Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား ( ၂ ) ( ခြံစည်းရိုးကို ထင်းမခွေ ကြနဲ့ )

Foreign ResidentNovember 4, 20112min48119

” တရုတ်ကြီးနားရွက်ကို

တံတွေးဆွတ်ရဲရဲ့လား ( ၂ ) “

 

ထုံးစံအတိုင်း ပဲလေ

” တရုတ်ကြီးနားရွက်ကို

တံတွေးဆွတ်ရဲရဲ့လား ” Post မှာ

သူကြီး ရဲ့ Comment ကို

Reply Comment ဝင်ရေးတာ

ပြောရင်း ပြောရင်း နှင့်

Post ကြီးဖြစ်ရပြန်ပေါ့ ။

 

အဲဒီတော့ကာ အဲဒီ

” တရုတ်ကြီးနားရွက်ကို

တံတွေးဆွတ်ရဲရဲ့လား ”

Post နှင့် တွဲဖတ်မှ

ဇတ်ရည်လည်မဗျ ။

 

” ယူအက်စ်က တရုတ်ကို ကစားတာမှာ..

မြန်မာ့မြေမှာ လာ မကစားဖို့ပဲ.. “

 

သူကြီးပြောတာ မှန်ပါတယ် ။

အဓိကက အမေရိကန် နှင့် တရုတ် နိုင်ငံရေး ကစားတာ

( ဒုတိယ စစ်အေး တိုက်ပွဲ )

မြန်မာ့မြေမှာ လာ မကစားဖို့ပဲ ။

သူ့တို့ဖာသာသူတို့ ဗီယက်နမ်မှာ ဖြစ်ရင် ဖြစ်ပလေ့စေ ။

 

အမေရိကန် နှင့် တရုတ် ကတော့ နိုင်ငံရေး ကစားကို ကစားကြမှာ ။

ရှင်းရှင်းလေးပဲ ။ နံပါတ် one ( အမေရိကန် ) ရဲ့

Potential Enemy ဟာ နံပါတ် Two ( တရုတ် ) ပဲ ။

 

နံပါတ် Two ( တရုတ် ) က သူ့နေရာလာမယူဖို့

နံပါတ် one ( အမေရိကန် ) က နည်းမျိုးစုံ သုံးပြီး ကြိုးစားမှာပဲ ။

 

အမေရိကန်က မြန်မာနိုင်ငံကို ဝင်ချင်တာကလည်း

Encirclement ဆိုတဲ့ တရုတ်ကြီးကို ဝိုင်းထားပြီး တဖြေးဖြေးဖိအားပေးမှာ ။

အရင် ရုရှားတုန်းကလည်း အဲလိုပဲ ရုရှားကို ပတ်ဝိုင်း ဖိအားပေးပြီး

ရုရှား မောပြီး ဂျုန်းဂျုန်းကျသွားတဲ့အထိ သူဒီလိုပဲ လုပ်ခဲ့တာပဲ ။

 

ဒါပေမယ့် တရုတ်ကြီးကို ချမ်းသာအောင်

ဆွဲခေါ်ခဲ့တာလည်း အမေရိကန်ပဲ ။

ရှင်းရှင်းလေးပဲ ။ ချမ်းသာမှ ချင့်ချိန်တာလေ ။

တရုတ်ကြီး မှာ

Nuclear ICBM ( Inter-Continental Ballistic Missile ) တွေနှင့်

တရုတ်ကြီး ထမင်းငတ်ပြီး ထရမ်းရင် ဘယ့်နှယ့်လုပ်မတုန်း ။

 

ဒါကြောင့် တရုတ်ကြီးကို ချမ်းသာအောင်တော့ ဆွဲခေါ်ခဲ့တယ် ။

ဒါပေမယ့် ငါ့ကိုတော့ မကျော်စေနှင့် ။

ဒါ အမေရိကန်ရဲ့ အဓိက ပေါ်လစီပဲ ။

 

စဉ်းစားကြည့်ဖို့ပါ ။

တရုတ်ကြီးက မြန်မာနိုင်ငံဟာ သူ့ရဲ့ မဟာဗျူဟာ မဟာမိတ်ပဲဆိုပြီး

ယုံကြည်လို့ ( ယုံကြည်လို့ )

အခု ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် ရေနံပိုက်လိုင်း နှင့်

ကားလမ်း ရထားလမ်း တွေလာဖေါက်တယ် ။

 

ဒါ တရုတ်ကြီးရဲ့ မဟာဗျူဟာကျတဲ့ အနောက်ဖက် ထွက်ပေါက်ပဲ ။

Geo-Politic အရ သူ့အတွက် အရမ်း အရေးကြီးတယ် ။

ဟော ဆောက်လို့လဲပြီးရော မြန်မာနိုင်ငံဟာ အမေရိကန့်လူ ဖြစ်သွားရင် ။

အမေရိကန်က တရုတ်ကြီးအမြီးကို

မသိမသာ ကောက်နင်းထားတဲ့ သဘောပဲ ။ ဟီဟိ ။

အဘ အမြင်တော့ အမေရိကန်က တရုတ်ကြီးထက် အများကြီး ပိုလည်တယ် ။

 

အမေရိကန် လဲအပြစ်တင်စရာ မလိုဘူး သူ့အမျိုးသား အကျိုးစီးပွား

အတွက်ပဲ သူ ဦးစားပေး လုပ်ရမှာ ။ အဲဒါ Real Politic ခေါ်တယ် ။

 

ဒါပေမယ့် မြန်မာနိုင်ငံဟာ အရမ်းပါးနပ်ဖို့လိုနေပြီ ။

လက်ရှိ ကမာ္ဘ့ အကြီးဆုံး Super Power နှစ်ခုကြားမှာ

နိုင်ငံရေး ကစားရမှာလေ ။

ကြားမညှပ်အောင် နေတတ်ဖို့လိုတယ် ။

နို့မို့ဆိုရင် အခုဖြစ်နေတဲ့စစ်ပွဲတွေထက်ကြီးတဲ့ စစ်ပွဲကြီးတွေဖြစ်လာမှာ ။

စစ်ဖြစ်နေတဲ့နိုင်ငံဟာ စစ်စရိတ်ထောင်းပြီး ဘယ်တော့မှမတိုးတက်ဘူး ။

 

မမေ့နဲ့နော် တရုတ်ကြီးက အခုဆောက်နေတဲ့ ပိုက်လိုင်းရဲ့လုံခြုံရေးကို

မြန်မာနိုင်ငံက တာဝန်ယူဖို့ခက်နေရင် သူတို့တာဝန်ယူပေးပါ့မယ် လို့

ပြောထားတယ် ။ အေးအေးဆေးဆေး နှင့် အပိုင် ကို ပြောတာ ။

 

ဝ ကိုးကန့် မိုင်းလား တင်မကဘူး ကချင် နှင့် ရှမ်း ပါ တရုတ်ကြီးနယ်စပ်မှာ

မှီခိုနေပြီး တရုတ်ကြီးရောင်းပေးတဲ့ လက်နက် နှင့် စစ်တိုက်နေကြတာ ။

တရုတ်ကြီး ဩဇာကို မလွန်ဆန်နိုင်ကြဘူး ။

 

နောက်ပြီး တရုတ်ကြီးဆီမှာ လူတကာက မလွန်ဆန်နိုင်တဲ့

ပိုက်ဆံတွေ အများကြီးရှိနေပြီ ။

ဒီရက်ပိုင်းတင် အီးယူ ( European Union ) ကတောင်

မစ်ရှင်လွှတ်ပြီး ကယ်ပါ ယူပါ တစာစာ နှင့်

တရုတ်ကြီးကို အော်မီတော်ဖေါ် သွားလုပ်နေရတဲ့ ဘဝ ။

 

တော်ယုံတန်ယုံ ပစ်ပေးပြီး ရှင်းပေးလိုက်လို့ရတယ် ။

ပိုက်ဆံတွေရလို့ကတော့ သူပုန်တွေ ဘာလုပ်ကြမယ်ထင်တုန်း ။

ဟင်း ဟင်း မပြောလိုက်ချင်ဘူး ။

 

ကချင်က ငြိမ်းချမ်းရေး စကားပြောရင် တရုတ်ကြီး ရှေ့မှာမှပြောမယ် ။

ဝ က လက်နက်ချရင် တရုတ်ကြီး ဆီမှာပဲချမယ်လို့ကို

ရှင်းရှင်းပြောထားတာ ။

 

အဓိကကတော့ ပါးနပ်ကြပါ ။

ကိုယ့်ဖာသာကိုယ် လုံအောင်ကာရမယ့် ခြံစည်းရိုးကို

ကိုယ်ကိုယ်တိုင်ပါတ်ပြီး ထင်းမခွေ ကြနဲ့ ။

ကိုယ့် ခြံစည်းရိုး ကိုယ် မလုံတာကိုလည်း

သူများသွား လက်ညိုးထိုးမနေနှင့် ။

 

ကမာ္ဘ့ ဒုတိယ အကြီးဆုံး ဈေးကွက်ကြီး

ဘာရောင်းရောင်း ဝယ်နေတဲ့ တိုင်းပြည်ကြီး

ကိုယ့်အိမ်နားကပ်နေတာကို အခွင့်ကောင်းယူကြ ။

 

အမှန်ပြောရရင် အမေရိကန်ရော တရုတ်ကြီးရော

နှစ်နိုင်ငံလုံးနှင့် အဆင်ပြေအောင်ပေါင်းပြီး လုပ်စားတတ်ရင်

မြန်မာနိုင်ငံ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာလာမှာ ။

သတိတော့ထားပြီး ပါးနပ်ရမှာပေါ့ ။

ကိုယ်တွေက ကျားတွေ နဂါးတွေနှင့် ကစားရမှာလေ ။

 

တရုတ်ကြီးကို သိပ်လည်းမဖားနှင့် သွားလည်းမကန်နှင့် ။

သိပ်ဖားရင်လည်း ရှိသမျှသယံဇာတ တင်မကဘူး လူပါကုန်မှာ ။

သွားကန်ရင်လည်း ပြည်တွင်းစစ်ကို အကြီးအကျယ်ဖြစ်မှာ ။

အမေရိကန် အကြိုက်ဖြစ်သွားမယ် ။

 

အရမ်း ပါးနပ်မှ တော်ကာကျမယ့် အခြေအနေ ။

စဉ်းစားကြပါ ရွာသားတို့ ။

 

တော်သေးဘီ ။

 

အဘ ( FR ) ။

 

19 comments

  • ကျွန်တော့် အမြင်ပေါ့လေ.. နိုင်ငံရေးကို နားလည်သလောက် ပြောကြည့်တာပေါ့။ ခုလိုအချိန်မှာ တရားအားထုတ်တာကို ရပ်တန်းကရပ်လိုက်ပြီး အနောက်ကို ခြေဦးလှည့်တာ အကောင်းဆုံး ခြေလှမ်းတစ်ရပ်အနေနဲ့ မြင်တယ်။ စူပါပါဝါကြီး နှစ်ခုကြားမှာ မြန်မာက ကစားနေတာမဟုတ်ဘူး။ ပါဝါကြီး၃ခုကို လိုရင်လိုသလို သုံးလို့ရတယ်လို့ မြင်တယ်။ နောက်ပါဝါ တစ်ခုက India ပေါ့လေ။ ကုလားကြီးနဲ့ တရုတ်ကြီးကလည်း ကမ္ဘာ့ရန်ပဲလေ။ ခုဆို တရုတ်က အရှေ့အလယ်ပိုင်းက သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်တင်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အိနိ္ဒယ သမုဒ္ဒရာမှာ ရေတပ်အင်အားကို အကြီးအကျယ် တိုးချဲ့နေတာတွေ၊ သီရိလင်္ကာလို နိုင်ငံသေးသေးလေးကို ငွေတွေ အများကြီးထုတ်ချေးနေတာတွေ၊ ဆိပ်ကမ်းတွေ တိုးချဲ့ပေးနေတာကို ကုလားကြီးက တယ်လဲ သဘောမခွေ့လှဘူးပေါ့။ တရုတ်ကြီးကလဲ မလက္ကာရေလက်ကြားကနေတစ်ဆင့် သူ့ကုန်စည်တွေကို ခရီးရှည်ကြီး ဖြတ်သန်းသွားနေရတာထက် ပိုစိတ်ချရတဲ့ မြန်မာပြည် ကုန်းတွင်းကနေတစ်ဆင့်သယ်ပြီး ကျောက်ဖြူကနေ အနောက်ကို ထွက်ပေါက် လုပ်ချင်နေတာကို ကုလားကြီးက စောင့်ကြည့်နေတယ်ထင်တယ်။ ခုတော့ တရုတ်အခက်၊ ကုလားအချက် (လိုသလိုပြင်လိုက်တာပါ) ဆိုပြီး တရုတ်ကြီးနဲ့ သိပ်ပြီး မပြေလည်ချိန်မှာ ကုလားကြီးက လာပါ၊ ထောက်ခံပါတယ်၊ ဘာတယ်၊ ညာတယ်နဲ့ပြောပြီး အားပါးတရ ကြိုဆိုနေတာပေါ့။

    ဒီအရေးတွေကို ကြိုမြင်လို့ပဲ ခုတစ်လော နာမည်လေးလုံးကြီး ပေါက်ဖော်ကြီးဆီသွား၊ ဂါဝရပြုပြီးတော့ မြန်မာတွေ Anti-Chinese ဖြစ်နေတာကို အရေးပေါ် ကုစားဖို့ ယဉ်ကျေးမှုအဖွဲ့တွေ လွှတ်နေတယ်။ နောက်ထပ် ခြေလှမ်းတွေလဲ ရှိဦးမယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် အရင်က တရုတ်ကြီးက မြန်မာနိုင်ငံကို အချဉ်အနေနဲ့ တွက်ထားတယ်။ အဆိပ်မရှိတဲ့ ရေမွေလို့တွက်ထားပြီး သူလိုချင်တာ ယူနေတာ။ ဘာလို့လဲဆိုတော့ အရင်အစိုးရကို နိုင်ငံတစ်ကာအသိုင်းအဝန်းက “ကျဉ်”ထားတာလေ။ ခုဦးသိန်းစိန်လက်ထက်မှာတော့ နည်းနည်းလေး လှုပ်ပြလိုက်တာ ခုဆို အမေရိကန်ဘက်က အဆင့်မြင့်အရာရှိတွေကိုယ်တိုင် ချောင်းပေါက်မတတ်လာဆွေးနွေးနေရတယ်။ ဒီနေ့တောင် မဟာသီယာကိုယ်တိုင်လာပြီး စီးပွားရေးဆိုင်ရာ စာချုပ်တွေ ချုပ်တာတွေ့ရတယ်။ ဒီတော့ တရုတ်ကြီးလဲ မြန်မာကို အရင်လို သူ့လက်အောက် ပြည်နယ်တစ်ခုလိုမျိုး ဆက်ဆံရဲမှာ မဟုတ်တော့ဘူး။

    နောက်တစ်ခုက စစ်ရေး၊

    စစ်ရေးအရ ကြည့်မယ်ဆို မြန်မာနိုင်ငံဟာ အတော်လေး အချက်အချာကျတာ မြင်မိမယ်ထင်တယ်။ တရုတ်ကြီးရဲ့ လုံခြုံရေးကို အကောင်းဆုံး ခြိမ်းခြောက်နိုင်တာ မြန်မာတစ်နိုင်ငံပဲရှိမယ်။ ဒါကြောင့် တရုတ်ကြီးက မြန်မာစစ်တပ်ကို သူတို့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဖြည့်ဆည်းပေးနေတာပဲဖြစ်တယ်။ အဲလိုမှ မဟုတ်ရင် မြန်မာနိုင်ငံဟာ အမေရိကန်တွေရဲ့ စစ်အခြေစိုက် စခန်းတွေ ဖွင့်ရာနေရာဖြစ်လာမှာ အတော်လေးစိုးတယ်။ ဒါကြောင့်မို့လဲ UN မှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်လာရင် သူ့ရဲ့ ဗီတိုအာဏာကို မကြာခဏ ထုတ်သုံးနေတာပဲဖြစ်တယ်။ သူတို့နိုင်ငံရဲ့ အရှေ့ဘက်မှာဆိုရင် ဂျပန်၊ တိုင်ဝမ်တွေကို အမေရိကန်က ကာကွယ်ပေးထားသလိုနဲ့ စစ်အင်အား ချိန်ခွင်လျှာညှိထားတယ်။ အဲလိုပဲ တောင်ဘက်မှာလည်း ကိုရီးယား၊ ဖိလစ်ပိုင် အစရှိတာတွေပေါ့။ သူတို့ရဲ့ မြောက်ဘက်မှာဆိုလဲ ဝက်ဝံနီကြီးတွေက သွားဖြဲပြီး ကြိုနေတော့ သူ့မှာ ထွက်ပေါက် နောက်တစ်ပေါက်ပဲ ရှိတော့တယ်။ တစ်ချိန်ချိန်မှာ တရုတ်ကြီးလဲ ရှေးက အင်္ဂလန်လို ဖြစ်လာရင် ဘယ်လိုလုပ်မလဲ? ခုနေတော့ စီးပွားရေးပဲလုပ်ချင်ပါတယ်ဆိုပြီးဟန်ပြ၊ နောက်တော့ သူတို့စီးပွားရေးလုပ်တယ်ဆိုတာ သူတို့မှာ ကုန်ကြမ်းရှိလို့မှ မဟုတ်တာ၊ တစ်ခြားနိုင်ငံတွေကနေ သွင်းရတာ၊ သူတို့ သဘောမကျတဲ့အချိန်ကျရင် အကြောင်းပြချက်ပေးပြီး လွယ်လွယ် ဝင်သိမ်းနိုင်အောင် စစ်အင်အားကို မတန်တဆ တိုးချဲ့နေတယ်လို့မြင်တယ်။ ခုတစ်လော တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်နေတာနဲ့ ပါတ်သက်ပြီး သူ့ရဲ့ ရာဇသံကို မြင်မိမယ်ထင်တယ်။ ဒီတော့ သူလိုလူ ပေါင်းသင့်ရဲ့လား?

