တီချယ်နဲ့ ကျမ (၃)
နောက် ဆိုင်ပိတ်ပြီးတော့ခဏတော့ လေနေပါသေးတယ်။ နောက်တော့ သူငယ်ချင်းနဲ့ပေါင်းပြီး ကျမတို့ ကုန်စည်တမျိုးကို တရုတ်ဘက်က company တခု နဲ့ စာချုပ်ပြီး ဈေးကွက်ဖောက်ခဲ့ပါတယ်။ စာချုပ်တာက ကျမသူငယ်ချင်းပါ။ ကျမက သူ့ဆီက ယူပြီး ဒီဖက်မှာ ဈေးကွက်ဖောက်တာပါ။ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား
အားကြိုးမန်တက်နဲ့ကို လုပ်ခဲ့ကြတာပါ။ ပြောတော့သာ လွယ်တာပါ၊ လုပ်ကြည့်တော့ တကယ်မလွယ်ပါဘူး။ စိတ်ဓာတ်ကို ကျစေနိုင်သော အကြာင်းအရာမျိုးစုံကို ကြုံခဲ့ရတာပါ။ အောက်ခြေကနေ စခဲ့ကြတာပါ။ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးတဲ့နော် ဒီလိုလွယ်လွယ်နဲ့တော့ ဘယ်ရလိမ့်မလဲ။
ကျမတို့ စပြီးဈေးကွက်ဖောက်တော့ အဲ့ဒီ company နဲ့ ၂ နှစ် ပဲ စာချုပ်ခဲ့တာပါ။ ဘယ်လိုအခြေအနေရှိမှန်းမသိတော့ ပေးရတဲ့ စပေါ်ဆိုတာကိုလည်း အများကြီးမပေးနိုင်လို့ တနိုင်ပဲလုပ်ခဲ့တာပါ။ ဖြုန်းအားကောင်းမှ ကုန်ထပ်ပေးမယ်ဆိုတာမျိုးပါ။ လျာ ထားချက်မပြည့်ရင် ကျမတို့နဲ့ ဆက်လုပ်ဖို့ သူတို့ ငြင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လျာထားချက်ရဲ့ ၂ ဆကျော်လောက်ထိ ဖြုန်းနို်င်ခဲ့ပါတယ်။ စိတ်ဖိစီးမှုလည်း အင်မတန် များပါတယ်။
ကျမက ကျမနို်င်သလောက်ငွေနဲ့ တဆင့်ယူပြီးလုပ်တာပါ။ သူငယ်ချင်းက စာချုပ်တော့ တရုတ်မှတ်ပုံတင်ရှိသောသူ့သူငယ်ချင်းက တဆင့်ချုပ်တာပါ။ company ဘက်ကရှေ့နေနဲ့ပါတဲ့။အလုပ်မရှုပ်ချင်တာနဲ့ လွယ်လွယ်တွေးပြီး အလွယ်လုပ်ခဲ့ကြပါသည်။ အဲ့ဒီလို အ သော ကျမတို့တတွေပါ။ ဈေးကွက်မှာပေါက်ဖို့ကိုပဲ အာရုံထားပြီးလုပ်ခဲ့တာပါ။ နားမလည်ပါဘူး။ ကျမတို့ရဲ့ ပထမဆုံးအတွေ့အကြုံပါ။ ဈေးရောင်းသလို ယူပြီးရောင်းတယ်ပေါ့။
လုပ်ထုံးလုပ်နည်း လုပ်သင့်လုပ်ထိုက်တာများကို နားမလည်ခဲ့ပါဘူး။
ဈေးကွက်မှာ ပေါက်သွားတော့ အဲ့ဒီ company ကို ကျမတို့ထက် အင်အားအဆပေါင်းများစွာကြီးသူက စာချုပ်ပြီး ကိုင်လိုက်ပါတယ်။ ကျမတို့နဲ့ စာချုပ်ပြည့်ဖို့ ၂ လလောက် အလိုမှာပါ။ သိသိချင်းချင်းမှာ company က ိုကျမသူငယ်ချင်းက လျော်ကြေးတောင်းပါတယ် ။ စာချုပ်ဖောက်ရင် တောင်းလို့ရပါတယ်လို့ စာချုပ်မှာ ပါပါတယ်။ တောင်းတော့ ဘာပြောသလဲဆိုတော့ ကြိုက်တဲ့ရှေ့နေနဲ့လာပါတဲ့။ စရိတ်ကြီးပါတယ်။ မတတ်နို်င်ပါဘူး။ ကိုယ်တိုင်မှတ်ပုံတင်နဲ့ ချုပ်ခဲ့ကြတာမဟုတ်ပါဘူး။ အချိန်လည်း သိပ်မရှိတော့ပါဘူး။ လူယုံသတ်ရင် သေတတ်တယ်ဆိုတာကို ကိုယ်တိုင်ကြုံခဲ့ကြတာပါ။
