တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား ( စပရတ်တလေကျွန်းစု )
တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား
ထုံးစံအတိုင်း ပါပဲ
အစ ကတော့ ဆရာ “ Ko Yin Maung ” ရဲ့
“ တရုတ်နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ ဗီယက်နမ် ”
Post မှာ Comment ဝင်ရေးတာ
ပြောရင်း ပြောရင်း နှင့် Post ကြီးဖြစ်ရပြန်ပေါ့ ။
အဲဒီတော့ကာ အဲဒီ
“ တရုတ်နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ ဗီယက်နမ် ”
Post နှင့် တွဲဖတ်မှ ဇတ်ရည်လည်မဗျ ။
ဟီဟိ ။ ရွာသူား တွေကတော့ သတ်ချင်တော့ မှာပဲ ။
ရွာသူားများလည်း ဝဋ်ပါလာတယ် သဘောထားပြီး
သည်းခံဖတ်ပေါ့ဗျာ ။
ရွာသားတွေ ဗဟုသုတ ရဖို့ပါကွယ် ။
အဲဒီကျွန်းလေးတွေ( စပရတ်တလေကျွန်းစု ) က
တရုတ်ပြည် နှင့် နဲနဲဝေးသလို ထင်ရပေမယ့်
ခရစ်တော် မပေါ်မှီ နှစ် ၂၀ဝ ( 2nd century BC ) ကထဲက
တရုတ် တွေက အိန္ဒိယ နှင့် ရေကြောင်း အဆက်အသွယ် ရှိခဲ့ပြီး
အဲဒီကတည်းက သူတို့ ရေကြောင်းမြေပုံတွေမှာ
အဲဒီကျွန်းတွေကို သူတို့ပိုင် အဖြစ်ပြထားပါတယ် ။
၁၄ ရာစု ၊ တရုတ် ဂျီပုန်း ချုပ်ကြီး ( Eunuch Grand Director ) ဇန်ရီ ရဲ့
တရုတ်ရေတပ်ရဲ့ ရေကြောင်း စိုးမိုးအုပ်ချုပ်မှု နယ်ပါယ်ထဲမှာလည်း
အဲဒီကျွန်းတွေ ပါပါတယ် ။
တရုတ် ဂျီပုန်း ချုပ်ကြီး ဇန်ရီ ဟာ သီရိလင်္ကာ နိုင်ငံကိုပါသိမ်းပိုက်ပြီး
သီရိလင်္ကာ ဘုရင်ကိုပါ တရုတ်ပြည်ကို ကျွန်အဖြစ်ခေါ်သွားတာပါ ။
ခေသူတော့မဟုတ်ဘူး အဘပု လောက်နီးနီး တော်ပုံရတယ် ။
နောက်တော့ အနောက်နိုင်ငံ ( ပြင်သစ် ) တွေ အဲဒီကျွန်းတွေကို
စရောက်တော့လည်း တရုတ်ငါးဖမ်းသမားတွေပဲ နေထိုင်ကြတာ
တွေ့ရတယ်လို့ ပြင်သစ်က ဝန်ခံထားပါတယ် ။
အခုထိ တရုတ်သချိုင်းတွေ ကျွန်းပေါ်မှာ ရှိပါသေးတယ် ။
( France admitted finding Chinese fishermen there
when French warships visited the nine islands )
ပထမ အဲဒီကျွန်းတွေကို ပြင်သစ်က သိမ်းလိုက်ပါတယ် ။
ဒုတိယကမာ္ဘစစ်မှာ ဂျပန်တွေက ပြန်သိမ်းတယ် ။
စစ်ပြီးတော့ ဂျပန်တွေက တရုတ်အစိုးရထံ အဲဒီကျွန်းတွေကို
လက်နက်ချခဲ့ပါတယ် ။
1958 ခုမှာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း က အဲဒီကျွန်းတွေကို
တရုတ်ပိုင်ဆိုင်ကြောင်း ကြေငြာတော့လည်း ဗီယက်နမ်ဝန်ကြီးချုပ်
ဖန်ဗန်ဒေါင်းက အသိအမှတ်ပြုကြောင်း လက်ခံကြောင်း စာပို့ခဲ့ပါသေးတယ် ။
( Vietnam’s prime minister, Pham Van Dong, sent a formal note
to Zhou Enlai, stating that Vietnam recognizes and supports
the declaration made by China )
နောက်တော့မှ အဲဒီကျွန်းတွေနားမှာ ရေနံရှိနိုင်တယ်လဲဆိုရော
အဲဒီမှာ ပြဿနာစတက်ကြတာပါ ။
1974 မှာ တရုတ် နှင့် တောင်ဗီယက်နမ် တိုက်ပွဲဖြစ်ပြီး
အဲဒီကျွန်းတွေကို တရုတ်က သိမ်းလိုက်ပါတယ် ။
1988 မှာ တရုတ် နှင့် ဗီယက်နမ် ထပ်မံတိုက်ပွဲဖြစ်ပြီး
ဗီယက်နမ် စစ်သင်္ဘော တစင်း အမြုပ်ခံရပြီး
ဗီယက်နမ် စစ်သား ၇ဝ ကျော်ရေအောက်ပါသွားခဲ့ပါတယ် ။
အခုလည်း တရုတ် ရဲ့ တစီးတည်းသော လေယာဉ်တင်သင်္ဘောကို
အဲဒီ ဒေသကို ပို့ထားပါတယ် ။
Territorial Water Area ၁၂ မိုင်က သိပ်အရေးမကြီးပေမယ့်
Exclusive Economic Zone မိုင် ၂၀ဝ ကမက်စရာပါ ။
စစ်မဟာဗျူဟာ အရလည်း အထူးအရေးပါပါတယ် ။
မြင်ရတာတော့ တရုတ်ကြီးက အဲဒီဒေသကိုတော့
လက်လွတ်ခံမယ့်ပုံ မပေါ်ပါဘူး ။
အဲဒီဒေသကို လိုချင်ရင်တော့ တရုတ်ကြီးနှင့်
စစ်ဖြစ်ဖို့သာ ပြင်ထားပေတော့ လို့ပြောရမှာပါ ။
” အငြင်းပွားနေမှုတွင် ပါဝင်သည့်နိုင်ငံများသည်
တရုတ်နှင့်ထိပ်တိုက်ရင်ဆိုင်မှု ဆက်လက်ပြုလုပ်နေပါက
အမြောက်သံများအတွက် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားရန်
တရုတ်သတင်းစာက သတိပေးခဲ့သည် ” Eleven News.
