အယူသည်းခြင်း…….မသည်းခြင်း

naywoon niNovember 28, 20111min51518

အယူသည်းတယ် ဆိုတာက ရှေးမြန်မာတွေကတည်းက ရှိခဲ့တာပါ……။ တစ်ယောက်နဲ့တစ်ယောက် ကူညီသလိုဖေးမ သလိုနဲ့ ပြောကြ ဆိုကြ တားကြရင်းနဲ့ တစ်ယောက်ရဲ့ အယူသည်းမှုက တစ်ယောက်ဆီကို ကူးစက်လာကြတာပါ……။ အယူသည်းမှုကို ခိုင်မာအောင် လုပ်ဆောင်ပေးခဲ့သူတွေကတော့ ဗေဒင်ဆရာတွေနဲ့ နတ်ကတော်တွေပါပဲ….။ အိမ်မှာ တစ်ခုခုမဖြစ်လိုက်နဲ့ ရိုးရာမတင်လို့ ရိုးရာကိုင်တယ် ဆိုတဲ့ စကားတွေ တွင်တွင်ကြီး သုံးပြီး နတ်ကိုးကွယ်သူ တစ်ယောက် တိုးအောင် ဆွယ်တရားဟောတော့တာပဲ…။ ဗေဒင်ဆရာတွေကလည်း ဒီလိုပဲ …. မွေးနေ့သောကြာ……လို့ပြောလိုပြော ငါ့သားရွှေတောင် ရေကိုရှောင်လိုဆိုလိုဆို….။ သူပြောသလို သာဆို တနင်းလာရယ် သောကြာရယ် ဗုဒ္ဓဟူးရယ် စနေရယ် အဲဒိနေ့တွေမှာ ရေတောင် မကိုင်ရမဲ့ပုံ….။ ဆင်ခြေပေးလိုက်သေးတယ်….။ လူမမာ တွေအတွက်ပါတဲ့….။ ဘာထူးလဲ လူမမာတွေလဲ….။ ရေမချိုးနိုင်ရင်တောင် အဲဒိနေ့တွေမှာ ရေပတ်လေးဘာလေး မတိုက်ပေးရတော့ဘူးလား…။ လူမမာဆိုတာ သာမန်လူကောင်းတွေထက် ပိုပြီး သန့်ရှင်းရေးလုပ်ပေးသင့်တာပေါ့…။ မဟုတ်ဘူးလား….။ ပြီးတော့ ရှိသေးရဲ့ …။ ကျွန်မသား ပထမ စကားမယုံရာတဲ့…။ တနင်းလာရယ် ကြာသပတေးရယ် သောကြာရယ် …။ အဲဒိနေ့တွေမှာ ပထမဆုံးကြားတဲ့ စကားမမှန်းဘူးလို့ပြောတာ…..။ မယုံရဘူးတဲ့…။ နောက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတွေ အများကြီး ရှေးတုန်းကတော့ တစ်ချို့ ရှင်ဘုရင်တွေက နေ့လည်နေ့ခင်း အလုပ်ရှိတာမဟုတ်တော့ ပုဏ္ဏားတွေ ခေါ်ပြီး ဟိုဟာမေး ဒါမေး ဟိုဟာတွက်ခိုင်းဒါတွက်ခိုင်း….။ အဲဒိကနေ ဒီအယူအဆ အစွဲအလမ်းက မူးမတ်တွေ ဆီရောက် …။ ရှင်ဘုရင်တောင် ယုံတယ်ဘာညာပေါ့…။ မှူးမတ်တွေကနေ သူကြွယ်တွေဆီ ဆက်ကူးစက် ……။ အဲဒိကနေ ဆင်းရဲသား ပြည်သူတွေ ဆီရောက်လာတော့တာပဲ…..။ ဒီလိုပဲ နတ်ကတော်တွေကလည်း သူတို့လက်သုံးစကားက “နတ်နဲ့ နဂါး မလှည့်စားနဲ့” တဲ့…။ ဘယ်လ ဘယ်အရပ်မသွားနဲ့ နဂါးခံတွင်း ကျလို့တဲ့ ဘာညာ သာရကာ ပညာသင်တာတောင် ဘယ်နေ့သင်မှ ပိုတတ်မယ်..။ ဘယ်နေ့သင်ရင်မတတ်ဘူးလုပ်သေးတယ်…။ တစ်ခါတစ်လေ…. ကိုယ့်တိုင်းပြည်ထဲကိုနေရတာ အာဖရိကတောထဲ ရောက်နေသလားအောင့်မေ့ရတယ်…။ ဒီကနေ့ ခေတ် အခြေအနေအရ တော်တော်တန်တန် ပပျောက်ပြီလို့ ပြောလို့ရပေမဲ့ အဲဒိအယူသည်းမှုတွေထဲမှာ ယောက်ျား-မိန်းမ ခွဲခြားမှု အယူသည်းတာတွေက အဆိုးဆုံးဖြစ်ပြီး တော်တော်တွင်ကျယ်ပြန့်နှံ့နေတာပါပဲ…။ ဥပမာပေါ့…..