လူလည်တွေကြီးပွား ၊ အ သူတွေခံ … ဪ ကံကံ …
https://myanmargazette.net/79695/economic-news-international-news-news-industry-people-in-the-news-us-news-news မှာ mg wineဆိုတဲ့ တစ်ယောက်ရေးထားတဲ့ ပို့စ်ကို ဖတ်မိပြီး ကော့မန့်ပေးမယ်တွေးတော့ ကော့မန့်ပိတ်နေတာနဲ့ ပို့စ်တင် ဆွေးနွေးဖို့ ဆန္ဒဖြစ်လာခဲ့မိတယ် ။ ပို့စ်ကို ဖတ်တာနဲ့ တမင်သက်သက်လူလည်ကျတာကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို ့အပေးကမ်းရက်ရော ၊ ယုံမှားလွယ်တဲ့ လူနာရှင်တွေကိုလည်း ကရုဏာဒေါသဖြစ်ရပါတယ် ။
အားမနာတမ်း ပြောရလျှင်တော့ ကိုယ်ညံ့လို့ ကိုယ်ခံရပြီး သူခိုးပြေးမှ ထိုးကွင်းထတာလို့ပဲ ကျွန်မကတွေးမိပါတယ် ။
ကျွန်မတို့တွေ နေထိုင်ရပ်တည် စားသောက်ရေးအတွက် ပိုက်ဆံရှာကြရတယ် ။ ပိုက်ဆံရှာနည်းမျိုးစုံရှိပါတယ် … သမ္မာအာဇီဝရော ၊ဖြတ်လမ်းနည်းရောပေါ့ … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို ့တွေ ပိုက်ဆံရှာနေကြပါတယ် ။ ပိုက်ဆံ လွယ်လွယ်ရတဲ့ လူတွေကလွဲလျှင် ကျန်တဲ့ လူတွေ ပိုက်ဆံရှာရခက်ခဲတာ ၊ လက်ထဲ အသုံးမခံတာ ဝင်ငွေထွက်ငွေမျှသုံးရတာတွေကို နားလည်ကြပါတယ် ။ ဒါကြောင့်လည်း မိမိရှာထားတဲ့ ပိုက်ဆံလေး ဘယ်နှစ်ပြားဖိုးဖြစ်ဖြစ် မက်မောတွယ်တာတတ်ကြတယ် …. ။ ကျွန်မလည်း အများနည်းတူ သမ္မာအာဇဝရှာစားတဲ့ လူထဲကမို့ ကိုယ့်ပိုက်ဆံကိုယ် နှမျော တွန့်တိုပါတယ် ။ လှူတာတန်းတာက တစ်ကဏ္ဍစီပါ ။ စေတနာ ထက်သန်လို့ လျှောလျှောလျူလျူပေးလိုက်ရတာနဲ့ သူတပါး လိမ်စားခံလိုက်ရတာ …. ကျန်ခဲ့တဲ့ စိတ်ချင်း အရမ်းကွာခြားပါတယ် … ဒါကြောင့်လည်း ကိုယ့်ချွေးနည်းစာနဲ့ ရှာထားတာကို သူတပါး မဟုတ်မမှန် လိမ်လည်သွားမှာ အမြဲလိုလို သကာင်္မကင်းဖြစ်နေခဲ့တာပါ ။ တစ်စုံတစ်ခုအတွက်ပေးရ ကမ်းရတော့မယ်ဆိုလျှင် သေချာအောင် စစ်ပြီးတာတောင်မှ ပိုက်ဆံ အရွက်များ ထပ်သွားမလား စိတ်နဲ့ … တချွတ်ချွတ်ပွတ်ကြည့်ပြီးမှ ပေးတတ်တဲ့အကျင့်တော့ ရှိတယ် ။