အခုခေတ် ရေကြောင်းစစ်ပွဲတွေဟာ
လူအင်အား သာတာ မသာတာ ၊
သတ္တိ ရှိတာ မရှိတာ တွေက အရေးမပါပါဘူး ။
နည်းပညာသာတဲ့ဘက်က နိုင်တာပါ ။
အဲဒါကြောင့် ဗီယက်နမ်တွေက
သူတို့ရဲ့ ရန်သူတော် အမေရိကန်တွေကို
အားရပါးရ အတိုးချပြီးကို ပြန်ဖားနေပါပြီ ။
နိုင်ငံရေးမှာ အမြဲတမ်း ရန်သူ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး
ဆိုတဲ့ အဆိုကို သတိရစရာပါ ။
ဒါပေမယ့် အမေရိကန်တွေကလည်း သူတို့အကျိုးစီးပွားမရှိပဲနှင့်တော့
တရုတ်ကြီး အငြိုငြင်ခံပြီး ကူညီဖို့ မရှိပါဘူး ။
ကံကောင်းတာ တစ်ခုကတော့ တရုတ်ကြီး တွေက အရမ်းလည်နေပါပြီ ။
ကမာ္ဘ့သမိုင်းမှာ တခါမှမကြုံဘူးလောက်အောင်
တဟုန်ထိုး တိုးတက်နေတဲ့ သူတို့ရဲ့ စီးပွားရေးကို အထိခိုက်ခံပြီး
All Out War တော့ဆင်နွဲမယ်မထင်ပါဘူး ။
လွန်ရော ကျွန်ရော Conditional War ပေါ့ ။
ဖြစ်ဖို့ များတာက
ဒီလိုပဲ ဖိအားပေးပေးပြီးတော့ အပိုင်ယူသွားမယ်ထင်ပါတယ် ။
ပြောလို့တော့မရဘူးလေ
Ammunitions ခဲယမ်းမီးကျောက် တွေရဲ့သဘောက
ထုတ်လုပ်ပြီး ၄ နှစ်ကြာရင် သူ့အလိုလို သက်တမ်းကုန်သွားပြီး
လွှင့်ပြစ်ရတာ ဆိုတော့ ၊ အလကားဖြစ်သွားမယ့် အတူတူ ၊
သူသူ ကိုယ်ကိုယ် Life Firing Exercise လေးတော့ စမ်းချင်ရှာမပေါ့လေ ။
အမေရိကန်လည်း ဒါကြောင့် စစ်တွေတိုက်တိုက်နေတာလေ ။
စစ်ပွဲတွေ မရှိပြန်ရင်လည်း TV ကြည့်ရတာ ပျင်းစရာကြီး ။
M1 A1 Abarams တွေက Soviet T-72 တွေကို
နေ့ဝက်လောက်အတွင်း အပြတ်ရှင်းပစ်လိုက်တဲ့
Battle of Medina Ridge လို စစ်ပွဲမျိုးတွေကို လွမ်းလိုက်တာ ။
အမေရိကန်တွေဖက်က တစ်စီးပျက်တယ် ။
( ဒါတောင် အချင်းချင်း မှားပစ်လို့တဲ့ )
အီရတ်ဘက်က ၁၈၆+၁၂ရ = ၃၁၃ စီးပျက်တယ် ။
During the battle, the American forces suffered
only one fatality (due to friendly fire),
while destroying 186 Iraqi tanks (T-72 and Type 69s) and
127 armored vehicles.
နောက်ပိုင်း အီရတ်စစ်သားတွေဆိုတာ
အမေရိကန် M 1 Abarams Tanks တွေနှင့်
M 2 Bradley Fighting Vehicles တွေလာနေတယ်လို့ ကြားရတာနှင့်
တင့်ကားတွေကို ဒီအတိုင်းထားခဲ့ပြီး
လူချည်းပဲ လက်လွတ်ထွက်ပြေးကြတာ ။
အားရစရာကြီး ။
ဒါမျိုး စစ်ပွဲတွေတော့ အဘတို့လည်းတိုက်ချင်ပါ့ ။
တော်သေးဘီ ။
အဘ ( FR ) ။
Ref ;
–http://en.wikipedia.org/wiki/Spratly–
–http://en.wikipedia.org/wiki/Paracel_Islands–
–http://en.wikipedia.org/wiki/Battle_of_the_Paracel_Islands–
–http://en.wikipedia.org/wiki/Battle_of_Medina_Ridge–
22 comments
kai
November 3, 2011 at 7:34 am
အဟမ်း…
ကြည့်ရတာ.. ဗမာပီပီ စစ်အသံသိပ်ကြိုက်တယ်နဲ့တူတယ်..။
စာရင်းတွေတောင် အတိအကျပဲ..။
ဆိုတော့..
စစ်ဖြစ်နိုင်မယ်ပေ့ါနော..။
ယူအက်စ်ကတော့.. ငွေနည်းနည်းပေါနေတဲ့တရုတ်.. ငွေသုံးဖြစ်အောင် ချွန်တွန်းလုပ်မယ်ထင်ပါတယ်..။
တရုတ်က.. အဲဒီကျွန်းပိုင်တယ်ကြေညာရင်.. မြန်မာကလည်း အားကျမခံ.. အာသံ၊ မဏိပူရ မြန်မာပိုင်ကြောင်း ပြန်ကြေငြာသင့်တယ်..။
အခုပြဿနာရှာနေတဲ့.. ဘင်္ဂလီတွေအတွက် နေရာရသွားတာပေါ့..။
အာဟိ..။ 😆
Foreign Resident
November 3, 2011 at 10:18 am
သူကြီး ကလည်း
စစ် ဝါသနာ ပါသလား မမေးနှင့် Avatar မှာတောင်
ကမာ္ဘ့ ကြောက်စရာအကောင်းဆုံး တိုက်လေယာဉ် နှင့်
တစ်စီးတည်သော 5th Generation Fighter F-22 Raptor ပုံ
တင်ထားတဲ့ဟာ ။
၁ဝ တန်းအောင်တုန်းက DSA လျှောက်ဖို့တောင် စဉ်းစားတာ
ဗိုလ်ရွေးမှာ ကြွေးတဲ့ဆန် အရမ်းကြမ်းတယ်ဆိုလို့
မ လျှောက်ဖြစ်တော့တယ် ။
အဘ တို့က စစ်တော့တိုက်ချင်တယ် ဒါပေမယ့်
ဆန်ဖြူ ဟင်းကောင်း Air Cond နှင့်
လစာကို ရှယ်ပေးမှ တိုက်မှာ ။
” ယူအက်စ်ကတော့ ငွေနည်းနည်းပေါနေတဲ့တရုတ် ငွေသုံးဖြစ်အောင် ချွန်တွန်းလုပ်မယ်ထင်ပါတယ် ”