။ ထမီတန်းအောက်ဝင်ရင် ဘာဖြစ်မလဲ…။ နေဝန်းနီကတော့ ဘာမှမဖြစ်ဘူးပြောမှာပဲ…။ ဟုတ်တယ်လေ……။ ဘုန်းဆိုတာ ……….လူတစ်ယောက်ရဲ့ပါဝါ ….။ ဒီ အဝတ်တန်းအောက်ဝင်လိုက်တာနဲ့ အဲဒိပါဝါကျရမလား……။ ဒါဆို တစ်ခုမေးမယ်….။ ရှေးက ဘုရင့်စစ်သားတွေ ရှေ့တန်းထွက်တဲ့အခါ….။ အမေ့ထမီနားစ ကို လက်မှာပတ်သွားတာတို့…။ အထက်ဆင်စကို နားမှာ ပန်သွားတာတို့ အဲဒါကျ ဘုန်းကမနိမ့်ဘူးတဲ့လား …။ သူလည်း မိန်းမပဲလေ….။ အမေမို့ မပြောပါနဲ့…။ သူလည်း ကလေးတစ်ယောက်မွေးလိုက်ရင် အမေ စာရင်းထဲဝင်သွားမှာပဲ….။ ကိုယ့်အမေ မဟုတ်ပေမဲ့ တစ်စုံ တစ်ယောက်ရဲ့ အမေ ဖြစ်သွားမှာပဲ…။ အဲဒိတော့ ကိုယ့် ဟာမှ ဘာဖြစ်ညာ ဖြစ်လုပ်နေမဲ့ အစား အဲဒိအယူအဆကို စွန့်လွှတ်ဖို့ အချိန်တန်လောက်ပြီထင်ပါတယ်…။ တစ်ချို့ အတော်များများကတော့ ကိုယ့်တွေ့ကြုံလို့ သက်လုံကောင်းနေတာလေးတွေ တွေ့နေရလို့ တော်သေးရဲ့လို့…..။ ဘာတွေ ကွယ်ပျောက်နေပြီလဲသိလား…။ သူ့ အသက်သတ်တဲ့ ကိစ္စလေးပါ…။ ခုတစ်လော ဈေးဆိုင်တွေမှာ ကြွက်သတ်ဆေးတို့ ဂျပိုးဆေးတို့ ရောင်းကောင်းနေတယ်…။ ကိုယ့်ကို ဒုက္ခပေးနေတဲ့ အကောင်တွေ သတ်သင့်တာပေါ့…..နော့။ အိမ်မှာ အိပ်ယာထဲမှာ သောင်းကြမ်းလာတော့ သတ်တယ်လေ…… ဘာဖြစ်ဖြစ်ပေါ့…။ စိုက်ပျိုးရေးဆေးဆိုင်တွေ သွားကြည့်ဦးမလား …..။ ပိုးသတ်ဆေးအမျိုးမျိုး ဆယ်ဘီးကားနဲ့ ချထား မလောက်ဘူး…။ ဟုတ်တယ်လေ…။ ပိုးသတ်ဆေးမှ မဖျန်း ဒီအသီးအနှံတွေ ဖြစ်မှမဖြစ်ပဲကိုး….။ ဘာတွေဖြစ်လာလဲဆိုတော့ သက်သတ်လွတ် စားတယ်ဆိုတဲ့ သူတွေ သက်သတ်ကမလွတ်တာပါပဲ…။ သက်သတ်လွတ်ဆိုပြီး အသားအငတ်ခံနေပေမယ်လို့ ဒီအသီအနှံတွေ ဖြစ်အောင်က ပိုးမွှားလေးတွေ သိန်းနဲ့ သန်းနဲ့ ချီပြီး အသတ်ခံရပြီးမှ ထွက်လာတာမို့ပါ…..။ အဲဒိတော့ အယူသည်းခြင်း မသည်းခြင်းဟာ အရေးမကြုံသေးတာနဲ့လည်း ဆိုင်မယ်ထင်တယ်…။ ရွှေဘုံပေါ်မှာ စံပြီး ရွှေလင်ဘန်းနဲ့ အချင်းဆေး ရွှေပုဂံပြားနဲ့ ထမင်းစားနိုင်သူတွေ အတွက် သာအယူသည်းမှုက ကျန်နေမှာပါ…။ ဘဝအတွက် ရုန်းကန်နေကြရသူတွေအတွက် တစ်ဖြေးဖြေးတော့ ပျောက်ကွယ်နိုင်ကောင်းပါရဲ့လို့……တွေးရင်း

