“တိမ်းနွယ် ယိမ်းဖယ် စိမ်းနွယ်” (အပိုင်းသုံး)
“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းသုံး)
(စိမ်းလွယ်……………….)
“ကဲအခုဘယ်လိုလုပ်မလဲ……………………………”တဲ့
“မောင်ရယ် ……….နင် မေးတတ်လိုက်တာနော် “လို့ဘဲပြောချင်ပါတယ်။
သူနဲ့အတူနေနိုင်ဘို့အတွက်ကျမဘက်ကကြိုးစားခဲ့၊
မလိုချင်တဲ့ဘဝကြီးထဲမှာ နှစ်မြုှပ်ပြီး ပေးဆပ်ခဲ့တဲ့အချိန်တွေ ရင်းနှီးခဲ့ရတာတွေအတွက်
ကျမရလာတဲ့ရလာဒ်က”ဒီမေးခွန်းလေးလားဘဲ မောင်” လို့ သူ့ရင်ကို ထုထုပြီးမေးလိုက်ချင်ပါတယ်။
“မောင်”နဲ့ဝေးနေချိန်တုန်းက အခက်အခဲတွေ စိတ်ညစ်စရာတွေကြုံချိန်မှာစိတ်ဓါတ်တွေလဲပြို မသွားအောင်
“မောင်နဲ့အတူလက်တွဲနိုင်ဘို့အတွက်”လို့အားတင်းပြီးရှေ့ဆက်ရတာတွေ၊
“မောင်နဲ့အတူနေကြတဲ့အခါ”ဆိုပြီးတွေးတွေးပြီးပျော်ခဲ့ရတာတွေ၊
သူ့ဆီက ဒီစကားလဲကြားရောကျမစိတ်ကူးအိပ်မက်တွေတစ်စစီ ပြိုကွဲသွားသလိုပါဘဲ။
ပြောရမယ်ဆိုရင်တော့အရှည်ကြီး။
ဟိုလွန်ခဲ့တဲ့လေးနှစ်ကလောက်ဘဲဆိုကြပါစို့။
ကျမတို့အရင်နေခဲ့တဲ့ ၃၂လမ်း မလွန်ကြက်သွန်တန်း ဘက်ကနေ မောင်တို့ နေတဲ့
နန်းတော်ရာကွက်သစ်ဘက်ကို ကျမတို့ပြောင်းလာခဲ့ပါတယ်။
မောင်တို့ကတော့ ကျမတို့အရင်ရောက်နှင့်နေခဲ့သူပေါ့။
ကျမတို့အဖိုးအဖွားတွေလက်ထက်က ဘိုးဘွားအမွေဆိုပြီးချန်ထားခဲ့တဲ့
မြို့လည်ခေါင်က မြေကွက်ကို သူ့သားသမီးတွေလက်ထက်မှာဆက်မထိမ်းသိမ်းနိုင်။
အဲတော့ မြို့ခံနဲ့ နယ်ကလာတဲ့ ဧည့်သည် ပိုင်ဆိုင်တဲ့မြေနေရာကို လူချင်းချိန်းကြတဲ့ ဇာတ်လမ်းတွေထဲမှာ
ကျမတို့ ဆွေမျုးိစုကြီးလဲ အပါအဝင်ပေါ့။
ဇာတိမြေမှာ ဇာတိလူကမနေနိုင်။
အဝေးကလာတဲဧည့်သည်ကမြို့ထဲမှာလာနေ။
အရင်မြို့ခံလူတွေက ဒီမြေကွက်ကိုရောင်း။
ရောင်းရတဲ့ငွေကို ဆွေမျုးိမောင်နှမတွေအမွေခွဲ။
မညီညွတ်ကြတဲ့သူတွေကတော့ ပိုင်ဆို်င်မူ့အတွက်ရုံးရောက်
ဆွေမျုးိအရင်းကြီးတွေအမူတွေဖြစ် နှစ်ရှည်လများ အမူ့တွေဆိုင်၊
ကုန်လိုက်တဲ့ငွေကလဲသောက်သောက်လဲ။
ခွဲပြီးလို့ပိုက်ဆံလဲရရော…….