အခုဒီကိစ္စမှာလည်း ဆေးရုံမသွားဖူးလို့ ၊ ဆေးရုံမတတ်ဖူးလို့ အတွေ့အကြုံမရှိဘူးထားဦးတော့ …. လိုအပ်လား ၊ မလိုအပ်ဘူးလား ဖြစ်နိုင်ချေ ဆင်ခြင်တုံတရား လက်လွတ်သွာတယ်လို့ ကျွန်မကတော့ မြင်မိပါတယ် ။မိမိတို့ပိုင်ဆိုင်တာလေးကို သင့်ဧ။် မသင့်ဧ။် စဉ်းစားပြီးမှ ပေးသင့်မှ ပေးတာက အကောင်းဆုံးပါပဲ … ဆာလာအိတ်နဲ့ ပိုက်ဆံတွေ ထုတ်ယူသွားတယ်ဆိုလျှင်တော့ အခြေနေက တမျိုးလေ … ။လက်တွန်းလှည်းတွန်းတဲ့ လူကို ပေးရတဲ့ ပိုက်ဆံဆိုတာလည်း တကယ်ဆို မလိုပါဘူး … ကိုယ်တိုင်တွန်းမယ်ဟေ့ ဘာဖြစ်သလဲဆိုလည်း ဖြစ်တာပါပဲ …. ။ ကိုယ်တိုင်က လမ်းမသိလို့ အယုတ်စွဆုံး ဒင်းတို့ကို တွန်းခိုင်းမယ်ဆိုလျှင်တောင် မသဒါ္ဓရေဆာ တစ်ထောင်လောက် ထုတ်ပေးလိုက်လည်း ရတာပါပဲ … အေးဓါးပြတိုက်တာ ခံရစရာမလိုပါဘူး … ။ နောက်ပြီး သမီးကိုစောင့်ရန်တို့ ၊ ညအိပ်ခွင့်တို့ဆိုတာကလည်း ပေးရန်မလိုပါဘူး … ။ လူကိုကြည့်ပြီး ရိုက်စားလုပ်တာဖြစ်ပါလိမ့်မယ် … ။ သမီးဖြစ်သူ ဧည့်ချိန်မဟုတ်ပဲ ဝင်လာလျှင်တောင် အောက်ဘက်က အစောင့်ကို နှစ်ရာလောက်ပေး ၊ အများဆုံး ငါးရာလောက်ပေးတာနဲ့ အဆင်ပြေလောက်ပါတယ် … ။ လူနာတိုင်း လူနာတိုင်း ညအိပ် တယောက် စောင့်ခွင့်ရှိတာမို့လို့ အိပ်ဖို့အတွက် ဘာပိုက်ဆံမှ ပေးစရာမလိုပါဘူး ။ တစ်ခုတော့ရှိတယ် ဇနီးသည်ဆိုတော့ အမျိုးသမီးပဲ စောင့်လို့ရမယ်ထင်တယ် … ယောကျာ်းဖြစ်သူစောင့်ရတဲ့အခါ အမျိုးသမီးဆောင်တွင်းပေးမစောင့်တာ သဘာဝကျပါတယ် … ။ ဒါမှလည်း လူနာအမျိုးသမီးတွေကို ညအိပ်လူနာစောင့် ယောကျာ်းတွေ မုဒိန်းကျင့်ခြင်း ၊ လက်သရမ်းခြင်းကနေ ကာကွယ်နိုင်မှာပါ ။ ကိုယ်တိုင်က ပိုက်ဆံကို ရက်ရက်ရောရော အထွက်လွယ်တော့လည်း …. အခွင့်ရေးသမားတွေ အသုံးချရာ ငွေတွင်းဖြစ်သွားခဲ့တာပေါ့လေ … ကြားရတာတော့ စိတ်မကောင်းပါဘူး …. ။
အခွင့်ရေးသမား ဆိုတာမျိုးက ဘယ်လူ့ကို ဘယ်လိုနွှာရမလဲ ချောင်းနေတာမျိုးပါ ။ ရောဂါဖိစီးလို့ အပူမီးဝေနေတဲ့ လူတွေကို အားမနာတမ်းတောင်းရက် ၊ လိမ်ရက်တဲ့ လူမျိုးကတော့ စိတ်ဓါတ်နိမ့်ပါးလွန်းပါတယ် ။ လူတွေကလည်း လူတွေ …. သူတို့တောင်းသလောက်ရနေလို့ တောင်းတဲ့လူတွေကလည်း ပိုတောင်များလာပါသေးတယ် ။ တကယ်ဆို လူနာရှင် တစ်ယောက်ယောက်ကများ ပြသနာရှာလိုက်တာမျိုး ၊ ရုံးအုပ်အထိ တက်တိုင်တာမျိုးဆိုလျှင်တော့ တစ်ခုခုတော့ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ် …. ။
ဆေးရုံမှာ အထွေထွေဝန်ထမ်းတွေ အတောင်းရမ်း ရဲတင်းနေကြတာ သေချာ တိုင်တမ်းမယ့်လူ မရှိသေး ၊ အသံသိပ်မထွက်သေးတာကြောင့်လို့တော့ ကျွန်မထင်ပါတယ် … ။ လူတွေက အချင်းချင်း အတွင်းသတင်းသာ ပြန့်နေတာ ၊ တကယ်တမ်း ထိထိရောက်ရောက် လုပ်မယ့်လူ ရှားနေသေးတာကြောင့်ပါ ။ အထွေထွေဝန်ထမ်းတွေရဲ့ လိမ်လည်လှည့်ဖျားပုံကတော့ တနေ့တမျိုး မရိုးနိုင်အောင်ပါပဲ … ။ တကယ်ပါ ကိုယ်တိုင်ကြုံမှ ဖျားလောက်အောင် လက်ဖျားခါမိသွားတယ် … ။
