အန်အယ်ဒီရဲ့ အနာဂတ် (Self-reliance)
အန်အယ်ဒီ အနေနဲ့ မှတ်ပုံတင် မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆုံးဖြတ်ရပါတော့မယ်။ မှတ်ပုံတင်ဖို့ သဘောတူကြပေမဲ့ ရွေးကောက်ပွဲကိစ္စ ကိုတော့ ဗဟိုကောက်မတီအဆင့် အကြေအလယ်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၄ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးမယ် ပြောထားပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (ကာ၊လုံ) က အနားကပ်ပြီးမှ လွှတ်မိန့်ကို ရပ်ဆိုင်းထားလိုက်ကြောင်း အာရ်အက်ဖ်အေ သတင်းမှာ ဖတ်လိုက်ရပါတယ်။ စစ်အုပ်စု အနေအထားက ရှင်းပါတယ်၊ အတိုက်အခံများ ပေးသမျှယူ ကျွေးသမျှစား အထွန့်မတက်နဲ့။ အခြေခံဥပဒေကို လေးစားလိုက်နာ ရမယ်၊ ရွေးကောက်ပွဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရမယ်။ နိုင်ငံရေးလှုပ်ရှားမှုများကို ပေးထားတဲ့ ဘောင်အတွင်း လုပ်ရမယ်။ အပြန်အလှန်အားဖြင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမယ်။ ကြားထဲမှာ အငြိမ်မနေ ဟိုတောင်းဆို ဒီတောင်းဆိုလုပ်ရင် အခုလို နှောင့်နှေးကြန့်ကြာမှုများနဲ့ ရင်ဆိုင်ရမယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ဘာတခုမှ အာမခံချက် မပေးထားဘူး။ လုပ်တော့ပြပါလိမ့်မယ် စာရွက်ပေါ်မှာ၊ လေလှိုင်းထဲမှာ။။ အခုပဲကြည့်ပါ ရွေးကောက်ပွဲတုန်းက ပြောထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တိုက်ရိုက်ရွေးချယ်ရေးအစား ရပ်မိရပ်ဖများမှ ဆယ်အိမ်ခေါင်းရွေး၊ သူတို့မှတဆင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးစနစ်သို့ ပြောင်းတော့မယ်။
အန်အယ်ဒီ ကြားဖြတ်ရွေးကောက်ပွဲနိုင်လဲ အတိုက်အခံများ အားလုံးပေါင်းတောင် ၂၀% မပြည့်လို့ အဆိုတင်သွင်းဖို့တောင် ခပ် ခက်ခက်ပါ။ မြောင်းတူးဖို့၊ ခြင်ဆေးဖြန်းဖို့ အဆိုလောက်သာ အောင်မြင်ပါမယ်။ သူတို့အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေကို လက်ခံထားပြီးမှ လွှတ်တာ်ထဲမှာ မတရားဘူးပြောလို့ မရဘူး။ အရှက်တကွဲနဲ့ လွှတ်တော်တွင်းမှ ထွက်မလာခင် သိက္ခာရှိရှိနဲ့ မတရားတဲ့ ဥပဒေမှန်သမျှ ဆန့်ကျင်တဲ့မူ ကိုင်ဆွဲတာ အသင့်တော်ဆုံးဖြစ်ပါမယ်။ စစ်တပိုင်းအစိုးရလက်ထက် မြင်နေရတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရချင်ရင် အန်အယ်ဒီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့သာ ရှိတယ်။ အဲဒါတွေ အားလုံးဝင်လာခဲ့ပြီးမှ ဆိုရင်တော့ စစ်တပိုင်းအစိုးရ အင်အားတောင့်သွားလို့ တွေ့ဆုံဆွေးနွေးထက် အတိုက်အခံများကို နှိပ်ကွပ်ဖို့ သာရှိပါတယ်။ စစ်အစိုးရတက်ခါစ အပျော့ဆွဲပြီး ရှိသမျှ သစ်တောတွေကို ထိုင်းနိုင်ငံကို ရောင်းစားတယ်။ သဘာဝဓာတ်ငွေ့လည်းတွေ့ရော ဘယ်သူ့စကားမှ နားမထောင်တော့ဘူး။ သမိုင်းသင်ခန်းစာကို မမေ့ပါနဲ့။ အန်အယ်ဒီ ဘာကြောင့် ရဲရဲဝံ့ဝံ့ဆုံးဖြတ် သင့်သလဲဆိုတဲ့ အချက်သုံးချက်ကို ပြောချင်ပါတယ်။
အရှိန်လိုနေတယ်
အဖွဲချုပ်ဝင်များအနေနဲ့ တာဝန်ယူမှုဆိုတဲ့ အရှိန်အဟုန် တရပ်လိုနေတယ်။ ကိုယ့်အားကိုယ်ကိုးခြင်းဖြင့် ဒေါ်စု ခေတ်အလွန် ပါတီရှေ့ရေးအတွက် ပြင်ဆင်ခြင်းဖြစ်သလို မြန်မာ့နိုင်ငံရေး အနာဂတ်အတွက်လည်း ဖြစ်တယ်။ စစ်တပိုင်းအစိုးရက လိုအပ်တဲ့ပြုပြင်ရေးများ မလုပ်ခဲ့ရင်၊ အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်း အသက်အရွယ်ကြီးရင့်လို့ အနားယူသွားခဲ့ရင်၊ ကွယ်လွန်သွားခဲ့ရင် မျိုးဆက်သစ် ပါတီခေါင်းဆောင်များအနေနဲ့ ကျန်ရှိနေသေးတဲ့ ၁၉၉ဝခုနှစ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ခရီးဆက်လက် ချီတက်ရမှာဖြစ်တယ်။ ယခုလို အရေးကြီးတဲ့ ဆုံဖြတ်ချက်မျိုးကို ပြည်နယ်တိုင်းအဆင့် ပါတီခေါင်းဆောင်များ ဦးဆောင်ချမှတ်နိုင်ရင် (ဖြစ်နိုင်ရင် ရွှေဂုံတိုင် ကြေငြာချက်မှာလို မြို့နယ်အဆင့်အထိ ပါသင့်တယ်) ငါတို့လုပ်နိုင်ပါလား၊ လုပ်ခွင့်ရှိပါလားလို့ မြင်သွားမယ်။ ပါတီပြန်လည်ရှင်သန်ဖို့ လိုအပ်နေတဲ့ တွန်းအားတရပ်လည်း ဖြစ်ပါတယ်။
လူစွမ်းကောင်းရွေးပွဲ
အဖွဲ့ချုပ်အတွင်း အစွမ်းအစရှိသူများ မွေးထုတ်ပေးခြင်း၊ ပြည်သူလူထုနဲ့ မိတ်ဆက်ပေးခြင်းလည်း ဖြစ်တယ်။ အဖွဲ့ချုပ် စည်းကော်မတီဝင်တိုင်းသည် ထောင်ဒဏ်အအမျိုးမျိုး၊ တာဝန်အမျိုးမျိုးနဲ့ မှတ်ကျောက်အတင်ခံခဲ့ပြီး ဖြစ်လို့ ခံနိုင်ရည်ရှိမှုထက် ခေါင်းဆောင်မှုစွမ်းရည်ကို ပြသရမဲ့အပိုင်း ဖြစ်လာပြီ။ တသွေမတိမ်း ပြောစကား နားထောင်တာ အဖွဲ့ချုပ်ထုံးစံ မဖြစ်သင့်ဘူး။ ဆင်ခြင်တုံတရားနဲ့ ပေါင်းစပ်ပြီး တာဝန်သိတတ်ခြင်းသာလျင် စံ ဖြစ်သင့်တယ်။ ဘေးတိုက် ပူးပေါင်းစပ်ပေါင်း ဆောင်ရွက်တဲ့ စနစ်ကို အခြေခံရမယ်။
လူလေး၊ ခွေးခန့်ဖြစ်ရမယ် (လူ = ပြည်သူ၊ ခွေး = စစ်ခွေး)