အမွေရမှာဘဲဆိုတဲ့အတွေးနဲ့ ချေးငှားပြီး ကြိုသုံးထားတဲ့အကြွေးတွေဆပ်
အမှု့လဲပြီးရော ကုန်ကျငွေတွေနုတ်လိုက်တော့လက်ထဲမှာတကယ်ကျန်တဲ့ငွေက
မဖြစ်စလောက်။
ကိုယ်ပိုင်တဲ့မြေရောင်းပြီးလို့နေစရာဘုံပျောက်သွားလို့ မြေဝယ်မယ်လဲဆိုရော
လက်ထဲကျန်ငွေက မြို့ပြင်အစွန်အဖျားတို့ မြိုသစ်အစွန်အဖျားတို့မှာဘဲဝယ်လို့
ရလောက်တဲ့ငွေဘဲ လက်ထဲမှာရှိပါတော့တယ်။
အဲတော့ လဲ ဆွေကြီးမျုးိကြီးဆိုတဲ့လူတွေလဲ မြို့ဟောင်းကနေမြို့သစ်ပြောင်းပေါ့။
ကျမတို့မိသားစုကလဲ ဒီလိုအတန်းအစားထဲက မိသားစုတစ်ခုဘဲပေါ့။
ကျမ မောင်တို့အရပ်ကိုပြောင်းလာတော့ ကျမအလုပ်ကမြို့ထဲမှာ။
အရင်အိမ်နဲ့နီးတဲ့ စတိုးဆိုင်လေးတစ်ခုမှာ အရောင်းစာရေးမပေါ့။
မောင်နဲ့ကျမက အဲဒီဆို်င်မှာအလုပ်အတူလုပ်ကြတာပါ။
ရောက်စကတော့ မောင်က ကျမတို့ပြောင်းလာတဲ့ရပ်ကွက်ကမှန်းမသိဘူး။
အိမ်စပြောင်းပြောင်းချင်းကတော့ အိမ်က ဆို်င်ကယ်နဲ့လာကြို။
နောက်နေ့စဉ်နဲ့အမျှဆိုတော့ဘယ်သူမှလုပ်မပေးချင်ကြတော့ ကျမကို
အလုပ်ထွက်ခိုင်းပါတယ်။
အဲတော့ ကျမကလဲအလုပ်တော့ မထွက်ဘူး ကိုယ်ဘာသာကိုယ်ပြန်မယ်ဆိုပြီး
လိုင်းကားနဲ့ပြန်ပါတယ်။
နောက်တော့ကားစောင့်စီးရင်းနဲ့မှ မောင်နဲ့ကျမ တစ်ရပ်ကွက်ထဲနေမှန်းသိရပါတယ်။
ကျမတို့ပြောင်းလာတဲ့အိမ်နဲ့မောင်တို့အိမ်က အရှေ့ထိပ်နဲ့အနောက်ထိပ်။
သိသွားတဲ့နေ့ကစပြီး မောင်နဲ့ကျမ အတူတူပြန်ပါတော့တယ်။
ခက်တာက ကျမတို့ပြန်တဲ့အချိန်ကားကရှား
ကားခကိုလဲ တောင်းချင်သလောက်တောင်းဆိုတော့
မောင်နဲ့ရင်းနှီးသွားတဲ့အချိန် မှာကျမအိမ်ကစက်ဘီးနဲ့ အတူသွား အတူပြန်ကြပါတော့တယ်။
မောင့်ဘဝ အကြောင်းကိုသိတော့သူ့အပေါ်ကို သနားမိပါတယ်။
မောင့်အဖေက တော့ သူယုံကြည်ရာသူလုပ်ရင်း ဝင်လိုက်ထွက်လိုက်။
မောင့်အမေကတော့ မောင်ငယ်ငယ်လေးကထဲကကွယ်လွန်။
အဲတော့ အဖေ့ရဲ့ဒုက္ခအိုးလေးမောင့်ကို သူ့အဖေရဲ့ညီမတွေရဲ့တာဝန်ဖြစ်သွားတာပေါ့။
သူတို့ကလဲ အပျိုကြီးတွေလဲဖြစ်ပြန် ဖာသိဘာသာ နေတတ်သူဖြစ်ပြန်တော့
ကောင်းကောင်းမွန်မွန်စောင့်ရှောက်တာကလွဲရင် ယုယုယယမရှိ။
အဲတော့ မောင်မှာချစ်ခင်ယုယတယ်ဆိုတာကို မခံစားဘူးသူပေါ့။
မောင့်မှာ ပါလာတဲ့အရည်အချင်းကတော့ စကားပြောတဲ့နေရာမှာ ယဉ်ကျေးတာပါဘဲ။
တိုတိုပြောရရင် လူငယ်ချင်းအရွယ်တူချင်း အတူသွားအတူလာဆိုပြန်တော့
မေတ္တာငတ်သူနဲ့ ပေးဝေချင်သူ ကွက်တိဖြစ်သွားတော့ ချစ်သူဘဝရောက်သွားပါတယ်။
တိုတိုပြောရရင်တော့လက်ထပ်ဘို့အထိရည်ရွယ်ဖြစ်ကြတယ်ပေါ့။
ဒါပေမယ့် မောင့်ရဲ့အဒေါ်က ကျမနဲ့မောင်ကို သဘောမတူပါဘူး။
ကျမတို့ကို သူကအထည်ကြီးပျက်လို့ သတ်မှတ်တာကိုး။
တစ်ရက်မှာတော့ သူက ကျမကိုတွေ့ချင်တယ်ဆိုပြီးလူကြုံနဲ့စကားပါးလိုက်ပါတယ်။
