သည်လိုနှင့် လေယာဉ်ပျံကြီး စီးဖို့ နေ့ကို စိုက်စိုက်မြိုက်မြိုက်ရောက်လာလေတော့၏
လူစာရင်း အတိအကျဆိုသော်...၁၁ဦး ...
သို့သော် လူစွမ်းကောင်းက ၉ဦးသာ ...ကျန် ၂ယောက်က ကပ်တီးမူးလဲတွေ ...
---------------------------------------------------------------------
ဟားးးး ...အမေရိကား ရောက်ပါပီ ....အတိအကျဆိုရလျင် ...လာ့စ်ဗီးဂတ်စ် မြို့ရဲ့ နာမည်ကျော်
McCarran International Airport ကို ရောက်လာတာပါ....
အထစ်အငေါ့လေးတွေ ရှိလင့်ကစား ရွာသားတွေ စုံစုံညီညီတွေ့ရတော့ သဂျီးခမျာ
ဝမ်းသာလွန်းရော့ထင့် မျက်ရည်များပင် လည်မိလေသည် ..
(နောင်မှ သိရသည်မှာ မျက်ရည်လည်တာက ထို့ကြောင့်မဟုတ် ထိုစဉ်က သဂျီး၏ လိပ်ခေါင်းရောဂါမှာ အလွန်ဆိုးဝါး နေသည် ဟူသတည်း
သူဌေးမဖြစ်ခင် ယခင်က ရောင်းမကောင်းသော သတင်းစာတစောင် ပြုစု ထုတ်ဝေစဉ်က အထိုင်များခဲ့သော ...
အယ်ဒီတာမန်းများအား အော်ဟစ် ကြိမ်းမောင်းခဲ့ရသော ဒဏ်တွေပင် ဖြစ်သည်)
နောက် ၁ရက် ၂ရက် အကြာတွင် ကိုယ်ပိုင် ပရိတ်ဘတ်ဂျက်ဖြင့် တောင်ကျွန်းဝိဇ္ဇာ အဘဖော ရောက်ချလာသည်..
အဘကား သန်တုန်း မြန်တုန်း ပင်... သဂျီးမင်းခမျာလည်း နေရာချထားရေးအတွက် အလွန်အလုပ်များသွားတော့သည်..
ပြသနာက ဘဖောနှင့် အင်ဇာဂီ တည်း... ကျန်လူများက ဘာမှ မပြောသည့်တိုင် နဂိုကတည်းက ချမ်းသာကြွယ်ဝသော
သူ၂ယောက်ကတော့ နည်းနည်း ကိန်းကြီး ခန်းကြီးနိုင်လေသည်..အင်ဇာဂီသည် အမြင့်ပေ၃သောင်းရထောင် နှင့်အထက်တွင်
တပါတ်တခါ ပါတီကျင်းပရန် ကိုယ်ပိုင် boeing 787 တစီးတောင်းဆိုပြီး ဘဖော သည် ဘေ့စ်ဘော ကစားလောက်သော
ရေချိုးခန်းပါသည် ့အိမ်တွင် bathtub သည်လည်း ဘဖော အပါအဝင် လူ၁ဝယောက်ခန့် အသာလေး ဝင်နိုင်သည့် ဆိုက်ဒ်
ရှိရမည် တောင်းဆိုသည်။
ပြဿနာ အကျယ်အကျယ် မဖြစ်စေလို၍ ရောက်ဖူးလျင်တော်ပါပြီ ဆိုသော ကျန်လူများမှ မိမိတို့အနစ်နာခံ၍
သဂျီး၏ ဝန်ထမ်းအိမ်ယာတွင်သာ မိမိတို့ နေမည်ဖြစ်ပြီး
ထို၂ယောက်ကို ဖြည့်ဆည်းပေးရန် သဂျီးကို ဖြောင်းဖျတော့မှ ပြေလည်တော့သည်။
သို့ရာတွင်သည်နေရာမှာ တစခန်းထသည်က ကိုစိန်သော့ တည်း ...
စပိုက်ဒါမန်း ကို သရီးဒီ နှင့် သဂျီးဆီမှာ ကြည့်ပီးသကာလ
တိုက်မြင့်မြင့်မြင်လျင် ဖက်တက်မယ်ချည်း လုပ်နေသဖြင့် လူအလစ်မပေးရဲ..
ကမှောင်ချောကတော့ သူ့ကိုယ်သူ အိုဘားမားနှင့် တူသည် ဆိုပီး
အခြောက်တိုက် မာန်တက်နေသည်။
ဘဖောနှင့် သင်္ဘောသီး၂လုံးကတော့ သူရို့ သင်္ဘောသီးဂိုဏ်းဝင်များဆီ လည်ပတ် စားသောက်လုပ်နေကြသည်..
