့အုတ်ဂူတွေ ထိုင်ခုံတွေ မှာ…မော်ရင်တောင်နားပါရဲ ့ဗျာ..
နယ်မှာအုတ်ဂူတွေ ကိုထိုင်ခုံပုံစံလုပ်တာ..ဆရာမတွေ ့ဘူးမှာပါနော်…
ကျနော်က..သူ ့တို ့အိမ်မှာလည်းထမင်းစားဘူးတယ်ဗျ….
ဇာတ်နိမ့်တယ်..မြင့်တယ်လို ..ကျနော်အဖေကလည်း…မသတ်မှတ်တတ်ပါဘူး…
ဒါကြောင်းကျနော်သွားလည်တာမတားမြစ်ပါဘူး…။အဖေကအဲ ့ဒိအလုပ်လုပ်သူကိုကျေးဇူးတင်ထိုက်သူလို ့ဘဲပြောခဲ ့ပါတယ်ဗျာ..။
အဲ ့သလိုတွေ ဖတ်ရရင်…ကျနော်ကိုသွန်သင်ခဲ ့တဲ ့အဖေတွေ ကိုအရမ်းတန်ဖိုးထားမိပါရဲ ့
ရွှေဘိုသား
September 26, 2011 at 10:39 am
အော်မြန်မာပြည်မှာ ရှားပါးနေတဲ. ဆရာမတစ်ယောက် ဒို.ရွာလေးထဲရောက်လာတော. ကျက်သရေရှိလှပါတယ် ကိုယ်တိုင်လည်း ခွဲခြားမှုကိုခံ ဖူးတော. ကိုယ်ချင်းစာပါတယ်
ကျနော်တို.လည်း အခုရန်ကုန်မှာ ကျောင်းတက်တယ် အဖော်မဲ.ပြီး အားငယ်သလိုဖြစ်နေတဲ. သူတွေကို
ပဲပေါင်းတာများတယ်
ကြောင်ကြီး
September 26, 2011 at 11:03 am
ဟိတ်ကောင်
ရွှေဘိုသား
လေပိုမများနဲ့..
မြို့ရန်ကုန်ကနေ
ရွှေမန်းမြို့ဆီ
ပန်းစည်းပါဆယ်ပို့..
ဖွတ်ကလိဒင်္ဂါး
အိတ်ထဲထားပြီး
မြေညှာကနေ
လေအာကြေးဆို
တီချာရေ
ဖြေသာသလိုသာ
ဖြေတော့..။
windtalker
September 28, 2011 at 12:48 pm
ဆရာမ ရေ
နောက်ကို စတစ်ထဲ က
ကော်ပီလုပ်ပြီး
ပေ့စ်လုပ်ရင်
ခဏစောင့်ကြည့်လိုက်ပါဗျို ့
အောက်မှာ ဝေ့ါအမောင့်လေး ဂဏန်းလေး တွေ ပြလာပြီ ဆိုမှ
ကတ်တီဂိုရီ ရွေးတင်လိုက်ရင်
ကော်ပီ/ပေ့စ် မဖြစ်တော့ဘူးဗျ
စကားမစပ်
မနေ ့ည က
ဦးလန်ဘား ပို ့စ် ကို
စတစ်ထိုးပြီး
ကော်ပီ ပေ့စ် လုပ်ပြီးတော့
ပက်ဘလစ် လုပ်ပြီး
ကိုယ့်ပို ့စ်လေး ကိုယ်ဖတ်
ပီတိတွေ အဖြစ်လွန်ပြီး
အင်တာနက်ဆိုင်မှာ
စတစ်ကျန်ခဲ့လို ့
ပြန်မရတော့ဘူး ဂျ
ဟီးဟင့်ရွှတ်
နောက်တစ်ခု ဝယ်ရတော့မယ်
သူကြီး လျော်ပေး