အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ ဧကံသပွဲဖိတ်ကြားခြင်း

koyin sithuNovember 8, 20111min38118

အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ၏ ညီအရင်းဖြစ်သော ဗေဒင်ဆရာ စာရေးဆရာ ဝင်းဇော် (သစ်တော)၊ ညီမအရင်း ဒေါ်သန်းနုအောင် ကြီးကြပ်၍

မှော်ဘီမြို့၊ မရမ်းတလင်းခြံကြီး၌ နှစ်စဉ်ကျင်းပခဲ့သော အခမဲ့ဗေဒင်ဟောပြောပေးခြင်းနှင့် မနောမယ ဆေးတော်ကြီးဖော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါ၍ အဘမင်းသိင်္ခ၏ တပည့်အရင်း ဆရာ၊ ဆရာမများအားလုံးနှင့် အဘမင်းသိင်္ခနှင့် ရင်းနှီးသိကျွမ်းကြသော မိတ်ဆွေများ (၇)ရက်သားသမီးများ အားလုံးကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ကျွန်တော်လည်း ထိုနေ့ရက်တွင် မရမ်းတလင်းခြံတွင် အခမဲ့ တားရော့ခ်ဗေဒင်ဟောခြင်း ဒါနပြုမည့်အပြင် ကျွန်တော်ထက် ပညာသဘာရင့်ကြကုန်သော နောင်တော် ဆရာတူအစ်ကိုကြီးများလည်း ပါဝင်ကြမည်ဖြစ်ပါ၍ ဗေဒင်စိတ်ဝင်စားကြသော ရွာသူရွာသားများလည်း အခမဲ့လာရောက် ဇာတာကြည့်ကြရန် လေးစားစွာဖြင့် ထပ်မံ ဖိတ်ကြားပါသည်ခင်ဗျာ…။

(နေ့ရက် ။ ။ ၁၀.၁၁.၂၀၁၁ တန်ဆောင်းမုန်းလပြည့်ဆေးပေါင်းခတဲ့ည)

အသေးစိတ်သိရှိလို့ပါက

–       ဆရာဝင်းဇော်နှင့် ညီမဒေါ်သန်းနုအောင် ဖုန်း – ဝ၁ ၅၄၃၂၉၇

–       ဆရာမင်းသိန်းကျော်  (ကျိုက္ကဆံဘုရား) ဖုန်း – ဝ၉ ၅၁၄၆၇၇၁

–       ဆရာဝေဖြိုးအောင် (ဦးဌေးရွှေတံခါး) ဖုန်း ဝ၉ ၄၉၃၂၁၃၀၇

18 comments

  • ကြောင်ကြီး

    November 8, 2011 at 1:10 pm

    ကိုရင့်ကြည့်ရတာ ဆရာကြီးနဲ့ နီးစပ်ခဲ့ပုံရတယ်။ ဆရာကြီးအကြောင်း စိတ်ဝင်စားဖွယ်များရှိရင် ရေးပါအုံး။ အမှတ်အသားလည်း ဖြစ်သွားတာပေါ့။ သူ့စိတ်ဓာတ်၊ ပညာ၊ ဂန္ဓာရီလိုင်း အစုံပေါ့နော်။။။။။။။

  • windtalker

    November 8, 2011 at 1:14 pm

    ကိုရင်ရေ ၊ ပွဲရှိရာ အရပ်ဆီသို ့လာနိုင်မည် မဟုတ်ပါသဖြင့်
    ဒီပို ့စ်မှာဘဲ ကျုပ် အတွက် ဟောပေးစေချင်သဗျာ ။

    • inz@ghi

      November 8, 2011 at 2:23 pm

      ကျနော်ပဲ ဟောလိုက်တော့မယ် ကပေ့ရေ…..
      မကြာခင် အမေရိကား သွားရဖို့ ရှိတယ်
      တယောက်ထဲတော့ မဟုတ်ဝူး …အဖွဲ့လိုက်

      ဆြာသမား က ဒေါ်လှ အပြား ကို အတုထုတ်ရမှာ …
      အတော်လေး ပြန့်နေလောက်ပီဆိုတော့မှ
      (စိန်စိန်လည်း အာချီယံမှာ ငှက်ကဌဖြစ်လောက်တဲ့ အချိန်ဆို)
      ဒေါ်လှ ငွေကြေး ပြိုကျအောင် ဆော်မယ်..
      ဆန်ရှင် ကို ဆန်ရှင် နဲ့ အဲ့လိုတိုက်မယ်တဲ့..
      အဲ့ဒါကြောင့် ကိုရင့် ကို သဂျီးဆီ ပို့ ပေးရတာပဲ..

