ငယ်စဉ်ကမွှေးခဲ့ဖူးသောရနံ့
နှလုံးသား၌
ဆွတ်ဆွတ်ဖြူသောပန်းတစ်ပွင့်ပွင့်ခဲ့ဖူးလေသည်။
နားလည်မူတူညီသောမိုးစက်တို့အောက်၌
အချစ်သည်ရနံ့မွှေးကြိုင်လှပခဲ့လေသည်
သံသယမုန်တိုင်းတို့ဝင်ရောက်လေသောအခါ
အချစ်သည်နာကြည်းခြင်းသို့ပြောင်းလဲခဲ့လေသည်
မည်သို့ပင်လွဲချော်ခဲ့သော်လည်း
ငယ်စဉ်ကမွှေးမြဖူးသောပန်းလေးတစ်ပွင့်၏ရနံ့သည်
ယခုတိုင်မွှေးမြနေဆဲ
နှလုံးသား၌စူးခဲ့ဖူးသောဆူးသည်လည်း
ယခုတိုင် တဆစ်ဆစ်နာကျင်နေဆဲဖြစ်ပါတော့သည်။ ။
5 comments
small cat
November 15, 2011 at 6:28 am
ငယ်ချစ်ကိုတမ်းတပြီးလွမ်းနေရတဲ့
ကိုထက်ဝေပါလား!!!
aye.kk
November 15, 2011 at 6:52 am
ငယ်ကအချစ်
အနှစ်တစ်ရာ မမေ့သာ..
အချစ်စစ်လမ်း
ဖြောင့်ဖြူးတန်းလဲ မရှိပါ..
လှသောနှင်းဆီ..
ဆူးသည်ရှိလည်း ကိုင်မိသည်..
ဥဒေါင်းငှက်တို ့မည်သည် အသက်တို၏
လှသောပန်းတို ့မည်သည် အကြွေမြန်၏..တဲ့
ကိုယ်ချင်းစာမိသည်..။
etone
November 15, 2011 at 12:45 pm
ငယ်စဉ်ကမွှေး
ရနံ့လေးကို
စွဲလန်းစိတ်ပို
ရမ္မက်ချို
မေ့လို့မရ
စွဲတသသ
ဝိုင်အိုလက့်ပါဗျ 😀
inz@ghi
November 15, 2011 at 12:52 pm
အန်တီဒေါက်တာ ..အိတုန် ..
တားတားကို ကယ်ပါဦး ….
ပို့စ်နဲ့ မဆိုင်ပေမယ့် ကြုံလို့မေးတာပါ ..
တားတား သွားအမြစ်မှာ အတက်ထွက်နေတယ်
နားလည်ရင်ဖြေပေးပါဦးနော်
အောက်သွား ပရီမိုလာတွေမှာခည
ဘယ်၂ခု ညာ ၁ခုဗျ …
လျှာရဲ့အောက် ဘေးတဖက်တချက်စီ ခည..
အဲ့ရာ အရှေ့ကျွန်း ဆေးပညာက အင်္ဂလိပ်မဟုတ် ဂျာမန်က ယူထားတာဆိုတော့
မေးရမြန်းရခက်လို့… (အရှေ့ကျွန်းစာတောင် မနည်း လုပ်ထားရတာ ……ဂျာမန်လိုမှုတ်ရင် သေပီပဲ)
အဲ့ရာ ဘာဖြစ်တာလဲဟင်
ကုရမှာလားဟင် ….
နာတော့နာဝူး
သွားဖုံးကိုလည်း ဖောက်ဖူး … ဖောင်းတော့ ဖောင်းနေတာပဲ ….
အစက သတိမထားမိဝူး …ခုမှ သိတာမို့ လန့်နေကြောင်းပါ…
ကင်ဆာတွေဘာတွေဖြစ်မှာ
ငယ်တုန်းချောတုန်းလှတုန်း တယောက်တည်း ဂန့်တွားမှာ ကြောက်နေတဲ့ တားတား
ဂိုင်း အင်ဇာဂီ..
blackchaw
November 15, 2011 at 1:06 pm
ဝိုင်းစုခိုင်သိန်း ဆိုထားတဲ့ အချစ်ဦးပုံပြင်
ဆိုတဲ့ သီချင်းလေး နားထောင်လိုက်ပါ ကိုထက်ဝေ။
ဝေဒနာ နည်းနည်း သက်သာသွားပါလိမ့်မယ်။