အန်အယ်ဒီအနေနဲ့ အနှစ်နှစ်ဆယ်ကျော် ကြေငြာချက်အမျိုးမျိုး ထုတ်ခဲ့ပြီး ၂၀၁ဝခုနှစ် ရွှေဂုံတိုင်ကြေငြာချက် စာတမ်းကို လက်ရှိပါတီမူဝါဒအဖြစ် သတ်မှတ်ခဲ့တယ်။ အားလုံးကို ပြန်ကြည့်လိုက်ရင် အခြေခံကြောရိုးသည် အတူတူပဲ။ ၁၉၉ဝခုနှစ်ရွေးကောက်ပွဲရလဒ်ကို နည်းလမ်းတကျ (ဂုဏ်သိက္ခာရှိစွာ) အသိအမှတ်ပြုပေးရမယ်၊ မတရားတဲ့ ဥပဒေကန့်သတ်ချက်များ ပြင်ဆင် ပေးရမယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရမယ်။ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမယ်။ အနှစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုများနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရမယ် စသဖြင့် အခြေအနေ အချိန်အခါအလိုက် အသုံးအနှုန်း အမျိုးမျိုးနဲ့ တောင်းဆိုသွားတာသာရှိတယ်။ အန်အယ်ဒီရဲ့ ချစ်စရာကောင်းတဲ့အချက်သည် ရိုးသားမှု၊ သစ္စာရှိမှု ဖြစ်ပြီး နိုင်ငံရေးအရ မလှည့်ဖြားခဲ့၊ မလိမ်ညာခဲ့လို့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ရန်သူ့စိတ်ပိုင်း၊ ရုပ်ပိုင်း ဝါဒဖြန့်ချီရေး ထိုးစစ်များကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်။ ဒါကိုပဲ ဖြိုခွဲဖို့ ရန်သူက နည်းမျိုးစုံနဲ့ သပ်လျှိုသွေးနေတာကြာပြီ။ မိမိထက်အင်အားကြီးသူနဲ့ ရင်ဆိုင်နေရချိန်မှာ ရိုးသားမှုသာလျင် အားကိုးရာဖြစ်တယ်။ အဖွဲ့ချုပ် အလတ်တန်းခေါင်းဆောင်များအနေနဲ့ ရိုးသားခြင်း နိုင်ငံရေး အစဉ်အလာကို ဆက်လက်စောင့်ရှောက်သင့်တယ်။
သစ္စာရှင်ကြောင်ကြီး
10 comments
ပေါက်ဖော်
November 16, 2011 at 12:12 pm
ကသိန်းစိန်တို ့ရေ..
နင့်ကို ကကြောင်ကြီးတောင် မီယုံဝူးဟ
တိပလား..သိပလား..
😯
ကိုရင်စည်သူ
November 16, 2011 at 12:39 pm
ကကြောင်ကြီးရေ…
မြန်မာပြည် တကယ့်ဒီမိုစစ်စစ်ရရင်..
ပြန်လာကြဗျာ… အောင်ကြူးကြီး တို့လို…
လူတွေက နိုင်ငံတိုးတက်ဖို့ အရမ်းကို
အထောက်အကူလိုတယ်…. ဒါပဲ
ပြောတော့မယ်… ထောက်ပြသွားတာ
တော်တော်ကောင်းတယ်.. အရင်က
ကျောင်းဆရာလုပ်ခဲ့လားမသိဘူး… ဟင်း.. ဟင်း..
သိနေဒယ်နော်… 😀 😀 😀
htoosan
November 16, 2011 at 12:40 pm
NLD က မှတ်ပုံတင်မတင် ကို CEC နဲ့ ဆုံးဖြတ်မယ်ဆိုပြီးမှ ဦးစီးတွေ အားလုံးနဲ့ ဆုံးဖြတ်မယ်ဆိုပြီး နောက်ဆုတ်လိုက်လို့ နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့လည်း နောက်ဆုတ်လိုက်ပုံ ရပါတယ်။ မတင်ဘူး အဖြေထွက်ရင်တော့ သူတို့လည်း အကြောင်း အမျိုးမျိုးပြပြီး ပြန်ကိုင်ထားဦးမယ် ထင်ပါတယ်။
၁၈ ရက်ကိုဘဲ ရင်ခုန်စွာနဲ့ စောင့်နေပါတယ်။ …. ဟင် ..အဲ… သူတို့လဲ ဘာလို့ ၁၈ ရွေးပါလိမ့် ❓
htoosan
November 16, 2011 at 12:43 pm
ကိုရင်စည်သူ ၊ လုပ်ပါဦး ။။ အစွမ်းပြ တွက် ပြီး ဖြေပေးပါဦး ။
ကိုရင်စည်သူ
November 16, 2011 at 1:12 pm
@ ကထူးဆန်း..