အဲတော့ ကျမလဲအလုပ်နားတဲ့တစ်ရက်သွားတွေ့မိပါတယ်။
“မင်းမင်းနဲ့ညည်းလက်ထပ်ကြမယ်ဆိုတာဟုတ်လား”
“ဟုတ်တယ်ဒေါ်လေး”
“အင်း….နုပ်ခမ်းပဲ့ခြင်းမီးမူတ်လို့ကတော့ ဘယ် မီးမှ တောက်မှာမဟုတ်ဘူး “လို့ပြောတာလဲကြားရော
ကျမစိတ်ထဲမှာတော်တော်လေးကို ဒေါသဖြစ်သွားမိပါတယ်။
သူ့စကားက ကျမရဲ့မာနကိုဆွပေးလိုက်သလိုပါဘဲ။
“ကောင်းပြီဒေါ်လေးရေ ဒါဆိုရင်လဲကျမက “မင်းမင်း”ကို ကျမနှုပ်ခမ်းလုံပြီဆိုမှလက်ထပ်မယ်”
လို့ပြောပြီးထွက်လာခဲ့ပါတယ်။
အရင်က ရွှေထီးဆောင်းပြီးနေခဲ့ရတဲ့ကျမအဖို့အခုလိုအပြောခံရတာစိတ်ထဲမှာသိပ်နာပါတယ်။
ဒါပေမယ့် မောင့်ကိုတော့ ဒီအကြောင်းစကားမဟပါဘူး။
ကျမအစွမ်းအစနဲ့မောင့်ကိုအံ့ဩသွားအောင်လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားလို့ပါ။
ကျမသူငယ်ချင်းတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ မှော်ထဲကိုလိုက်သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။
အခုလိုစတိုးဆိုင်စာရေးမဘဲလုပ်နေလို့ကတော့ နူတ်ခမ်းပဲ့ခြင်းမီးမူတ်ရတဲ့ဘဝက မလွတ်ဘူးဆိုတာတွက်မိပြီးသား။
အဲတော့သူငယ်ချင်းနဲ့လိုက်သွားမယ် သူသီချင်းဆိုတဲ့စားသောက်ဆိုင်မှာလို်က်ပြီးသီချင်းဆိုမယ်။
ကိုယ်လိမ္မာတယ်ဆိုရင် တစ်လကို စားပြီးသောက်ပြီးအနည်းဆုံးတစ်သိန်းကနေနှစ်သိန်းထိ ပိုတယ်ဆိုတာသိထားလို့ပါဘဲ။
နောက်မောင်သာသိရင် ကျမဒီအလုပ် လုပ်မှာကို တားမယ်ဆိုတာသိလို့ ဖွင့်မပြောရဲပါဘူး။
အဲဒါနဲ့ဘဲမောင့်ကို အသိမပေးဘဲထွက်လာခဲ့မိပါတယ်။
ရောက်စကတော့ ဘယ်အဆင်ပြေမလဲ။
ဒါပေမယ့် မောင့်အတွက်ဘဲလို့ စိတ်ထားမှာထားပြီး ကျမကြိုးစားခဲ့ပါတယ်။
နောက်ကျမက ရလာတဲ့ငွေကို မသုံးဘဲကျစ်ကျစ်ပါအောင်စု။
ပြီးတော့လက်ထဲမှာရှိတဲ့ငွေကလေးနဲ့ ကျောက်လေးတွေဝယ်သိမ်း။
နည်းနည်းမြတ်ရင်ပြန်ရောင်းပေါ့။
တစ်ခါက ကျမနဲ့မောင်လက်ထပ်ပြီးရင် ဘယ်လိုအိမ်မျိုးနဲ့နေချင်တယ်ဆိုတာစိတ်ကူးယဉ်ခဲ့ကြဘူးတယ်လေ။
“ပုရစ်မရာ ငါကတော့ အိမ်အမြင့်ကိုကြိုက်တယ်။
အိမ်ဝရန်တာကနေလှမ်းကြည့်လို်က်ရင် တောင်တန်းတွေ လယ်ကွင်းတွေတပြန့်တပြောကြီး
မြင်နေရရင်သိပ်စိတ်ချမ်းသာတာဘဲ။
မြစ်တို့ချောင်းတို့ ကိုမြင်နေရတာလဲ ဖီလင်တမျိုးဘဲ။
ငါတို့အဲလိုအိမ်လေးမျိုးကို ရှာပြီး နေရအောင်နော်”လို့ပြောဘူးတာလေးကို ကျမစိတ်ထဲမှာအမြဲသတိရနေပါတယ်။
ဒါကြောင့်လဲ ကျမလက်ထဲမှာစုမိဆောင်းမိရှိလာတဲ့အခါမှာ မောင်နှစ်သက်တဲ့ မြင်ကွင်းမျိုးတွေရှိတဲ့
ကန်ပါတ်လမ်းက ဧရာထွန်းတိုက်ခန်း အပေါ်ဆုံးထပ် ဒေါင့်ခန်းတစ်ခန်းကို ကျမဝယ်ထားလိုက်ပါတယ်။
ကျမလိုချင်တဲ့ငွေပမာဏရရင် ပြန်လာမယ် မောင်နဲ့လက်ထပ်မယ် ဆိုတဲ့ဆုံးဖြတ်ချက်ကခိုင်မာပြီးသားပါ။
