ဒါဟာ “ဒုံး” တဲ့လား၊အဲဒါ “ဒုံး” တဲ့လား

ေမာင္ရိုးOctober 7, 20111min55113

အခုပြောချင်တာလေးကတော ့ ရွှေထည် ဒုံး ဝယ်တဲ့အကြောင်းပါပဲ ။ ဒုံး ထည်ဆိုတာကအလျော့ ့တွက်လက်ခမပါပဲရွှေတန်ဘိုးကိုပေါက်ဈေးနဲ့တွက်ပြီးရောင်းတာကိုဆိုလိုတာပါ ။ တကယ်တန်းသာအဲဒီလိုဝယ်ခွင့်ရမယ်ဆိုရင်၊ ဝယ်ရတဲ့သူတွေအနေနဲ့မနစ်နာပါဘူး။
ဒါပေမဲ့ — ဒုံး ထည်တွေကို ဆိုင်အနေနဲ့ဘယ်လောက်မှန်မှန်ကန်ကန်ရောင်းသလဲဆိုတာစဉ်းစားစရာပဲ —
ဒုံး ထည်ဘယ်လိုဖြစ်လာရသလဲလို့လေ့လာကြည့်တော့ —ဆိုင်တွေကရောင်းလိုက်တဲ့ရွှေထည်ပစ္စည်းကို
ဝယ်သူကဆိုင်ကိုပြန်ရောင်းတဲ့အခါမှာ –အလျော့တွက်ဘိုး၊လက်ခနဲ့ကျောက်ဘိုးတွေနှုတ်ပြီးလက်ရှိပေါက်ဈေးထက်
အနည်းဆုံး (၁၅၀၀၀) လောက်ခွာပြီးပြန်ဝယ်ထားတဲ့ရွှေထည်တွေပါ။ဆိုင်ပြန်တွေဆိုပါတော့–အပေါင်ဆုံးတွေလဲ
ပါ ပါတယ်။ဒီလိုဝတ်ပြီးသားရွှေထည်တွေကိုအရောင်တင်ဂျီးဆေးပြီးပြန်ရောင်းတာကို ဒုံး လို့ခေါ်တာပါ။
ဒီတော့ ဒုံး ထည်တွေမှာပိန်တာတို့၊ ပွန်းတာတို့ လည်းပါနိုင်ပါတယ်–ဘာပဲဖြစ်ဖြစ်အလျော့တွက်လက်ခမပါရွှေပေါက်ဈေးနဲ့ဝယ်ရရင်တော့ဝယ်သူရောရောင်းသူပါမနာပါဘူး။ဆိုင်ရှင်ကအသစ်အဖြစ်ရောင်းစဉ်ကတည်းကမြတ်ပြီးသားပါ–ပြန်ဝယ်တော့လည်း သူ့ဘက်ကမနာအောင်လျော့ပြီးဝယ်ထားတာပဲ– တချို ့ရွှေဆိုင်ကြီးတွေကတောင်အနာလွတ်ရင်အရောင်တင်ပြီးအသစ်ဈေးနဲ့ပြန်ရောင်းတယ်ဆိုပဲ– ဒါပေမဲ့ဆာမိတို့တွေဝယ်ကြရတဲ့ ဒုံး ထည်အများစုကတော့အဲဒီလိုမဟုတ်ကြေင်းပါ–ဆိုင်တိုင်းကိုမဆိုလိုပေမဲ့မြို ့သစ့်ဆင်ခြေဖုံးနဲ့ မြို ့ငယ်လေးတွေမှာရောင်းကြတဲ ့ ဒုံး ထည်တွေကတော ့အောက်ပါအတိုင်းဖြစ်ပါတယ်—
ဒုံး လို ့ဆိုလိုက်တာနဲ ့အများသိပြီးတဲ့အတိုင်းအလျော့တွက်၊လက်ခ မပါရပါဘူး။
ဟုတ်ကဲ့ ့–သူတို့ရောင်းတာကလဲဘောက်ချာထဲထည့်မရေးပါဘူး– ဈေးကိုကြိုက်သလိုတွက်တယ်၊အလေးကိုကြိုက်သလိုချိန်တယ်။ ဝယ်သူကနားမှမလည်ပဲကိုး —တတ်ကျွမ်းတဲ့သူကတွက်ကြည့်ရင်အလျော့တွက်၊လက်ခတွေပါပေါင်းယူထားတာတွေ့ရပါတယ်–ဘယ်တတ်နိုင်မလဲဆင်းရဲသားလက်လုပ်လက်စားတွေကတော့တစ်သက်တစ်ခါချွေတာစုဆောင်းပြီးဒီ ဒုံး ဆိုင်တွေကဘဲဝယ်ကြရတာပါ။ သူတို့ခမျာ ရွှေဆိုင်ကြီးတွေကိုလည်းမဝင်ရဲဘူးလေ—-ရွှေရည်ကတော့ ၁၂ ပဲဝန်းကျင်လောက်ပါပဲ။ရွှေညံ့တာနဲ ့ပတ်သက်ရင်ရွှေလောကမှာလူသိများတဲ့ဆိုင်တစ်ဆိုင်တောင်ဥက္ကလာမှာရှိတယ်—
