“စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ´´

winkyawaungNovember 15, 20111min26512

´´

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ သတင်းထောက်များကို တံခါဖွင့်ထားပါတယ်။ ယခုဆိုလျှင် နေပြည်တော်မှာ ပြည်ပသတင်းဌာနများဖြစ်တဲ့ ဗီအိုအေ သတင်းဌာနနှင့် ဘီဘီစီသတင်းဌာနများမှ အခြေစိုက်သတင်းထောက်များကိုပါ နေထိုင်ခွင့်ပြုပြီး သတင်းယူနိုင်ရန် သတင်းလွတ်လပ်ခွင့် များကို ဖွင့်ပေးထားတာ ကမ္ဘာသိဖြစ်ပါတယ်။
သို့သော်.. အထက်ပိုင်းအဆင့်များတွင် ပြောင်းလဲနေသော်လည်း အောက်ခြေအဆင့်များမှာ ယခင်ကအတိုင်း အချို့နေရာများမှာ ပြုပြင် ပြောင်းလဲမှု မရှိကြသေးပါ။ အရာရာကိစ္စများမှာ အကြောက်တရားများ စိုးမိုးနေကြသည် ထင်ပါတယ်။ စာရေးသူ သတင်းသွားယူစဉ်က အဖြစ်မှန် သာဓက တစ်ခုကို တင်ပြပါရစေ….။
ကျွန်တော် ၂၀၁၁၊ အောက်တိုဘာလထဲမှာ သဘာဝဘေးဒါဏ်ကျရောက်နေတဲ့ ဒေသများကို သွားရောက်သတင်းယူခဲ့ ပါတယ်။ သတင်းဓာတ်ပုံများရိုက်ပါတယ်။ တာဝန်ရှိသူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းမေးမြန်းပါတယ်။ ဘေးအန္တရာယ် ဖြစ်ပေါ်၍ ပျက်စီးနေသော ဓာတ်ပုံများကို သတင်းမှတ်တမ်းတင်နေစဉ် ကျွန်တော့်ကို တာဝန်ကျ လုံခြုံရေးရဲတပ်သား တစ်ဦး မှ အထက်အရာရှိထံ တွေ့ဆုံရန်ဆိုပြီး လာရောက်ခေါ်ပါတယ်။ လိုက်သွားခဲ့ပါတယ်။ အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းတစ်ခု ကို ရောက်သွားပါတယ်။ ကံကောင်းချင်တော့ ကယ်ဆယ်ရေးစခန်းက ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားမှာ ကျွန်တော်နှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဆရာရင်း၊ ဒကာရှင်း ဖြစ်နေပါတယ်။ ဆရာတော်မှ ကယ်ဆယ်ရေးစခန်းမှာရှိနေကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူရယ်၊ ကျွန်တော့်ကို ခေါ်လာသောရဲတပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့ရှိ ပုဂ္ဂိုလ်များကို ကျွန်တော့အား မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ထံပါလာတဲ့ နိုင်ငံသားစီစစ်ရေးကဒ်၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်ကတ် ၊ ဂျာနယ်တိုက်က သတင်းထောက် သတင်းယူရန် ဂျာနယ်တိုက်မှ ထုတ်ပေးထားသော ဓာတ်ပုံပါ လည်ဆွဲကတ် စတာတွေကို ထုတ်ပြပါတယ်။ ဒါနဲ့ ..စာရေးသူလည်း အိုကေပြီထင်လို့ ကယ်ဆယ်ရေးစခမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးကို သိလိုသော သတင်းအချက်အလက် များကို မေးမြန်းပါတယ်။ အင်း… ဟုတ်ကဲ့ ခဏနေပါအုံး။ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပါရစေ.. ဆိုပြီးထွက်သွားပါတယ်။ ကျောင်းထိုင်ဆရာတော်ကိုကပ်ပြောသွားပါတယ်။ ဆရာတော်ဧည့်သည်ကို ခေတ္တထိမ်းထားပေးပါ ဆိုပြီး မှာသွားပါတယ်။ တော်တော်လေးကြာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ပြန်လာပါတယ်။ ဆရာတော်ရဲ့ မိတ်ဆွေဧည့်သည်လည်း ဖြစ်နေတော့ ကဲ.. သိလိုတာကို မေးပါလို့ သူကဆိုပါတယ်။ ကျွန်တော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မေးမြန်းပြောဆိုပြီး နောက်ဆုံးစကားတခွန်းနဲ့ သူက ကျွန်တော့်ကို နှုတ်ပိတ်လိုက်ပြန်ပါတယ်..။ (ဆရာ.. ကျွန်တော့်မြို့နယ်အုပ်ချုပ်ရေးမှူးကမှာလိုက် ပါတယ်..။ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတွေကိုတော့ မရေးစေချင်ပါဘူး..) တဲ့။
ဪ သတင်းမီဒီယာဆိုတာ အဆိုးမြင်သမားများမဟုတ်ကြပါ။ တိုင်းပြည်တိုးတက်ချမ်းသာဖို့အရေး အဆိုး အကောင်းများ၏ အဖြစ်မှန်များကို အကျိူးအကြောင်းခိုင်လုံစွာဖြင့် ပြည်သူ လူထုရဲ့အသံများအား(ဂျာနယ်များမှာ) ထုတ်ဖော်ရေးသားနေသူများသာ ဖြစ်ကြပါတယ်။ ဒါမှလည်း ယခုလို ကျရောက်ခံစားနေရတဲ့ သဘာဝဘေးဒုက္ခများအတွက် အချိန်မှီ လိုအပ်သည်များကို ဝိုင်းဝန်းကယ်ဆယ်ကူညီ လှူဒါန်းဆောင်ရွက်နိုင်ကြမည် မဟုတ်ပါလား?။ တိုင်းပြည်တိုးတက် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသော စတုထ္ထမဏ္ဍိုုင်ဖြစ်တဲ့ ကျွန်တော်တို့သတင်းမီဒီယာများ ကို ဝိုင်းဝန်းကူညီစေချင်ပါကြောင်း တောင်းဆိုလိုက်ရပါတယ်..။