လုပ်မှာ လုပ်မှာ ယူအက်စ်ကတော့ ချွန်တွန်း လုပ်ဦးမှာ ။
ယူအက်စ် ကိုယ်တိုင်ကတော့ ဝင်ပါမှာ မဟုတ်ဘူး
( တရုတ်ကြီး ကိုကြောက်လို့
သူ့မှာက Nuclear ICBM ကြီးနှင့် )
တရုတ်ကြီး က စစ်ပန်း နာမည်ပျက် ။
ဗီယက်နမ်က ယူအက်စ်ကို အိပ်ရာဝင် အိပ်ရာထတိုင်း ဦးချ ။
ယူအက်စ်က ဗီယက်နမ်ကို လက်နက်ရောင်း ။
သူ့လောက်လှတဲ့အကွက်ရှိဦးမလား ။ ဟီဟိ ။
koyinmaung
November 3, 2011 at 9:07 am
ကိုခိုင်ရေ တရုတ်နဲ့ဗီယက်နမ်တို့ကဒီကျွန်းကိုသူပိုင်တယ်ကိုယ်ပိုင်တယ်လို့
ကြေငြာရဲတာ ကိုယ့်နိုင်ငံနဲ့လူမျိုးအရေးကိုဦးထိပ်ထားတဲ့အစိုးရတွေကိုဗျ
အာသံနဲ့မဏိပူရကိုကိုယ်ပိုင်တယ်လို့ကြေငြာဘို့နေနေသာသာ
ကျနော်တို့ခေါင်ရှောင်ကြီးတွေကတော့ သူတို့ထိုင်ခုံမြဲဘို့ သူတို့ကောင်းစားဘို့
တရုတ်ဆိုလဲဖားလိုက် ကိုယ့်လောက်မှအဆင့်မရှိခဲ့တဲ့ယိုးဒယားဆိုလဲဖားလိုက်နဲ့
နောက်ဆုံးတော့ ဗိုလ်ချုပ်ပြောပြောနေတဲ့ ဖာသည်နိုင်ငံကြီးကိုဖြစ်နေရတော့တာပါဘဲလေ…
ရှက်ရကောင်းမှန်းမသိတော့လဲ……. …
Foreign Resident
November 3, 2011 at 1:38 pm
ဖားရင်း ဖားရင်း ဖားရင်း နဲ့ပဲ ဖာ ဖြစ်သွားတာလေ ။
koyinmaung
November 3, 2011 at 9:11 am
F R ရေ ခုလိုပြည့်ပြည့်စုံစုံလေးရှင်းပြသွားတာ
ဗဟုသုတလဲရ ပါတယ်..ကျေးဇူးလဲတင်ပါတယ်
မိုက်ကယ်ဂျော်နီအောင်ပု
November 3, 2011 at 9:21 am
တရုတ် ယုံ တစ်ဖက်ကန်း၊ အမေရိကန် ယုံ စုံလုံးကန်း
အမေရိကန် နှင့် ဗိုလ်သိန်းစိန် အစိုးရ တို ့၏ ဆက်ဆံရေးကား ကြောင်ခံတွင်း ပျက် နှင့် ဆက်
ရက် တောင်ပံ ကျိုး တွေ ့ကြ သလိုပင် ဖြစ်သည်။ တစ်ချိန်ကား ရွှေထီးဆောင်း ခဲ့ သည့် အမေ
ရိကန် နိုင်ငံ ကား ကြွေးလည်ပင်း ခိုက် သလို ၊ဒီမိုကရေစီ နိုင်ငံ တစ်ခု ၏ အဆိုးရွား ဆုံး နိုင်ငံ
ရေး ရေ ချိန် ဖြစ်သည့် ” အစိုးရ ကို ပြည်သူ တို ့ က ယုံကြည်မှု ကင်း မဲ့ ခြင်း ပင် ဖြစ်သည်။
လူလတ်တန်း စာ း ၏ သုံးစွဲ နိုင်စွမ်း လျှော့ ကျမှု ကြောင့် ပြည်တွင်း ဈေးကွက် တွင် မျက် နှာ
ပန်းမလှ သည့် အမေရိကန် ကုမ္ပဏီ များ မှာ ပြည်ပ ဈေးကွက် ရှာ ဖွေရာ ဉ် မြေမနင်း သား
မြန်မာ နိုင်ငံ ကို အထူး သဘောကျလှ၏ ။ မြန်မာ တို ့ က လည်း အမေရိကန် ဆို အထူး သ
ဘောကျ လှ၏ ။
အမေရိကန် က ဗီယက်နမ် နိုင်ငံ ကို ၁၉၉ဝ ပြည့်လွန် နှစ်များ တွင် ပိတ်ဆို ့ အရေးယူထားမှု
များ ကို ဖယ်ရှား ပေးလိုက် သည့် အခါ ဗီယက်နမ် နိုင်ငံ သည် နေ ့ချင်း ညချင်း အာရှ ကျား
တစ်ကောင် ဖြစ်လာခဲ့ သည်။ ဗီယက်နမ် စီးပွားရေး ဆန်းပွင့် သည် ဆိုပါစို ့။ ဆန်းမပွင့် သည်
က တော့ ဟိုချီမင်း မြို ့ မှ ယခင် လူလတ်တန်းစား စီးရေး လုပ်ငန်း ရှင် များ လယ်ပြန် ကောက်
စိုက် နေရ ခြင်း ပင် ဖြစ်သည်။
ဗီယက်နမ် နိုင်ငံ မှ ဆန်စပါး နှင့် ရေထွက် ကုန်များ ကို အမေရိကန် သို ့ ပို ့ နိုင်၍ ဗီယက်နမ်
တို ့ ဝင်ငွေ ရကြ ၏ ။ အထည်ချုပ် လုပ်ငန်းများ လည်း ဆန်းပွင့် လာသည်။ ချမ်းသာ လာ
သော ဗီယက်နမ် တို ့ သည် ဇိမ်ခံ ဖို ့ ရန်ကား ဇာတာ ပါမလာ ချေ ။ ရှာသမျှ ပိုက်ဆံ တို ့ကို
Microsoft , Norton စသည့် ကုမ္ပဏီများ ကို အကုန် လှု လိုက်ရ၏ ။ နှစ်နိုင်ငံ ကုန်သွယ်
ရေး မူဝါဒ များ အရ Copy Right ဥပဒေ လိုက်လာ ၍ ဖြစ်သည်။
ယခင်က မြန်မာ တို ့၏ ဟွန်ဒီ လိုပင် ငွေလွှဲ စနစ်မှာ Western Union , Money Gram
စသည့် နိုင်ငံ တကာ ငွေကြေးဝန်ဆောင် မှု များ ကြောင့် လန် ကွတ်တီ ပင် ချွတ်ရောင်း ကုန်
ရသည်။
စီးပွားရေး ပြန်လည် ရုပ်သိမ်းပြီး ဆယ်စု နှစ် တစ်စု လောက်ထိ ဗီယက်နမ် တိုင်းရင်းသား
စီးပွား ရေး လုပ်ငန်း ရှင် များ အမေရိကန် ကော်ပိုရေး ရှင်း တို ့ ကို နာလန် မထူ နိုင် ချေ။
လေကြောင်း လိုင်း အစ ကြက်ကင် ဆိုင် အဆုံးပင် ဖြစ်သည်။
ထိုအဖြစ် အပျက် နှင့် ပတ်သက် ပြီး ၁၉၉ရ ခုနှစ်လောက် Time Magazine တွင် ဗီယက်နမ်