ဆိုင်နာမည်က ဆာမိတို့ရွာထဲကဒေါက်တာမမတစ်ယောက်နာမည်နဲ့တစ်ချို့တစ်ဝက်တူတယ်–ဆာမိသူငယ်ချင်းပန်းတိမ်ဆရာရဲ့ကိုယ်တွေ့လေးပြောပါရစေ—-တခါကသူ့အသိတစ်ယောက်ကမြောက်ဥက္ကလာ ဒုံး ဆိုင်တစ်ဆိုင်ကအုပ်ပုံလက်စွပ်တစ်ကွင်းဝယ်လာပြီးသူ ့ဆီမှာလာချိန်ကြည့်တယ်–၂ ပဲ ၄ ရွေး၊ အလေးကိုက်ပါတယ်-
တစ်ပတ်လေက်အကြာမှာအဲဒီလက်စွပ်ကိုပြန်ရောင်းဖို့အကြောင်းပေါ်လာတော့နီးစပ်ရာရွှေဝယ်တဲ့ဆိုင်မှာရောင်းဖို့လုပ်ပါတယ်။ဒါနဲ့ချိန်ကြည့်လိုက်တော့ ၁ ပဲ ရ ရွေး ၊ ၅ ရွေး ပျောက်သွားပါတယ်–ဘယ်လိုဖြစ်တာလဲလို့စဉ်းစားလို့မရလို့ ပန်းတိမ်ဆရာဆီလာတော့မှဖြစ်နိုင်တာလေးတစ်ခုသွားတွေ့ပါတယ်။
ဒီလိုဗျ—-သူ့လက်စွပ်ကအုပ်ပုံစွပ်ခေါင်းပွ ၊ လေပေါက်သေးသေးလေးလဲပါတယ်–အကယ်၍ သူဝယ်စဉ်တုန်းကလက်စွပ်ခေါင်းပွထဲကိုရေများဝင်ခဲ့ရင်ဖြစ်ဖြစ်၊တမင်ရေစိမ်ထားရင်ဖြစ်ဖြစ် လေးနေမှာပေါ့ –အဲ တစ်ပတ်လောက်ကြာတော့ရေကအငွေ ့ပျံသွားတဲ့အခါမှာတော့ ၅ ရွေးလောက်လျော့သွားတာပေါ့ဗျာ—ကဲ ဒီလိုဆိုတော့ရေ ၅ ရွေးကို ရွှေ ၅ရွေးတန်ဘိုးပေးခဲ့ရတာ မနစ်နာပေဘူးလားဗျာ။ ဒီလိုအဖြစ်မျိုးတွေကို အခြေခံလူတန်းစားတွေကခံနေကြရတာပါ၊တိုင်လို့လဲမရ–ဘယ်မှာတိုင်ရမှန်းလည်းမသိ– နာရင်လည်းကြိတ်ခံ–
ဒီလိုနဲ့ဘဲရွှေအကြောင်းသိတဲ့လူနည်းစုသေးသေးလေးက အကြောင်းမသိ၊မတွက်တတ်၊နားမလည်တဲ့လူအများအပေါ် မလိုင်ခတ်စားနေတာကြာလှပေါ့—-
တကယ်တော့–ရွှေဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်စည်ပင်သာယာမှာလုပ်ငန်းလိုင်စင်ယူရပါတယ်–အဲဒီလုပ်ငန်းလိုင်စင်ကလည်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှာမှတ်ပုံတင်ပြီးမှထုတ်ပေးတာ–ဒီတော့ပညာရှင်သူဌေးကြီးများစုဝေးထားတဲ့မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့မျက်စိမှိတ်မနေသင့်ပါဘူး။
အရည်အသွေး၊ဈေးနှုံး နဲ့ အချိန်အတွယ်တွေကိုညှိနှိုင်းကြပ်မတ်ဘို့ ကောင်းပါတယ်–လူနည်းစုသူဌေးတွေအတွက်ကတော့ရွှေဆိုတာထည်လဲဝတ်နိုင်ပါတယ်–ရတနာစိန်ကျောက်–ဇယ်တောက်နိုင်ပါတယ်-
အများစုဖြစ်တဲ့ လက်လုပ်လက်စားအခြေခံလူတန်းစားတွေကတော့—-
ရွှေဆိုတာ–မရှိဝမ်းစာ ၊ရှိ တန်ဆာ
ကောက်ညှင်းပေါင်းလည်းမဟုတ်ပါ
နေ့တိုင်းလည်းမဝယ်နိုင်ပါ
ငွေစုပြီးမှလုပ်ရတာ
ဒါကြောင့်—ဝယ်သူဘက်ကိုတစ်ချက်လောက်တော့နားလည်ပေးကြပါ။ ။။။။။။။။

