စကားဂုဏ်ရည်
လူတို ့သည်အချင်းချင်း ပေါင်းဖွဲ ့နေထိုင်ရာတွင် မိသားစုအလိုက်ဖြစ်စေ၊ဆွေမျိုးသာ
လူ ့လောကကြီးတွင် စကားပြောဆို ဆက်ဆံမှု မရှိလျှင်ခြောက်သွေ ့ပြီး အလုပ်ဖြစ်ကြမည်မထင်ပါ။စကားသည်လူတို ့အတွက် အရေးပါအရာရောက် ဆုံးသောအရာ တစ်ခုဖြစ်ပါသည်။အချို ့သောသူများသည် ရုပ်ရည်ချောမောလှပမှုရှိကြသော်လည်း စကားပြောဆိုရာတွင် ကြမ်းတမ်း ခက်ထန်သော လေသံနှင့် ယုတ်ညံ့သော သေးသိမ်မှုရှိ သည့်အတွက် လူတစ်ဖက်သား နားမခံသာ ဖြစ်သဖြင့် အများနှင့်မဝင်ဆန် ့ပဲရှိတတ်ပါသည်။စကားသံများမှာ အကောင်းကို ဖြစ်စေသကဲ့သို ့အဆိုးကိုလည်းဖြစ်စေနိုင်ပါသည်။
“တန်ဖိုးရှိသော စကားများ”
၁။သုဘာသိတဝါစာ=ကောင်းမွန်ချိုသာစွာပြောဆိုတတ်ခြင်း။
၂။ပီယဝါစာ=နှစ်သက်မြတ်နိုး ချစ်ဖွယ်သောစကား ကိုပြောဆိုတတ်ခြင်း။
၃။သစ္စာဝါစာ=မှန်ကန်ဖြောင့်မတ် တည်ကြည်သော စကားကိုပြောဆိုတတ်ခြင်း။
၄။ဓမ္မဝါစာ= သဘာဝကျ၍ လိုက်နာဖွယ်ရှိသော စကားကိုပြောဆိုတတ်ခြင်း။
“ချစ်စေလိုသော ခံတွင်းလက်လေးသစ်၊မုန်းစေလိုသော် ခံတွင်း လက်လေးသစ်” ဟုဆိုအပ်သော ပေါရာဏ စကားသည် အားလုံးမှတ်သားထိုက်ပါသည်။ဆိုလိုသည်က ချစ်ခြင်း၊မုန်းခြင်း စကားများကို မိမိတို ့အာခံတွင်း ကြောင့်ဆိုသည်ကို မမေ့အပ်ပါပေ။
“စကားကြီး(၆)ခွန်း”
၁။ဟုတ်မှန်၍ အကျိုးရှိပြီး၊ လူတစ်ဖက်သား လက်ခံနာယူသော စကား။
၂။ဟုတ်မှန်၍ အကျိုးရှိပြီး ၊သူများမနာလိုသောစကား။
၃။ဟုတ်မှန်၍ အကျိုးမရှိ ၊သူများလည်းမနာလိုသောစကား။
၄။မဟုတ်မမှန် အကျိုးရှိ ၊သူများလည်းနာလိုနှစ်သက်သောစကား။
၅။မဟုတ်မမှန် အကျိုးမရှိ၊သူများလည်း နာလိုနှစ်သက်သော စကား။
၆။မဟုတ်မမှနိ အကျိုးမရှိ သူများလည်း မနာလိုမနှစ်သက် သောစကား။
ဖော်ပြထားသောစကားခြောက်ခွန်း မှာ နံပတ်(၁)နှင့် (၂) တို ့မှစကားများကိုသာ လက်ခံကျင့်သုံးသင့်ပြီး၊ကျန်သော လေးခွန်းမှာ ရှောင်ကြည်သင့်ပါသည်။
One comment
maetu
November 2, 2011 at 11:19 am
၁။ဟုတ်မှန်၍ အကျိုးရှိပြီး၊ လူတစ်ဖက်သား လက်ခံနာယူသော စကား။
၂။ဟုတ်မှန်၍ အကျိုးရှိပြီး ၊သူများမနာလိုသောစကား။ မှန်လိုက်တာ အကိုရာ။ပျားသကာသို ့ချိုလှစေပေါ့။