    ပြောရရင်တော့ မြန်မာနိုင်ငံဟာ မွေပွေးခါးပိုက် ပိုက်ထားတာထက် အမေရိကန်နဲ့ India ရဲ့ စစ်ရေး အကာအကွယ်ယူသင့်တယ်ထင်တယ်။ ခုလိုမျိုး ကိုယ့်စစ်တပ်ကို ကိုယ်ကိုယ်တိုင် အင်အားတောင့်တင်းအောင် နိုင်ငံရဲ့ GDP တော်တော်များများကို ယူသုံးနေတာထက် အဲဒီအပိုင်းမှာ လျှော့ချလိုက်ပြီး စီးပွားရေးကို အရင်ဆုံးကောင်းမွန်အောင် တည်ဆောက်သင့်တယ်ထင်တယ်။ ကျွဲကူး၊ ရေပါဆိုသလို စီးပွားရေး အင်အားတောင့်လာရင် စစ်ရေးလဲ အလိုလို အင်အားတောင့်လာမှာပဲ။ အဲလိုမှ မဟုတ်ရင် ကိုရီးယားလို ညူလက်နက်ကြီးပြပြပြီး နိုင်ငံတစ်ကာက အကူအညီတွေရဖို့အရေး “မြောက်ပြ ဆန်တောင်း” ” ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” ဖြစ်နေမယ်လို့ မြင်မိတာပဲ။

    ပြောချင်တာတော့ အများကြီးပဲ၊ Post တစ်ခုစာလောက်ရှိတော့မှာမို့ ဒီလောက်လေးပဲ ရေးလိုက်တော့တယ်။ သူများတွေ အမြင်ကိုလဲ ကြည့်ချင်သေးတယ်။ သူကြီးလဲ ဘယ်လိုမြင်မလဲ ကြည့်သေးတာပေါ့။ ဂလောက်ပဲ တော်ဘီ။

    • Foreign Resident

      November 4, 2011 at 8:45 am

      ဟုတ်တယ် ကို ရှူံး လူ ရဲ့
      အဘလည်း အမေရိကန် ကို ပိုအားကိုးချင်တယ် ။

      အိန္ဒိယ ကတော့ မစွန်ပါဘူး ။ တိုက်တိုင်းရှုံး တိုင်းပြည် ။
      တရုတ် နှင့် တိုက်လည်း ရှုံး ၊ ပါကစ္စတန် နှင့် တိုက်လည်း ရှုံး နှင့် အမြဲတမ်း သူချည်းပဲ စစ်ရှုံးတာ ။
      သူ့မြေတွေ ( Aksai Chin Area ) တောင် တရုတ်ကသိမ်းသွားတာကို သဘောတူလိုက်ရတာ ။
      အိန္ဒိယသွား အားကိုးရင် ခွေးလုံးလုံးဖြစ်သွားမယ် ။

      အမေရိကန်ရဲ့ ညူကလီးယား ထီးရိပ် အောက်ဝင်တာကတော့ မဆိုးပါဘူး ။
      ဆိုးတာက ကိုယ်တွေက နဂိုထဲက တရုတ်ကြီး နှင့်
      စပ်စပ်ရှက်ရှက် လုပ်မထားရင် ကင်းကင်းရှင်းရှင်း နေခဲ့ရင်တော့ ဟုတ်တာပေါ့ ။
      အခုက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် ရေနံပိုက်လိုင်းတွေက ဆောက်နေပြီ ။
      ဆည်တွေ စီးပွားရေးလုပ်ငန်းတွေဆိုတာလည်း အများကြီး ။
      အခုမှ ကဖျက်ယဖျက် ထလုပ်ရင် တရုတ်ကြီးက သည်းခံပါ့မလား ။

      နယ်စပ်မှာကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေက အောတိုက် ။
      တိုင်းရင်းသား သူပုန်တွေက နဂိုကတည်းက စိတ်ဓါတ် ပြင်းပြီးသား ။
      တပြားမှမရပဲ သူတို့ လူမျိုး လွတ်မြောက်ရေးအတွက် အသက်စွန့် တိုက်နေတာ ။
      မြန်မာ့တပ်မတော်လို ကြေးစား လခစား ပြီး တိုက်နေတာမဟုတ်ဘူး ။

      တရုတ်ကြီးက ကိုယ်တိုင်တောင် ဝင်တိုက်စရာမလိုဘူး ။
      Weapon, Training, Moral & Logistic Support သာပေးလိုက် ။
      ပြည်နယ် နှစ်ခုလောက်က သိပ်မကြာဘူး ပါသွားမှာ ။

      နိုင်တာ ရှုံးတာ ကိုအဓိကထားပြောချင်တာ မဟုတ်ပါဘူး ။
      စစ်ဆက်ဖြစ်နေပြီဆိုကတည်းက သွားပြီ မတိုးတက်တော့ဘူး ။

      အဲတော့ အမေရိကန် နှင့် အရမ်းပေါင်းပြီး
      တရုတ်ကြီးကိုလည်း သွားမဆွစေချင်ဘူး ။
      ပါးပါး နပ်နပ် ကြားချသွားမှ ရမယ် ။

      • မြန်မာ့တပ်မတော်ကို ကြေးစားတပ်မတော်လို့ မခေါ်စေချင်ပါဘူး.. ကြေးစား ဆိုတာ ထိုက်သင့်တဲ့ အခကြေးငွေ၊ ထောက်ပံ့မှုတွေပေးလို့ အသက်ကိုရင်းပြီး စီးပွားလုပ်တာကို ခေါ်ပါတယ်။ မြန်မာပြည်က တပ်မတော်သားတွေ (အရာရှိကြီးပိုင်းတွေမပါ) ခုနောက်ပိုင်းအများစုက ပေါ်တာဆွဲတွေ၊ အရပ်ဘက် ဥပဒေချိုးဖောက်မှုတွေကြောင့် (ဒါကို နောက်ပိုင်း သေချာရှင်းပြပါ့မယ်) တပ်ထဲရောက်လာသူတွေပါပဲ.. ရောက်လာပြီးတဲ့နောက်မှာတော့ ” ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်တစ်ကယ်သာ လိုက်နာနိုင်ရင် ယောကျာ်းကောင်း ယောကျာ်းမြတ်တွေကို မွေးထုတ်ပေးတဲ့ နေရာပေါ့” ဆိုတဲ့ စာတမ်းအပါအဝင် ကက(ပြည်)ရဲ့ စည်းရုံးရေးတွေကြောင့် စစ်စိမ်းရောင် ဝတ်စုံကိုဝတ်လိုက်ရပြီဆိုတဲ့အချိန်မှာ နှစ်ပဲတစ်ပြား လစာလေးကို မက်လို့ လုပ်နေတာမဟုတ်ဘဲ သူတို့ကိုယ်တိုင်ကကိုက စစ်သားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေကြတဲ့သူတွေပါ.. ဒါတွေက အောက်ခြေဘဝတွေပါ။ သူတို့စိတ်ထဲမှာ မနက်တိုင်းရွတ်ရတဲ့ သစ္စာအဓိဌာန် (၄)ချက်ကြောင့် စိတ်ထဲမှာ နိုင်ငံတော်ကြီးကို ကာကွယ်နေရသူတွေလို့ပဲ မှတ်ထားတာ။ ဘာမှ သိပ်များများစားစား မတွေးဘူး။ ဒီတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက သူတို့ အမျိုးကို ကာကွယ်ဖို့ အမျိုးချစ်စိတ်တစ်ခုတည်းနဲ့ တိုက်နေတယ်လို့ပြောတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဆိုတာလည်း ၂၀၀၁ ခုနှစ်တုန်းက ပါချီးစခန်းလို ထိုင်းနဲ့ တစ်ကယ်စစ်ဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ DSA 42 ဆင်းတွေ ကျောင်းက ဆင်းတာနဲ့ တသခ ကို မပို့ဖို့အရေး စစ်ရာထူးခန့်ချုပ်ရုံးကို မိဘတွေ ပြေးလွှားသွားနေရတဲ့အချိန်မှာ ကျန် အခြားအဆင့် စစ်သည်တွေ(ရဲမေတွေအပါအဝင်) Equipment အပြည့်အစုံနဲ့ စစ်ထွက်ဖို့ ပြင်နေကြတာချည်းပါပဲ။