13 comments

  • MaMa

    October 7, 2011 at 9:27 am

    များသောအားဖြင့် ရွှေဝယ်တဲ့သူတွေဟာ အရည်အသွေး၊ လက်ရာ၊ အလေးချိန်တွေကို နားမလည်ကြတာ များပါတယ်။ နေ့စဉ် ဝယ်ယူစားသုံးနေရတဲ့ ပစ္စည်းမှ မဟုတ်တာ နားမလည်တာ မဆန်းပါဘူး။ဒါပေမယ့် အလိမ်အညာ မခံရဖို့တော့ လိုတာပေ့ါ။ အကောင်းဆုံးအကြံပေးချင်တာက လျှော့ပေးတယ်၊ သက်သာတယ် ဆိုတာထက် ပုံမှန်ရောင်းပြီး နာမည်ကောင်းရှိတဲ့ဆို်င်မှာ ဝယ်ပါ။

  • စုံ စုံ

    October 7, 2011 at 10:28 am

    ဦးဆာမိ ပို့စ်ကိုဖတ်မှဘဲဒုံးအကြောင်းသေချာသိတော့တယ်
    ကျမလဲအစတော့ ရွှေဆိုင်မှာမဝယ်ဘဲ သက်သာအောင်ဒုံးဝယ်ဖို့စဥ်းစားသေးတယ်
    ဒါပေမယ့်ရေရှည်မှာ အာမခံချက်သိပ်မရှိဘူး အနဲဆုံးရွှေရည်ကျသွားတာကအစပေါ့
    အဲ့ဒါကြောင့်ဒုံးမဝယ်ဖြစ်တော့ဘူး အခုဒီပို့စ်ကိုဖတ်မှဘဲ ဒုံးကိုပိုတောင်မဝယ်ရဲတော့တယ်
    တော်ကြာကိုယ်ဝယ်လိုက်တဲ့ရွှေက ရေလိုအငွေ့ပျံသွားရင် ဝမ်းနည်းပက်လက်ဖြစ်နေရဦးမယ်