ဒါပေမယ့် ကျမက မောင့်ကိုရော မောင့်အသို်င်းအဝိုင်းကိုရော၊
အထူးသဖြင့်ကျမတို့ကို အထင်သေးလွန်းတဲ့သူအဒေါ်ကိုရော အရမ်းအံ့ဩသွားစေချင်တယ်။
ဒီတော့ ကျမကို မောင်ကို အသိမပေးဘဲခြေရာဖျောက်ခဲ့တာပေါ့။
လူခြင်းမတွေ့ပေမယ့် မောင့်သတင်းတွေကို အမြဲနားစွင့်နေပါတယ်။
ကျမနဲ့အတူလုပ်တဲ့ဆိုင်ကနေအလုပ်ထွက်ပြီးကုမ္မဏီတစ်ခုမှာ အရောင်းမန်နေဂျာလုပ်နေတာ
ဆိုတာတွေကို ကျမအထောက်တော်တွေကတစ်ဆင့်သတင်းတွေကြားနေရပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ကစပြီး ရုတ်တရက်ကြီးမောင် ဆိုင်ကယ်နဲ့ဖြစ်သွားတဲ့သတင်းကြားရပါတယ်။
သူ့အိမ်ကဝယ်ပေးတာမဟုတ်သလို အလုပ်ကပေးထားတာလဲမဟုတ်ဘူးပါဘူးတဲ့။
နောက်သိပ်မကြာခင်မောင့်မှာဟန်းဖုန်းလေးရှိနေတာကိုလဲသိရတော့
မောင့်ဖုန်းနံပါတ်ကလေးကို ကျမစုံစမ်းပြီးသိမ်းထားမိပါတယ်။
တစ်ခါတစ်လေမောင့်အသံကိုကြားချင်မိလို့ဖုန်းဆက်မယ်လို့ စိတ်ကူးပေမယ့်
ကျမရည်ရွယ်ချက်တွေမပြည့်စုံသေးခင်မောင်နဲ့အတွေ့မခံဘူးဆိုတဲ့ စိတ်ကြောင့်
လက်တွေ့မှာ မဆက်ဖြစ်ပါဘူး။
နောက်မှသိရတာ မောင် ကျမတို့ထက်အသက်နည်းနည်းကြီးတဲ့မိန်းမတစ်ယောက်နဲ့
တွဲနေတယ်ဆိုတဲ့သတင်းကို အတိအကျကြားလာရပါတယ်။
အဲဒီအမျုးိသမီးရဲ့အဖေကတော့ ကျောက်လောကမှာ နံမယ်ကြီးတစ်ယောက်ဖြစ်တယ်ဆိုတာကို
သိတော့ စုံစမ်းရတာပိုလွယ်ပါတယ်။
နောက်ကျမရင်ကို သောကတွေဝေစေတဲ့အချက်ကတော့
မောင်နဲ့တွဲနေတဲ့ အမျုးိသမီးက အသားဖြူဖြူ လူပုံကသွယ်သွယ်ပါးပါး
သေချာတာကျမထက်အပုံကြီးလှတယ်ဆိုတာပါဘဲ။
ဒီသတင်းကြားရတော့ ကျမရင်ထဲမှာအတော်လေးကို နေမထိထို်င်မသာဖြစ်မိတာအမှန်ပါဘဲ။
ဒါပေမယ့် မောင်နဲ့ကျမက သာမန်ချစ်သူတွေလိုမဟုတ်ဘူး သူငါ့ကိုသစ္စာရှိရှိစောင့်မှာပါဆိုတဲ့
အတွေးနဲ့ကျမကိုယ်ကျမဖြေသိမ့်လို့နေခဲ့ပါတယ်။
ကျမရဲ့ရည်ရွယ်ချက်တွေပြီးမြောက်သွားတဲ့တစ်ရက်မှာတော့ မန်းလေးကို ပြန်ဘို့ ဆုံးဖြတ်ပြီးပါပြီ။
မပြန်ခင်နှစ်ပါတ်လောက်မှာလူကြုံနဲ့ မောင့်ဆီကိုစာတစ်စောင်ထဲ့ပေးလိုက်ပါတယ်။
“ မောင်”
မောင့်ရဲ့ပုရစ်မ မောင်နဲ့အတူနေဘို့ ပြန်လာတော့မယ်။
မောင်နဲ့ကျမအတူနေဘို့ တိုက်ခန်းလဲအဆင့်သင့်ဝယ်ပြီးသား။
ပြောစရာတွေတော့ အများကြီး။
ဒါပေမယ့်လူခြင်းတွေ့မှအားရပါးရပြောတော့မယ်။
မောင့်အဒေါ်ပြောခဲ့ဘူးသလို နုတ်ခမ်းပဲ့ခြင်းမီးမူတ်တဲ့ဘဝကိုတော့ ကျော်လွန်နိုင်ခဲ့ပြီလေ။
မောင်နဲ့တွေ့မှ ကျမရဲ့အစီအစဉ်တွေကိုပြောပြမယ်။
ကျမတော့ အတွေးထဲမှာတင်အတော်လေးကိုပျော်နေမိတယ်။
မောင်လဲ ပျော်မယ်ထင်ပါရဲ့။
မောင့်ရဲ့ပုရစ်မ “နဒီ”
ဒီစာလေးကို ကျမပေးလိုက်ပြီး သိပ်မကြာခင်မှာမန်းလေးကို အပြီးပြန်လာခဲ့ပါတယ်။