        တိုင်းရင်းသားတွေ အရေးကလဲ တရုတ်ကြီးက အားပေးအားမြှောက် လက်နက် တပ်ဆင်ပေးနေတာကတစ်ကြောင်း၊ ယိုးဒယားက သူ့နိုင်ငံ လုံခြုံရေးအတွက် နယ်စပ်တစ်လျှောက် တိုင်းရင်းသား ဆန့်ကျင်သူတွေကို လက်နက်တပ်ဆင်၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်တိုက်စေခြင်းနဲ့ နယ်စပ်တစ်လျှောက် လုံခြုံမှုရှိစေရေးတို့ကြောင့် ပြည်တွင်းစစ်မငြိမ်းနိုင်တာပါ။

        ခုဦးသိန်းစိန်လက်ထက်မှာ တစ်ကယ်ပဲ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်၊ အဲဒီလက်နက်တပ်ဆင်ပေးနေတဲ့ နိုင်ငံတွေကို စီးပွားရေး အခွင့်အလမ်းတွေ မြှူဆွယ်ပြပြီး လက်နက်တပ်ဆင်ပေးနေတာတွေ ရပ်ခိုင်းမယ်၊ တိုင်းရင်းသားတွေကို သူတို့ပြည်နယ်တွေ တိုးတက်အောင် အမှန်တစ်ကယ် လုပ်ဆောင်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ခက်မယ်မထင်ပါဘူး။ အလွယ်လေးပါ။ ရွှေပြည်တော် မျှော်တိုင်း မဝေးနိုင်တော့ပါဘူး။

        အချုပ်ပြောချင်တာကတော့ မြန်မာ့တပ်မတော်က စစ်သားတွေက ကြေးစားစစ်သားတွေ မဟုတ်ဘူးဆိုတာပါ။ ကိုယ်တိုင် သွားလေ့လာကြည့်ပါ၊ သေချာသိပါလိမ့်မယ် (အရာရှိကြီးတွေ မပါ)

        ဂလောက်ပဲ တော်ဘီ

        • Foreign Resident

          November 4, 2011 at 10:13 am

          အင်းးးး ကို ရှူံး လူ ရဲ့
          လခစား ရင်တော့ ကြေးစားပဲ ခေါ်ရတော့မပေါ့ ။

          ” စစ်သားတစ်ယောက်ဖြစ်ရတာကို
          ဂုဏ်ယူနေကြတဲ့သူတွေပါ ”

          အခုနေ သာမာန် ရဲဘော်တွေကို
          တပ်က ထွက်ခွင့်ပေးလိုက်ရင်
          ဘယ်နှစ်ယောက် ကျန်ရစ်မယ်ထင်လည်း ။
          ၂၅ % ကျန်ရင် ကံကောင်း ။

          အရာရှိကြီး တွေပြောကြတာတော့
          တစ်ယောက်မှ ကျန်မယ် မထင်ဘူးတဲ့ ။

          တလ တပ်သား ၅ ယောက်ထက် ပိုပြေးရင်
          ရင်းမှူး ထုခြေလွှာတင် ဆိုပြီး
          အမိန့်ကို ထုတ်ထားရတာပါ ။

          အဘက စစ်တပ်ထဲသွား လေ့လာနေစရာ
          မလိုတော့တဲ့ အခြေအနေပါကွယ် ။
          ဘာ့ကြောင့်တုန်း လို့တော့
          မမေးပါနှင့်ကွယ် ။

        • မှန်၏။ လေးလပါတ်အစည်းအဝေးတွေမှာ အထုအထောင်း မခံရလေအောင် တပ်သားသစ်တစ်ယောက် ဆေးအောင်ပြီး စုဆောင်းရေးမှာ ၂ သိန်း ၃ သိန်းပေးဝယ်နေရတာတော့ အမှန်ပဲဗျို့၊ ဒါကြောင့်လဲ အပြင်သွားလို့ မသိတဲ့လူတစ်ယောက်က ညီလေးရေ အကိုတို့နဲ့ ခဏလောက်ဆို မလိုက်ရဲတာ။ အမ်မယ်.. သူတို့ကလဲ နပ်တယ်ဗျ၊ ခွဲခြားသိတယ်။ အရပ်ဝတ် ဝတ်ထားတာချင်းတူတူတောင်။ ထွက်ခွင့်ပေးမယ်ဆို ထွက်မယ့်သူကတော့ သေချာပါပဲ။ ကျွန်တော်ပြောချင်တာက ခံယူချက်ပါပဲ။ အရေးကြီးရင် သွေးနီးတယ်ဆိုတာ ပြောချင်တာပါ။ ခုတော့ ထွက်ချင်နေကြတဲ့ သူတွေချည်းပါပဲ။ ခုလောလောဆယ် တပ်ရင်းတစ်ရင်းမှာ ဖွဲ့စည်းပုံ လူ ၅၀ဝ မပြည့်ပဲ လူ ၂၀ဝ ကျော်လောက်နဲ့ လည်ပါတ်နေရတာ။ တမခ လောက် အဆင့်နီးပါး ဖွဲ့စည်းထားတဲ့ စကခ တွေဆို လူရယ်စရာကောင်းလောက်အောင်ပဲ။ ဗိုလ်တစ်ရာ၊ ရဲဘော်တစ်ကျိပ် ဖြစ်နေတာ။ ပြောရရင် အများကြီးပါပဲ။ ပြောတော့ပါဘူးလေ။ ဟိုလို ဒီလိုကောင်လား ထင်နေမယ်။ ပြောပြရရင်တော့ ကျွန်တော်လဲ နိုင်ငံရပ်ခြားမှာ ဒေါ်လှ ရှာနေရတဲ့ သူပါပဲလို့…

        • Foreign Resident

          November 4, 2011 at 10:35 am

          ဖွဲ့စည်းပုံအပြည့်က လူ ၇၆ဝ ပါကွယ် ။
          😛

  • ကြောင်လတ်

    November 4, 2011 at 7:46 am

    ကျွဲနှစ်ကောင်ခတ်တဲ့ ကြား မြေစာပင်ကတော့ ခံရမဲ့ကိန်းဆိုက်နေပြီ။
    အဖြူ နှစ်ယောက်ကို ကျွဲနဲ့နှိုင်းရတာတော့ အားနာသား၊စကားပုံမလို့သာပြောရတာ။

  • koyinmaung

    November 4, 2011 at 8:18 am

    ဟုတ်တယ်ကိုလူရှုံးရေ ခုအချိန်မှာကျုပ်တို့နိုင်ငံခေါင်းဆောင်တွေ
    နိုင်ငံအကျိုးနဲ့ပြည်သူတွေရဲ့အကျိုးကိုကြည့်သင့်နေပါပြီ
    အချိန်အခါကောင်းလဲရောက်နေပြီလို့ထင်မိပါတယ်
    စူပါ နိုင်ငံကြီးတွေအလယ်မှာပါပါနပ်နပ်နဲ့လုပ်သွားနိုင်ဘို့အရေးကြီးပါတယ်
    ခုတင်ဘဲမြစ်ဆုံဆည်တည်ဆောက်ရေးရပ်ဆိုင်းလိုက်တဲ့ကိစ္စမှာတရုတ်ကြီးခုန်စွခုန်စွဖြစ်သွားရပြီမဟုတ်လား
    မြစ်ဆုံဆည်ကိစ္စကလဲတကယ်စဉ်းစားကြည့်ယင်ကိုယ်ခေါင်းပေါ်ကို်တရုတ်ကအနုမြူဗုံးတလုံး
    လာတင်ထားသလိုပြည်သူတွေကခံစားလိုက်ရတာကိုဗျ……..
    မြစ်ဆုံဆည်ကိစ္စမှာကျုပ်တို့ပြည်သူတွေရဲ့စည်းလုံးခြင်းကလဲအံမခန်းပါဘဲ…လေ
    အဘ FR ရဲ့(ဝက်ကြီးနာရွက်တံထွေးဆွတ်ရဲ ရဲ့လား)ပို့စ်ကိုဆက်လက်အားပေးနေပါကြောင်း