ထိုအတွက် သဂျီးက ရိုးရွိုက်စ် တစီး ထောက်ပံ့ထားရ၏
အင်ဇာဂီကလည်း အားကျမခံအမေလိကား ကို ကန့်လန့်ဖြတ်ကာ နယူးယောက်စီးတီးရှိ သူ့ကောင်မလေး Liu Yifei ကို
ကျောင်းအပို့အကြို သွားလုပ်လိုက် စီလီကွန်တောင်ကြားတွင် အလုပ်များလိုက် နှင့်
ရောက်တာ ၁လကျော် ကြာသည်အထိ အလုပ်ကိစ္စ စကားမစနိုင်သေး...
သဂျီးမှာလည်း သူတို့ဘက်မလှည့်နိုင် ...
သဂျီး၏ လိပ်ခေါင်းရောဂါမှာ အတော် ဆိုးဝါးနေပေပြီ ...
ခွဲစိတ်ဖြတ်တောက် ရန်လည်း သွေးတိုး ဆီးချိုက တဆုံးတက်နေသဖြင့်
လက်တလော မဖြစ်နိုင်သေး .....
အချိန်ပြည့်မှောက်နေရပီး ဒါတွေ နော်မယ်လ် ပြန်ဖြစ်လာအောင် စောင့်ရဦးမည်..
အိတုန် နှင့်ပန်ပန် ကသဂျီးပြုစုရေး တာဝန်ကိုယူထားရသည် ...
ခမျာလေးတွေမလဲ တနေ့ ၃ခါ ဆေးထည့်ပေးနေရသဖြင့် ဘယ်မှ မရောက်ဖြစ်..
အလုပ်ပြီးရင် သူတို့၂ယောက်ကိုတော့ တနေရာရာ အမှတ်တရ လိုက်ပို့ပေးမည်ဟု
သဂျီး စိတ်ထဲတွင်တေးထားလိုက်သည် ..မိုးဇိကတော့ လာ့စ်ဗေးဂတ်စ် ပတ်ပီး
စတိတ်ရှိုးလျောက်ကြည့်နေသည်
အခြေအနေက တခုခု စမှဖြစ်တော့မည် ..
ပတ်ဝန်းကျင်သစ်နှင့် အသားကျပါစေတော့ဟူ၍ လွှတ်ထားပေးသော်လည်း
ယခုတော့ အလုပ်စရတော့မည်။
အပြင်လူ၂ယောက် (အိ နှင့် ဇိ)ကို ပထုတ်ထားလိုက်သည် ..
ဒါကလည်း သဂျီးအတွက် မခက် ...သူ့ဟော်တယ်တွင် ဂျက်စတင်ဘီဘာ နှင့် အမှီးနန်း
ကို စင်တင် လုပ်ပေးလိုက်သည် ...ချာတိတ်မတွေ ခုနေပြန်ခေါ်ရင်တောင် လာမှာမဟုတ်တော့
ပန်ပန် က သဂျီးကို ဆေးထည့် ယပ်ခတ်ပေးရင်း အစီးအဝေး မော်ဒရိတ်တာ လုပ်ရသည်
သဂျီးကား မွေ့ယာပေါ်ဝယ် မှောက်ခုံကြီး
ကုတင် ပတ်ပတ်လည်တွင် ကျန် လူစွမ်းကောင်း ၉ဦး..
သဂျီးက ဘဖော ကို စပြောသည်
ဂျီး။ သည်ကောင်တွေကို အဘပဲ အကြမ်းဖျင်းရှင်းပြလိုက်ပါ အဘရယ် ...ကျွတ်ကျွတ်....
သဂျီး ဝေဒနာကို အံကြိတ်ခံရင်းပြောသည် ...
ဘ။ သည်လိုရှိတယ် ခေးတို့ရဲ့ အစချီပီး ပြောသည်
စာရှည်မည် စိုးသဖြင့် အကျဉ်းချုပ်ကိုသာ ရေးတော့မည်.
-----------------------------------------------------------------------------------
သဂျိုင်ခီး သည် သူ၏ မအောင်မြင်သော သတင်းစာကို ထုတ်နေစဉ်ကဖြစ်သည် ...