  • ကြောင်ကြီး

    October 7, 2011 at 12:01 pm

    ဒီလို အသိပညာ ဗဟုသတပေးတဲ့ ပို့စ်မျိုးကို ကြိုဆိုပါတယ်။ ရွှေဆိုင်ဆိုတာ ခေတ်အဆက်ဆက် သူတို့ချည်အသာရခဲ့တာပါ။ ရွှေလုပ်ငန်းရှင်များအသင်းကို ပြည်တွင်းမီဒီယာများကနေ ဝိုင်းဝန်းဖိအား ပေးသင့်ပါတယ်။ ကိုဆာမိပြောသလို ရွှေတိုရွှေစဆိုတာ အများပြည်သူအတွက် ရှိတန်ဆာ မရှိဝမ်းဆာပါ။ ရွှေတုံးရွှေချောင်းများ အရောင်းအဝယ်ကိုလည်း ရေးပါအုံး။ ကြားဖူးတာ တချို့ဆိုင်များက ရွေချောင်းအတွင်းမှာ အခြားသတ္တုတမျိုးမျိုး ထည့်ကျိုထားတတ်တယ်လို့ ကြားဖူးနားဝရှိလို့ပါ။

  • မှော်ဆရာ

    October 7, 2011 at 12:14 pm

    ကျွန်တော်ကတော့ ရွှေဆိုရင် စိတ်ကို မဝင်စားတော့ဘူး
    ဝယ်ရင် ဈေးကြီးပေးဝယ်ရတယ် ပြန်ရောင်းရင်လဲ ရှံးသေးတယ်
    မြတ်တယ်ဆိုတာ ရှိကို မရှိဘူး။

  • နွယ်ပင်

    October 7, 2011 at 1:50 pm

    ကိုဆာမိရေးထားတာ အရမ်းကောင်းပါတယ် ရွှေနဲ့ ပတ်သက်ပြီး မသိတာတွေကိုလဲ သိရတဲ့ အတွက်
    ကျေးဇူးပါနော် ။ နွယ်ပင်ကတော့ ရွှေဆို ဒုံး ဝယ်တာကိုလဲမကြိုက်သလို ဒုံးဝယ်မယ်လို့ စဉ်းစားတဲ့ သူတွေကိုလဲ
    မဝယ်ဖို့အမြဲတမ်းပြောတက်တယ် ။ ဒိလို အကြောင်းစုံသိလိုတော့မဟုတ်ဘူး ရွှေရည်မကောင်းမှာဆိုးတာနဲ့
    အာမခံချက် သိပ်မရှိဘူးထင်တာရယ်ကြောင့်ပါ …..

  • koyinmaung

    October 7, 2011 at 2:59 pm

    ကောင်းပါတယ်..ရွှေအကြောင်းကောင်းကောင်းမသိသေးတဲ့
    ကျနော်တို့အတွက်သတိထားစရာပါဘဲ…..
    ကျေးဇူးပါ..ကိုဆာမိရေ..