မောင်နဲ့ကျမလက်ထပ်မယ် နေစရာကလဲအဆင့်သင့်ရှိပြီးသား။
မောင်ကလဲသူ့အလုပ်သူဆက်လုပ်။
ကျမကလက်ထဲမှာရှိတဲ့ငွေလေးနဲ့အရောင်းအဝယ်လုပ်မယ်ပေါ့။
ကျမမန်းလေးမြေကို ရောက်တဲ့အချိန်မှာ မောင့်ဆီကို ဖုန်းဆက်လိုက်ပါတယ်။
သူကကျမအသံကို မမှတ်မိဘူးဖြစ်နေပါတယ်။
“မောင် ကျမမောင့်ရဲ့ ပုရစ်မလေ”လို့ပြောလိုက်မှသူသိသွားပြီး
အခုဘယ်မှာလဲ ဘာတွေလုပ်နေလဲ လို့ မေးခွန်းတွေတအံတဩမေးတော့
မန်းလေးအိမ်ကိုရောက်နေတဲ့အကြောင်း ညနေအလုပ်ကပြန်လာရင်တွေ့ကြမယ့်အကြောင်း၊
မောင်လာမယ်ဆိုရင် အခုမောင့်ဖုန်းထဲမှာပေါ်နေတဲ့ဖုန်းနံပါတ်ကို ဆက်လိုက်ဘို့အကြောင်း
တစ်သီတစ်တန်းကြီးမှာနေပေမယ့် မောင့်ဘက်ကတော့နုတ်ဆိတ်နေသလိုပါဘဲ။
မောင်ကျမပေးတဲ့စာရသလားလို့မေးတော့ ရပါတယ်ဆိုတဲ့အသံက စိတ်မပါလက်မပါ။
အပွင့်လင်းဆုံးပြောရရင် ကျမအတော်လေးကို စိတ်လေသွားပါတယ်။
ဒါပေမယ့် ညရှစ်နာရီကျော်ကျော်လောက်မှာ မောင့်ဆီကဖုန်းဝင်လာပါတယ်။
အဲဒါနဲ့ မောင်ကျမအိမ်ရောက်လာတော့ မောင့်ဆိုင်ကယ်နဲ့ကျမ တောင်မြို့ဘက်က လူနည်းနည်းရှင်းတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာသွားပြီးထိုင်ကြပါတယ်။
မောင်နဲ့ကျမရဲ့တွေ့ဆုံခန်းမှာကျမကသာတက်ကြွနေတယ်
မောင့်ကြည့်ရတာ ကျဥ်းထဲကျပ်ထဲရောက်နေသလို။
စိတ်မပျော်ရွှင်သလိုပါဘဲ။
စကားပြောပြန်တော့လဲ အဆက်အစပ်က မမိ။
နှစ်ပေါင်းများစွာ ဝေးကွာတဲ့ချစ်သူနှစ်ယောက်ရဲ့တွေ့ဆုံခန်းကအေးတိအေးစက်။
အဲတော့ ခဏဘဲထိုင်ပြီးပြန်လာခဲ့ကြပါတယ်။
ကျမအိမ်ပေါက်ဝရောက်တော့မောင့်ကို “ နက်ဖြန်ဘယ်ချိန် လာခေါ်မလဲ”လို့မေးတော့
ကိုးနာရီကျော်ကျော်မှလာခဲ့မယ်ပြောပါတယ်။
“ဒီထက် စောစောလာခေါ်လို့မရဘူးလား”ထပ်မေးတော့ သူခေါင်းယမ်းပြပါတယ်။
ကျမစိတ်ထဲသိလိုက်တာကတော့ ဟိုတစ်ယောက်ကို အကြိုထောက်ပြီးမှကျမဆီကိုသူရောက်မယ်ဆိုတာပါဘဲ။
ကို်ယ်က ပထမတွေ့ခဲ့ပေမယ့် နောက်ကလူဖြစ်နေပြီလို့ စိတ်ထဲမှာခံစားရပါတယ်။
ဒါနဲ့ အိမ်ထဲကို မဝင်သေးဘဲ အိမ်ရှေ့ကခုံတန်းလျားလေးမှာတစ်ယောက်ထဲ
တွေးရင်းတွေးရင်းဒေါသတွေတလိပ်လိပ်တက်လို့လာပါတယ်။
မီးဝေးချိပ်မာဆိုတာ ဒါမျိုးဘဲထင်ပါတယ်။
ကျမအပေါ်မှာ ချစ်သူတစ်ယောက်ရဲ့သံယောဇဉ်လေးကျန်မှကျန်ပါသေးရလို့
တွေးမိတော့
အဲဒီညက တစ်ညလုံးကျမအိပ်မပျော်ပါဘူး။
ခဏလေးအိပ်ပျော်သွားလိုက်။
ပြန်လန့်နို်းလိုက်။
အိပ်ယာပြောင်းတာလဲပါမယ်ထင်ပါရဲ့။
မနက်ကြတော့အစောကြီးနိုးနေ။
ဘာလုပ်ရမှန်းမသ ယောင်ချာချာနဲ့ဘဲမောင်လာအခေါ်ကိုစောင့်ရပြန်ပါတယ်။
ကိုးနာရီခွဲလောက်မှာ မောင်ရောက်လာပါတယ်။
ဘယ်သွားမလဲမေးတော့ ကျမက ကန်ပါတ်လမ်းဧရာထွန်းတို်က်ခန်းဘက်သွားမယ်လို့ပြောလို်က်ပါတယ်။.