ထိုစဉ်က သူ့တွင် မိတ်ဆွေတယောက်ရှိသည် ...ထိုလူက စာလေးပေလေးရေးသဖြင့်
အသိအကျွမ်းဖြစ်လာကာ ကိုယ့် ရွှေအချင်းချင်း ဆိုပြီး သူ့လုပ်ငန်းတွင် နေရာပေးလေတော့သည်
ထိုသူမှာ ကိုကိုကြောင်သာဖြစ်သည် ..သူ၏ အောင်မြင်နေသော ခရီးသွားလုပ်ငန်းတွင်
ဦးခိုင်တယောက် ရှယ်ယာ စတင်ပါခွင့်ရခဲ့သည် ....တရုတ်သွေးပါပီး စီးပွားရေး
အကွက်မြင်သော ဦးကြောင် သည် ခရီးသွားလုပ်ငန်း၏ အခရာ အဓိက အစားသာဆုံးနေရာမှာ
ဟိုတယ်များသာဖြစ်ကြောင်း သိရှိလာသဖြင့် ထိုနေရာများတွင် စတင် ရင်းနှီးလုပ်ကိုင်လေသည်..
သည်လိုနှင့် ဦးခိုင်လည်း ဦးကြောင်ကောင်းမှုကြောင့် အတူတူပူးပေါင်းပါဝင်ဖြစ်လေသတည်း။
နောက်ဆုံး အဆုံးသတ်တွင်မူ လက်ရှိအချိန်တွင် ဦးကြောင်သည် လာ့စ်ဗီးဂတ်စ် မြို့မှ
ကာစီနိုကြီးများ ပါဝင်သော MGM, Mirach, နှင့် Bellagio ဟိုတယ်ကြီး၃ခု ကို ပိုင်ဆိုင်နေပီဖြစ်သည်
မအောင်မြင်သေးသော ဦးခိုင် ကို မိတ်ဆွေစိတ်ဖြင့် အောင်မြင်လာအောင်လက်တွဲခေါ်ယူခဲ့သော်လည်း
အောင်မြင်လာသောအခါ ပုခုံးချင်းယှဉ်လာမှာ ကျော်တက်သွားမှာ မနာလိုသော ကြောင်ကြီးသည်
ဦးခိုင်၏ လုပ်ငန်းကို အထက်လမ်းနည်း အောက်လမ်းနည်း သုံးပီး ဖျက်လိုဖျက်ဆီးလုပ်တော့၏ ။
သူ တည်ထောင်ထားသော ကြောင်ညီနောင် တသိုက် ဂိုဏ်းမှဂိုဏ်းဝင် များဖြစ်သော
ကြောင်လေး ကြောင်လတ် ကြောင်ဝတုတ်တို့ တသိုက် မန့်သ်လေးဘေး တဝိုက်တွင် သံသေး
သံကြောင်များဖြင့် အနှောက်အယှက်ဖြစ်အောင် ပြုခြင်း ..သွားတိုက်ဆေးဝယ်စရာမလိုသော
အိန္ဒိယမှ ဆာဒူးကြီး ဆြာကြီး ရှုံးလူ၏ မှော်အတတ်ဖြင့် စီရင် အပ်သော ပစ္စည်းများ လော်ဘီထဲသို့
မကြာခန ရောက်ရောက်လာတတ်ခြင်း ဘီလူးကြီးတကောင် မကြာခန ကိုယ်ထင်ပြခြင်း
အစရှိသည်တို့ကို မကြာခန လုပ်ဆောင် တတ်သေး၏ ။မိတ်ဟောင်းဆွေဟောင်းမို့ သည်းခံသေးသော်လည်း
ဟော်တယ်ရှယ်ယာများကိုပါ ထိပါးလာနိုင်သော အရိပ်အယောင် တွေ့လာရသည့်အချိန် သဂျိုင်ခီးမှာ
အကျပ် ရိုက်တော့ လေသည်။ သည်ဟော်တယ်ကြီးကို ဆက်လက် ထိန်းသိန်းထားလိုပါက သဂျိုင်ခီးသည်
အစိမ်း သန်း၁၅၀လိုအပ်နေတော့ပေသည် ။ ပုံမှန်အတိုင်းဆို သည်မျှလောက်ပိုက်ဆံဘာအရေးမှ မကြီးသော်လည်း
ယခုမူ ကြောင်ကြီးနှိပ်စက် သဖြင့် စီးပွားကျနေလေပြီ ဖြစ်သည် ..ကိုကြောင်၏ လုပ်ရပ်မှာ ဂျပွန် နှင့် ချီးနား ကို
အမြင့်ခေါ်လာပီးမှ ဆွဲရိုက်ချ သည့် အန်ကယ်ဆမ် ၏ဗျူဟာ နှင့် အတူတူပင်ဖြစ်ကြောင်း သဂျီးက
ဝေဒနာကြားမှ ဝင် မှတ်ချက်ပေးသည်။
ယခုလည်း ကြည် ့ ..သဂျီး၏ လိပ်ခေါင်းမှာ မနှစ်က ဦးကြောင် ခရစ်စမတ် တွင် တည်ခင်းသော
ကြက်ဆင်သားနှင့် ကောက်ညှင်းပေါင်းမှ အစပြုသည် အဲဗားကွမ်းစား နဲဗား ဝမ်းမသွားသော
သဂျီး ဝမ်းချုပ်တတ်တာ သိသိချည်းနှင့် သူခေါ်ကျွေးတိုင်း ဝမ်းချုပ်စာတွေချည်း ဖြစ်တတ်သည်။ သဂျီးကလည်း
ထုံးစံအတိုင်း ကုန်းတွယ်သည်ချည်းသာ။ လိပ်ခေါင်းသည် တခြားရောဂါများနှင့်မတူပေ ...