  • ကြောင်ကြီး

    November 4, 2011 at 10:46 am

    မောင်ရှုံးရေ ဩဇီဦးဖောက ခေသူမဟုတ်ကွဲ့။ စစ်တပ်အကြောင်း ထဲထဲဝင်ဝင်သိတယ်။ သိဆို သူသင်္ဘောအရာရှိဖြစ်တော့ နိုင်ငံခြားရောက်နေတဲ့ ရည်းစားဆီ အပြီးသွားမယ်လုပ်တယ်။ (အဲဒီတုန်းကတော့ ဩစတေးလျမဟုတ်ပါဘူး။ အခုတော့လည်း ဩစတေးလျကငယ်ချစ်ဆီမှာတဲ့) ဒါကို နိုင်ငံတော်အကြီအကဲက သိသွားတော့ တားပြီး မကြာခင်ဆောက်မဲ့ လေယာဉ်တင်သင်္ဘောမှာ ကပ္ပတိန်အဖြစ် ခန့်မယ်လို့ အာမခံတယ်။ ဦးဖောလည်း ပျော်လို့ပေါ့။ သင်္ဘာစီးရင်း၊ လေယာဉ်ပျံလည်း တက်ခွမယ်ဆိုပြီး ကြံထားတာ တနှစ်လာလည်း မဖြစ်၊ နောင်တနှစ်ပြန်လာလည်း မဖြစ်သေး။ ဒါနဲ့ပဲ သူအားကိုးနေတဲ့ အဘကြီးလည်း လူမြင်ကွင်းကသာ ပျောက်သွားတယ်၊ ဦးဖောခင်ဗျာ နေ့တိုင်း သန်လျင်ရေတပ်ဆိပ်ကမ်း ဘောတံတားနား သွားကြည့်ရတာကနေ မတက်တော့ဘူး။ ဒါနဲ့ စိတ်ပြေလက်ပျောက် ဩစတေးလျထွက်လာလိုက်တာ အဲဒီမှာတင် လူပြိုဘဝဆုံးတယ်ဆိုပဲ။ ဦးကြောင် သိသလောက် ဝေမျှလိုက်တာပါကွယ်။
    ဩဇီဦးဖောပြောတဲ့ (((((နောက်ပြီး တရုတ်ကြီးဆီမှာ လူတကာက မလွန်ဆန်နိုင်တဲ့ ပိုက်ဆံတွေ အများကြီးရှိနေပြီ ။ ဒီရက်ပိုင်းတင် အီးယူ ( European Union ) ကတောင် မစ်ရှင်လွှတ်ပြီး ကယ်ပါ ယူပါ တစာစာ နှင့် တရုတ်ကြီးကို အော်မီတော်ဖေါ် သွားလုပ်နေရတဲ့ ဘဝ ။)))))))) အကြွေးကိစ္စနဲ့ ပတ်သက်လို့ နည်းနည်းပြောချင်တယ်။ ဦးဖောမှမက အခြားသူများလည်း တရုတ်ကြီးကို မွှမ်းချင်တဲ့အခါ၊ အမေရိကန်ကို ထောင်းချင်တဲ့အခါ သုံးလေ့ရှိတယ်။ အဲဒီလိုမျိုးကို အမေရိကန်နိုင်ငံတွင်းမှာလည်း အစိုးရကိုဝေဖန်တဲ့အခါမှာ နိုင်ငံရေးသမား၊ စီးပွားရေးပညာရှင်၊ လူမှုအခွင့်အရေးလှုံ့ဆော်သူများ သုံးလေ့ရှိတယ်။ မှန်သင့်သလောက်မှန်ပေမဲ့ ပိုပိုသာသာ လေထိုးထားတဲ့ စကားဖြစ်ပါတယ်။ အမေရိကန်က ဒီလိုပဲ လုပ်စားနေတာပါ။ ၁၉၈ဝခုနှစ်တဝိုက် ဂျပန်စီးပွားရေးတက်တုန်းကလည်း အမေရိကန်ကုမ္မဏီတွေကို ဂျပန်တွေဝယ် (ဟောလိဝုဒ်ကိုတောင် ဆိုနီကုမ္မဏီက ဝါးမျိုဖို့ကြိုးပမ်းတယ်)၊ ငွေချေးစာချုပ်တွေဝယ်၊ မြေတွေဝယ်တော့ ဂျပန်ကျူးကျော်လာပြီနဲ့ မီဒီယာတွေမှာ ဝိုင်းရေးတယ်။ နောက်ဆုံးတော့ ဂျပန်ကြီး အရှုံးပြပြီး ပြန်ပြေးရတယ်။ အမေရိကန် အမြတ်ထွက်သွားတာပေါ့နော်။ သူကိုယ်တိုင် ငွေမစိုက်ရဘဲ လုပ်ငန်းတွေ ဆက်လည်ပတ်တယ်။ အလုပ်တွေမပြုတ်ဘူး။ ချေးလို့ရတဲ့ ပိုက်ဆံနဲ့ ဘတ်ဂျတ်လိုငွေကို ဖြည့်နိုင်တယ်။ ကိုယ်အနာခံလုပ်ရမဲ့အရာကို သူများကို ခေါင်းခံခိုင်းလိုက်တာပါ။ အဆိုးရှိသလို ကောင်းတာတွေလည်းရှိကြောင်းကို ပြောပါတယ်။ တခုခုလိုချင်ရင် အခြားတခုတော့ အဆုံးရှုံးခံစမြဲလေ။ ညဏ်ရှိရင် ခဏသာ အနာခံရပါတယ်။
    တရုတ်ကြီးလည်း ဒီအတိုင်းပဲ။ မီဒီယာ၊ နိုင်ငံရေးသမား၊ စီးပွားရေးပညာရှင်တွေ ဘယ်လောက်ပဲအော်နေပစေ အစိုးရမှာ ငွေလိုနေတယ်။ ဒီငွေကို တရုတ်ကြီးက ဖြည့်ပေးတယ်။ သာမာန်ကြည့်ရင် တရုတ်သည် မြီရှင်၊ အမေရိကန်သည် မြီစား၊ သို့သော် တရုတ်ကြီးမှာ တကယ့်မြီရှင် ရှိရမဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့် မရဘူး။ ငွေရင်းပြီး အတိုးစားနေတဲ့ ပင်စင်စားများအဆင့်သာရှိတယ်။ ပြောဆိုချယ်လှယ်ပိုင်ခွင့် နိုးပါ။ အမေရိကန်သာ မြီရှင်ဆိုရင် ငွေချေးထားသူ တရုတ်ကြီးကို ဒီအချိန်မှာ စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို လုပ်ပစ်လိုက်မယ်။ အခုလည်း ပြုတ်သွားတဲ့၊ ပြုတ်လုဆဲဆဲ ကုမ္မဏီများကို တရုတ်များက လိုက်ဝယ်ပါတယ်။ အမေရိကန် အစိုးရကလည်း state of art နည်းပညာ မဟုတ်ရင် မျက်စိမှိတ်ရောင်းနေရတယ်။ IBM ကုမ္မဏီရဲ့ ကွန်ပြူတာဌာန ကို တရုတ်ကြီးဝယ်ပြီ လီနိုဗိုတံဆိပ်နဲ့ ရောင်းစားနေတာ သာဓကပါ။ တရုတ်အတွက် နည်းပညာ၊ ဈေးကွက်ရတယ်၊ အမေရိကန်အတွက် အခွန်ရတယ်၊ အလုပ်သမားတွေ အလုပ်မပြုတ်ဘူး။ အခုလည်း တရုတ်ကြီး ဘယ်လောက်ထိ ငွေနဲ့လိုက်နေမလဲ၊ ဂျပန်တွေလို ဘယ်တော့လန်ထွက်သွားမလဲ စောင့်ကြည့်နေပါတယ်။ (တခုတော့ အသိပေးချင်တယ်။ ကျနော် အကောင်း၊ မကောင်း ပြောရင်ပိုတတ်လို့ ကိုယ်ပိုင်ညဏ် နဲနဲတော့ သုံးဖတ်ပေးပါ)။

    • Foreign Resident

      November 4, 2011 at 11:22 am

      မှန်ပါ့ ဦးကြောင်ရေ

      ဒါကြောင့် အဘ ဒီ Post မှာပဲ ရေးထားပါတယ် ။
      “အဘ အမြင်တော့ အမေရိကန်က တရုတ်ကြီးထက် အများကြီး ပိုလည်တယ်”
      ကမာ္ဘကြီးတစ်ခုလုံး အုပ်ချုပ်နေတာ ချဉ်လို့မှ မဟုတ်ပဲ ။