ကျွန်မတို့အသိ အမျိုးသမီးတစ်ယောက် အစာအိမ်ကင်ဆာဖြစ်တာ … ခွဲထုတ်ရပါတယ် ဆေးရုံမှာ တစ်လခွဲနီးပါး တက်လိုက်ရတယ် … ဆင်းရဲတော့ ပရိုက်ဗိတ်အခန်းလည်း မယူနိုင် ၊ ပုဂ္ဂလိ္လက ဆေးရုံလည်းမတတ်နိုင်တော့ အစိုးရဆေးရုံမှာပဲ တတ်ရရှာတယ် … ။ သူတို့ကို အကျင့်ပျက် သူတောင်းစား သာသာ အထွေထွေဝန်ထမ်းတွေရှိနေလို့ … သေချာ မှာလိုက်ပါတယ် အပိုအလို မပေးပါနဲ့ ဘာအတွက်ပေးရမယ် ၊ ညာအတွက်ပေးရမယ်ဆို တာဝန်ကျ ဆရာဝန်တွေ ၊ သူနာပြုတွေကို ဟုတ်လား မဟုတ်ဘူးလား သေချာမေးပြီးမှ ပေးပါ ။ မေးလို့ ဘယ်သူကမှ ရိုက်မထုတ်ပါဘူးဆိုတာမျိုး ပြောပြပေးလိုက်ပါတယ် … ။
တကယ်တမ်းလက်တွေ့ကျတော့ … သူတို့ အာစီးမိနေသလိုပါပဲ ကုန်လိုက်တဲ့ ပိုက်ဆံ (ချေးငှား ၊ပေါင်နှံထားရတာလေး) သောက်သောက်လဲပါလား … ။ အပြင်ဆေးခန်းကြီးတွေမှာ တက်ကုသလောက်နီးပါးကုန်ပါတယ် ။ အစောင့်ကလည်း တောင်းပါတယ် ။ တွန်းလှဲတွန်းတဲ့ လူကလည်း တောင်းပါတယ် မပေးလျှင် တွန်းလှဲကို အရှိန်နဲ့ တွန်းပါသတဲ့လေ … ။ နောက်ပြီး ခွဲခန်းထဲ ဝင်နေချိန် မိသားစုက ခွဲခန်းအပြင်က စောင့်နေကြပါတယ် … တစ်ခါတစ်လေ ခွဲစိတ်နေရင်း သုံးစရာ လိုတဲ့အခါ ဆေးထွက်ဝယ်ပေးရတာမျိုးရှိတတ်ပါတယ် ။ အဲ့ဒီလိုအချိန် မိသားစုလိုက် တပြုံကြီးစောင့်နေတာထက် တစ်ယောက်ယောက်သွားဝယ်သင့်တာပါ … ဘာအကူညီမှ မပေးနိုင်ပဲ မိသားစုလိုက် စုပြုံ အပေါက်မျှော်ရင်း အလုပ်သမားကို ဆေးဝယ်ခိုင်းလိုက်ပါရောလား ။ ခဏကြာတော့ ရှုံ့မဲ့ ရှုံ့မဲ့ မျက်နှာလေးနဲ့ ပြန်ရောက်လာပြီး ဆေးပုလင်းကျကွဲတယ် …ပိုက်ဆံထပ်ပေးပါလုပ်ရော ။ မပေးလျှင် အထဲကလူနာကလည်း အော်ပရေးရှင်းတန်းလန်း … ပေးရတော့တာပေါ့ … ။ အမှတ်မရှိတယောက်လိုက်မသွားပဲ အဲ့ဒီလူကိုတခါထပ်လွှတ်တော့ ဟိုက ဆေးရော လူပါ ပေါ်မလာတော့ပါဘူး ။ နောက်ဆုံးတော့လည်း မိသားစုထဲက တယောက် သွားထပ်ဝယ်ရတယ် ။ ခွဲခန်းမဝင်ခင်ကတည်းက ဆေးတွေကို စာရင်းနဲ့ ထုတ်ပေးထားပါတယ် လိုအပ်တာတွေကို ကြိုစာရင်းလုပ်ပေးပြီး ဝယ်ပေးထားရပါတယ် ။ နောက်မှ အော်ပရေးရှင်းလုပ်ရင်း လိုတာနည်းနည်း ထပ်ဝယ်ပေးရတာမျိုးပါ ။