အသက်ရန်မရှာသော်လည်း လူမြင်ကွင်း မထွက်နိုင် မထိုင်နိုင် ဆိုတော့ သဂျီး၏ အုပ်ချုပ်မှု ယန္တရား မလည်ပတ်နိုင်တော့
သည် ၁ဝလပတ်အတွင်းမှာပင် စတော့ခ် က ထိုးကျသွားသည် ..လူအဝင်လည်း ယခင်လိုမကောင်းတော့
ညည သီအိုရီအရ ဟော်တယ်ခန်းတွေကို ၄၀% ပြည့်အောင် မီးဖွင့်ဖွင့်ထားရသဖြင့် မီးဖိုးပင်အတော်ထောင်းလှပီဖြစ်သည်
ဆေးပညာအရ varicose veins တွေ ဘာဖြစ်တာ ညာဖြစ်တာ ဆိုတဲ့အချက်ကိုတော့ အတုန်လေး က ပိုသိမည်ထင်ပါသည်။
ခုတော့ သားရေပင်နှင့်ရှင်းရတော့မည်။ သည်နေရာ ကိုရန်ရှာလာရင်တော့ သဂျိုင်ခီးသည် မိုးကောင်းကင်ဒူးနှင့်တိုက်မည့်
လူစား ဖြစ်သည် ။ ကဒါဖီ လိုတော့ သဘောကောင်းလိမ့်မည် မဟုတ်ပါ ...
ရှည်လျားစွာ ရှင်းပြပီးနောက် ဘာလုပ်ရမှာလဲ ကို ဘဖော က အစီအစဉ်တကျ ပြောသည် ။ လုပ်ရမှာ တခုတည်းသာ
ကိုကိုကြောင်၏ ကာစီနို ကို ဖောက်မည်။ ဒါပဲ
Post Views: 352
25 comments
inz@ghi
November 16, 2011 at 12:15 pm
အပိုင်း(၁၂) တင်ဆက်လိုက်ပါသည်ခဗျ
လွန်ဒလာချိရင် ဝန်ဒါမိပါခည
ဂီဂီ(ခ)အင်ဂျီး(ခ)ဂိုင်း
သုံးမည်ရ အင်ဇာဂီ
ပေါက်ဖော်
November 16, 2011 at 12:29 pm
မြေအောက်က စဖောက်ရမှာလား..
လေပေါ်က ပျံဖောက်ရမှား….ပြောဘာ.. 😆
သဂျီးနော်..ပွိုင့်မချေးရင်တော့ သားရေကွင်းစာ မိမယ်…ငွှဲ..ငွှဲ..
😀
ကိုရင်စည်သူ
November 16, 2011 at 12:36 pm
ကအင်ကြီးပြောမှပဲ သဂျိုင်ခီးနဲ့ ကကြောင်ကြီးတို့
အတိတ်က ရန်ကြွေးတွေ သိရတော့တယ်…
ကာစီနိုဖောက်မယ်ဆိုတော့…
အိုရှင်းအလဲဗင်းကလို စွန့်စားရတော့မယ်ပေါ့…
သင်္ဘောသီးတွေက ဖောက်လို့ ရလာတဲ့ ဒေါ်လှစိမ်းတွေကို
ကားပေါ်အထိ အထုတ်သယ်ပေးမယ့် တာဝန်ယူမယ်…
တောင်ကျွန်ဝိတ်ဇာဘဖောကိုတော့ ဖောက်ဝင်မယ့် လမ်းကြောင်းပြခိုင်း..
သူက ချက်ဆွဲတာတော်တယ်ကြားတယ်.. ဟီးဟီး…
ကစိန်သော့ကို သော့ဖျက်ခိုင်းဗျာ..
မှော်ဆရာကို ကင်မရာတွေ ဖျက်ခိုင်း… သူက မက်ကင်းနစ်ဆိုတော့..
