အဝေးက………..ကြယ်
ညတစ်ညရဲ ့အလှတရားကိုပုံဖော်ပေးနေတဲ ့………ဟိုး…….ကောင်းကင်
တစ်လက်လက်တောက်ပနေတဲ ့ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ ့မိတယ်……….
ညရဲ ့အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ ့ညဆိုရင်အတိုင်းထက်အလွန်ပေါ့…
ကြယ်ကလေးတွေကသူတို ့ရဲ ့ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ ့ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်…
အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ်
ပင်လယ်ပြင်ထဲစမ်းတဝါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်…
သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ ့စုတ်ချက်ပေါင်းများစွာကိုပေးတယ်…
ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်…
ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို ့ပဲ…
နေရောင်လောက်မတောက်ပပေမဲ ့(အလင်းမရပေမဲ ့)လရောင်လောက်မကျယ်ပြန် ့ပေမဲ ့..
ပေးစွမ်းနိုင်စွမ်းရှိတယ်လို ့ကျွန်တော်ထင်တယ်…အထီကျန်ဆန်တဲ ့အခါ
ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ် ့မယ်…သူတို ့ကိုသင်စကားပြောကြည့်ခဲ ့ဖူးပါသလား???
ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော ့သင့်ကိုရူးတယ်လို ့ပြောချင်ပြောလိမ့်မယ်…
ဒါပေမဲ ့သူကလူတွေထက်နှုတ်လုံတယ်ဗျ……………………
အဲလိုရူးတယ်လို ့ပြောတဲ ့သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ ့သူတွေ…
ကြယ်ကလေးတွေကိုပုံဖော်ကြည့်ပါ…သူသတို ့ဟာမပြောင်းလဲပဲအမြဲတမ်းကြယ်စုတစ်စုအဖြစ်ရှိနေလိမ့်မယ်…
ကြယ်လေးတိုင်းမှာနာမည်ရှိတယ်ဗျ…လူတွေလိုပဲပေါ့…ပြီးတော ့သမိုင်းကြောင်းလဲရှိနေတယ်…
နတ်ဒေဝါတွေကလူတွေရဲ ့ရာသီခွင်တွေကိုကောင်းကင်မှာကြယ်စုလေးတွေနဲ ့ပုံဖော်ပေးခဲ ့ကြတယ်…
ကွှန်တော်တို ့နေထိုင်တဲ ့စကြာဝဠာကြီးထဲမှာကြယ်စင်ပေါင်း(2000000)နှစ်သန်းကျော်လောက်ရှိတယ်တဲ ့…
မထူးဆန်းလွန်းဘူးလား…ဒါတောင်နဂါးငွေ ့တန်းလို ့ခေါ်တဲ ့ကြယ်စုတစ်စုထဲမှာပဲရှိနေတာနော်….
စကြာဝဠာကြီးတစ်ခုလုံးသာဆိုဘယ်သူမှမရေမတွက်နိုင်ဘူး…
ဓူဝံကြယ်၊ကြယ်တံခွန်၊ခုနှစ်စဉ်ကြယ်တို ့ကိုလူတိုင်းသိကြမှာပါ…ခွန်စံလောနဲ ့နန်းဦးပြင်ကတော ့ကွှန်တော်တို ့ရဲ ့အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပေါ့…အခုထိရှမ်းပြည်နယ်ဘက်မှာသူတို ့ရဲ ့အုပ်ဂူတွေရှိနေသေးတယ်လို ့ကျွန်တော်ကြားသိခဲ ့ရတယ်…
ဘယ်သူတွေဘယ်လိုပြောပြောကျွန်တော်အတွက်တော ့ကြယ်လေးတွေဟာစိတ်ခံစားမှုပေါင်းစုံပေးနေတော ့တာပါပဲ………..
2 comments
mandalarthu
September 25, 2011 at 9:16 pm
”ကျွန်တော်ကြယ်လေးတွေလိုဖြစ်အောင်ကြိုးစားနေမိတယ်…
ကြယ်ကလေးတွေကသူတို ့ကြွေကျခဲ ့တာတောင်နောက်နေ့ကောင်းကင်မှာပြန်ပြီးနေရာယူနိုင်တယ်လေ…
ကွှန်တော်လဲသူတို ့ကိုကြည့်ပြီး လဲရင်ပြန်ထနိုင်ခဲ ့သည်”
သိပ်ကောင်းတဲ. idea လေး ပါဘဲ။
ကြယ်ကလေးတွေကို အတုယူပြီး ဘဝမှာ အမြဲ ထွန်းလင်းတောက်ပနိူင်ပါစေ။
kyeyounglin
September 25, 2011 at 9:39 pm
ကျေးဇူးတင်ပါတယ်ခင်ဗျ……………သူငယ်ချင်းလဲဘဝမှာပျော်ရွှင်မှုတွေသာပိုင်ဆိုင်နိုင်ပါစေဗျာ