  • etone

    October 7, 2011 at 4:04 pm

    etone ကတော့ ဝတ်တာလည်း ဝါသနာမပါသလို ရွှေဝယ်တာလည်း … သိပ်စိတ်မဝင်စားဘူးလေ … ။ ပိုက်ဆံက အမြဲလိုလို .. ပိုလိုက် ၊ လိုလိုက်နဲ့ .. လက်ထဲ လုံးချာလိုက်နေတာ … အရေကျိုပြီး ရွှေပြောင်းထားရမှာ စိတ်မချဘူး ။ တော်ကြာ ပိုက်ပိုက်လိုချင်လျှင် ဝယ်ထားတာ သွားရောင်းရမှာ အလုပ်ရှုပ်သေး … ။ ပိုက်ဆံလေး နည်းနည်းစ ုမိလျှင် … အစိမ်းလေးဘာလေး ဝယ်ဥ ထားတယ် .. ။ သူက ချက်ချင်း ငွေဖြစ်တာကိုး … ။ ပိုက်ဆံ အရမ်းလိုတဲ့ အချိန်တော့ ထုတ်ရောင်းတာပေါ့ .. အခုတော့ ဈေးတွေကျကတည်းက မရောင်းဖြစ်တော့ဘူး … ဥပဲ ဥထားတော့တယ် … 🙄 ပြောမဲ့သာပြောတာ ရွှေဈေးက တတ်တယ် … ဒေါ်လာဈေးက ကျနေတယ် … ခြေမကိုင်မိလက်မကိုင်မိ ကတုန်ကယင်နဲ့ … 😡

  • surmi

    October 7, 2011 at 10:45 pm

    အားပေးကြတာကျေးဇူးတင်ပါတယ်၊ ဦးကြောင်ကြီးပြောသလိုရွှေချောင်းနဲ့ ၊ရွှေထည်အကျစ်တွေထဲမှာ
    အခြားသတ္တုစပ်များထည့်သွင်းပြီးထပ်ထည်အဖြစ်နဲ့လုပ်ကြတာတွေလဲရှိနေပါတယ်။ကျွန်တော်လည်းအသေ
    ချာဆုံးဖြစ်အောင်လေ ့လာနေပါတယ်–မှော်ဆရာပြောသလိုမန်းဂေဇက်မှာဝါးတားတားလုပ်လို့မရဘူးမဟုတ်
    လား–ကျွန်တော်ရွာထဲရောက်တဲ့အချိန်တွေကညည့်နက်တယ်—ဒါကြောင့်ရွာသူရွာသားများနဲ့သိပ်မဆုံဖြစ်ဘူး —-အားလုံးကိုအားပေးနေပါတယ်။

  • windtalker

    October 23, 2011 at 7:29 pm

    ကိုဆာမိ ရဲ ့ပို ့စ်ကို ဖတ်အပြီး
    ရွှေဝယ်မယ် ဆိုရင် အတုံးအခဲ ပဲ ဝယ်စုရမယ် လို ့တွေးမိတယ်ဗျို ့

  • naywoonni

    October 23, 2011 at 8:48 pm

    ကျုပ်တု့ိ ကတော့ ဒုံးဝေးတယ်ဗျို့ ရွှေ အနားမကပ်နိုင်ပါဘူး…။

  • koyinmaung

    June 20, 2014 at 4:34 pm

    ကိုဆာမိရေ ဖတ်မိတာကြာတော့မေ့တောင်နေတယ် ခုလိုပြန်ညွှန်းပေးလို့ပြန်ဖတ်ရတာ ကောင်းသဗျို…ကျေးကျေးဘဲကိုဆာရေ….

  • alinsett (gazette)

    June 20, 2014 at 4:51 pm

    တိန်
    ဒီနေ့မနက်က ဟိုရွှေဆရာပိုစ့်ထဲမှာ
    ဒုံးအကြောင်း သိချင်လာလို့ ဝင်မေးသေးတယ်
    အခုမှ ဒီပိုစ့်ကို ပြန်ဖတ်မိတော့တာပဲ

    အခုတော့ အားလုံး သိသွားးးးးဘီ

    :mrgreen:

  • kyeemite

    June 21, 2014 at 2:58 pm

    အဲ့တုန်းကဘာလို့မဖတ်မိလိုက်မှန်းမသိဘူးဗျ..အခုမှဖတ်တော့ အခုမှ ဗဟုသုတရတာပေါ့ :mrgreenn:
    ဒုံး လည်းမဝယ်တော့ဘူး ငုံးပဲဝယ်မြည်းတော့မယ်..ခိခိ
    နောက်တာပါကိုဆာမိရေ
    ပို့စ်အတွက်ကျေးဇူးပါနော

Leave a Reply