တိုက်ခန်းသာရောက်သွားတယ်နှစ်ယောက်သားစကားတစ်ခွန်းမှမပြောဖြစ်ပါဘူူး။
တီဗွီကြော်ငြာထဲကလို ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ လို့ တွေးမိပြီးမချိပြုံးလေးပြုံးမိပြန်ပါသေးတယ်။
ကျမဝယ်ထားတဲ့တိုက်ခန်းကို တစ်ခါမှ မရောက်ဘူးတော့မေးမြန်းပြီးရှာ။
အခန်းကိုတွေတော့သော့ဖွင့် ပြူတင်းပေါက်တွေလိုက်ဖွင့်လိုက်ပါတယ်။
လူမနေသေးတော့ တစ်အိမ်လုံးဖုံတွေအပြည့်။
အနောက်ဘက်လှည့်တိုက်ခန်းဆိုတော့ ဟိုးအဝေးမှာ မင်းဝံတောင်တန်း။
သူ့အောက်တော့ ဖြူလွလွသဲသောင်တစ်ဝက်တစ်ပျက်နဲ့ ဧရာဝတီ။
အနီးမြင်ကွင်းမှာတော့ ရေနည်းချိန်ဖြစ်တော့ ယာခင်းလေးတွေက မီးခိုးတလူလူ။
အင်မတန်လှပတဲ့မြင်ကွင်းပေမယ့် ကျမရင်ကတော့ ဘလောင်ဆူနေပါရဲ့။
“မောင် ဒါကျမနဲ့မောင်လက်ထပ်ပြီးရင်နေဘို့ဝယ်ထားတဲ့အခန်းလေ၊
မောင်ပြောဘူးထားတဲ့အတိုင်းရှာဝယ်ထားတာ”လို့ပြောလိုက်တော့
မောင့်မှာ နေမထိထို်င်မသာဖြစ်နေပုံပါဘဲ။
ကျမကစိတ်မြန်တဲ့လူ ပြတ်သားတဲ့လူဆိုတော့ မောင့်ပုံစံကိုစိတ်မရှည်တော့ပါဘူး။
ဒါနဲ့ဘဲ”ကဲမောင် မှာ လက်တွဲဖော်ရှိနေပြီမလား၊ကျမကို ပွင့်ပွင့်လင်းလင်းသာပြောပေတော့”
လို့မေးလိုက်မှ သူနဲ့မမနွယ်ဇာတ်လမ်းကို ပြောပြပါတော့တယ်။
ကျမက အဆက်အသွယ်မလုပ်တဲ့အတွက်ကျမက သူရင်ထဲမှာမရှိတော့တဲ့အကြောင်း
ကျမကိုသူလက်ထပ်ခွင့်တောင်းထားတာမှန်ပေမယ့် ကျမနဲ့အဆက်အသွယ်ပြတ်နေတဲ့
ကြားကာလမှာ မမနွယ်ကို သူချစ်မိပြီးလက်ထပ်ဘို့ရည်ရွယ်ထားတဲ့အကြောင်းပြောပါတယ်။
နောက်တော့ သက်ပြင်းတစ်ချက်မူတ်ထုတ်ရင်းကျမမျက်နှာကိုကြည့်ပြီးသူပြောလိုက်တာက
“ကဲ အခုဘယ်လိုလုပ်မလဲ”တဲ့။
အပွင့်လင်းဆုံးပြောရရင် ကျမအတော်လေးစိတ်ကုန်သွားပါတယ်။
ခဏလေးဝေးကွာသွားတဲ့ချစ်သူကို လိုက်မရှာအဆက်အသွယ်မလုပ်ဘဲနေနိုင်ရက်သူကိုစိတ်တိုမိပါတယ်။
ကျမဘယ်ကိုရောက်သွားတယ်ဆိုတာလောက်ကို စိတ်မဝင်စားခဲ့ဘူးလား။
ဒီလောက်လေးတောင် သစ္စာရှိရှိမစောင့်နိင်ဘူးလား။
ကျမက မောင့်ကို အသိမပေးဘဲထွက်သွားမိတာမှားသွားပြီလား။
ဆိုတဲ့မေးခွန်းတွေအောက်မှာကျမကိုယ်တိုင်မူးနောက်သွားပါတယ်။
“ဒီမယ်မောင် အဆက်အသွယ်မလုပ်မိတာတော့ ကျမအမှားပါ။