ကျနော် တွက်ပေးပြီးသွားပြီလေ….
၁ ခြောက်လုံးပို့စ်မှာ… ဒါတွေကြိုမြင်နေလို့… ဟဲဟဲ..
မယုံရင်ပြန်ဖတ်ကြည့်ပါနော့်…
Ko Ko Aung
November 16, 2011 at 1:30 pm
@ Ko htoosan
NLD က မှတ်ပုံတင်မတင် ကို CEC နဲ့ ဆုံးဖြတ်မယ်ဆိုတာထက် ဦးစီးတွေ အားလုံးနဲ့ ဆုံးဖြတ်မယ်ဆိုတာက ပိုမှန်မယ်ထင်ပါတယ်။ အရင်က မရှိသေးတဲ့ တကယ်အရေးတကြီးလိုအပ်တဲ့ အစဉ်အလာတခု ချပေးရာလဲ ရောက်ပါတယ်။
လိုအပ်ရင်လဲ ဆုံးဖြတ်မယ့် ရက်ရွှေ့ပေါ့။
နိုင်ငံရေးအကျဉ်းသား လွှတ်တာကတော့ လက်ရှိအာဏာရပါတီရဲ့ သဘောထားကို ဖေါ်ပြရာရောက်ရုံပါပဲ။ မဖေါ်ပြလဲရပါတယ်။ (ေ-ာက်ကျင့်မကောင်းတာ သိပြီးသားပဲဟာ။ )
စစ်ခေါင်းဆောင်တွေကို ယုံရမှ ပါတီမှတ်ပုံတင်မယ်/ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်တော့ –
ကျွန်တော့်အမြင်တော့ လုံးဝမှတ်ပုံတင်စရာကို မလိုပါဘူး။
စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှာ ယုံရလောက်တဲ့ အထောက်အထား ဘာမှမတွေ့သေးပါဘူး။
ခုတမျိုး တော်ကြာတမျိုးနဲ့ စိတ်ထားစိတ်ရင်း မမှန်တာ အသိသာကြီးပါ။
ကျွန်တော်တို့ NLD ကို မှတ်ပုံတင်ဘို့ ရွေးကောက်ပွဲဝင်ဘို့ ထောက်ခံတယ်ဆိုတာက – စစ်ခေါင်းဆောင်တွေကို မယုံပဲနဲ့ကို မျက်နှာချင်းဆိုင်ရင်ဆိုင်ဘို့ ထောက်ခံတာပါ။
ဒို့ကွင်းကို မလာရဲရင် မင်းတို့ကွင်းမှာ လာကန်မယ်ဟေ့- ဆိုတဲ့သဘောပါ။
သူတို့အစီအမံအတိုင်း လက်ညှိုးထောင် ခေါင်းညိတ် ဘို့ မဟုတ်ပါဘူး။
သူတို့ထောင်ချောက်ထဲ မိ-မမိက NLD ခေါင်းဆောင်ပိုင်းရဲ့ အရည်အချင်းကို ပြပါလိမ့်မယ်။
ကျွန်တော်တို့ကတော့ (အနဲဆုံး ဒေါ်စုအရည်အချင်းကိုယုံကြည်စိတ်နဲ့) စောင့်ကြည့်ပါမယ်။
blackchaw
November 16, 2011 at 3:25 pm
ကိုရင်ကြောင်ကြီးရေ။
ခိုင်ထူးရဲ့ သီချင်းလေးနဲ့ မန့်မယ်ဗျာ။
မလိုချင်ဘူး
အကုန်ရရင်ရ မရရင် ဘာမှ မလိုချင်ဘူး။
kai
November 16, 2011 at 3:54 pm
ဘာပဲဖြစ်ဖြစ်.. ဒေါ်စုအကောင်းဆုံးဆုံးဖြတ်လိုက်မယ် ယူဆမိပါတယ်..။
အင်မတန်အရေးကြီးတဲ့ အချိုးအပြောင်းအချိန်ပါ…။
ဒီမိုကရေစီရဖို့…
လမ်းမှန်ရင်.. ၁ဝနှစ်လောက်စောင့်ရမယ်ဖြစ်ပြီး..