ဒါဗြဲ… သိတော့ဝူး..
inz@ghi
November 16, 2011 at 12:49 pm
အဲ့ဇာတ်ကို ဗမာမှု ပြုထားတာပါဆို ကရင်စီကလည်း
တူရို့ ရန်ကြွေးတွေကို တားတားက ဗမာဝီကီလိခ် ကပြန် ဟက်ထားတာ ..သွပ်သွပ် ….
Ocean(ကပေ) and Ryan(ဂီဂီ) recruit eight former colleagues and criminal specialists, including
Linus Caldwell (ကပေါက်ဖော်), a young and talented pick-pocket thief. Also recruited are
Frank Catton (မှော်ဆြာ), a casino worker and con man,
Virgil and Turk Malloy (သင်္ဘောသီး၂လုံး), a pair of gifted mechanics,
Livingston Dell (ပန်ပန်) an electronics and surveillance expert,
Basher Tarr (ကမှောင်ချော) an explosives expert,
Saul Bloom (ဘဖော) an elderly con man,
and “The Amazing” Yen (ကစိန်သော့) an accomplished acrobat
အဲ့ရာ အော် ရီဂျင်နယ်လ် နဲ့ တားတား ဗမာမှုပြုထားတဲ့ line-up ပဲ
inz@ghi
November 16, 2011 at 12:57 pm
ဖန်ငွေထုတ်ပေးတဲ့ former casino owner Reuben Tishkoff ကတော့ သဂျီးပေါ့ခညာ ….
မှော်ဆရာ
November 16, 2011 at 12:56 pm
တခြားဟာသာ မကျွမ်းကျင်ရင်ရှိရမယ် ။ ကင်မလာဖျက်တာ့တော့ ကျွမ်းတယ်ခင်ဗျာ ။။။
ဒါ့ပုံဆြာ သက်တမ်းတစ်လျှောက် နည်းမျိုးစုံဖြင့် ကင်မလာမျိုးစုံ ၁ဝ လုံးကျော်အား စွမ်းစွမ်းတမံ ဖျက်ဆီးခဲ့ဖူးပါကြောင်း …
inz@ghi
November 16, 2011 at 1:00 pm
သည်လူရီး လွယ်ဝူးပဲ …..
တားတားက ဒီလူရီးနဲ့ယှဉ်ရင် အချက် ၁သောင်းခွဲကျော်လေးပဲ ဆွဲရတေးတာ …
ကင်မလာ လက်သစ် နုနုထွဋ်ထွဋ်လေး
ဟိ ..တား ၅၅ဝဒီ လေးလည်း ကြွမှာပါပဲ သည်ပုံနဲ့…
ကြွတာနဲ့ ဖိုက်ဒီ(ဝိုဒ်သည်) တွေဈေးချနေတယ် …ဝယ်ဝိုဒ်ပစ်မယ် ၈-၁၅မမ သာတပ်လိုက်လို့ကတော့
ဟိုသီချင်း ဆိုပီး လေချွန်နေလို့ ရဒယ်…
“နာ့ထက်ဝိုဒ်တဲ့သူ ဆိုတာ …ဒီဂဘာဂျီးထဲ ချိနေရင် လိုက်ပီးလေ ရှာလို့ ဝိုဒ်ပစ်ချင်ဘာဒယ်……..တူနယ်တူနယ်….”
Diamond Key
November 16, 2011 at 1:02 pm
ထင်တာတွေ လျှောက်အပြောနဲ့၊ နော့ ကို သဂျီးက သရီးဒီ နဲ့ပြတာ စပိုက်ဒါမန်း မဟုတ်ဘူး၊ သဂျီးက ဟိုကောင်တွေ ပြန်မပြောနဲ့ ဆိုလို့နော်၊ သူသရီးဒီ နဲ့ပြတာ ကိုပဲ ဖက်တက်မယ် လုပ်နေတာ။ ဖက်မှာပဲ အဲဒါကို …..တက်မှာပဲ…..အဲဒါကို။
သဂျီးရေ ၊ နော်အတွက်တော့ ဘဖောနှင့် အင်ဇာဂီ တို့လို ကိန်းကြီး ခန်းကြီး boeing 787 တစီးတို့ ဘ့စ်ဘော ကစားလောက်တေဲ့ ရေချိုးခန်းပါသည် ့အိမ် တို့လိုဘူး နော်။ ရွာထဲမှာ ခုခေတ်စားနေတဲ့ “စ” လေး တစ်စီးဆို ရပြီ။ အရင့်အရင်က ကားဆိုဘာမှ မသိတဲ့ ရွာထဲက အပျိူချောတွေကပါ ဘေးနားက ခစုတ်လေး ဖြတ်သွားရင်ပဲ … အယ်ဒါလေးက ပထမ အသုတ်တဲ့။
နော်ဂ ဟိုလူတွေလို အစိမ်းတွေ မဖျောင်ဘူးနော်။ သဂျီးပြတာလေးနဲ့ပဲ ကဲမှာ။
မှော်ဆရာ
November 16, 2011 at 1:39 pm
အော် မြင်သမျှ ဖက်မယ် တက်မယ် လုပ်လုပ်နေတာ ဒါကြောင့်ကိုး ….
inz@ghi
November 16, 2011 at 1:54 pm
တဂျီး … ဒါမိုးကျ တားတားတို့ကို အုထားတယ် ….