ရွှေလမ်းငွေလမ်းဝင်းကြည်

မော်နီတာ သတင်းဂျာနယ်
အတွဲ(၁) အမှတ်(၇၇)
၂၀၁၁၊ နိုဝင်ဘာ(၆)ရက်ထုတ် မှ တဆင့်ကူးယူဖော်ပြပါသည်။

12 comments

  • winkyawaung

    November 15, 2011 at 11:12 am

    မြန်မာနိုင်ငံ စာနယ်ဇင်းလွတ်လပ်ခွင့် ဥပဒေရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပ မှ ဝါရင့်သတင်းထောက်ကြီးများ၏ အကြံဉာဏ်များအား တောင်းခံသင့်ပါသည်။

  • ပေါက်ဖော်

    November 15, 2011 at 12:10 pm

    အရှိ..အရှိတိုင်းရေးရမပေါ့..
    ဒါမှ အဖြစ်မှန်သိပြီး..စီစဉ်.စရာရှိတာ စီစဉ်ဆောင်ရွက်ရမယ်လေ့
    နော့်.

  • blackchaw

    November 15, 2011 at 12:40 pm

    ညံ့တယ်လို့ပြောရင်ခံရမှာပါဗျာ။
    ပထမ၊ ဒုတိယ၊ တတိယ တွေကိုသိကိုမသိတော့
    သိတဲ့လူများရှိရင် ကွန်းမန့်မှာ ရှယ်ကြပါဦး။
    စတုထ္ထမဏ္ဍိုုင် ကတော့ ပြန်ကြားရေးဝန်ကြီးလို့
    ပြောနေကြတာပါပဲ။

    • nozomi

      November 15, 2011 at 12:50 pm

      ပထမကတော့ ကိုကြောင်ကြီး ဗျ ဒုတိယက ကိုပုလို့ ကြားတယ် တတိယတော့ စုံစမ်းလိုက်ဦးမယ်ဗျာ

      • king

        November 15, 2011 at 2:20 pm

        တတိယကတော့ သူကြီး ဖြစ်ပါတယ်ဗျ … 😀
        ပဉ္စမကတော့ ဆူးမမဖြစ်ပြီး …
        ဆဋ္ဌမကတော့ …..
        သတ္တမကတော့ …..
        အဋ္ဌမကတော့ ….
        နဝမကတော့ ….
        ………………….
        😛