လမ်းမှားရင်.. အနှစ် ၂ဝနဲ့အထက်.. စောင့်ရပါမယ်..။
လူထုကြီးကလည်း.. ဒီလိုအချိန်မှာ … နှလုံးသားနဲ့သာ စဉ်းစားတွေးခေါ်ကြဖို့ .. နှလုံးသားနောက်ကိုလိုက်ကြဖို့… တိုက်တွန်းပါကြောင်း…။ 😆
MaMa
November 16, 2011 at 4:27 pm
ကိုယ်ဉာဏ်မမှီတဲ့ကိစ္စမို့လို့ ဝင်ပြောရင် အာရုံနောက်အောင် လုပ်သလို ဖြစ်နေမယ်ထင်တယ်။ အဲဒါကြောင့် ဒေါ်စုရဲ့ ဆင်ခြင်တုံတရားနဲ့ ကိုယ်ကျင့်သီလတို့ကို ယုံကြည်ပြီးတော့ ဆုံးဖြတ်ချက်ကိုသာ စောင့်မျှော်နေပါတော့တယ်။
forever
November 16, 2011 at 4:35 pm
အဖြေကလူတိုင်းသိပြိးသားပါ
NLD ဟာမှတ်ပုံတင်မှာပါ….
ကြားဖြတ်က နောက်ကိုရွေ.သွားနိင်ပါတယ် အချိန်သိပ်ကပ်နေလို.ပြင်ဆင်ချိန်မရဘူးဆိုပြီး
နောက်နှစ်ထဲကိုဆွဲသွားနိင်ပါတယ်
ကစားပွဲပါဗျာ…… အခုမှ တဖက်နဲ.တဖက် အကဲခတ်နေတုန်းပါ
အပေးအယူလေးတွေနဲ. ခြေစမ်းနေကြတုန်း
ဘာလိုဒီလောက်လောကြီးနေရတာလဲ နှစ်၂ဝကျော် ဒုက္ခခံလာပြီးမှ
စောင်.ကြည်.လိုက်ပါအုံး
သူတို.၁၈ရက်နေ.ရွေးတာက အာဆီယံကိုစောင်.တာပါ
အာဆီယံကမြန်မာကိုဘယ်လိုဆုံးဖြတ်ဖြတ် အဲ.ဒီအဆုံးအဖြတ်ဟာ
NLD ကြောင်.လို. အပြောမခံချင်လို.ဖြစ်ပါလိမ်.မယ်
သူကြီးကနှလုံးသားနဲ. တွေးဆိုလို. နှလုံးသားအလိုတိုင်းသာဆို…
ကျွန်တော်က NLD ကိုသဘောမကျပါဘူး ခေတ်ဆိုးထဲလူဖြစ်ခဲ.ရတော.
ဘယ်သူ.ကိုမှ ဘယ်အဖွဲစည်းကိုမှ မယုံဘူး….
ဒေါ်အောင်ဆန်းစုကြည်ကိုသာ မြန်မာပြည်အတွက် လမ်းပြ ဘဲလို.ရှားရှားပါးပါး
ယုံကြည်မိကြောင်း……
ကိုကြောင်ကြီးရေ…
မီးတုတ်မီးတုတ် ရှို. ရှို. …….
ဝင်ချင်ဝင် မဝင်ချင်နေ
ရွေးချင်ရွေး မရွေးချင်နေ
မီးတုတ် မီးတုတ် ရှို. ရှို.
အရေးတော်ပုံ အောင်ရမည် အောင်ရမည် (နောက်ဆယ်နှစ်…နောက်ဆယ်နှစ်..)