စစ်ပြန် တစ်ဦး က အခု မှ ဗီယက်ကောင်း တို ့ ကို နိုင် ပြီ ဟု ပြောခဲ့ သည်။
နဂိုမူလ ဓာတ်ခံ အား နည်း သည့် နိုင်ငံ ငယ်များ ကို အမေရိကန် ဝင်လာသည့် အခါ မျိုး တွင်
ယခု လို ကြုံရသည် မှာ ဗီယက် နမ် တစ် နိုင်ငံ တည်း မှ မဟုတ် ။ အမေရိကန် နှင့် ပုလဲနံပ
သင့်လှ ပသည် ဆို သည့် ဖိလစ် ပိုင် ရော ချမ်းသာ သွားသည် ဟု ကြားဖူး ပါစ ။ မနီလာ မြို ့
သူ များ မှာ အာရပ် ပြည်တွင် အိမ်ဖော် အဖြစ် အသက် မွေး နေရ သည်သာ အဖတ်တင်သည်။
ပြုပြင်ပြောင်းလဲ လိုစိတ် ရှိ သည် ဟု ရွှေပွဲလာ တို ့၏ အားပေးခြင်း ခံထား ရသည့် ဗိုလ်သိန်းစိန်
တို ့ အဖွဲ ့ ကို အမေရိကန် က အတိတ်က လို ဆန် တာကလော့ ဘိုးဘိုး ကြီး အနေဖြင့် လက်
ဆောင် တွေ ယူမလာ နိုင်တော့ ပါ။
သူ ့ ပြည်တွင်း မှာ ပင် အလုပ်လက်မဲ့ တွေ များ ပြား နေပြီး ၊ ဝင်ငွေ မညီမျှ မှု နှင့် တရားမျှတမှု
မရှိ ဆိုသည့် ပြဿနာ များ ကြောင့်ဆန္ဒပြ ပွဲ များ တခြိမ်းခြိမ်း ဖြစ်နေသည်။ အိမ်ယာမဲ့ များ
လည်း ပိုများ လာ သည်။
အမေရိကန် အစိုးရ ကြုံတွေ ့နေရသည့် ပြည်တွင်း ပြဿနာ များ မှာ ခေါင်းခဲ ဖွယ်ရာ ပင် ဖြစ်
သည်။ ဦးနင်း ၊ ပဲ့ ထောင် ၊ ပဲ့ နင်း ဦးထောင် ဆိုရမည်။ ကုန်သွယ်ရေး အရှုံးပေါ် မှု နှင့် ဘဏ္ဍာ
ရေး လိုငွေ ပြ မှု များ အတွက် အစိုးရ ကို စီးပွားရေး ပညာရှင် များ က ပြည်ပ ဈေးကွက် သစ်
တစ်ခု တည်း သာ ဂယ်ပေါက် ရှိ သည် ဟု အကြံပေး ထား ကြသည်။
ပြည်တွင်း ဈေးကွက် ပျက် နေ ၍ ပြည်ပ ဈေးကွက် များ ကို မျက်စပစ် နေ သည့် အမေရိကန်
က မောင်တေဇ တို ့ လို သူဌေးကြီး တွေ နေသည့် နိုင်ငံ ကို လူးလား ခေါက်တုံ ့သွား နေသည်။
နှစ် နှစ် ဆယ် ကျော်ကြာ တရုတ် နှင့် ပလူး ခဲ့ ပြီး နောက် မြစ်ဆုံ ဆည်ဖြင့် ဇာတ် သိမ်း ခဲ့ သည်။
ကိုရွှေ တရုတ်တို ့နှင့် နှင့် ပလူး စဉ် က ဘာမှ မည်မည် ရရ အဖတ်တင် မကျန် ခဲ့။ ပြစရာ ဆို၍
နှစ်ခါ မောင်း တစ်ခါ ပျက် တရုတ် တိုက် လေယာဉ်များ သာ ရှိ မည်။
ဒီတစ်ခါ အမေရိကန် နှင့် တစ်ချီ တစ်မောင်း နွှဲ ဖို ့ ဗိုလ်သိန်းစိန် တို ့ အဖွဲ ့ ကြံစည် ထား သည်။
မြန်မာ နိုင်ငံ ၏ အခက် အခဲ အကြပ် အတည်းများ ကို ဖြေရှင်း လို သည့် စေတနာ ကြောင့် လည်း
ဖြစ်မည် ထင်သည်။
မည်သို ့ပင် ဖြစ်ပစေ မီးသတ်ဦးစီးဌာန မှ စိုက်ထူထားသည့် ဆိုင်းဘုတ် များ လိုပင်
သင့် ကြောင့် ပြည်သူတွေ မီးမလောင် ပါစေ နှင့် ဟု အကြံပြုရ မည် ပင် ဖြစ်သည်။
ယနေ ့ အမေရိကန် တွေ ရဲ ့ လက်တွေ ့ဘဝ ကို ဒီမှာ ကြည့်ပါ။
\” ငတ်ရင် နေလေ သေပစေ \” ဆိုတဲ့ အမြတ်ကြီးစား နိုင်ငံ မှာ နိုင်ငံသား တစ်ယောက်ရဲ ့ ကျန်းမာရေး ကိုတောင် အာမ မခံ
http://freedomnewsgroup.com/2011/11/02/%e1%80%b7how-american-do-in-developing-countries/
……………………………………………
ကိုကိုကြီး
…………
ဗီယက်နမ်နဲ့ ဖီလစ်ပိုင် ၂ နိုင်ငံထဲ ကွက်ပြီး အပြစ်ပြောမရ။ အခုရေးတာ အမေရိကန် နောက်မှီးဆွဲလို့ ကောက်ချက်မဆွဲပါနဲ့။ အမှန်ကို သုံးသပ်ခြင်း ဖြစ်တယ်။
အာရှမှာ ဂျပန် ကိုးရီးယား ထိုင်ဝမ် ထိုင်းတို့ဟာ အမေရိကန်နဲ့ မဟာမိတ်ပြုပြီးနေခဲ့တာ နှစ်ပေါင်းအတော်ကြာပြီ။ ဒါကြောင့် ဒီနိုင်ငံတွေ ကမ္ဘာမှ ယှဉ်ဘောင်တန်းနိုင်တယ်။
ဗီယက်နမ် ဈေးကွက် ဖွင့်တာက တရုတ်ဖွင့်ပြီးမှ လိုက်ဖွင့်တယ်။ ပုံစံက အိမ်ကြီးမှာ တွဲလောင်းချထားတဲ့ အဖီလေးလောက်ပဲ ရှိတယ် သဘော။ ကုန်တိုက်ကြီးနာမှာ လမ်းဘေးဆိုင်လေး အဆင့်အတန်းဆို ပိုပီပြင်မယ်။ သေချာတာက ဗီယက်နမ်ဟာ အင်ဒို ခမာ လော မြန်မာ နိုင်ငံများထက် အရှေ့ရောက်သွားပါပြီ။
ဒါဗေမဲ့ သူတို့နိုင်ငံမှာ ကြိုးနီစနစ် လာဒ်ပေးလာဒ်ယူစနစ်ဟာ တရုတ်လို ပြုပြင်ပြောင်းလဲ မနိုင်တာလဲ နှောက်နှေးမှုပဲ။ သူတို့နိုင်ငံမှာ အခြေခံအဆောက်ဦးတွေ ဖြစ်တဲ့ ဆက်သွယ်ရေး လမ်းပန်း လျှပ်စစ် သောက်သုံးရေ အားလုံး နိုင်ငံတဝှမ်း ရရှိနေပြီ၊ ဒါဟာ တိုးတက်မှုရဲ့ အခြေခံတွေ မဟုတ်လား?