  • Foreign Resident

    November 8, 2011 at 2:25 pm

    ကိုရင်
    အဘကိုလည်း ဟောပေးဦးနော် ။
    ပစ်မထားနှင့် ။

  • etone

    November 8, 2011 at 3:38 pm

    မင်းသိင်္ခရဲ့ တပည့်ယောကျာ်းတွေ ဘာလို့ ဆံပင်ရှည်တွေ ၊ မုတ်ဆိတ်ရှည်တွေထားတာမှန်း မသိဘူး ။
    ကြည့်ရတာ ညှင်းသိုးသိုး ၊ ဗေဒင်ဟောခန်းထဲ ချွေးနံ့တလူလူနဲ့ … လူတွေကလည်းထူ …. တွေးကြည့်ရုံနဲ့ …. အသက်ရှုကြပ်တယ် ။

    • Koyin Sithu

      November 8, 2011 at 3:55 pm

      @အိတုံ
      အဘမင်းသိင်္ခ မွေးထုတ်ပေးလိုက်တဲ့ တပည့် ယောက်ျား/မိန်းမတွေက အများကြီးပဲရှိပါတယ်။
      အချို့လည်း ဆံပင်ရှည်ထားကြတယ် (ဂုတ်လောက်အထိ)၊ တချို့ကလည်း မုတ်ဆိတ်ရှည်ထားပါတယ်။ ဒါတွေက သူတို့ အကြောင်းနဲ့သူတို့ပါ… အဘကတော့ ဆံပင်အရှည်လည်း ကျွန်တော်တို့ကို မထားခိုင်းပါဘူး၊ မုတ်ဆိတ်မွှေးလည်း မထားခိုင်းခဲ့ပါဘူး။
      တော်တော်များများကတော့ အဘရဲ့ စတိုင်လ်ကို အားကျလို့ ပုံစံယူထားပုံရပါတယ်။ ကိုရင်စည်သူတို့လို ကိုရီးယားစတိုင်လ်ဖြင့် ရုပ်ချော၊ သဘောကောင်းသော အဘဆရာမင်းသင်္ခရဲ့ တပည့်ပေါင်းများစွာလည်း ရှိသေးပါကြောင်း… 🙂 🙂 🙂
      ချွေးနံ့ထူတာကတော့ ဗေဒင်ဟောခန်းမှာမှ မဟုတ်ပါဘူး လူကျပ်တဲ့ ဘတ်စ်ကားတို့၊ ရုံးမှာ သွားပြီး တိုးကြိတ်ရတာမျိုးဆိုရင်တောင် ချွေးနံ့ကတော်တော်နံပါတယ်။ စီးပွားရေးအရ ဗေဒင်သာ တွက်စားတတ်သော ချို့တဲ့ရှာသော အဘခရဲ့ အချို့ ဗေဒင်ဆရာများခမျာ အဲယားကွန်းခန်းဖြင့် စမတ်ကျကျဆိုဖာတွင်ထိုင်ပြီး
      မတွက်နိုင်သေးသဖြင့် ခွင့်လွှတ်ကြပါကုန်…..။

      • etone

        November 8, 2011 at 4:38 pm

        အဲကိုရင် .. နည်းနည်းလေးတော့လွဲနေပြီ ဟီးဟီး 😛
        ကျွန်မပြောတာက အဲယားကွန်းခန်းထဲကနေ စမတ်ကျကျ ဟောဖို့ပြောတာမဟုတ်ဘူး ။
        တကိုယ်ရေ သန့်ရှင်းမှု အားနည်းတာကိုပြောတာ … (လူတိုင်းမဟုတ်ဘူးနော် တချို့တချို့) ။
        ဗေဒင်ဆရာက ဆံပင်ဘယ်လောက်ရှည်ရှည်ပါ … မုတ်ဆိတ်ဘယ်လောက်ရှည်ရှည် … တကိုယ်ရည်သန့်ရှင်းမှုတော့ အလေးထားသင့်တယ် …သူအလေးမထားတာနဲ့ … ဗေဒင်မေးတဲ့ လူတွေက ချွေးနံ ့ခံရတာကိုပြောတာပါ ။ 24hr roll on တွေ ထောင်ဂဏန်းလောက်နဲ့ ဈေးကွက်ထဲဝယ်လို့ရနေချိန် ဝယ်ဖို့မေ့နေတယ် ထင်ပါရဲ့ … ။ 🙂

        • Koyin Sithu

          November 8, 2011 at 4:47 pm

          သန်ဘက်ခါ မရမ်းတလင်းခြံမှာတွေ့ရင်
          အိတုံပြောတာလေးကို ရိုးအွန်မသုံးတဲ့ ဗေဒင်ဆရာတွေကို
          ပြောပြလိုက်ပါ့မယ်…။ ကျုပ်နေနေတဲ့ ရွာထဲက ရွာသူချောချောလေးတွေကပြောတယ်
          ခင်ဗျားတို့ ရိုးအွန်မသုံး ရေမွှေးမစွတ်ရင် လာမမေးဘူးတဲ့လို့… 😀 😀 😀