      ဟီလာရီ ကလင်တန် China သွားတော့
      တရုတ်ကြီးကို US Dollar တွေ တန်ဘိုးမချပါဘူး ကတိတွေပေး ။

      တရုတ်ကြီးက ယုံပြီး US Securitise တွေ Bond တွေ Cash တွေ
      Trillion နှင့်ချီပြီး ဝယ်စုထားတာ ။

      ပြီးခဲ့တဲ့ Quarterly မှာ
      US Dollar Notes တွေကို 1,250,000 million ရိုက်ထုတ်ပြီး
      Securitise တွေ Bond တွေရဲ့အဆင့်ကို AAA+ ကနေ AA+ ကို
      ချပြစ်လိုက်တာ US Dollar, Securitise, Bond တွေ ဈေးထိုးကျတာ ။

      တရုတ်ကြီး Billion ပေါင်းများစွာ ဆုံးရှူံးသွားယုံတင် မကဘူး ။
      သူ့ ယွမ်ငွေပါ US$ နှင့်ယှဉ်ရင် တန်ဘိုးတက်သွားလို့ ။
      သူပစ္စည်းတွေ ဈေးတက် မရောင်းရ ဖြစ်သွားတာ ။
      နေ့စဉ်နှင့်အမျှ မျက်ရည် နှင့် မျက်ခွက်ပဲ ။
      ပညာခန်းလေးတွေပေါ့ ။

      အဘသာဆိုရင်လည်း
      နှစ်စဉ် ဒီလိုပဲ Trillion နှင့်ချီပြီး ရိုက်ထုတ်မှာပဲ ။
      ကိုယ့်ငွေတန်ဖိုးကျဖို့ အရေးကြီးတယ် ။

      US အပြင်မှာ Circulated လုပ်နေတဲ့
      US Dollar, Securitise, Bond တွေအားလုံးဟာ
      US ကဆပ်ရမယ့် အကြွေး တွေချည်းပဲ ။
      ကိုယ့်ငွေတန်ဖိုးကျဖို့ အရေးကြီးတယ် ။

  • pooch

    November 4, 2011 at 3:07 pm

    ကိုချိုရေ ဖတ်လို့ မရဘူးဗျို့ ….. Access denied …..ကြီးက စီးပြီးကြိုနေတယ်… 🙁

    • kocho

      November 4, 2011 at 6:56 pm

      ပုပုရေနင်ဖတ်ချင်တယ်ဆိုလို့တင်ပေးလိုက်တာ နာတော့အရှဲခံနီးကီးဘို့များတယ် 😀

  • kai

    November 4, 2011 at 3:09 pm

    အမေရိကရဲ့ အကြီးဆုံးပို့ကုန်တွေက စက္ကူတွေလို့ရေးပြလိုက်ရင်..အမြင်တွေတမျိုးပြောင်းသွားလိမ့်မယ်..။
    အဲဒီလိုစဉ်းစားကြည့်လိုက်လေ…။

    နောက်တခုက…
    အမေရိကားအကြွေးဆိုတာက..သူကသူ့ငွေနဲ့သူလုပ်ထားတဲ့..အကြွေးပဲ..။
    အစိုးရက.. စက္ကူတရွက်မှာဒေါ်လာသန်းချီနံပါတ်တွေရိုက်ပြီး.. လိုက်ရောင်းထားတာပဲ..။ အစိုးရစာချုပ်လို့ခေါ်တယ်..။

    အင်း..
    တည့်တည့်ရေးရရင်တော့…
    အရင်က.. သူထုတ်တဲ့စက္ကူတွေကို ငွေဖြစ်အောင်.. အရှေ့အလယ်ပိုင်းက ရေနံတွေကို စက္ကူတွေမှာနံပါတ်တွေတပ်ပြီး ..ဒေါ်လာလုပ်..အဲဒါနဲ့.. ဝယ်တယ်..။
    အာရပ်တွေ.. သူဌေးတွေဖြစ်တော့ ..ငွေအဖြစ်နဲ့.. ဥရောပနဲ့ကမ္ဘာအနှံ့မှာလိုက်သုံးတယ်..။ ရင်းနှီးမြုတ်နှံတယ်..။
    တချိန်ကျတော့..။ဒါကိုဓါတ်ပေါက်လာတဲ့..ဥရောပက.. ယူရိုငွေထလုပ်ပြီး.. ဒေါ်လာကို သတ်ဖို့ကြံတယ်..။
    အခု..ယူရိုပြိုမလိုဖြစ်နေတော့..ယူအက်စ်က.. သူ့စစ်ရေးမိတ်ဖ်ကတွေကို.. မကယ်တဲ့အပြင်.. သူပါမွဲနေပါပြီဆိုပြီး ငယ်သံပါအောင်အော်ပြနေတယ်..။

    ဒီလိုနဲ့..
    အခုအလှည့်ပေးလိုက်တာက.. တရုတ်ပေါ့..။
    တရုတ်လုပ်အားတွေကို.. စက္ကူတွေနဲ့သတ်မှတ်ပေးလိုက်တယ်ပေါ့..။
    တရုတ်တွေ… အလုပ်တွေလုပ်.. ပစ္စည်းတွေထုတ်..
    အဲဒီ ပစ္စည်းတွေကို… အမေရိကတင်ပို့…
    အမေရိကက… စက္ကူတွေနဲ့ပစ္စည်းတွေဝယ်..။ တရုတ်က အဲဒီစက္ကူတွေ အမေရိကရဲ့.. အစိုးရစာချုပ်တွေပြန်ဝယ်..။
    ဝယ်ထားတာ..စုစုပေါင်း.. ၁.၃ထရီလီယံတဲ့..။
    သတိထားဖို့က.. အီရတ်နဲ့..အာဖဂန်စစ်မှာ ယူအက်စ်သုံးပေးလိုက်တာက.. ၃ထရီလီယန် ကျော်သေးတယ်..။

    ဒီလို..ဒီလိုတွေပါ…။ 😆

    မတူတဲ့အတွေးနဲ့.. ရေးတာလေးပါ..။

  • kocho

    November 4, 2011 at 6:53 pm

    တရုတ် ယုံ တစ်ဖက်ကန်း၊ အမေရိကန် ယုံ စုံလုံးကန်း
    by FNG on November 2, 2011
    FNG

    28

    28

    မဲပေးပါ

    အမေရိကန် နှင့် ဗိုလ်သိန်းစိန် အစိုးရ တို ့၏ ဆက်ဆံရေးကား ကြောင်ခံတွင်း ပျက် နှင့် ဆက်
    ရက် တောင်ပံ ကျိုး တွေ ့ကြ သလိုပင် ဖြစ်သည်။ တစ်ချိန်ကား ရွှေထီးဆောင်း ခဲ့ သည့် အမေ
    ရိကန် နိုင်ငံ ကား ကြွေးလည်ပင်း ခိုက် သလို ၊ဒီမိုကရေစီ နိုင်ငံ တစ်ခု ၏ အဆိုးရွား ဆုံး နိုင်ငံ
    ရေး ရေ ချိန် ဖြစ်သည့် ” အစိုးရ ကို ပြည်သူ တို ့ က ယုံကြည်မှု ကင်း မဲ့ ခြင်း ပင် ဖြစ်သည်။

    လူလတ်တန်း စာ း ၏ သုံးစွဲ နိုင်စွမ်း လျှော့ ကျမှု ကြောင့် ပြည်တွင်း ဈေးကွက် တွင် မျက် နှာ
    ပန်းမလှ သည့် အမေရိကန် ကုမ္ပဏီ များ မှာ ပြည်ပ ဈေးကွက် ရှာ ဖွေရာ ဉ် မြေမနင်း သား
    မြန်မာ နိုင်ငံ ကို အထူး သဘောကျလှ၏ ။ မြန်မာ တို ့ က လည်း အမေရိကန် ဆို အထူး သ
    ဘောကျ လှ၏ ။

    အမေရိကန် က ဗီယက်နမ် နိုင်ငံ ကို ၁၉၉ဝ ပြည့်လွန် နှစ်များ တွင် ပိတ်ဆို ့ အရေးယူထားမှု
    များ ကို ဖယ်ရှား ပေးလိုက် သည့် အခါ ဗီယက်နမ် နိုင်ငံ သည် နေ ့ချင်း ညချင်း အာရှ ကျား
    တစ်ကောင် ဖြစ်လာခဲ့ သည်။ ဗီယက်နမ် စီးပွားရေး ဆန်းပွင့် သည် ဆိုပါစို ့။ ဆန်းမပွင့် သည်
    က တော့ ဟိုချီမင်း မြို ့ မှ ယခင် လူလတ်တန်းစား စီးရေး လုပ်ငန်း ရှင် များ လယ်ပြန် ကောက်
    စိုက် နေရ ခြင်း ပင် ဖြစ်သည်။