    • kai

      November 15, 2011 at 4:59 pm

      အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင် နဲ့ တရားစီရင်ရေး မဏ္ဍိုင် တဲ့..
      ယူအက်စ်က လုပ်နေတဲ့ပုံစံ.. အင်္ဂလိပ်လိုကတော့ အောက်မှာ ကူးတင်ပေးထားတယ်..။

      အဲဒီသုံးခုဟာ အပြန်အလှန် ထိန်းကျောင်းနေရပေမဲ့.. ဝင်ရောက်စွက်ဖက်လွှမ်းမိုးခွင့်မရှိရဘူး..။
      ယူအက်စ်မှာ.. အိုဘားမားရဲ့ အိမ်ဖြူတော်က အစိုးရ (အုပ်ချုပ်ရေး မဏ္ဍိုင်၊)ဖြစ်ပြီး.. သူ့ကို ငွေထုတ်(ဘက်ဂျက်ထုတ်)ပေးတာက.. ကွန်ဂရက် ( ဥပဒေပြုရေး မဏ္ဍိုင်)ြဖစ်ပါတယ်..။
      အခုလောလောဆယ်.. အိုဘားမားရဲ့ ကျမ်းမာရေးစောင့်ရှောက်မှု့စံနစ်ကို ပြည်နယ်တချို့က မကျေနပ်တာမို့.. အစိုးရကိုတရားစွဲတော့.. Supreme Court (တရားစီရင်ရေး မဏ္ဍိုင်)က.. အမှုကြားနာပေးမယ်..။

      သူတို့လုပ်သမျှအားလုံးကိုလိုက်နှိုက်ပြီး.. လူထုကိုတိုက်ရိုက်အသိပေးနေတာက.. မီဒီယာ(စတုထ္ထမဏ္ဍိုုင်)ပေါ့..။
      အင်မတန်အရေးကြီတယ်..။

      Fourth branch of government
      From Wikipedia, the free encyclopedia

      In the American political system, the fourth branch of government refers to a group that influences the three branches of governance defined in the American Constitution (legislative, judicial, and executive). Such groups can include the press (an analogy to the French Fourth Estate), the people, and interest groups. U.S. independent administrative government agencies, while technically part of the executive branch (or, in a few cases, the legislative branch) of government, are sometimes referred to as being part of the fourth branch.

      The press

      The concept of the media or press as a fourth branch stems from a belief that the news media’s responsibility to inform the populace is essential to the healthy functioning of the democracy.[1] The phrase “Fourth Estate” may be used to emphasize the independence of the press particularly when this is contrasted with the press as a “fourth branch”

  • Diamond Key

    November 15, 2011 at 2:32 pm

    နှစ်ပေါင်းများစွာ အမြစ်တွယ်လာတော့ အရှင်းပြတ်ဖို့က ခက်ပါတယ်။
    အောင်ခြေတွေက မတော်ရင် အထက်က အရေးယူခံရမှာ အလွန်ကြောက်နေတာ တွေ့နေရပါတယ်။
    ဒီတော့ တရုပ်နဂါးအကတွေ ဖြစ်ကုန်ရော။ ခေါင်းပိုင်းက မဆိုဆလောက်လေးလုပ်တာကို အောက်ခြေအဆင့်ဆင့် ကိုယ့်အပြစ်မဖြစ်အောင်ဆိုတော့ နဲနဲစီ ပိုလိုက်တာ အောက်ဆိုးရောက်တော့ တော်တော်များများကဲသွားပြီး တရုပ်နဂါးအကမှာ နောက်ဆုံးကလူတွေဆို အများကြီး လုပ်ပြရတော့တာပါပဲ။
    နောက်တစ်ခုက အောက်ခြေက လူတွေက အထက်ပိုင်းပေါ်လစီ ချိန်းသွားတာ သူတို့ ပညာဗဟုသုတနဲ့ မလိုက်နိုင်လေတော့ အထက်က သတင်းလိုကိစ္စတွေက အောက်ခြေမှာ များမှများပါ။

  • မှော်ဆရာ

    November 15, 2011 at 5:46 pm

    အဲဒါတော့ဟုတ်တယ်ဗျ … တကယ်ဆို သဘာဝ ဘေးအန္တရာယ်ပဲဗျာ …. အုပ်ချုပ်တဲ့ သူနဲ့ ဘာဆိုင်တာကြလို့ …
    ခက်တာက ထိုင်ခုံလေးတစ်နေရာ တည်မြဲဖို့ အထက်ဖား အောက်ဖိ ကိစ္စတွေ အများကြီး ကျန်နေသေးတာ ရင်လေးစရာပဲ .
    ကြက်တူရွှေးက တော်တော် မယ်ဘော်က ကဲကဲပါဗျာ …….