ဖိလစ်ပိုင်တော့ သေချာမသိ၊ မဟာမိတ်ဖွဲ့တယ်ဆိုဗေမဲ့ အမေရိကန်ရေတပ် ရုတ်သိမ်းခဲ့ခြင်းဟာလဲ သူတို့နိုင်ငံ တိုးတက်ခြင်းကို တန့်သွားသလို ဖြစ်သွားတယ်။ နောက်ပြီး မူဆလင်ခွဲထွက်ရေးနဲ့ ပြည်တွင်းစစ် ဖြစ်နေရတယ်။ ပြည်တွင်းစစ် ဖြစ်ပြီဆိုမှ ဘယ်လို တိုးတက်ဦးမလဲ။
နောက်တချက်က ဒေသဆိုင်ရာ ချိန်ခွင်ညာကို ကြည့်စေချင်တယ်။ ဒုတိယကမ္ဘာအပြီး ဂျာမဏီနိုင်ငံနှင့် ဆက်ဆပ်နေတဲ့ ဒီန်းမတ်၊ ဘယ်လ်ဂျီယံ၊ ဟော်လန် အမေရိကန်နဲ့ မဟာမိတ်ပြုပြီး ဂျာမဏီ ရန်က လွတ်ကင်းအောင် အမေရိကန်နဲ့ မဟာမိတ်ပြုခဲ့တယ်။ ယခု ဖြစ်နေတဲ့ တရုတ်ပင်လယ်အတွင်း ကျွန်းစုကိစ္စလည်း တရုတ်ကို ဆန့်ကျင်နေတဲ့ နိုင်ငံအားလုံးဟာ အမေရိကန်နဲ့ မဟာမိတ်အသွင်ပြုထားတယ်လေ။ တကယ်လို့သာ အမှီမရှိဘူးဆိုရင် တရုတ်က လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်မှာပေါ့။ ဒီအချက်လဲ သတိပြုသင့်။ အခုတလော မြန်မာနဲ့တရုတ် အနေအထား
မြန်မာဟာ ကြားနေရေးမူဝါဒကို တလျှောက်လုံး လက်ကိုင်ထားပြီး တရုတ်ကွန်မြူနစ်ကို ကမ္ဘာ့အရေးထဲ လူလိုသူလိုဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ဒါဗေမဲ့ တရုတ်ကွန်မြူနစ်က ကချင်ပြည်နယ်အတွင်း ရွာတချို့ကို ယူသွားခဲ့တယ်။ နောက် ဗကပကို ကူညီပြီး ဝ လူမျိုးအမည်ခံ တရုတ်နယ်ဖွားတွေကို ရှမ်းပြည် မြောက်ပိုင်းမှာ အခြေချနိုင်အောင် ပြုလုပ်ခဲ့တယ်။ နောက်တော့ ဗမာလူမျိုးတွေဖြစ်တဲ့ ဗကပ ထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းပြီး ဝ လက်နက်ကိုင်တပ်ဖွဲ့ကို တစိုက်မတ်မတ် ကူညီပေးခဲ့တယ်။ ဝ ခေါင်းဆောင်တွေ တရုတ်ဆီမှာပဲ လက်နက်ချမယ်လို့ ပြောခဲ့တယ်။ ဒါဟာ တရုတ်ကွန်မြူနစ်တွေရဲ့ အကွက်ကျကျ စီစဉ်ထားတဲ့ ပုံစံမဟုတ်ဘူးလား။ ဒီအနေအထားတွေနဲ့ ဆက်သွားနေမယ်ဆိုရင် စဉ်းစားကြည့်ပါတော့ ။ တရုတ်လွမ်းမိုးမှုကို မခံချင်ရင်တော့ အမေရိကန်နှင့် ဆက်ဆံသင့်တယ်
မည်သည့် ခေတ်စနစ်မှာဆို ချမ်းသာ ဆင်းရဲတော့ ရှိစမြဲပါ။ အခု ချမ်းသာလှပါတယ်ဆိုတဲ့ တရုတ် မြောက်ပိုင်းနှင့် ကုန်းတွင်းဒေသမှ ပြည်သူလူထုတွေဟာ ဆင်းရဲစမြဲ ဆင်းရဲပါ။ အစိုးရ ဖက်စပ် လုပ်ငန်းကြီးတွေအတွက် မြေယာသိမ်းခံရ အလုပ်မရှိလို့ မြို့တက် ဘဝပျက်နေတဲ့ တရုတ်တွေ ရိုက်သတ်လို့ မကုန်ပါဘူး။ ဖိလစ်ပိုင် မိန်းကလေးတွေ အပြင်ထွက်ပြီး အိမ်ဖေါ်လုပ်တယ်ဆိုတာက သူတို့ မြို့ရွာတွေမှာ လယ်မစိုက်ချင်လို့၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုး လုပ်တာထက် အကျိုးရှိတယ် မြင်လို့ လုပ်တယ်လို့ မှတ်ပါလေ။ တချို့ ပညာတတ် အရည်အချင်းရှိတဲ့ မိန်းကလေးတွေဆို ဒီဘဝကို အခြေခံပြီး အဆင့်အတန်းတခု ရအောင် ကြိုးစားနေတဲ့ ဖိလစ်ပိုင် အမျိုးသမီးတွေဟာလည်း ကမ္ဘာတဝှမ်းမှာ ဒုနဲ့ဒေး ….
……………………………….
မောင်လူလှ
……………………………….
မောင်လူလှက အမေရိကန်မှာ နေပါတယ်။ တက္ကဆက်ပြည်နယ် မှာ ၄ နှစ် နယူး ယောက် မှာ ၃ နှစ်
နဲ ့ အခု ကာလီ ဖိုး နီးယား မှာ ၃ နှစ် ရှိ ပါပြီ။ ၁ဝ နှစ် ကျော် ပြီ ဆိုပါတော့ ။ ဟူစတန် တက္ကသိုလ်
က နိုင်ငံ ရေး သိပ္ပံ နဲ ့ ဘွဲ ့ရရှိ ခဲ့ ပါတယ်။ အမေရိကန် အကြောင်း ဘယ်လောက် မင်း သိလို ့ လဲ
မေ းမှာ ဆိုးလို ့ ကြိ ူမိတ်ဆက်ထားတာပါ။ ဟာဝိုင်ယီ. အလာစကား နဲ ့ မွန် တာ နား ပြည်နယ် က
လွဲ ပြီး အကုန် ရောက် ဖူး ပါတယ်။
ဒီဆောင်းပါးနဲ ့ ပတ်သက်ပြီး အတိုချုပ် ပြောရရင် တော့ နိုင်ငံ တကာ ဆက်ဆံ ရေး နဲ ့ နိုင်ငံ ရေး
သိပ္ပံ မှာ Who Benefits? ဆို တဲ့ စကား ရှိ ပါတယ်။ ဘယ်သူ အကျိုး အမြတ် ရှိလဲ ပေါ့။ ဒီနေ ့
မြန်မာ – အမေရိကန် ဆက် ဆံ ရေး ဟာ ဒီနိုင်ငံ ရေး အိုင်ဒီယာ လို ပဲ တစ်ယောက် နဲ ့ တစ်ယောက်
Benefits ဖြစ် အောင် လုပ် နေ တဲ့ ဆက်ဆံ ရေး ပါပဲ ။ နိုင်ငံ တကာ ဆက်ဆံ ရေး တော်တော်
များ များ ကလည်း ဒီလို ပါပဲ။
ဦးသိန်းစိန် အစိုးရ က အမေရိကန် ရဲ ့ Back နဲ ့ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ အခါ ဒေသတွင်း မှာ ခေါင်း
ထောင် လာ နိုင်ပါမယ်။
နိုင်ငံ တကာ ဆက်ဆံ ရေး မှာ Que Bono ကိုကောင်းကောင်း အသုံး ချတတ်ဖို ့ လိုပါတယ်။ အမေရိကန်