ပြောသာပြောရတယ် ကျမတို့က အဲ့ဒီကုန်ကို မှတ်ပုံတင်မထားခဲ့ပါဘူး ။ ဒီဘက်မှာ။ အဆင်ပြေမှ နောက်နှစ်စာချုပ်မှ အားလုံးပီပီပြင်ပြင် လုပ်ဖို့ စိတ်ထဲရှိခဲ့တာပါ။ ခံပေအုန်းတော့ပါ။ သူများတွေက ခူးပြီးခပ်ပြီး အဆင်သင့် စားသွားတာပါ။ ၂ နှစ်လောက် သူများအတွက်အလကားအလုပ်ကျွေးပြုခဲ့ ရသလိုပါပဲ။ ခဲလေသမျှ သဲရေကျပါ။ သင်ခန်းစာတွေလည်း တလှေကြီးရခဲ့ပါတယ်။
ကိုယ်ညံ့လို့ ကိုယ်ခံရတာပါ။ စိတ်ဓာတ်တွေ အဝီဇိထိ ဆင်းပြီး ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ခံစားရပါတယ်။ နားမလည်ခဲ့ မသိခဲ့တာတွေက ဆုံးရှုံးပြီးမှ ဒါကြောင့်ဆိုတာကို သိခဲ့ပါတယ်။ အဲ့ဒီတုန်းက ဆို ကျမ စကားတောင် ဟက်ဟက်ပက်ပက်မပြောနိုင်တော့သလို အရီအပြုံးတောင် မရှိပဲ ငိုင်နေတဲ့အထိပါ။ စိတ်ရော ကိုယ်ပါ အတော်လေးပန်းခဲ့တာပါ။
အဲ့ဒီနောက် မှာတော့ ကျမတို့ အိမ်ကို ကြော်ငြာကြောင့် ဖြစ်စေ ၊ တခြားအကြောင်းကြောင့် ဖြစ်စေ marketing လာဆင်းသော ဝန်ထမ်းများကို ကျမ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ပါတယ်။ ကိုယ်ကြော်ငြာ မထည့်ဖြစ်ရင်တောင် ရေအေးတခွက်လောက်တော့ အသေအချာတိုက်လွှတ်ပြီး ကောင်းကောင်းမွန်မွန် ပြောဆိုပြန်ခိုင်း တတ်ခဲ့ပါတယ်။ ကိုယ်ချင်းစာတတ်သွားတာပါ။
နောက်ပိုင်းကျမ အိမ်အလုပ်ကို ဝင်ကူဖြစ်ပါတော့တယ်။ ကိုယ်တိုင်လုပ်ဖို့ အားကုန်သွားသလို စိတ်ဓာတ်လည်း အလွန် ကျသွားတာကြောင့် စိတ်သက်သာသလို နေပြီး နားအေးပါးအေးနေခဲ့ပါတယ်။
အိမ်ကတော့ ကျမကို အသာပဲ ကြည့်နေခဲ့ပါတယ်။ ဘာမှ မပြောခဲ့ကြပါဘူး။ အဲ့ဒီနောက်မှာ သူငယ်ချင်းတယောက်က သူ့ အမျိုးအိမ်က ကလေးတယောက်ကို စာသင်ပေးဖို့ အကူအညီတောင်းလာပါတယ်။ ကျမလည်း တခါမှ စိတ်တောင်ကူး မကြည့်ဖူးလို့ မဖြစ်ပါဘူး ဆိုပြီးနေလိုက်ပါတယ်။ ၂ ခါ ၃ ခါလောက်ပြောလာတော့ အားနာတာနဲ့ အေးပါ ။ စမ်းသင်ကြည့်မယ်။ တခါမှ တော့ မသင်ဖူးဘူးနော်လို့ ပြောပြီး စသင်ကြည့်ပါတယ်။
စာစသင်ရတဲ့ ကလေး ၂ ယောက်က မြန်မာ ကျောင်းကနေ ၈ တန်းမှာ ထွက်ပြီး International school ကို ပြောင်းတက်တာပါ။ အဲ့ဒီကျောင်းမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ စာမလိုက်နို်င်လို့ သူတို့ ကို အချိန်ပေးပြီး သင်နိုင်မဲ့ သူကို ရှာနေတာပါ။ တချို့ဆရာများကို အိမ်ခေါ်သင်ပေမဲ့ အချိန် သိပ်မပေးနို်င်လို့ အဆင်မပြေတာပါ။