    ဗီယက်နမ် နိုင်ငံ မှ ဆန်စပါး နှင့် ရေထွက် ကုန်များ ကို အမေရိကန် သို ့ ပို ့ နိုင်၍ ဗီယက်နမ်
    တို ့ ဝင်ငွေ ရကြ ၏ ။ အထည်ချုပ် လုပ်ငန်းများ လည်း ဆန်းပွင့် လာသည်။ ချမ်းသာ လာ
    သော ဗီယက်နမ် တို ့ သည် ဇိမ်ခံ ဖို ့ ရန်ကား ဇာတာ ပါမလာ ချေ ။ ရှာသမျှ ပိုက်ဆံ တို ့ကို
    Microsoft , Norton စသည့် ကုမ္ပဏီများ ကို အကုန် လှု လိုက်ရ၏ ။ နှစ်နိုင်ငံ ကုန်သွယ်
    ရေး မူဝါဒ များ အရ Copy Right ဥပဒေ လိုက်လာ ၍ ဖြစ်သည်။

    ယခင်က မြန်မာ တို ့၏ ဟွန်ဒီ လိုပင် ငွေလွှဲ စနစ်မှာ Western Union , Money Gram
    စသည့် နိုင်ငံ တကာ ငွေကြေးဝန်ဆောင် မှု များ ကြောင့် လန် ကွတ်တီ ပင် ချွတ်ရောင်း ကုန်
    ရသည်။

    စီးပွားရေး ပြန်လည် ရုပ်သိမ်းပြီး ဆယ်စု နှစ် တစ်စု လောက်ထိ ဗီယက်နမ် တိုင်းရင်းသား
    စီးပွား ရေး လုပ်ငန်း ရှင် များ အမေရိကန် ကော်ပိုရေး ရှင်း တို ့ ကို နာလန် မထူ နိုင် ချေ။
    လေကြောင်း လိုင်း အစ ကြက်ကင် ဆိုင် အဆုံးပင် ဖြစ်သည်။

    ထိုအဖြစ် အပျက် နှင့် ပတ်သက် ပြီး ၁၉၉ရ ခုနှစ်လောက် Time Magazine တွင် ဗီယက်နမ်
    စစ်ပြန် တစ်ဦး က အခု မှ ဗီယက်ကောင်း တို ့ ကို နိုင် ပြီ ဟု ပြောခဲ့ သည်။

    နဂိုမူလ ဓာတ်ခံ အား နည်း သည့် နိုင်ငံ ငယ်များ ကို အမေရိကန် ဝင်လာသည့် အခါ မျိုး တွင်
    ယခု လို ကြုံရသည် မှာ ဗီယက် နမ် တစ် နိုင်ငံ တည်း မှ မဟုတ် ။ အမေရိကန် နှင့် ပုလဲနံပ
    သင့်လှ ပသည် ဆို သည့် ဖိလစ် ပိုင် ရော ချမ်းသာ သွားသည် ဟု ကြားဖူး ပါစ ။ မနီလာ မြို ့
    သူ များ မှာ အာရပ် ပြည်တွင် အိမ်ဖော် အဖြစ် အသက် မွေး နေရ သည်သာ အဖတ်တင်သည်။

    ပြုပြင်ပြောင်းလဲ လိုစိတ် ရှိ သည် ဟု ရွှေပွဲလာ တို ့၏ အားပေးခြင်း ခံထား ရသည့် ဗိုလ်သိန်းစိန်
    တို ့ အဖွဲ ့ ကို အမေရိကန် က အတိတ်က လို ဆန် တာကလော့ ဘိုးဘိုး ကြီး အနေဖြင့် လက်
    ဆောင် တွေ ယူမလာ နိုင်တော့ ပါ။

    သူ ့ ပြည်တွင်း မှာ ပင် အလုပ်လက်မဲ့ တွေ များ ပြား နေပြီး ၊ ဝင်ငွေ မညီမျှ မှု နှင့် တရားမျှတမှု
    မရှိ ဆိုသည့် ပြဿနာ များ ကြောင့်ဆန္ဒပြ ပွဲ များ တခြိမ်းခြိမ်း ဖြစ်နေသည်။ အိမ်ယာမဲ့ များ
    လည်း ပိုများ လာ သည်။

    အမေရိကန် အစိုးရ ကြုံတွေ ့နေရသည့် ပြည်တွင်း ပြဿနာ များ မှာ ခေါင်းခဲ ဖွယ်ရာ ပင် ဖြစ်
    သည်။ ဦးနင်း ၊ ပဲ့ ထောင် ၊ ပဲ့ နင်း ဦးထောင် ဆိုရမည်။ ကုန်သွယ်ရေး အရှုံးပေါ် မှု နှင့် ဘဏ္ဍာ
    ရေး လိုငွေ ပြ မှု များ အတွက် အစိုးရ ကို စီးပွားရေး ပညာရှင် များ က ပြည်ပ ဈေးကွက် သစ်
    တစ်ခု တည်း သာ ဂယ်ပေါက် ရှိ သည် ဟု အကြံပေး ထား ကြသည်။

    ပြည်တွင်း ဈေးကွက် ပျက် နေ ၍ ပြည်ပ ဈေးကွက် များ ကို မျက်စပစ် နေ သည့် အမေရိကန်
    က မောင်တေဇ တို ့ လို သူဌေးကြီး တွေ နေသည့် နိုင်ငံ ကို လူးလား ခေါက်တုံ ့သွား နေသည်။

    နှစ် နှစ် ဆယ် ကျော်ကြာ တရုတ် နှင့် ပလူး ခဲ့ ပြီး နောက် မြစ်ဆုံ ဆည်ဖြင့် ဇာတ် သိမ်း ခဲ့ သည်။

    ကိုရွှေ တရုတ်တို ့နှင့် နှင့် ပလူး စဉ် က ဘာမှ မည်မည် ရရ အဖတ်တင် မကျန် ခဲ့။ ပြစရာ ဆို၍
    နှစ်ခါ မောင်း တစ်ခါ ပျက် တရုတ် တိုက် လေယာဉ်များ သာ ရှိ မည်။

    ဒီတစ်ခါ အမေရိကန် နှင့် တစ်ချီ တစ်မောင်း နွှဲ ဖို ့ ဗိုလ်သိန်းစိန် တို ့ အဖွဲ ့ ကြံစည် ထား သည်။
    မြန်မာ နိုင်ငံ ၏ အခက် အခဲ အကြပ် အတည်းများ ကို ဖြေရှင်း လို သည့် စေတနာ ကြောင့် လည်း
    ဖြစ်မည် ထင်သည်။

    မည်သို ့ပင် ဖြစ်ပစေ မီးသတ်ဦးစီးဌာန မှ စိုက်ထူထားသည့် ဆိုင်းဘုတ် များ လိုပင်
    သင့် ကြောင့် ပြည်သူတွေ မီးမလောင် ပါစေ နှင့် ဟု အကြံပြုရ မည် ပင် ဖြစ်သည်။

  • windtalker

    November 4, 2011 at 9:19 pm

    အဘဖော သည် ခေသူမဟုတ်
    စနဲ အဖွဲ ့၏ “၃၉ဗိုက်ပူ” သီချင်းကို နားထောင်ဖြစ်သည် ဟု ထင်ပါသည် ။
    ဂျုံးဂျုံး ကြနေပြီ ၊ ဂျုံးဂျုံးကြနေပြီ

  • unclegyi1974

    November 4, 2011 at 11:32 pm

    အိမ်းရေးသွားလိုက်ကြတာ
    အားလုံးကောင်းပါသည်ခင်ဗျာလို့အော်လိုက်ပါသည်
    ကိုယ့်အိမ်တွင်းရေးကိုအရေးတယူကူညီတယ်ဆိုတာ
    သူတို့လိုချင်တာတခုခုတော့ရှိရမယ်လေ
    ကိုယ့်ရဲ့အိမ်ဝိုင်းသော်၎င်း
    ကိုယ့်ရဲ့အတွင်းပစ္စည်းတွေသော်၎င်း
    ကိုယ့်ရဲ့သားပျို သမီးပျိုသော်၎င်း
    တခုခုပေါ့လေ
    သူ့အကျိုးမရှိပဲဘယ်သူမှသူ့အိမ်ကအလုပ်မလုပ်ပဲသူများအိမ်ကိုလာမကူတာကသေချာတယ်
    အဲတော့ကူတာတွေကိုသတိကလေးဉာဏ်ကလေးကပ်ထားနိုင်ရင်တော့အကောင်းဆုံးပေါ့

  • မင်းပြည့်ရှိန်

    November 5, 2011 at 12:31 am

    ကောင်းလိုက်တဲ့ အတွေး၊ ကောင်းလိုက်တဲ့ အရေးတွေဗျာ..