ကိုယ် တိုင် ကလည်း ဒီအချက် ကို သိပါတယ်။
အမေရိကန် အစိုးရ အနေ နဲ ့ က တော့ လူ ့အခွင့် အရေး နဲ ့ ဒီမိုကရေစီ ရေး ကို လေးစား တဲ့ အတွက်
မြန်မာ ပြည်သူ တွေ အတွက် မိတ် ဆွေ ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် အမေရိကန် စီးပွား ရေး ကော်ပို
ရေး ရှင် တွေ ၊ ဘဏ်တွေ ဟာ သူ ့ နိုင်ငံ ထဲ မှာ ရော ကမာ္ဘ မှာပါ အော်ကြောလန် ဖြစ်နေတာ သိ
မြန်မာ တွေ သတိထား ဖို ့ လိုပါတယ်။
ဒီ အင်စတီကျူးရှင်း တွေ ဟာ ချစ်တီး တွေ က ကုပ်သွေးစုပ် တာထက် ဆိုးတယ် ဆိုတာ မြန်မာ လူ
မျိုး တော်တော် များများ မသိကြပါဘူး။ ငါးကြီး က ငါး ကလေး ကို မြို သလို ပါ။
FNG ရဲ ့ ဒီဆောင်းပါး ဟာ အဆိုးမြင်တယ် ပြော လို ့ မရ ဘူး ။ လက်ခံ တာ ၊ မခံ တာ က စာဖတ်
သူ အပိုင်း ပါ။ သူက တော့ မီဒီယာ အနေနဲ ့ သတိပေး တာ တို ့ အသိပေး တာ တို ့ ကို လုပ် မှာ
သူ ့ အလုပ် ပါပဲ။ ပို ့ စနာ နဲ ့ ဒရက် မစ်ရှယ် လာ ရင် ဝိုင်း ပြီး ကြက် ဥ ပုပ် တွေ ၊ ခရမ်းချဉ်သီး
တွေ ပေါက်လို ့ ပြောတာ မဟုတ် ပါဘူး။
င်္FNG ရဲ ့ စာဖတ် ပရိတ်သတ် တစ်ယောကါပါ။ FNG အဓွန် ့ရှည်ပါစေ။
မိုက်ကယ်ဂျော်နီအောင်ပု
November 3, 2011 at 9:30 am
အနောက်ဩဇာ ဆုတ်ယုတ်သွားတဲ့ အာရပ်ကမ္ဘာ
Tuesday, 01 November 2011 23:43 စောပြည့်ညို .တူနီးရှားမှ စတင်ခဲ့သော အာရပ်လူထု အုံကြွမှုသည် ယခုထက်တိုင် ဆက်လက် ဖြစ်ပေါ်နေသေးသည်။ လွန်ခဲ့သည်လက လစ်ဗျားနိုင်ငံကို ၄၂ နှစ် ကြာ အုပ်ချုပ်လာသော ဂဒါဖီ ကျဆုံးခဲ့ပြီ၊
အာရပ် လူထုအုံကြွမှုကို စတင်ခဲ့သည့် တူနီးရှား နိုင်ငံတွင်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည့်။ ဆော်ဒီ ထီးနန်းကို ဆက်ခံမည့် ရှေးရိုးစွဲ မင်းသားမှာလည်း အသက် ကြီးရင့်မှုကြောင့် ကွယ်လွန်သွားခဲ့သည်။
အာရပ်တို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြလေပြီ
အီဂျစ်နိုင်ငံတွင်လည်း မူဘာရက်ကို ဖြုတ်ချ နိုင်ခဲ့ကာ ရွေးကောက်ပွဲကို မကြာမီ ကျင်းပတော့မည် ဖြစ်သည်။ အာရပ် လူထုအုကြွမှုမှာလည်း ရပ်တန့်ခြင်း မရှိဘဲ ဆီးရီးယားနှင့် ယီမင် နိုင်ငံတို့တွင် ဆက်လက် ဖြစ်ပွားနေသေးသည်။
တချိန်က အနောက်နိုင်ငံများနှင့် ဆက်ဆံကာ လက်မ ထောင်ခဲ့သည် အာဏာရှင်များမှာလည်း ကျဆုံးခဲ့ပြီး၊ အရှေ့ အလယ်ပိုင်း ဒေသ၏ အခြေအနေမှာ မည်ကဲ့သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ယခုနှစ် ကုန်ပိုင်းတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ဆုတ်ခွာတော့မည် ဖြစ်သည်။ အနောက်နိုင်ငံများ အနေဖြင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို နောင်တ မရသင့်တော့။ အခြေအနေအရ အနောက်နိုင်ငံများ၏ ဩဇာ ကျဆင်း နိုင်သော်လည်း ရေရှည်တွင် အသစ် ဝင်ရောက်လာသည့် အစိုးရသစ်နှင့် ဆက်ဆံရေးသစ်ကို တည်ထောင်ရပေဦးပေမည်။
စောပြည့်ညို
http://www.maukkha.org/index.php?option=com_content&view=article&id=1935:2011-11-01-23-47-35&catid=120:2010-10-11-07-37-22&Itemid=374
မိုက်ကယ်ဂျော်နီအောင်ပု
November 3, 2011 at 9:37 am
ဘာဘဲပြောပြော
ဗီယက်နမ်အနေနဲ့ အန်တုရဲတယ်ဆိုတာကိုလည်းလျှော့တွက်လို့မရဘူး
ဒုတိယကမ္ဘာစစ်ကို အဆုံးဖြတ်ပေးခဲ့တဲ့ အမေရိကန်ကကောင်တွေကိုတောင်
သူတို့ ပြန်ဆော်ထားတာ လတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်
လမ်းဘေးချီးထိုင်ပါပြီး ချီးပုံလေးက အငွေ့ရေးရေးလေးထွက်နေသလိုမျိုးပေါ့နော
သူတို့ပြည်သူတွေဖက်ကနေပြန်ကြည့်ရင်လည်း
ကိုယ့်နိုင်ငံရရှိဘို့ လုပ်တဲ့ကိစ္စဆိုတော့
ဖြစ်လာတော့လည်း အမျိုးသားရေးကိစ္စအနေနဲ့ သဘောထားတစ်ခုတည်းရှိခြင်ရှိကြမှာဘဲ
ကိုယ့်နိုင်ငံက
ငါလိုးမသားတွေကတော့ 😀 😀 😀
သူများကို ဖင်ခံဘို့ကလွဲပြီး ဘာမှ ခေါင်းထဲမရှိဘူး
ဆဲတယ်ကွာ လီးဖြစ်လား 😀 😀 😀
htoosan
November 3, 2011 at 10:34 am
ူူသူကြီးရေ …
အပေါ်မှာ တောက်လျောက် တရားတွေ ဟောလာပြီးမှ အောက်ကျမှ အလစ် ဘပု ဆဲနေပါတယ်ဗျို့ ..