တဂျီးဆီ ပို့ပို့ပေးနေတဲ့ မာရီယာအိုဇာဝါ ခွေလေးတွေ
အအိုအိ ဆိုလ ခွေလေးတွေ မျက်နှာမှ မထောက် …
ပို့ဒေါ့ဝူး ဒါဗျဲ….
blackchaw
November 16, 2011 at 3:21 pm
ဂီဂီ(ခ)အင်ဂျီး(ခ)ဂိုင်း(ခ) ကိုးရီးယားဒါရိုက်တာလေး ဆောက်ဇာဂီ ပါထည့်တော့
လေးမည်ရသော အင်ဇာဂီပါခင်ဗျား။
အီးတီ
November 16, 2011 at 4:45 pm
ဟာ ဖွတ်ကားနဲ ့ဟုတ်တော့ဘူးလား ကိုကြက်မောက်သီး အဲအဲ ကိုအင်ကြီး။ ရိုးရွိုက်စ် တော့မလုပ်ပါနဲ ့
အခွန်မဆောင်နိုင်ဘူးဗျ။ ဆိုက်ကားတောင်အနိုင်နိုင်စီး နေရတာ။ ဘဝ ဘဝ 🙁
inz@ghi
November 16, 2011 at 5:07 pm
ဖွတ်ကားက အလုပ်မှာသုံးမှာ
ဒါက ဇိမ်ခံကား ….
အလုပ်က ခနနေလာမယ်ဗျ
အေမီ
November 16, 2011 at 7:38 pm
ရေးလည်း ရေးနိုင်တဲ့ ကိုအင်ဇာဂီပါလား။
လေးစားပါတယ် ဒီလောက် ဇာတ်လမ်းအရှည်ကြီးရေးတတ်လို့…….စာရေးဆရာ နေဝင်းမြင့်တို့၊ ခင်ခင်ထူးတို့နဲ့ နင်လား ငါလားပဲ……….:) 🙂
အေမီက ခုမှဖတ်မိတော့ ဇာတ်လမ်းအလယ်မှ ဖြတ်ကြည့်သလိုပဲ သိပ်တော့နားမလည်းဘူး……… :D:D:D
inz@ghi
November 16, 2011 at 7:44 pm
အစက ဖတ်မှ သိမှာဗျ….
အကြောင်းအရာတွေက သူတို့ရေးတတ်တဲ့ post တွေကို သိထားရင် ပို သဘောပေါက်မယ် …
အဲ့ဒါလေးတွေ ထည့်ထည့် နောက်ထားတာကိုး …
ကျနော်က အစ်ကိုအစ်မတွေအတွက် … ပျော်တော်ဆက်ပါ
ကိုရင်စည်သူ
November 16, 2011 at 7:50 pm
ဟယ်… ကအင်ကြီး … မီးခလေးနဲ့တွေ့မှ….
ပေါ်တော့တယ်.. ပျော်တော်ဆက်တဲ့… အဟီးး 😀 😀
နောက် ထပ်ဆက်ရဦးမယ်.. အရှေ့ကျွန်းမှာ..
အဘမြင်နေဒယ်.. မြင်နေဒယ်.. အဟမ်း… 😛 😛 😛
MaMa
November 16, 2011 at 8:24 pm
မောင်ဂိ ရေ-(ငါးမည်ရ ပြည်ရွှေဘိုနဲ့ အပြိုင်ဖြစ်သွားအောင်)
(အပိုင်း(၁၂) တင်ဆက်လိုက်ပါသည်ခဗျ
လွန်ဒလာချိရင် ဝန်ဒါမိပါခည) ဆိုတာက….
အင်း ဘုန်းကြီးခေါင်းခေါက်ပြီးပြီဆိုတော့…. :s
inz@ghi
November 16, 2011 at 8:28 pm
အန်တီမမရေ
တားတား စာအတည်အခန့်လေးတွေလည်း ရေးပါသေးတယ်ခည…
အဲ့ရာလေးတွေလည်း အားပေးပါဦးလို့ ….