  • ဆူး

    November 8, 2011 at 3:58 pm

    အုတ်ဂူလေး အပေါက်ဖောက်ထားတဲ့ ရည်ရွယ်ချက်လေး ပြောပြပါအုန်း။

    • Koyin Sithu

      November 8, 2011 at 4:08 pm

      @ဆူး
      သ (၉)လုံး သေသောသူသည် သုသာန်သို့သွားသည်။
      အဘက ကောင်းရာသုဂတိရောက်သွားပါပြီ။ အုတ်ဂူကို ဘာလို့ အပေါက်ဖောက်လဲဆိုတာတော့
      အယူစွဲသူအချို့ရဲ့ လုပ်ရပ်ကြောင့်ပါ။ အပေါက်ဖောက်ထားလို့ပဲဖြစ်ဖြစ်၊ မဖောက်ထားတာပဲဖြစ်ဖြစ် အဘသွားမယ့် လမ်းကြောင်းက မပျောက်သွားပါဘူး။
      ဆူးမေးခွန်းကို ကျုပ်ရိုးသားစွာဖြေရင်တော့ အုတ်ဂူအပေါက်ဖောက်တာ
      ကျုပ်အတွေးအခေါ်အရ ရည်ရွယ်ချက်မဲ့ပါတယ်…။

  • ပေါက်ဖော်

    November 8, 2011 at 4:51 pm

    ကစည်သူရေ..
    အဘပညာတွေ.အကုန်ရနိုင်ပါစေဗျ..

    ကျနော် ဗေဒင်ယုံပါဒယ်..ဒါပေသိ..
    ဝမ်းတာချရာမီဟုတ်ဘဲ..
    ချိတ်ညစ်ချရာတွေကြိုဟောလိုက်လျင်ဖြင့်..ကျွန်ုပ် မစားနိုင် မသောက်နိုင်ဖြစ်တတ်လို ့..
    ဗေဒင် မီတွက်ရဲဝူး..ကရင်စည်သွတ်ရေ့..
    အနော့်အီဖြစ်က…အဲဂလို..အဲဂလို..
    🙄

    • Koyin Sithu

      November 8, 2011 at 5:44 pm

      @ကပေါက်ဖော်
      အဘပညာအကုန်ရပါစေလို့ ဆုတောင်းပေးတဲ့အတွက်
      ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကျနော့်ပညာဟာ
      အဘရဲ့ ခြေဖျားတောင်မမှီကြောင်းပါ။
      အဘထားရစ်ခဲ့တဲ့ ပညာအမွေခြေရာကိုကြည့်ရင်း
      မတောက်တခေါက်နဲ့ ခရီးဖောက်နေရတုန်းပါဗျာ…

  • blackchaw

    November 8, 2011 at 5:20 pm

    ကိုရင်ရေ။
    ကိုရင်တို့ နဲ့ ဒေါက်တာစောယုနွယ်က
    ကိုရင်တို့နဲ့ အတူတူ ဗေဒင်သင်ခဲ့တာလား
    သိချင်ပါတယ်ဗျာ။

    • Koyin Sithu

      November 8, 2011 at 5:31 pm

      @ ကိုချောရေ…
      ဒေါက်တာဆရာမစောယုနွယ်နဲ့
      ကိုရင်နဲ့က နေထိုင်တာ တစ်ရပ်ကွက်သားထဲဖြစ်ပါတယ်
      အန်တီစောက ကျနော်တို့ထက် စီနီယာပိုကျကြောင်းပါခင်ဗျာ..

  • thit min

    November 8, 2011 at 5:44 pm

    ဦးဝင်းဇော်နဲ့တော့ဆုံဘူးတယ်။
    မဟုတ်မှလွဲရော ကိုရင်စည်သူ အဲဒီအဆက်ဘဲဖြစ်မယ်ထင်ပါရဲ့။
    Forestry နဲ့ကျောင်းပြီးတဲ့ ဦးဝင်းဇော် တောအုပ်လုပ်တာငှက်ဖျားမိလို့ဆိုပြီး၊
    အလုပ်ကထွက် နောက် “သင်းဘောသီး” ဖြစ်တယ်ဆိုတော့ကာ…………………..
    အင်း ,,,အိုင်ပီရေ….အမှုသွားအမှုလာကတော့ လယ်ပြင်မှာ ကျားသွားသလိုကားယားကြီး ပါဘဲ။

    • Koyin Sithu

      November 8, 2011 at 5:54 pm

      အိုင်ဆေး ကိုသစ်မင်းလည်း … ကွင်းဆက်လေးတွေဖော်တာ တယ်လာသကိုးဗျ…
      ဒါကြောင့်လည်း အိုင်ပီကသစ်မင်းဆို သဂျီးကတောင် ဆလံတိုက်နေရတာကိုး…
      အင်း… ကိုရင်မှ မဟုတ်ပါဘူး တခြား သင်္ဘောသီးဗေဒင်ဆရာတွေက မျိုးနဲ့ရိုးနဲ့ ရှိခဲ့ကြပါတယ်.. အိုင်ပီရဲ့ လူမှာအမျိုး ကြက်မှာအရိုး…. တဲ့…

    • Koyin Sithu

      November 8, 2011 at 6:00 pm

      ဪ… ဒါကြောင့်လဲ အိုင်ပီ့ကို သဂျီးက ရွှေဘိုဂတ်ကနေ
      ဂျီပွန်ကို ပညာတော်သင်စေလွတ်လိုက်တာနေမယ်…

  • min min san

    November 10, 2011 at 12:38 am

    Ko yin,,,,wish your special subject way more to be true,,fullmoon day will bless you!!!!

Leave a Reply