အပွင့်လင်းဆုံးပြောရင် မောင့်နဲအတူဘဝကိုလက်တွဲရအောင်မျှော်လင့်ချက်တွေ နဲ့ကျမပြန်လာခဲ့တာပါ။
မောင့်မှာ ချစ်ရသူ တကယ်ရှိနေပြီဆိုတာသေချာရင် ကျမနောက်ဆုတ်ပေးဘို့ ဝန်မလေးပါဘူး။
ဒါပေမယ့် ကျမက အရင်လူပါ။
မောင့်ကိုပိုင်ဆိုင်ချင်လွန်းလို့ ငွေတွေသွားရှာနေခဲ့တဲ့သူပါ။
အဲတော့ မောင်ပြတ်သားဘို့တော့လိုပြီ။
ကျမကိုအားနာလို့ ပြန်လက်ခံပြီး ဟိုတစ်ယောက်ကိုသတိရနေမှာလဲ မလိုလားသလို။
ကျမကိုစွန့်လွှတ်လိုက်ရလို့လဲနောင်မှ နောင်တတွေရမနေစေချင်ဘူး။
“နောက်သုံးရက်နေရင် မောင့်ကိုကျမဖုန်းဆက်မယ်။
မောင်ဖြစ်ချင်တာကိုပြောပါ။
မောင်ဆုံးဖြတ်ချက်က အတည်ဘဲ”လို့ ပြောပြီးအတူ ပြန်ခဲ့ကြပါတယ်။
ဆိုင်ကယ်နောက်ကထိုင်လိုက်လာရပေမယ့် စိတ်ကတော့အဝေးကို လွင့်နေသလို။
အပွင့်လင်းဆုံးပြောရင်တော့ ကျမမောင့်ကို စိတ်ကုန်သွားပါတယ်။
သူနဲ့ဝေးသွားရင်နေနိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်ကြည့်မိတော့
အဖြေက ဝိုးတို့ဝါးတား။
စိတ်ထဲမှာ သူ့အပေါ်မှာမျှော်လင့်ချက်တွေ မထားခြင်မိတော့တာလဲအမှန်ပါဘဲ။
ဗေဒါပင်လိုတွယ်ရာ ညိတဲ့လူစားမျုးိ စိတ်ဓါတ်မခို်င်မာတဲ့သူကို စိတ်ကုန်မိပါတယ်။
ဒါပေမယ့် သူဘယ်လိုဆုံးဖြတ်မလဲလို့ ကြားချင်ပါသေးတယ်။
တကယ်လို့များ သူကသာ ကျမနဲ့လက်တွဲဘို့ဘဲ ရွေးချယ်ပါတယ်ဆိုရင်
ကျမဘက်ကကော ဘယ်လိုအဖြေပြန်ပေးရမလဲဆိုတာကိုတွေးရင်း………………..
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(27-11-2011)
14 comments
hmee
November 28, 2011 at 3:11 pm
ဒါပေမဲ့….နောက်မှာ ဘာများဖြစ်မလဲ စောင့်ဖတ်နေရတာကို လေးပေါက်ကတော့ ဆက်ရန်တဲ့။ ကြိုတင်ဟောကိန်းတော့ မထုတ်တော့ဘူး လေးပေါက်က မထင်တဲ့ဘက်က လှည့်ထွက်သွားတတ်လို့။ 🙂
koyinmaung
November 28, 2011 at 3:18 pm
ကောင်တယ်ဆရာပေါက်ရေ
မြန်မြန်ဆက်ရေးပါဗျို့…
အားပေးနေပါတယ်……..
inz@ghi
November 28, 2011 at 3:21 pm
သူသီချင်းဆိုတဲ့စားသောက်ဆိုင်မှာလို်က်ပြီးသီချင်းဆိုမယ်။
သည်အချက်ကိုထောက်ရရင်ဖြင့် ကပေ့ရဲ့ ဒေစီကြာပစ်
ဆိုတာ သူကလေးပဲနေမယ်….
ဟုတ်တယ်ဟုတ်??