သည်ဇာတ်လေးကတော့ ကျနော် ကိုယ်တိုင်လည်း သံယောဇဉ်ဖြစ်လို့ မပြတ် ရေးဖြစ်နေတာပါ ..
ကိုယ်ခင်မင်ရင်းနှီးရတဲ့လူတွေကို သူတို့စာလေးတွေ လက်တလော hot topic လေးတွေမှာ ထည့်ပြီး
ကျီစယ်ကြည့်ယုံပါခင်ဗျား …
စော်ကားလိုတဲ့သဘော မပါပါဘူးခင်ဗျ…
MaMa
November 16, 2011 at 9:22 pm
မောင်မောင်ဇာရေ- (တားတား စာအတည်အခန့်လေးတွေလည်း ရေးပါသေးတယ်ခည…)
ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း ပညာစွမ်းတွေကို သိထားလို့ …
(အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြားခြားနားချက်) ပိုစ့်ထဲမှာ မန့်ထားတာလေးကို ကော်ပီကူးပြီး မိတ်ဆွေအပေါင်းအသင်းတွေကို မေးလ် ပို့လိုက်ပါသေးတယ်။ (မူပိုင်ခွင့်အတွက် တောင်းရင်တော့ သဂျီးရဲ့ ပွိုင့်နဲ့ပဲ ပေးရမယ်ထင်တယ်။) 😀
အန်တီမမကလည်း ပျော်စေပျက်စေသဘောနဲ့ မောင်ဂိလို့ ရေးလိုက်၊ မောင်မောင်ဇာလို့ ရေးလိုက် ရေးနေတာကို လူငယ်ကပဲ လူကြီးကို နားလည်ခွင့်လွှတ်ပြီး (သည်းခံချင်ချင် သည်းမခံချင်ချင်) သည်းခံပေးပါလို့ 😛
inz@ghi
November 16, 2011 at 9:47 pm
ကျေးကျေး အန်တီရေ…..
အဲ့သည်ကွန်းမန့်ကတော့ ကျနော် တိုက်ဆိုင်ထားတာလေး ..နဲ့ တိုက်ရိုက်ကျလို့
ဆောင်းပါးရှင်ကို အားနာစွာနဲ့ ရှည်ရှည်မန့်ဖြစ်တာပါခင်ဗျာ …. အမှန်ဖြစ်မယ် မယူဆပါဘူး..
ကျနော့်မှာ bench mark လုပ်စရာ အခြား မရှိလို့ပါ …(ဆြာသစ်တို့ဆို သည်နေရာမှာ ခွဲခြမ်းစိတ်ဖြာ ပြနိုင်မှာပါခင်ဗျ….)
မူပိုင်ခွင့်ကတော့ မလိုပါဘူးခင်ဗျား …ကျနော် ချစ်ခင်တဲ့ သည်အသိုင်းအဝိုင်းလေးရဲ့ တစိတ်တပိုင်း ဖြစ်ရရင်ပဲ ကျေနပ်ပါတယ်..
ရေးဖြစ်သမျှ ချရေးကတည်းက MG မူပိုင်လို့ ခံယူပီးသားပါ
(ပေါက်ပန်း၄ဝ ရေးပီး မူပိုင်ခွင့် တက်အော်လို့လည်း သင့်တော်ဝူးလေ…ဟီး …)
ဒါပေမယ့်တခုပေါ့နော် စကားစပ်လို့ ပြေရရင်တော့ …ကျနော့် ဒါ့ပုံလေးတွေနဲ့ ပါတ်သတ်ရင်တော့ ကျနော် မူပိုင်ခွင့်လိုချင်ပါတယ်ခင်ဗျား ….
တင်ထားတဲ့ size ကို နှစ်သက်ရင်သုံးပါ …ပိုကြီးတဲ့ size လိုချင်ရင် ပြောပါ … ကျနော် ပို့ပေးပါ့မယ်ခင်ဗျား…
ကျနော့်ကို credit လေးတော့ပေးပါ …. ကျနော့် signature လေးတော့ မဖျက် ပစ်ပါနဲ့လို့ ….
ကျနော် (ကိုယ့်ဟာကိုယ်ယူဆတဲ့)ပုံကောင်းကောင်းတွေ ကို ကျနော့် signature ဖြတ်ချင်ဇောနဲ့ …
perspective မကိုက် rule နဲ့မလိုက် ဖြတ်တင်ထားခံထိဖူးလို့ ပြောပြရတာပါ
ကျနော် ပုံကောင်းကောင်း သိပ်မရှိပေမယ့် ရှိစုမဲ့စုလေးတွေကိုတောင် ကျနော့် လူရင်းတွေ ဆီကပင် ခံခဲ့ရဖူးလို့ပါ …
(အန်တီ့ကို ဒါမျိုး လုပ်တယ် မဆိုလိုပါခင်ဗျား ……စကားစပ်လို့ အန်တီကတဆင့် အားလုံးကို ပန်ကြားရခြင်းဖြစ်ပါတယ်…
အဆုံးအထိသာ ပြောလိုက်ရတာပါ ကျနော် ဂေဇက်မှာ သည်လို လုပ်မယ့်လူ မရှိဘူးလို့ ယုံကြည်ပါတယ်ဗျ…..)