ဘယ်လောက်တောင် ငတ်ပြတ်နေသလဲဆိုလျှင် အော်ပရေးရှင်းလုပ်မယ့်လူကို ထမ်းစင်ပေါ် မတတ်ခင် ဘာအဝတ်မှ (သူတို့ခွဲခန်းဝတ်စုံကလွဲရင် ) ဝတ်မပေးပါနဲ့ … ။ မဟုတ်လျှင် အတွင်းခံတောင် ပြန်မရတတ်တာကြောင့်ပါ ။ သူတို့ကလည်ပါတယ် … အဝတ်စားတော့ ကိုယ့်ကုတင်မှာ ချွတ်သွား ၊ အတွင်းခံလေးတော့ ပေးဝတ်ပြီး စောင်နဲ့ အုပ်သွားပါတယ် … အတွင်းရောက်တော့ ကိုယ်တွေ လိုက်လို့ကလည်းမရတဲ့အချိန် သူတို့နဲ့ လူနာ နှစ်ယောက်တည်းရှိတဲ့ အချိန် အတွင်းခံတွေ ချွတ်ယူထားတာပါ … ပြီးမှ အော်ပရေးရှင်းခန်းကို တွန်းပို့တာပါ .. စဉ်းစားကြည့်ပါ ဘယ်လောက်တောင် လိုချင်လောဘ တတ်နေသလဲဆိုတာ ။ အတွင်းခံဆိုတာမျိုးက ရောဂါပိုးကူးစက်နိုင်ပါတယ် ။ ဒါကို မကြောက်မရွံလျှော်ဖွတ် ၊ အပေါင်ဆိုင်ပို့တဲ့လက်တွေ ဘယ်လိုနားလည်ရမလဲနော် ။
နောက်ရှိပါသေးတယ် … ခွဲစိတ်ခန်းမဝင်ခင် ခြုံရှင်းရပါသေးတယ် (အားတော့နာပါတယ် …နောက်လူတွေ မကြုံရအောင်ပါ) ။ သူတို့တောင်းဈေး (လက်ခချည်းပဲနော်) တစ်ထောင့်ငါးရာပါ ။ လိုအပ်တဲ့ ပစ္စည်းတွေ လက်အိပ်တွေဝယ်ရတာကတော့ အလွန်ဆုံးလေးငါးရာပေါ့ .. ဒါကို ပစ္စည်းခ တစ်ထောင်တောင်းပါတယ် … ။ အဲ့ဒါနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ခြုံရှင်းခိုင်းပါတယ် အော်ပရေးရှင်းလုပ်တဲ့အခါ ပိုးဝင်မှာစိုးလို့တဲ့ 😀 အော်ပရေးရှင်းခန်းကထွက်လာတော့လည်း ဘာလုပ်တယ်မှတ်သလဲ …. ဝတ်ထားတဲ့ အဝတ်စားတွေချွတ်ခိုင်းပြီး ဆပ်ပြာမှုန့်ဖိုး ငါးရာတောင်းတယ် ။ လျှော်ခလည်း တစ်ထောင်တောင်းတယ် … ။ ကိုယ်တိုင်တွန်းလှဲတွန်းလာသူတွေကိုတော့ အကြံပေးချင်ပါတယ် ခွဲစိတ်ခန်းဝတ်စုံပါ ဖြောင်လိုက်ကြပါလို့ … ဒါမှ လျှော်ခတို့ ဆပ်ပြာမှုန့်ခတို့ မပေးရမှာလေ … ။ဒါတင်ပြီးပြီလား … မပြီးသေးပါဘူး ..ကိုယ့်ကုတင်နား သန့်ရှင်းရေးလုပ်မလား ၊ တံမြတ်စည်းလှည်းမလား … လာထား တစ်ထောင်ပါပဲ … ။ တထောင့်ငါးရာလောက်သာပေးကြည့် ရေစိုအဝတ်နဲ့ပါတိုက်ပေးဦးမယ် 😛 အဲ့ဒီလိုကို လူနာတွေကိုမှီပြီး လုပ်စားနေတာ ။ သေးအိုး အီးအိုးသွန်ပေးလည်းရတယ် .. အနည်းဆုံး ငါးရာပဲ … ဒရစ်ပုလင်းတွေ ၊ သွေးသွင်းပိုက်တွေလည်း မလွင့်ပစ်ပဲ ရောင်းစားတယ် ။ သူတို့ကတော့ အကွက်ကိုမြင်လို့ … ပိုက်ဆံများ တယောက်ရှာလျှင် တစ်မိသားစု စားလောက်တယ် (မျက်မြင် အင်တာဗျူးထားတာပါ ) ။