တိုင်စရာ ရှိရင် တိုင်ရမှာဘဲ.. 😀 😀 😀
မှော်ဆရာ
November 3, 2011 at 11:27 pm
သူများအကြောင်းပြောရင်း ကိုယ့်နိုင်ငံအကြောင်း ပါသွားတယ်ထင်တယ် ….ဟုတ်တယ် မြန်မာ နဲ့ တရုတ် စစ်ဖြစ်ရဲ ပါ့မလား ……
ဆဲဗျာ …..
kocho
November 4, 2011 at 2:14 am
ကိုယ်လူမျိုးကိုယ်သတ်တာတောင်တရုတ်ဆီက လက်နက်အကြွေးယူပြီသုံးနေရတာ ဂေါင်းမော့ပြီတံတွေးထွေးသလိုဖြစ်နေမယ်(လက်နက်ဟောင်းဝါးရင်းဒုက်နဲ့ပဲတန်ပါတယ် ဒီသူရဲကောင်းမဟာတပ်မတော် ကြီးနဲ့ကတော့) 😉
Foreign Resident
November 3, 2011 at 9:49 am
အဘပု ကလည်း
တရုတ် ဂျီပုန်း ချုပ်ကြီး ( Eunuch Grand Director ) ဇန်ရီ
အကြောင်းတော့ မဆွေးနွေးသွားဘူး ။
အများကြီး မျှော်လင့်ထားတာ ။ ဟီဟိ ။
Gipsy
November 3, 2011 at 10:56 am
အားရလိုက်တာ…. ပျစ်ပျစ်နစ်နစ် အားပါးတစ်ရ….
အိပ်ချင်စိတ်တောင် ဘယ်ရောက်သွားသလဲ မသိ…
ကိုပု ရဲ့ စာတွေ အများကြီးဖတ်ပြီး အဆုံးရောက်တော့မှပဲ….
nature
November 3, 2011 at 1:17 pm
တော်တော်လေးဗဟုသုတ ရပါတယ်။ မြေပုံမှာရှာကြည့်တော့ကျွန်းက သေးသေးလေးပဲ။ ကျွန်းပေါ်မှာ ဘယ်ငွေကြေးသုံးလည်းမသိဘူး။ ကျွန်းကသေးသေးလေး ရေတွေဒီလောက်ကြီးနေတဲ့ခေတ်ကြီးမှာ ပင်လယ်ကြီးထဲမှာ ကျွန်းသေးသေးလေး နေရတာကြောက်စရာကြီး။
Foreign Resident
November 3, 2011 at 1:29 pm
ကို Nature ရေ
အဓိကက စစ်သားတွေပဲ နေနေတယ် ။
ကျွန်းကသေးသေးလေး ဟုတ်တယ် ။
နောက်ပြီးတော့ နေရာအနှံ့ ပြန့်ကြဲနေတာ ။
ဒါပေမယ့်
UNCLOS ( United Nation Convention on Law of the Sea ) အရ
ကျွန်းလေးက ၁ဝ ပေ ပါတ်လည်ပဲ ကျယ်တဲ့ ကျွန်းသေးသေးလေး ဖြစ်ရင်တောင်မှ
အဲဒီ ကျွန်းကို ဗဟိုပြုပြီး ရေမိုင် ၂၀ဝ အတွင်းက သယံဇာတတွေ အကုန်ပိုင်တယ် ။
အဲဒါကို EEZ ( Exclusive Economic Zone ) လို့ခေါ်တာ ။
အီးတီ
November 3, 2011 at 8:12 pm
တရုတ်က အနုနည်းနဲ ့ မြန်မာကိုလည်း သိမ်းနေတာပါဘဲ။
Koyin Sithu
November 3, 2011 at 8:31 pm
အဘဖောရေ… နိုင်ငံရေးက အရမ်းရှူပ်ထွေးတော့
ကျွန်တော်လိုက်မမီတာတော့ တကယ်ပါ…
ရင်တွင်းခံစားချက်ကတော့… တရုတ်ကြီးသည်
အမေရိကန်ကို ဘယ်တော့မှ လိုက်မမှီပါ…
အဲ့ဒါတော့ သေချာပါတယ်.. စစ်ပွဲတွေလည်း ထပ်ဖြစ်နေပါဦးမယ်..
တစ်ခုပြောရဦးမယ်… အဘရေ..
ကျနော်လည်း သရက်နည်းနည်းစုပ် တယ်…
ခင်တဲ့
ကိုရင်
pooch
November 3, 2011 at 11:36 pm
အဘဖော ကတော့ လုပ်ပြီ .. အမေရိကန်ကြီး မွဲနေပါတယ်ဆို .. သူပျင်းတာနဲ့ စစ်မျှော်ရတယ်လို့….
တရုတ်တွေ အလုပ်ဖြစ်တာတော့ မပြောနဲ့ သူတို့ အခု လောလောလတ်လတ်
ကွမ်ကျိုးကုန်စည်ပြပွဲမှာ နို်င်ငံခြားသားတယောက်ကို ဝင်ကြေး ယွမ် ၁၀ဝ နဲ့ လူပေါင်း သန်းချီပြီး နိုင်ငံ အစုံကလာတာ တခြားဟာ မပါဘူး.. ဝင်ကြေးတင်ကို တွက်ကြည့်လိုက်….
ဒီက ဘဘများသွားတဲ့ နန်နင်းကုန်စည်ပြပွဲက သတ်သတ်.. အဘဖော ရောနေမှာစိုးလို့
ဒီက လူများ ပါးရည်နပ်ရည် ရှိရင်တော့ ဘယ်သူနဲ့ ပဲ ဆက်ဆံ ဆက်ဆံ ကိုယ့်အကျိုးရှိအောင် လုပ်တတ်ဖို့ ပဲ လိုတယ်… ပြီးရင် ခြံစည်းရိုးကို လုံအောင်ကာထား..
အဘဖောရေ အနော့် ရဲ့ တဦးတည်းသော မတ်တော်မောင်ကလေးကလည်း သူ့အဖေက သရက်ကြီး..
ဒါနဲ့ အဘဖောကို ပီအမ်မေးနဲ့ စွန့် ပစ်ပစ္စည်းတခုအကြောင်း မေးထားသေးတယ် တွေ့မိသေးလား
အဲ့ဒါ အဆင်တော့ ပြေပါတယ် ဒါပေမဲ့ လိုရမယ်ရ စပ်စုထားတာ.. အဘဖော မအားရင်လည်း နို်းပလုံပလုံပါနော်… မေးကြည့်ရုံ သက်သက်..