နောက်တခု ရှိတာက ကျနော့် ဒါနလေးပါ … တချို့ ကျနော်တင်တဲ့ ဘုရားပုံတွေ ကိစ္စပါ ။ကျနော်ချိန်ညှိထားတာ မကြိုက်လို့ ကိုယ်တိုင်ပြင်မယ်
ဆိုရင်တောင် original ကိုလိုချင်တယ်ဆိုရင်တောင် လုပ်စားတာမဟုတ်တဲ့ ဘာသာရေး နဲ့ဆိုင်တဲ့ နေရာတွေမှာ သုံးမယ်ဆို
ကျနော့် လှူခွင့် ပြုပါ ခင်ဗျား… ကျနော် original RAW file ပို့ပေးပါ့မယ်.. …
ကျနော့်ကို ခေါ်တာတော့ ကြိုက်သလိုခေါ်ပါဗျား …အဆင်ပြေပါသည်…
မောင်မောင်ဇာ ဆိုတဲ့နာမည်ကတော့ ကျနော် ငယ်ငယ်က boat-club မှာ လှေလှော်တုန်းက
ဘော်ဒါတွေ ခေါ်တဲ့ နာမယ်မို့ …အမှတ်တရ ရှိကြောင်းပါ ……
ခင်တဲ့
iNZ@GHI
MaMa
November 16, 2011 at 10:02 pm
ပြောလက်စမို့ ပြောရဦးမယ်။ ဓာတ်ပုံတွေတော့ ဝါသနာပါတယ်။ ကြည့်ချင်လို့ မောင်ရင် တင်ထားတဲ့လင့် ရှိရင် ပေးစေချင်ပါတယ်။ ဓာတ်ပုံတွေကို ဖြတ်ကတ်ညှပ်ကပ်ဖို့ ပညာ အန်တီ့မှာ မရှိပါ ရှင့်။
inz@ghi
November 16, 2011 at 10:07 pm
https://www.facebook.com/min.zarni?sk=photos
မှာ ကျနော် တင်ထားသမျှ အားလုံးရှိပါတယ်ဗျ…
(privacy အရ ….ကျနော်နှင့် friend ဖြစ်ဖို့တော့ လိုပါလိမ့်မည်. ….)
တချို့ ပုံတွေ အတော် ပိန်းပြီး..
တချို့ အတော် ပါဆင်နယ် ဆန်ပါသည်ခင်ဗျား ..
သီးခံ ရှုစားပေးကြပါ ပိတ်သတ်ကြီးခဗျား…
gazette ထဲရောက်တဲ့ပုံတွေကတော့ ကျနော်တင်တဲ့
post တွေ မှာ post လုပ်တဲ့လူ နာမည်ဆွဲထုတ်ရင်တွေ့ မှာမို့
သီးခြား မညွှန်းတော့ပါဗျား…
windtalker
November 16, 2011 at 9:05 pm
အင်း ။ နင့်ဟာကလဲ မြန်မြန်ရေးတာတော့ မဟုတ်ဘူး
ဆေးပေါင်းခတဲ့ညတောင် ကြာသွားဘီ ဆိုတော့
လုပ်ငန်းကိုင်ငန်း အောင်မြင်ချောမွေ ့စေဖို ့
တို ့ဂလု ထဲ က ကရင်စည် နဲ ့သေချာလေး တိုင်ပင်ပြီး
နက္ခတ်တွေ ပြန်ချိန် ညှိရတော့မှာဘဲ ။
small cat
November 17, 2011 at 7:57 am
ကိုဂီရေ ကျွန်တော်ခလုပ်နှိပ်ထားတဲ့ဒါ့ပုံ တွေရှိပါတယ်၊ အဲဒါတွေကို အကဲဖြတ်ပေးစေချင်ပါတယ်၊
ကိုဂီ့ မေးထဲကိုပို့ချင်တယ်။ အကို့ အကောင့် ကိုပြောပါလား ၊ကျွန်တော့ ဂျီမေးအကောင့်က
“စမောကက်ဒေါ့ အမ်ဂျီ” ပါ
inz@ghi
November 17, 2011 at 7:58 am
mzarni17@gmail.com ပါခင်ဗျ..