ဒါတွေကို ဆေးရုံအုပ်တွေ မသိတာလား ၊ သိလျှက်နဲ့ လည်သူစား ၊ ညံ့သူခံလို့ လုပ်ထားတာလား …သူတပါး စီးပွားရေး ပျက်မှာ စိုးလို့ အရေးမယူတာလားဆိုတာကတော့ …. ကျွန်မလည်း မသိပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ရှာတဲ့ ပိုက်ဆံ စိတ်သန့်သန့်စားနိုင်ဖို့ပဲ အရေးကြီးပါတယ် ဆိုတာ …………….။ ။
24 comments
ကြောင်လတ်
November 14, 2011 at 5:36 pm
အိတုန်ပြောမှပဲ ကွက်ကွက်ကွင်းကွင်းဖြစ်ပါတော့တယ်။
အောက်ခြေဝန်ထမ်းတွေ မိသားစုရပ်တည်နိုင်ရေးအတွက် အသင့်အတင့်
တောင်းစားတာဆိုရင်တော့တော်သေးတာပေါ့၊အပူစာကို အတင်းရိုက်စားလုပ်ရင်တော့
သံသရာဆိုတာ………….
etone
November 15, 2011 at 8:48 am
အပူသည်တွေဆီက အမြတ်ထုတ်တာလောက် ဒေါသထွက်တာမရှိဘူး ကိုကြောင်လတ်ရေ ။
လူနာရှင်တွေအတွက် …. နူရာဝဲဆွဲတဲ့ အဖြစ်လို့ပဲ ပြောရမလား …. ။
windtalker
November 14, 2011 at 6:53 pm
အတုန် ရေ
မောလိုက်တာကွယ်
ဟူး…
etone
November 15, 2011 at 8:50 am
ကိုပေရေ …. မောစရာတွေ ရှိပါသေးတယ် တပုံတပင်ကြီး တချို့ဟာတွေလည်း ထည့်မရေးလိုက်တော့တာ ။ ဆေးရုံမှာ လူနာစောင့် တပတ်သွားလုပ်ဖူးတယ် … အဲ့ဒီကရတဲ့ အတွေ့ကြုံနဲ့ သူတို့ဂွင်တွေကို သိသွားတာ ။
inz@ghi
November 14, 2011 at 7:11 pm
နတ်သင်းဘတ်ဝှူး ….
nothing but hewww…….
ကိုရင်စည်သူ
November 14, 2011 at 8:09 pm
ဟုတ်ပဗျာ..
ကိုရင်တို့လို လက်လုပ်လက်စား
သမားတွေကို ရုံးတွေက ဝန်ထမ်းတွေက
ပွဲစားတွေနဲ့ ပေါင်းပြီး ရိုက်ချက်ကပြင်းတယ်ဗျာ..
အရေးမယူကြတော့ဘူးလား မသိတော့ပါဘူး…
မစားနဲ့မပြောပါဘူး.. စားသင့်သလောက်
စားပေါ့… အစားလွန်ရင် အံဖတ်စို့မယ်..
small cat
November 15, 2011 at 9:39 am
ကိုရင်စည်သူရေ အဲဒီဝန်ထမ်း(အရာရှိ)တွေက ပွဲစားနဲ့ပေါင်းသာရိုက်တာ၊ပွဲစားကအပြင်မှာသူတို့ကိုပြောတဲ့စကားပြန်ကြားရင်ဘယ်လိုနေမယ်မသိဘူး၊
ပန်းဆိုးတန်းဖုန်းရုံးအောက်နားကဖုန်း ပွဲစားမ တစ်ယောက်ပြောတာကို နားနဲ့ဆတ်ဆတ်ကြားခဲ့တယ်၊
“”အဲဒီ ဆက်သွယ်ရေးအရာရှိတွေများ၊ ပွဲစားကိုရိပ်ကနဲမြင်လိုက်ရတာနဲ့အခန်းထဲစာပွဲကနေ ပွဲစားဆီကိုအမီးနန့်ပြီးထွက်လာတာပဲတဲ့ “”
ဆက်သွယ်ရေးက အရာရှိများ သိအောင် ပြောပြလိုက်ကြစမ်းပါဗျာ။
ပေါက်ဖော်
November 14, 2011 at 8:17 pm
အင်းလေ..