    သဂျီး အပါအဝင် ရွာထဲက ဘဂျီး၊ ဦးဂျီး၊ အစ်ကိုဂျီးတို့ ဆွေးနွေးတာတွေ ဖတ်ရတော့
    အင်အားကြီးနိုင်ငံတွေကြား စားချင်စရာ ဝါးချင်စရာ အဖြစ်နဲ့ ရောက်နေတဲ့ ကိုယ့်နိုင်ငံကို စိုးရိမ်မိတယ်။
    ဘာဖြစ်သွားမလဲပေါ့…… ဘာတွေ ဆက်ဖြစ်လာမလဲပေါ့။
    ဟိုးအရင် ၁၈၈ဝ ကျော် ခုနှစ်များဆီက ဗြိတိသျှနဲ့ ပြင်သစ်တို့ မြန်မာပြည် ရောက်လာကြတုန်းကလို
    မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။
    တစ်ကယ့် တစ်ကယ်မှာတော့ ပြည့်အင်အားက ပြည်တွင်းမှာသာ ရှိတာပါ။
    လိမ္မာပါးနပ်စွာ နေထိုင်နိုင်ဖို့ ဘယ်လိုလူတွေ အဓိက ကျမလဲ?
    လက်ရှိ တစ်ကယ့် မြန်မာ့နိုင်ငံရေးမှာ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်တဲ့ အတိုင်း လိုက်နေကြရတာဖြစ်တဲ့ အတွက်.. လို်က်နေကြသလိုဖြစ်နေတဲ့ အတွက်..
    တရုတ်က စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်မှာ အတော်များများလုပ်ထားတာမှန်ပေမယ့်.
    အမေရိကန်ရဲ့ နည်းဗျူဟာ အကူအညီနဲ့ဆိုလျှင် တရုတ်လည်း အချိန်တန် လိုချင်တဲ့ ကုန်ကြမ်းရစေ… မြန်မာပြည်လည်း အကျိုးအမြတ်ဖြစ်စေနိုင်မယ့် နည်းလမ်းများကို ခေါင်းဆောင်ပိုင်းက ရှာတွေ့ နိုင်မလား…
    မြန်မာပြည်ဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ဖို့
    မိမိတို့ ပုံဖော်ချင်သော နိုင်ငံရေးစနစ်ကို ပုံဖော်နိုင်ဖို့
    မိမိတို့ မျှော်မှန်းသော လူနေမှု ဘဝ၊ ပတ်ဝန်းကျင်ကို ရဖို့ ရောက်ဖို့ ဘာတွေလိုမလဲ..
    ပြည်ထောင်စု မပြိုကွဲရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဖို့ လိုပါမယ်..
    ဒါကြောင့် ပထမဦးစွာ အမျိုးသားစည်းလုံး ညီညွတ်ရေး က ပထမအရေး အကြီးဆုံးလို့ ထင်မိပါတယ်..
    အဲဒီကနေ နိုင်ငံဟာ ကောင်းသော အပြောင်းအလဲတွေကို အလျှင်အမြန်ဖော်ဆောင်ဖို့ လိုသလို….
    နိုင်ငံသား အားလုံးရဲ့ ( အတော်များများ) ရဲ့စိတ်ထဲမှာ တည်ငြိမ်မှု တစ်ခုကို ခံစားမိစေပြီး တိုးတက်လိုတဲ့ ပြင်းပြတဲ့ စိတ်နဲ့ အတူ နိုင်ငံနဲ့ နိုင်ငံအရေးတွေကို ရှေ့တန်းတင်လာနိုင်ဖို့ လိုပါမယ်…
    လူငယ်ထုဟာ မိမိတို့ တတ်စွမ်းတဲ့ ကာယအား ဉာဏအားနဲ့ ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာ ဖြစ်စေ.
    အပတ်တကုတ် ကြိုးစားအားထုတ်နေခြင်းဖြင့်.. မိမိကိုယ်ကို အောင်မြင်အောင် အားထုတ်နေခြင်းဖြင့်
    အမျိုးသား နိုင်ငံရေးကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်… ဘာကြောင့်ဆို မြန်မာနိုင်ငံသားတွေ အောင်မြင်ကြီးပွားခြင်းဟာ မြန်မာနိုင်ငံ အောင်မြင်ကြီးပွားခြင်းပါပဲ.
    အဲဒီလို အောင်မြင် ကြီးပွားလာတဲ့ နိုင်ငံသားတွေများလာမှသာလျှင် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ ထိရောက်မှာ ပီပြင်မှာ ဖြစ်တယ်လို့ ထင်မိပါတယ်။ ထို အောင်မြင်ကြီးပွားသူကြီးများကလည်း နိုင်ငံတွင်းမှာ ကုသိုလ်လည်းရစေ ဝမ်းလည်းဝစေ ဆိုတာမျိုး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်စေ သူတို့ကိုယ်တိုင်လည်း အကျိုးအမြတ်ရစေနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ပြုနိုင်ဖို့ ဆိုင်ရာ ဆိုင်ရာ ပညာရှင်များနဲ့ အာဏာပိုင်များက လမ်းကြောင်းပေးနိုင်ဖို့ လိုပါတယ်။ ဒီတော့ အဲဒီလို ပညာရှင်နဲ့ အာဏာရှင်များ ရှိဖို့ (များများရှိဖို့) ကလည်း မီဒီယာ အပါအဝင် အများက ဝိုင်းဝန်းပေးဖို့ ဝန်းရံပေးဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်..
    အဆုံးသတ်မတော့
    “တရုတ်ကြီးနားရွက်ကို တံတွေးဆွတ်ရဲရဲ့လား” ဆိုရာမှာ ဆွတ်ရဲတယ်လို့ ဆိုရမှာပါပဲ
    ပြီးတော့မှ ဟီး..သာကော နောက်တာနော်.. နောက်တာ လုပ်လိုက်ရမှာပဲ… မတော်လို့ပေါ့…
    သူ့ဘက်က ဘယ်လို တုန့်ပြန်မလဲ ပေါ်မူတည်ပြီးတော့ သူ့ရဲ့ သဘောထားကို သိရမှာပါပဲ..
    ဘာပဲ ဖြစ်ဖြစ်ပါ.. လက်ရှိမှာတော့ လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ်
    ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ အတွက် ခိုင်မာတဲ့ အောင်မြင်မှုနဲ့ ဓန အင်အားလိုပါတယ်..
    အဲဒါတွေ ရဖို့ ရှိနေဖို့ အတွက် လောလောဆယ် ဒါလေးကိုပဲ ဝေမျှလိုက်ပါတယ်..

    Mottainai (もったいない, 勿体無い?) is a Japanese term meaning “a sense of regret concerning waste when the intrinsic value of an object or resource is not properly utilized.”[1] The expression “Mottainai!” can be uttered alone as an exclamation when something useful, such as food or time, is wasted, meaning roughly “Oh, what a waste!” In addition to its primary sense of “wasteful”, the word is also used to mean “impious; irreverent” or “more than one deserves”.

  • ba gyi

    November 5, 2011 at 9:40 am

    သူကြီးမင်းပြောတဲ့ အချက်လက်ကလေး၊ဖေါက်တွေးကလေးကိုသဘောကျတယ်၊ကျွန်တော်လည်းတွေးဘူး
    တယ်၊ ခုအချိန်မှာ အမေရိကန် နဲ့တရုတ် ဝေစုအခွဲ၊အဝေလုပ်ပြီး၊ စကားများချင်ယောင်ဆောင်လိုက်၊လက်ဝါး
    ရိုက်ပြီး မျှဝေယူလိုက် ပါပဲ၊ အမေရိကန်လက်ဝါးကြီး အုပ်သလို တရုတ်ကလည်းထပ်ချပ်မကွာ တစ်ပုံစံ ထည်း ပါ၊အမေရိကန်ကတရုတ် ကို ကဗ္ဘာ့စီးပါွရေးအဖွဲ့ထဲတွဲခေါ်ပြီး၊ တရုတ်ဈေးကွက်ကိုယူခဲ့တာလေ။

Leave a Reply