ဒေါ်လာ၅ထောင်တန်ကားတင်သွင်းခွင့်ပြုမည်။

chityimhtooNovember 18, 20111min1855

 

သင်္ဘောသားများနှင့်ပြည်ပရောက် မြန်မာလုပ်သားများ ပြည်တွင်း ဘဏ်စာရင်းတွင်ဒေါ်လာတစ်သောင်းရှိပါက ပြည်ပမှဒေါ်လာ ၅ထောင်တန်ကားကို တင်သွင်းခွင့်ပြုမည်လို့သက်ဆိုင်ရာက
ကြားသိရပါတယ်။ သင်္ဘောသားတွေနဲ့ ပြည်ပရောက်တရားဝင်မြန်မာတွေကို တစ်ဦးတစ်စီးနှူန်းတင်သွင်းခွင့်ပေးဖို့ဆုံးဖြတ်ထားပြီးပါပြီဟုမော်တော်ယဉ် တင်သွင်းခွင်ဆိုင်ရာကြီးကြပ်မှူကော်မတီ ဥက္ကဌကအတည်ပြုပြောသည်။ယခင်အစည်းအဝေးများမှာပြည်ပရောက်မြန်မာလုပ်သားများနှင့်သင်္ဘောသားများ၏ ဘဏ်ငွေကို၃သောင်းဟုရှိခဲ့သော်လည်း၃သောင်းမရှိသူများစိတ်အား
ငယ်မည်ဆိုးသဖြင့် ဘဏ်ငွေကိုတစ်သောင်းအထိဖြေလျော့မှ ုပြုခဲ့ကြောင်း။ထိုထက်ပိုပြီးဖြေလျော့မှ ု့များြ ပုလုပ်တော့မည်မဟုတ်ဟုကော်မတီဥက္ကဌကထပ်မံဆိုသည်။ ကားတင်သွင်းခွင့်ကို
ခွင့်ပြုပေးမည်ဖြစ်သော်လည်း သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ဆွေးနွေးရန်လိုသေးမည်ဖြစ်ရာ ယင်းကိစ္စကိုအမြန်ဆုံးလုပ်ဆောင်နေကြတယ်လို့ပြောပါတယ်။
ပြည်ပရောက်တရားဝင်လုပ်သားတွေကိုကားတင်သွင်းခွင့်ပြုလိုက်ရင်သူနဲ့သက်ဆိုင်တဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ချိတ်ဆက်ရပါမယ်။ဒိလိုဘဲသင်္ဘောသားဆိုရင်ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ဆိုင်သွားပြီ။ဒါတွေပြီးရင်ရပါမယ်။ ဘယ်တော့ရမလဲဆိုရင်အမြန်ဆုံးရပါမယ်လို့ဘဲ
ဖြေနိုင်သေးတယ်လို့ ကော်မတီဥက္ကဌ မှပြောကြားတယ်လို့သိရပါတယ်။
ပြည်ပရောက်တရားဝင်လုပ်သားများကိုတင်သွင်းခွင့်ပြုမည်ဖြစ်ရာအများစုက အိမ်စီးရန်ထက်ပြန်ရောင်းဖို့သာများနေသည်ဟုလည်းကြားသိရပါတယ်။ ကားဝယ်စီးမယ်ဆိုရင်နောက်က
ရမှာကအများကြီးပဲ ဒီတော့မစီးဘဲပြန်ရောင်းရင်သိန်းဆယ်ဂဏန်းနဲ့ချီပြီးမြတ်နိုင်သေးတယ်လို့ပြောကျပါတယ်။ လက်ရှိသင်္ဘောသားအသိအမှတ်ပြုမှတ်ပုံတင် CDC လက်မှတ်ရသင်္ဘောသားရသောင်းနီးပါးရှိနေပြီး ပြည်ပရောက်တရားဝင်လုပ်သားမှာ သိန်းဂဏန်းကျော်ရှိပါတယ်။
ပြည်ပရောက် တရားဝင်လုပ်သားများ၊သင်္ဘောသားများနှင့် ပို့ကုန်ရငွေ ၁သိန်းရှိလုပ်ငန်းရှင်များ၊ဟိုတယ်ခရီးလုပ်ငန်းလုပ်ကိုင်သူများကို ကားတစ်စီးစီတင်သွင်းခွင့်ပြုပေးမည်ဖြစ်
ကြောင်းကို popular news journal မှာဖတ်ရှူ့လိုက်ရပါတယ်။

5 comments

  • Scott

    November 18, 2011 at 3:51 pm

    ကားတွေအရင်လှိမ့်သွင်းမယ့်အစား…ယာဉ်ကြောပိတ်ဆို ့မှုတွေကိုအရင်ဖြေရှင်းကြစေချင်တယ်…..driving license ကိုလည်း ၁၀၀၀ဝပေး အပြီးဆိုပြီးမလုပ်ကြပါနဲ ့တော့…မမောင်းတတ် မောင်းတတ် နဲ ့ဝင်မောင်းတော့လမ်းပေါ်မှာ ကိုးလိုးကန် ့လန် ့တွေဖြစ်… နောက်ထပ် အစီးရေ ၁၀၀၀ဝ ပဲသွင်းကြည့် ဒီထက်ပို ပြီး သိသိသာသာကြီးကို ကြပ်လာမှာ…အခုတောင်လှည်းတန်းမီးပွိုင့်ပိတ်ရင် မြန်မာ့အသံရှေ့အထိပိတ်တာ…လူတိုင်းကားစီးနိုင်လည်း မီးပွိုင့်တစ်ခု ၁နာရီလောက်ကြာချင်ကြမှာမဟုတ်ဘူးယူဆတာပဲ……

    • အီးတီ

      November 18, 2011 at 7:45 pm

      ကားသစ်တွေသွင်းသလို ကားဟောင်းတွေကိုလည်း ဖျက်ပစ်မယ်ထင်ပါတယ်။

  • mummymoon

    November 18, 2011 at 7:36 pm

    တစ်ဖက်က ကြည့်ရင်တော့ အကောင်းကြီးပဲ– အရင်တုန်းက ကားစီးတဲ့ လူတန်းစားသတ်သတ်ရှိနေတာက တစ်ဖြည်းဖြည်းပြောင်းလဲလာတော့မှာပေါ့

  • သော်ကြီး

    November 18, 2011 at 9:19 pm

    သော်ကြီးတို့ကတော့ ဝေးပါသေးတယ်။ စီးနိုင်တုန်းစီးထားကြအုန်းပေါ့။ နင်တို့မစီးနိုင်တဲ့ တစ်နေ့ နင်တို့ ဆွေမျိုးတွေ သားသမီးတွေစီးလိမ့်မယ်။ သော်ကြီးတို့ မပါသေး။ ဟေး….ဟေး……

  • windtalker

    November 19, 2011 at 1:55 pm

    ကျပ် ငါးထောင်တန် ကားတွေ တင်သွင်းလာရင်လဲ ပြောပေးပါဦးနော 🙂

Leave a Reply