သူတို ့..အကွက်တွေကလဲ..များတာကလား..
ရှောင်ပြေးလို ့မရမှတော့လဲ…ပေးရတော့တာပ..
အော်.လူဒွေ..လူဒွေ…..ပြောပြန်ရင်လဲ ငဖော်ရီးလွန်ရာကျပေရော့မယ်..
ကျုပ်တော့..ဆေးရုံတက်ရတဲ့ရောဂါ မီဖြစ်ရပါစေနဲ ့လို ့..ခဏခဏ ဆုတောင်းတယ်..
စိတ်ဆင်းရဲတယ်.ငွေလဲဆင်းရဲတယ်..ဒါကြောင့်ပါ..
aye.kk
November 14, 2011 at 10:13 pm
ဝန်ထမ်းဘဝ
ဝမ်းမဝတော့ ငွေညှစ်ကြ
ပြည်သူဘဝ ဝဋ်ဒုက္ခ
မင်းကမကောင်း
ပြည်သူပေါင်းတို ့
စိတ်ထောင်းကိုယ်ကြေ ဆင်းရဲနေ..
naywoonni
November 14, 2011 at 10:25 pm
အဲဒိလို နေရာတစ်ကာမှာ ဖြစ်နေတာ ကြာပါပြီ…။ တစ်ခါတစ်လေ… အဆောက်အဦးတစ်ခုလုံးဖြိုပစ်ပြီးတော့ တောင် အသစ်ပြန်ဆောက်လိုက်ချင်ရဲ့….။ နောက်ဆုံးတော့ အောက်ခြေလူတန်းစား နင်းပြားတွေနဲ့ လူလတ်တန်းစား တစ်ချို့ ခံစားနေရတာပဲ….။ တောရွာက လူတွေတော့ ဆိုဘွယ်ရာမရှိတော့ဘူး…။ ဆေးရုံသွားမလားအသေခံမလားဆို အသေခံမယ် ဆေးရုံတော့ မသွားဘူးဆိုတဲ့သူတွေက ခပ်များများ….။
“ဘီလူးကြီး”ogre
November 15, 2011 at 8:52 am
ဆေးရုံ ဆိုတာ ဆေးတွေကိုရုံကြီးဆောက်ပြီးထားတယ်လို့ ထင်တာပဲ
အခုဆေးရုံတွေကတော့ ဆေးရုံမဟုတ်တော့ပါဘူး.
လူနာ ဂိုဒေါင် တွေဖြစ်နေပါပြီ…လူနာပဲရှိပြီး
ဆေးကအပြင်ကဝယ်သုံးပေါ့.. ဒါ့ပြင်
လူနာတွေ့ဘို့ ဂိတ်ဝင်ခနဲ့တင် နောက်တစ်ယောက်ကုလို့ရနိုင်ပါတယ်။။
ကြောင်ကြီး
November 15, 2011 at 9:46 am
ခန့်ကွာ အီးဒုံးကို ဆေးရုံအုပ်ကြီး။
etone
November 15, 2011 at 10:33 am
မိတုန်ကို ဆေးရုံအုပ်ကြီးခန့်ကြည့်ပါလား .. ဟီးဟီး … ချက်ချင်း ဟိုတည်ကြီးဆောက်ပြီး ဆေးရုံကို မြို့စွန်ပို့ပစ်မယ် …. ငှဲငှဲငှဲ … 😆
(တောက်ညင်ကပ်လို့ ရေးတာနော် တကယ်ဟုတ်ဝူး … ..ဘနှဖူး သိုက်တူးမယ့် လူမျိုး မဟုတ်ရပါဘူး … ) တကယ်လုပ်မရလို့
Moe Z
November 15, 2011 at 11:05 am
မမetone ရဲ့ဒေါက်တာကိုကို ဆေးရုံအုပ်ဖြစ်ရင်
အဲဒီစနစ်ကိုအရင်ဆုံးတိုက်ဖျက်ခိုင်းနော် 🙂
etone
November 15, 2011 at 11:09 am
Moe Z ရေ … မထင် …. 😀