Shwe Ei
November 28, 2011 at 4:59 pm
ကောင်မလေးကလဲ သူကျတော့ ဘာမပြောညာမပြောထွက်သွားပီး ဟိုတယောက်ကိုကျ သစ္စာမရှိဘူးတဲ့။ whowho ရဲ့ကိုယ်ကြိုက်တာကိုယ်လုပ်ပါဆိုတဲ့ ပို့စ်လေးပေးဖတ်ခိုင်းရမယ်။ 🙂
ကိုပေါက်(မန္တလေး)
November 28, 2011 at 5:58 pm
ကိုယ်ချစ်တဲ့သူကို ပြန်အလာစောင့်ရင်း အပျိုကြီးလူပျိုကြီးလုပ်နေတဲ့သူတွေရှိတယ်လေကွယ်။
ဒို့ရွာထဲမှာကိုအများကြီး ။
စာရင်းကောက်ကြည့်ပါလား။
windtalker
November 28, 2011 at 9:35 pm
စပါပြီ ခင်ဗျာ
အဟမ်း
ကိုပေါက့်စာရင်း အရ
ဖော်ကောင်လုပ်ရသော်
၁ မပုရစ်
၂ ပုရစ်မ
၃ ရစ်ပုမ
၄ ရစ်မပု
၅ မရစ်ပု
၆ ပုမရစ်
စသဖြင့်
blackchaw
November 28, 2011 at 6:30 pm
ကိုပေါက်ရေ။ ဒီဇာတ်ကို အေးအေးဆေးဆေးမှ
စိတ်ပေါ့ပေါ့ပါးပါး ရှိတဲ့ အချိန်မှ ဖတ်ဘို့ ကျိန်းထားတယ်ဗျို့။
အခုကတော့ အပိုင်း ၁ ကိုတောင် မဖတ်နိုင်သေးပါဗျို့။
ကိုပေါက်လည်း မန်း ကျောင်း အကြောင်းရေးမယ် ပြောထားတယ်နော်။
မေ့နေဦးမယ်ဗျို့။
ကိုပေါက်(မန္တလေး)
November 28, 2011 at 9:51 pm
ရေးမယ်ကိုချောရေ။
ဒါပေမယ့် ဓါတ်ပုံသွားမရိုက်ရသေးတာရယ် ရေးလက်စတွေးလက်စတွေအရင်ဖြတ်နေသေးလို့ပါ။
ရေးဘို့အစီအစဉ်ရှိပါတယ်။
E.T
November 28, 2011 at 10:51 pm
ဇာတ်လမ်းက ကောင်းပြီဆို (ဆက်လက်ဖော်ပြပါမည်) နဲ ့ပဲတိုးနေတယ်။ ကျွန်တော်လည်း မြစ်ကြီးနားက စတားမှော်ထဲမှာ ၆လလောက် သွားနေဖူးတယ်ဗျ။ ကိုယ်တိုင်မှော်ထဲမှာ ဝါးခုတ် တဲဆောက်၊ ဆိုင်ဖွင့်လုပ်ဖူးတယ်။ ငွေကတော့လုပ်တတ်ရင် အရကြီးပဲ။ ငှက်ဖျားတော့ပေါတယ်ဗျ။ အထူအဆန်းအနေနဲ ့ တွေ ့တာ တီကောင်ဗျ။ ကျွန်တော် ရန်ကုန်မှာ တီကောင်ကို အရှည်ဆုံး တစ်ထွာလောက်ပဲ မြင်ဖူးတယ်။ မှော်ထဲမှာ တွေ ့တဲ့တီကောင်က ၃ ပေလောက်ရှည်တယ်။ လုံးပတ်ကတော့ ရန်ကုန်ကကောင်နဲ ့ တူတူပဲ။ ဒါတောင် တောအနက်ကြီးထဲ မဟုတ်သေးဘူး။ ကျွန်တော့်ဖို ့တော့ အထူးအဆန်းပဲ။
TTNU
November 28, 2011 at 10:52 pm
ကိုပေါက်မင်းသမီးကလည်း ကိုရီးယားကားထဲက မင်းသမီးကျနေတာပဲ။ ဘာမှမပြောဘဲ
မြုံထားတာ။ စိတ်တိုစရာကြီး။ ပွင့်ပွင့်လင်းလင်းမပြောသွားတော့ အခု အခက်တွေ့ပြီပေါ့။
ကိုပေါက်(မန္တလေး)
November 28, 2011 at 11:30 pm
ဒါမှ အခန်းဆက်ရေးလို့ရမှာလေ ။
နို့မို့ရင် တပုဒ်ထဲနဲ့ပြီးသွားမှာပေါ့ဗျာ။
chitlay
November 29, 2011 at 2:17 pm
လေးပေါက်ရေ … ဘယ်နှပိုင်းရှိတာလဲ စောင့်ဖတ်နေတယ်နော် ..။ မြန်မြန်လေးတော့ တင်ပါဗျို့ …။
မျှော်ရင်းနဲ့ သစ်ကုလားအုပ် လည်ပင်းလိုဖြစ်သွားမှာစိုးလို့ … 😛
ကိုပေါက်(မန္တလေး)
November 29, 2011 at 6:05 pm
အသစ်တင်ပြီးပါကြောင်း ဇာတ်သိမ်းပြီးပါကြောင်း
လေးစားစွာဖြင့်
ကိုပေါက်
အေမီ
November 29, 2011 at 6:17 pm
အပိုင်း(၃) စောင့်နေတာကြာပြီ………………ဖတ်ရှုအားပေးသွားပါတယ်။
ဒီတစ်ခါတော့ ဝေဖန်ရေးနဲ့လေကန်ရေးမလုပ်တော့ဘူး….အဟီး။ အပိုင်း(၄)ကိုလည်းမျှော်နေပါတယ်…အန်ကယ်ပေါက်ရေ…….