အဲ့ဒီလို စာစသင်တဲ့ အချိန်မှာမှ တီချယ် ကျမကို အများကြီး သင်ပေးလိုက်ပါလား ဆိုတာကို အမှတ်မထင် ဘွားခနဲ တွေ့လိုက်ပါတယ်။ တီချယ်ကျမတို့တွေကိုပြောလေ့ ရှိတဲ့ စကားတခွန်းရှိပါတယ်။ နင်တို့ အပြင်ကို ရောက်သွားရင် ကိုယ့်ကိုကိုယ် သိလာလိမ့်မယ် ။ အခုတော့ သိအုန်းမှာ မဟုတ်ဘူးလို့ပါ။
အဆင်ပြေပြေနဲ့ သင်ပေးနို်င်ခဲ့ပါတယ်။ ထင်တောင်မထင်မိပါဘူး။ အဲ့ဒီလို အိမ်အလုပ်တဖက်နဲ့ အားတဲ့ အချိန်မှာ စာသင်လိုက်တာ တပည့် အတော်အတန်ရှိခဲ့ သင်ခဲ့ မိပါပြီ။ ဘဝက ဆန်းပါတယ်။
မျှော်လင့်တာတွေ ဖြစ်မလာတတ်သလို မမျှော်လင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ ပြောရရင် ငွေကြေးအရတော့ ခိုင်မာမှု ရှိချင်မှရှိပါ့မယ ်။ ဒါပေမဲ့ စိတ်တော့ အတော်ချမ်းသာပါတယ်။ အကုသိုလ်လည်း အတော်ကင်းပါတယ်။ ကြုံဖူးသမျှ စိတ်ဆင်းရဲမှုမျိုးကို မခံစားရပါဘူး။
ကျမရဲ့ ဝါသနာဟာ ကျမကို စိတ် အကျဉ်းအကျပ်ထဲ ရောက်နေစဉ်မှာ အသက်ရှုပေါက်ရအောင် ကူညီခဲ့ပါတယ်။ နောက်ထပ်ပြောချင်တာတခုက ဘယ်အရာမဆိုပါ သင်ယူလိုစိတ်သာရှိရင် တတ်မြောက်နိုင်ပါတယ်လို့။ တီချယ့်ကိုလည်း အမြဲကျေးဇူးတင်နေခဲ့ပါတယ်။
ကျမက ရိုးရိုးသာမာန်ဘွဲ့ရပါ။ ဒါပေမဲ့ စာဖတ်လိုစိတ်ကြောင့် ဘာသာစကားတခု ကို အတန်အသင့် တတ်မြောက်ခဲ့ပါတယ် ။ အဲ့ဒါက အခု အသုံးဝင်နေခဲ့ပါတယ်။ ဝါသနာပါရာကို စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်လေ့လာ လိုက်စားမယ် ဆိုရင် တချိန်ချိန်မှာ ကိုယ့်ဘဝကို အထောက်အပံ့ပေးနို်င်တယ်ဆိုတာကို ကျမလက်ခံလိုက်ပါတယ်။
ဒါပေမဲ့ ပေါ့လေ ငွေဆိုတာကို ရှာဖူးသော ကိုယ့်ပိုက်ဆံကို ပိုင်ပိုင်ကြီး စိတ်တိုင်းကျကိုင်သုံးရတဲ့ အရသာကို သိခဲ့လေသော ကျမက ငွေနံ့ရရင် မနေနို်င်ပြန်ပါဘူး။ ပြီးခဲ့တဲ့လက ကျမသူငယ်ချင်းက ကျမကို ဖုန်းဆက်လာပါတယ်။ သူပြောတာတွေ နားထောင်ပြီးတော့ ကျမက စိတ်ပေါက်တာနဲ့
“နောက်တခါ…. လာပြန်ပြီလား” ဆိုတော့ သူက “ ဟေ…….လာမောင်တို့ …ဝါး” လို့ အော်ပြီး ဖုန်းချသွားပါတယ်။
သူဖုန်းဆက်ပြီးတဲ့နောက်မှာ အခု နောက်ဆုံး ကလေးကို စာသင်ပြီးမှာ နောက် ထပ ် ဘယ်သူ့ကိုမှ မသင်ပဲ ရပ်ထားလိုက်ပါတယ်။ အခုသင်တဲ့သူ က ရေခြားမြေခြားကို စာဆက်သင်ဖို့ သွားတော့မှာပါ။ လက်စသတ်လိုက်ပါတယ်။
ကျမကတော့ စိတ်ထဲပေါ်သလို လုပ်လိုက်ပြန်ပါပြီ။ မနက်ဖြန်ဆိုတာကို သိပ်မတွေးတော့တာလည်း အတော်ကြာပါပြီ။ ဒီနေ့ကိုပဲ အဆင်ပြေအောင်နေတတ်နေပါပြီ။