ဝန်ထမ်းဘဝမှာ ကြာကြာနေမှာ မဟုတ်လို့ပါ …. သူ့ကို အစိုးရဝန်ထမ်းအလုပ်က ထွက်ခိုင်းနေတာ …. ။ ခဏခဏပြောရ ဆိုရ လက်ပေါက်ကပ်တယ် … ။ တော်ကြာဖျင်းတာတွေ ၊ ဗျင်းတာတွေ အကျင့်ကူးသွားမှာ စိုးလို့ ….. ။ 😆
အီးတီ
November 15, 2011 at 7:55 pm
ဖျင်းတာတွေ ၊ ဗျင်းတာတွေကူးလာလို ့ရှိရင် ပုံထဲက ကြောင်လေးလို လက်သီးနဲ ့ဗျင်းလိုက် မအိတုန်။ ရန်တိုက်ပေးတာ။ စိတ်ဆိုးနဲ ့။ ခုခေတ်မှာ ပိုက်ဆံမရှိရင် မလွယ်ပါ့လား။ ဖျားနာလို ့ပိုက်ဆံမရှိရင် သေဖို ့က ၅၀% သေချာနေပြီ။ ဖျားနာလို ့ဆေးရုံလာတက်ပါတယ်ဆိုမှ အမြတ်ထုတ်တဲ့ သူတွေကလည်းရှိသေးတယ်။ သူတို ့လည်း ဝဋ်လည်မှာပါ။
winkyawaung
November 15, 2011 at 11:50 am
မြန်မာပြည်က ပြည်သူ့ဆေးရုံတွေရော၊ ပြင်ပအထူးကုဆေးရုံတွေပါ… ငွေမပါလို့ကတော့ သေရွာသို့သွားရပါတော့မယ်…။
etone
November 15, 2011 at 11:58 am
အဲ့လိုကို ဖြစ်နေပြီလေ … အခမဲ့ဆိုတဲ့ နေရာတွေ များများပေါ်လာပါစေလို့ပဲ ဆုတောင်းရမယ် … ။
အခုဖျားနာလို့ ဆေးဝယ်သောက်ချင်တာတောင် ဆေးဆိုင်မှာ ပါရာလေး တလုံးလောက် အလကားပေးပါဆိုလျှင် … နှစ်ပြားမတန်အောင် တုပ်ခံရဦးမယ် … ။ ဪ …ငွေ … ငွေ … ။ 🙁
aungnng87
November 15, 2011 at 12:23 pm
etone ရေးတာတော်တော်ထင်သာမြင်သာရှိတယ်။ ဆေးရုံနဲ့ပါတ်သတ်တဲ့သူတွေဖတ်မိပြီး ငါဘယ်အတန်းအစားထဲရောက်နေသလဲဆင်ခြင်နိုင်ပါစေ။ ပြောင်းလဲနိုင်ပါစေ။
blackchaw
November 15, 2011 at 12:49 pm
နို့ .. စရိတ်မျှပေး ကျန်းမာရေး ဆိုလားလို့။
ဘယ်သူတွေက စရိတ်မျှပေးလို့
ဘယ်သူတွေက ကျန်းမာကြတာလဲဗျ။
Etone ရေ။ နားလည်ထားတာလေးတွေ ရှယ်ပါဦးဗျာ။
etone
November 15, 2011 at 4:09 pm
ကိုချောကလက်ကြီးရေ … စရိတ်မျှပေးဆိုတဲ့စာက ရှေးယခင်းကတည်းက စာကို အစဉ်ဆက်ရေးရာကနေ … လက်ဆင့်ကမ်းပါလာတယ်လို့ထင်ပါတယ် … ။ 😀