  • windtalker

    November 15, 2011 at 9:02 pm

    သတင်းမှန်ကို အဆက်မပြတ် တင်ဆက်ရမယ့် ခေတ်ကို ရောက်နေပြီ ဖြစ်ပါကြောင်း

  • maungmoenyo

    November 16, 2011 at 8:18 am

    စတုတ္ထမဏ္ဍိုင် ကိုအဓိကပေါ်လွင်အောင်လုပ်ပေးလိုက်နိုင်တာက ဒီကနေ့ခေတ် media လောကရဲ့ကျယ်ပြန့်လှတဲ့ technology ့ိုထွန်းကားလာမှုပေါ့။ internet ဟာ စတုတ္ထမဏ္ဍိုင် ရဲ့ ပက်မအင်အားကြီးပေါ့။ ဘယ်သူထိန်းချုပ်နိုင်လို့လဲ….စခါစတော့ ဒီလိုကြိုးနီလေးတွေရှိတတ်ကြတာပါဘဲ..။ နောက်တော့ သတင်းလေညှင်းဆောင်မှုအရှိန်အဟုန်ကို ထိန်းချုတ်ဘို့လွယ်မဲ့လမ်းမမြင်သလောက်ပါဘဲ။
    မပူကြပါနဲ့ အလွန်ဆုံးစောင့်ရ ၁-၂ နှစ်ပေါ့။ ရေဒီယို transistor လေးတွေနဲ့ BBC/VOA နားထောင်ခဲ့ကြရတဲ့ (၈၈) လွန်ကာလတွေဟာ ခုချိန် ယုံတမ်းပုံပြင်ဖြစ်လို့နေပါပေါ့လေ။

  • htet way

    November 16, 2011 at 9:37 am

    ဒီကိစ္စကတော်တော်ခက်နေတယ်ဗျ
    အရင်ကဆိုကျွန်တော်ကကလောင်ခွဲနဲ့သတင်းဂျာနယ်တွေမှာရေးတယ်
    သေသေချာချာရေးတာပါစာနယ်ဇင်းဆိုင်ရာဥပဒေနဲ့လွတ်အောင်ကိုရေးတာပါ
    တစ်ချို့ရန်ရှာတယ်ဗျ။ဒါနဲ့မရေးတော့ဘူးစာဖတ်သူကသောကြာမှာရေးတဲ့
    ဟာသကိုမကြိုက်ဘူး၊စုံတောက်မှာပါတဲ့ကဗျာကိုမကြိုက်ဘူး
    အခြားစာစောင်တွေမှာပါတဲ့အက်ဆေးတွေကိုမဖတ်ဘူး သတင်းကိုကြိုက်ကြတယ်။
    သတင်းကိုပြည်သူသိအောင်ရေးတော့အဲ့ဒီလူတွေကပဲ သတင်းထောက်ကွ
    ဒီလူရှေ့မှာဘာစကားမှမပြောနဲ့…ဖြစ်ပြန်ရော မခက်ပေဘူးလား
    နယ်မြို့မှာနေရတာအဲ့ဒီပြဿနာရှိတယ်။
    ဒါနဲ့စာမရေးတော့ဘူး အခုဂေဇက်မှာနည်းနည်းပါးပါးရေးတော့ပြဿနာရှာကြပြန်တယ်။

  • ကြောင်ကြီး

    November 17, 2011 at 12:59 pm

    မဏ္ဍိုင် ဘယ်နှခုရှိလည်းတော့ မသိဘူး၊ ဒဿဂီရိမှာ ဦးခေါင်းဆယ်လုံး၊ ဦးသန်းရွှေမှာ ဒေါ်လာငွေသန်း ဘီလျံချီရှိတယ်၊ ကြောင်ကြီးမှာတော့ မြင်သာမြင်ကြင်မရတဲ့ ပွိုင့်ခြောက်သောင်းကျော်ရှိဒယ်……… 🙁

Leave a Reply