ဒီစာကို ရေးဖြစ်တာက အတွေ့အကြုံလေးတွေကို မျှချင်တာရယ်၊ ဝါသနာဆိုတာကို စနစ်တကျနဲ့ ပျိုးထောင်တတ်ရင် တနေ့မှာ အသုံးဝင်တတ်တယ်ဆိုတာလေးရယ်ပါ။ နောက် ကျမတို့တွေ ဘဝမှာ တခါတရံ ချိုတာလေးကို တွေ့ဖို့ ရှေ့မှာ အခါးလေးတွေ အရင်မြည်းရပါတယ်။ တခါတလေ တော့လည်း အခါးတွေက အချိုယောင်ဆောင်ပြီးလာတတ်ပါတယ်။
မနက်ဖြန်တွေက ကျမ အတွက် ချိုချင်ချို ခါးချင်ခါးပါစေ လမ်းမတွေ့ခင်အထိတော့ အားတင်းပြီး ဆက်လျှောက်နေချင်ပါသေးတယ်လေ ။
(တီချယ်နဲ့ ကျမ မှာ ကျမ ကရေးတာမို့ ကျမ အကြောင်းတွေများနေတာကို နားလည်ပေးပါရှင်။)
9 comments
ကြောင်ကြီး
September 26, 2011 at 9:43 am
ကြောင်ကြီးရဲ့ အချစ်လမ်းခရီးမှာ အခုအချိန်အထိ ရွာကို မှုန်ပြပြလေးတောင် မမြင်aသးလို့ ကူညီလမ်းပြ မပေးချင်ဘူးလား ပုအုအုချ်ရယ်။ လမ်းပြခ မေတ္တကြေး ၁၅၀ဝ ပေးပါ့မယ်။ 😳
windtalker
September 26, 2011 at 7:12 pm
ကြောင်ကြီး က ၁၅၀ဝ ပေးရင်
မောင်ပေ က ၃၀၀ဝ ပေးပူဇော်ပါ့မယ် ဗျာ
လမ်းပြခ လေးပါ
pooch
September 27, 2011 at 1:25 pm
ဘာမှ စိတ်မပူနဲ့ ဦးကြောင်….. အနော့် အဒေါ် အပျိုကြီး က Ph.D တက်နေတာ နောက် ၂ နှစ်လောက်ဆို ပြီးပြီ ။ ပြီးရင် သူ့ ကို ပါဆယ်ထုတ်ပြီး ဦးကြောင်ဆီကို ပို့ ပေးမယ်။
သူက နည်းပေးလမ်းပြ သိပ်တော်တာ… လမ်းတွေပြတတ်လွန်းလို့ တော်ပါပြီလို့ကို နောက်ဆို ညည်းနေရမယ်… 🙂 🙂
TTNU
September 26, 2011 at 9:50 am
Hey, POOCH!,
Watch out!!!!
pooch
September 27, 2011 at 1:27 pm
yes, teacher
I will…..
Foreign Resident
September 26, 2011 at 11:23 am
– ကိုယ်ညံ့လို့ ကိုယ်ခံရတာပါ Yes, correct.
– ကျမက ငွေနံ့ရရင် မနေနို်င်ပြန်ပါဘူး Ohhh, your instinct is great.
If you love money, one day money will love you back.
– မနက်ဖြန်တွေက ကျမ အတွက် ချိုချင်ချို ခါးချင်ခါးပါစေ အားတင်းပြီး ဆက်လျှောက်နေချင်ပါတယ်
Go ahead, nothing to care, as long as you go.
Pooch,
– Never give up, keep your perseverance.
– Don’t forget, “ဆင်းရဲတာ သောက်ပျင်းကြီးလို့”
– Trust me, One day you will be rich.
pooch
September 27, 2011 at 1:32 pm
Dear FR,
I appreciate your words. thanks million. please , keep me post.
kocho
September 26, 2011 at 5:40 pm
good reading , remember my old days (how to alive) ,i want to say never give up, impossible is nothing
pooch
September 27, 2011 at 1:34 pm
thanks kocho.