ဟီးဟီး ပြောရလျှင် ပေါ်လစီတွေ ငြိကုန်ပါတော့မယ် …. ။ ဆေးရုံကလည်း အလှူရှင်နဲ့ ..ရတဲ့ ဘဏ္ဍာငွေနဲ့ လိုအပ်တဲ့ ကုတင် ၊ ကိရိယာတန်ဆာပလာစတာတွေ ဖြည့်တင်းရသေးတယ် .. ။မွမ်းမံတပ်ဆင်တာတွေရှိသေးတယ် … ။ ဆေးရုံဆိုတာမျိုးကို သွားတဲ့ လူအများစုက မတတ်နိုင်ကြတာများတယ် …ဒါကြောင့်လည်း ဆရာဝန်ခ ၊ အ ခန်းခနေထိုင်စရိတ် မပေးရတဲ့ အစိုးရ ဆေးရုံကိုသွားကြတာပါ … ။ နည်းနည်းလေး လက်ထဲ ပိုက်ဆံရှိလို့ကတော့ ချေးစော်နံ ၊ သေးစော်နံပြီး လူပေါင်းစုံတဲ့ ဆေးရုံကို မသွားပဲ သီးသီးသန့်သန့်နေလို့ရတဲ့ အထူးကုဆေးခန်းတွေ ၊ ဆေးရုံတွေကို ရွေးချယ်တာ များပါတယ် … လာတဲ့ လူတိုင်းကို ဆေးပေးဖို့ဟာကလည်း မဖြစ်တော့ ကိုယ်သုံးတာကို ကိုယ်ဝယ်ပေးရတယ်လေ … ။ ခွဲခန်းဝင်မယ့် လူနာတစ်ယောက်ရဲ့ အသေးစားခွဲစိတ်မှုအတွက် လိုအပ်တဲ့ ဆေးနဲ့ပစ္စည်းဝယ်စရိတ်က ပျှမ်းမျှ အောက်ထစ် တစ်သောင်းခွဲကြားမှာဆိုတော့ .. တစ်နေ့ကို ခွဲရတဲ့ လူဦးရေ အနည်းဆုံး အယောက်ငါးဆယ်လောက် ရှိတယ် …. ဒါကလည်း ပျှမ်းမျှပါ … မတတ်နိုင်သူတွေချည်း အများစုမို့ ဆေးရုံလည်း တနေ့ 7 သိန်းခွဲ မတတ်နိုင်တာဖြစ်ပါလိမ့်မယ် … ။
ဒါပေမယ့် ပိုင်ရှင်မယ့် ရောက်လာတဲ့ အရေးပေါ် လူနာတွေကိုတော့ … ဝါဒ်ထဲကရှိတဲ့ ဆေးဝါးတွေ ၊ သွေးတွေနဲ့ ကုပေးတာတော့ တွေ့ဖူးပါတယ် … တချို့ ဖုန်းကြီးတွေ အရမ်း ဆင်းရဲတယ်ဆိုရင်လည်း … သူတို့ ရှိတာရှာကြံလုပ်ပေးပါတယ် … ။
ဆေးရုံထဲက ဆေးဆိုင်တွေက ရေလည်ဝါးရတယ်သိလား … ဈေးကလည်း ပိုကြီးသေးတယ် .. ။ ဒါတောင် အပြိုင်လေလံဆွဲထားရတာ ဆိုပဲ … ။ 😀
koaung
November 15, 2011 at 8:12 pm
ရန်ဂုံဆေးရုံကြီးမှ အထွေထွေအလုဎ်သမားများနဲ့ သူနာပြုဆရာမများဟာ ထူးမခြားနားပါ(ဆိုမာလီပင်လယ်ဓားပြများ၏ ဆွေတော်မျိုးတော်များဖြစ်ကြသည်)ပိုက်ဆံကို လူနာဆီကအသေရရ အရှင်ရရ လုဎ်ဆောင်ကြ၏ (ရောဂါပျောက်တာမသေချာပေမဲ့ လူမပျောက်ရင်တောင် ပိုက်ဆံပျောက်မှာ က100%သေချာပါကြောင်း)
ကိုယ်တိုင်ကြုံဖူးပါကြောင်း
koaung
November 15, 2011 at 8:16 pm
သေချင်ရင် စိန်မစားနဲ့ ရန်ဂုံဆေးရုံကြီးကိုသွား
pooch
November 15, 2011 at 8:31 pm
တုန်ရေ ……ခုခေတ်မှာတော့ ပိုက်ဆံမတတ်နိုင်ရင် အသေခံရတော့မလို ဖြစ်နေပြီ…
ဆေးရုံဆေးခန်းများကတော့ ပြောမဆုံးပေါင် ဆိုတာလိုပါပဲ…
ပြောရင်းပြောရင်းနဲ့သာ မောသွားမယ် သူတို့ကတော့ ……ဒုံရင်းဒုံရင်းပဲ.. လုပ်မြဲလုပ်လျှက်ပါပဲ