ပဲခူးတိုင်း (အနောက်ပိုင်း) ပြည်မြို့နယ် အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ရေရှားပါးပြတ်လတ်မှုနှင့် ကြုံတွေ့နေရ . . . . .

daviharrisonMay 17, 20101min1540

ပဲခူးတိုင်(အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ဧပြီလကုန်မှ စပြီး ရေရှားပါးပြတ်လတ်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် ပြည်မြို့၊ ရွှေတောင် နှင့် ပေါင်းတည် စသော အနီးအနား မြို့များမှ မြို့လံလူများက မိမိတို့ တတ်အားသရွှေ့ မိမိတို့ အစီအစဉ်ဖြင့် တစ်နိုင်တစ်ပိုင် သွားရောက်လှူဒါန်း မှုများ ပြုလုပ်နေကြောင်းသိရှိရပါသည်။ ထိုသို့သွားရောက်လှူဒါန်းသူများ ရှိ သော်လည်း သောက်သုံးရေမှာ ဆက်လက်လိုအပ်လျက်ရှိကြောင်း သိရပါသည်။

ထို့အပြင် ၁၆.၅.၂၀၁ဝ နေ့ တွင်လည်း ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဥသျှစ်ပင်မြို့ အနီးတဝိုက်ရှိ ကျေးရွာများမှာလည်း ရေရှားပါးပြတ်လတ်နေသောကြောင့် အကူအညီတောင်းစားများ ပြည်မြို့ပေါ်သို့ ရောက်ရှိလာကြောင်း ကြားသိရပါသည်။ ထို့ကြောင့် ရေအလှူရှင်တစ်ချို့ ထိုကျေးရွာများဘက်သို့တိုင်အောင် သွားရောက်လှူဒါန်းကျကြောင်း သိရှိရပါသည်။