kai
November 4, 2011 at 12:27 am
ပြောစရာတွေအများကြီးပဲ..။
တရုတ်ပါမောက္ခတွေ သုံးသပ်တာတခုဖတ်ဖူးတယ်..။
ယူအက်စ်ကို တရုတ်မှီလာဖို့.. မျိုးဆက်၃ခု စောင့်ရဦင်္းမယ်တဲ့..။
ဒါတောင် ယူအက်စ်က ဘာမှထူးထူးခြားခြား ထ,မလုပ်ပဲ.. ထိုင်နေမှ..။
ကမ္ဘာကြီးရဲ့နည်းပညာခေါင်းဆောင်လည်း ဖြစ်တဲ့.. ယူအက်စ်က.. ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုလောက်က.. အင်တာနက်ကြီး.. ကမ္ဘာကို ချပေးလိုက်တယ်…။
ဒါနဲ့..ကမ္ဘာကြီးဒီလိုဘဝဖြစ်နေတာပဲ..။
နောင်၁ဝစုနှစ်အတွင်း.. တခုခုချပြပေးဦးမှာပဲ..။
လောလောဆယ်မှာကိုက.. တရုတ်နဲ့ဂျပန်ပေါင်းရင်တောင် ယူအက်စ်ဂျီဒီပီမမှီသေးဘူး.. စစ်ရေးဆို ပြောမနေနဲ့..။
1 United States 14,526,550
2 China, People’s Republic of 5,878,257
3 Japan 5,458,797
ထားပါတော့…
အာရှမှာ တရုတ်ကြီးတက်နေတာ.. မနာလိုစရာမဟုတ်သလို.. ခုခံနေစရာအကြောင်းလည်း မရှိသင့်ပါဘူး..။
အိမ်နီးချင်းပေါက်ဖေါ်..စီးပွားတက်တော့ ကိုယ်လည်း ရောမျော လိုက်သွားလို့လွယ်တာပေါ့..။
မြန်မာများ တရုတ်က ယုံပြီးသား..
အိမ်နောက်ဖေးက မြေကြီးတွေ တူးရောင်းတောင် ဝယ်ဦးမှာ.. ဝယ်ပေးဦးမှာ…
အဲဒါမျိုးကို စံနစ်တကျသုံးတတ်ဖို့ပဲလိုတယ်..ထင်မိတာပဲ..။
ယူအက်စ်က တရုတ်ကို ကစားတာမှာ.. မြန်မာ့မြေမှာ လာ,မကစားဖို့ပဲ.. ဝိုင်းကြိုးစားသင့်တယ်ထင်မိတယ်..။
မြန်မာ့နိုင်ငံရေးသမားတွေကဏ္ဍပေါ့..။ 😆
မိုက်ကယ်ဂျော်နီအောင်ပု
November 4, 2011 at 9:07 am
သဂျီးမင်းတို့များ ဖင်ပိတ်ပြီးတော့ကို ငြင်းနေလိုက်တာ
ကိုရင်စည်သူ ကိုအားကျလို့ထင့် 😀
အကြွေးက လည်ပင်းခိုက်နေပြီ အာဘော်ကမလျှော်ဘူး
…………………………….
ဥရောပ ကြွေးမြီပြဿနာ တရုတ်လက်ရှောင်
By ဗီအိုအေ (မြန်မာဌာန)
အကြွေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ တရုတ်နိုင်ငံ အကူအညီတွေအပေါ်မှာပဲ အားကိုးမနေဖို့ တရုတ်ခေါင်းဆောင်တွေက သတိပေးလိုက်တယ်။
ဥရောပတိုက်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် အဓိကတာဝန်ဟာ ဥရောပမှာသာရှိတယ် ဆိုတဲ့အကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်က ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီကို မနေ့တုန်းကပဲ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ တချိန်တည်းမှာပဲ ဥရောပတိုက်ရဲ့ တည်ငြိမ်မှုဟာ ကမာ္ဘ့စီးပွားရေးအတွက် အရေးကြီးတဲ့အကြောင်း တရုတ်သမ္မတက အသိအမှတ်ပြု ပြောခဲ့တယ်လို့ တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းက ပြောပါတယ်။
ဥရောပတိုက်သားတွေ အနေနဲ့ သူတို့ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်နဲ့ အစွမ်းအစရှိတယ်လို့ ယုံကြည်ကြောင်းလည်း ပြောခဲ့တာပါ။
ပြင်သစ်နိုင်ငံမှာ ဒီတပတ်ထဲ ကျင်းပမယ့် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂ဝ (G-20) အစည်းအဝေးပွဲ မတိုင်မီ ပြင်သစ်နဲ့ တရုတ်သမ္မတ ၂ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဂရိနဲ့တခြား ဥရောပက အကြွေးတွေ ပြန်မဆပ်နိုင်တော့မယ့် အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေကို အကူအညီပေးဖို့ ဥရောပနိုင်ငံတွေက ဘဏ္ဍာရေးအစီအစဉ်သစ်တရပ် ချမှတ်ရာမှာ ကမာ္ဘပေါ်မှာ နိုင်ငံခြား အရန်ငွေကြေး အများဆုံး စုဆောင်းထားတဲ့ နိုင်ငံတနိုင်ငံအဖြစ် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသွားဖို့ ဥရောပ ခေါင်းဆောင်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/—11-03_11_my-news-international—-133171423.html
Foreign Resident
November 4, 2011 at 9:47 am
ပြင်သစ်သမ္မတဆာကိုဇီ ကလည်း
သမ္မတ လုပ်နေပြီး ညံ့လိုက်တာ ။
သေသေချာချာ ဒူးထောက်
ခြေသလုံးကို အားရပါးရဖက် ပြီး
မျက်ရည် ဗူးသီးလုံးလောက်ကျပြပြီး ။
မေါ်ဒယ် သမီးလေး က
စပွန်ဆာ အန်ကယ်ကြီး ကို
ချွဲသလို ချွဲလိုက်ပါတော့လား ။
တရုတ်သမ္မတ ဟူဂျင်တောင် ကြီး
တခါထဲ ကြွေသွားမယ် ။
တရုတ်ကြီး ရဲ့
နိုင်ငံခြား အရံငွေ ( အပိုစုငွေ )
3.2 Trillion US$ ထဲက
1 Trillion US$ လောက်ရ နဲလား ။
ပုံစံက အခုနေများ
တရုတ်ကြီး က ကုလသမဂ္ဂ မှာ
အမေရိကန် ဆန့်ကျင်ရေး အဆိုတင်ရင်တောင်
အီးယူ (EU) က တရုတ်ကြီးဘက်က
ထောက်ခံရတော့ မယ့်ပုံပဲ ။
ပိုက်ပိုက်များ မရှိရင် တော်တော်
မျက်နှာ ငယ်ရတာပဲ ။
မသနားပေါင် သူတို့ခေတ်တုန်းကလည်း
ငါတို့ မြန်မာတွေ ( Asian တွေ )
ဘုရားတောင်ထူးခဲ့ရတာပဲ ။
မင်းတို့ အခုညံ့တဲ့အခါ ခံကြပေါ့ကွာ ။
ကိုယ်ညံ့ ကိုယ်ခံပဲ ။
ba gyi
November 4, 2011 at 10:36 am
အမေရိကန် နဲ့ တရုတ်အခက် – မြန်မာ့အချက်တဲ့ဟေ့–။
ခုလောက်ဆို တပ်ချုပ် အဟောင်း ကြီးတစ်ယောက် – အထိုင်ဖဲကိုင်ပြီး ဒိုင်ပွဲထိုင်နေလောက်ပြီ။
ဒို့ဗမာသာကီမျိူးဆိုတာတော့- မမေ့နဲ့ ဟေ့ နော်—။
ခက်နေတာက စိန်စိန် အစိုးရ ခဗျာ အတိုးဆပ်စရာတောင်မရှိ ၊ အဟိ — တရုတ်ကြွေးကြီးပိ။