နေဝန်းနီ

18 comments

  • Moe Z

    November 28, 2011 at 5:00 pm

    ဖတ်သွားပါတယ် ဘဘနီ 😀

  • blackchaw

    November 28, 2011 at 5:55 pm

    ကိုနေဝန်းနီရေ။ ဖတ်သွားတယ်ဗျို့။ အပေါ်က နှစ်ယောက် နဲ့တော့
    ဘာမှမဆိုင်ဘူးနော်။ မန်းကျောင်းအကြောင်းလေးဖတ်ချင်ပါတယ်ဗျို့။

    • E.T

      November 28, 2011 at 7:02 pm

      ကျွန်တော်လည်း ဦးဘလက်လို ဖတ်သွားပါတယ်။ အပေါ်က နှစ်ယောက်က ကော်မန် ့ဆို တော်တော်ပူးနေကြတယ် 😛 ကိုအင်ကြီး မဟုတ်ပဲ ကိုပူးကြီး (ကိုဘူးကြီး)လို ့ ခေါ်ရမလိုဖြစ်နေပြီ။ ညီနောင် ၆ ဖော်မှ ကိုပူးကြီး ရောဂါအခြေအနေကို စောင့်ကြည့်နေပါသည်။

  • ကိုနေက
    မန်းလေးတက္ကသိုလ်အကြောင်းမရေးချင်ဘူးတဲ့
    အတိတ်ကိုလာမဆွနဲ့တဲ့။
    လူပျိုကြိးလုပ်နေတာသာကြည့်လိုက်တော့ တဲ့ပြောဘူးတာဘဲ

  • aye.kk

    November 28, 2011 at 6:50 pm

    အယူသီးတာလွန်ကဲမှုတစ်ခုပါဘဲ..အစွန်းနှစ်ဖက်မှာမလျှောက်မိစေဘဲ..အလည်တည့်တည့်လမ်းကို
    လျှောက်ဖို ့ရှင်ဘုရားကဟောထားတာပါ.. အယူမသီးကြတာက..အကောင်းဆုံးလို ့ဘဲမြင်မိပါတယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2011 at 7:23 pm

    ပြောသာပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာက သက်သာဦးမယ်
    အယူသီးတယ် သီးဘူးဆိုတာ တစ်ခါတစ်လေကျတော့လည်း
    ပြောရတော့ခက်သား
    သေခြာတာကတော့ သတ္တဝါတွေအနေနဲ့ ကိုယ်အားနည်းနေတဲ့အချိန်မှာ
    ပိုပြီး အယူသည်းတတ်ကြတယ်လို့ ထင်တယ် ( အထင် )
    ဥပမာပေါ့နော
    ရွာထိပ်နတ်စင်ကို ခဲနဲ့ထုတယ် ဖျက်တယ် ဘာဖြစ်လို့တုန်း ဘာမှမဖြစ်ဘူး
    အကြောင်းကြောင်းကြောင့် ကိုယ်ဖျားနာလာတဲ့အခါ ကိုယ်အားနည်းချိန်လို့ပြောရမလား
    နတ်ကိုင်သလိုလို ဘာလိုလို စိတ်ကဝင်လာပြီး နတ်သွားကျွေးရော
    ဆေးကတော့ ကုရတာပေါ့ ဆေးကုလို့လား နတ်ကျွေးလို့လားတော့ သိဘူး
    ပြောရဦးမယ် နတ်စင်ဆိုလို့ 😀
    အရင်တုန်းက ပေါ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်ပေါ့
    ထိုင်းဘက်ကိုနွားတွေသွားခိုးရောင်းတဲ့လူတစ်ယောက်
    သူသွားတဲ့လမ်းမှာ ရွှေညောင်ပင်ဆိုတဲ့ နတ်စင်တစ်ခုရှိတယ်
    ဘိုးဘိုးကြီးနတ်စင်
    အဲ့သည်နတ်စင်ကလည်း ဖြတ်သွားဖြတ်လာရင် ရောင်းကုန်ဝယ်ကုန်တွေ ပသ ရတယ်ဆိုဘဲ
    ဖြစ်ပုံက ခုဏကပြောတဲ့ နွားရောင်းတဲ့သူကလည်း ဗရုတ်သုက္ခလူ
    အဲ့သည်တုန်းက နတ်စင်က သစ်သားနဲ့ဆောက်ထားတဲ့ နတ်စင်လေးပေါ့
    မျက်စေ့ထဲမြင်ယောင်ကြည့်ကြပေါ့
    ဒီလိုနဲ့ ဖြတ်သွားတော့ ရောင်းကုန်ဖြစ်တဲ့ နွားကို နတ်စင်ကို ပသ တာပေါ့
    သူ့ ပသပုံကိုကြည့်လေ
    ဘိုးဘိုးတဲ့
    ဒီခရီးမှာအစဉ်ပြေစေဘို့ နွားသားသားလေးတစ်ကောင် ပသ ပါတယ်ဆိုပြီး
    နတ်စင်မှာ နို့ဆို့ နွားပေါက်လေးကို ချည်ထားပေးခဲ့တယ်
    ဖြစ်ပုံက အဲ့သည် နွားသားသားလေးက နို့မပြတ်သေးတဲ့ နို့စို့နွားလေးဆိုတော့
    သူ့ကိုကြိုးနဲ့ချည်ပြီး နွားအုပ်ကခရီးဆက်သွားတော့
    သူ့မအေနောက်ကို ဘောအဲအဲ ဆိုပြီးအော်လိုက်တော့
    နောက်တစ်ခေါက်ပြန်လာတော့ နတ်စင်က အသစ်ဖြစ်နေတယ် အိုက်ဒလို
    ပြီးသေးဘူး ဆက်ဦးမယ် 😀 😀 😀
    ဒီတစ်ခါတော့ ကျုပ်တို့ဗရုပ်သုက္ခလုပ်ခဲ့ပုံတွေပေါ့
    ဒီအကြောင်းတွေကတော့ ကမ်းရိုးတမ်းသွားတဲ့လှေတွေဆို အချို့ ကောင်းကောင်းသိနိုင်တယ်
    လှေပေါ်မှာ ဂစ်တာမတီးရဘူး ဟိုရေနစ်သေတဲ့ မသာက စောင်းတီးတာကို
    လှေပေါ်မှာ ခြေလေးချောင်းသားမစားရဘူး သာကြီးငါးကြီးဖြစ်လို့တဲ့
    လှေပေါ်မှာ ကြက်ဥ ဘဲဥ ဥမှန်သမျှ မစားရဘူး ကွဲတတ်လို့တဲ့ တစ်ချို့ကလည်း
    အစ အဆုံးမရှိဘူးလို့ ယူတယ်ပေါ့ လုပ်ပုံ
    မြွေ ပဲလင်းမြွေသီး ဘုံလုံသီး ငရှင့် မစားရဘူး ရှည်လို့တဲ့ ခရီးရှည်တတ်တယ်တဲ့
    ကျုပ်စီးဘူးတဲ့ လှေက မွန်သဌေးတစ်ယောက်ပိုင်တဲ့ မှောင်လိုလှေပေါ့
    မှောင်ခိုလှေတွေက စစ်သင်္ဘောတွေကို ကြောက်ရတယ်
    ပြောရဦးမယ် စစ်သင်္ဘောဆိုလို့ 😀
    တစ်နေ့မှာပေါ့ မှောင်ခိုလှေတစ်စင်းကို စစ်သင်္ဘောကမိသွားရော
    လှေပေါ်မှာပါတာက ငါးသုံးလုံးတို့ ဘင်စင်တို့ စတဲ့ ဆေးလိပ်တွေ
    အဲ့သည်တုန်းက ရှိသေးတယ်
    သူတို့အဆိုဆို သဂျီးတို့ တစ်ရာတန် အရွက် ရှစ်ထောင်ဘိုးလောက်ပေါ့ မိသွားပါလေရော
    ပြည်သူ့နေပြည်လုပ်ပုံ
    ပစ္စည်းတွေကို သူတို့ သင်္ဘောထည်း ပြောင်းထည့် လှေသားတွေကို သတ်ပြီး
    လှေကို ဂီယာထိုးပြီး ဒီတိုင်းမောင်းလွှတ်လိုက်တယ်
    နောက်ပြီး အနောက်ကနေ အမြှောက်နဲ့ ထုတယ်
    ရှင်းရှင်းလေးဘဲ မှောင်ခိုလှေ ထွက်ပြေးလို့ ထုတယ်ပေါ့
    အဲ့သည်ပစ္စည်းတွေကို ရန်ကုန်မှာ ( မင်္ဂလာဈေးလား ဘာဈေးလား ) သွားရောင်းတယ်
    ထူလိုက်ပုံများ
    ဖြစ်ပုံကလည်း သူတို့လှေကို မိတဲ့အချိန်က ကမ်းနဲ့လှေနဲ့က စကားပြောစက်နဲ့ မိနေပြီ
    ဒီကြားထဲမှာဖြစ်သွားတာ
    လှေအမြုပ်ခံရတာကလည်း တစ်လောက မုန်တိုင်းထိသွားတဲ့ ကျားတန်းလို့ခေါ်တာပေါ့နော
    အဲ့သည်အတန်းထဲမှာ ဆိုတော့ကာ
    လှေပျက်တဲ့နေရာမှာ ဘာပစ္စည်းမျောတာမှလည်းမတွေ့
    ဘာအလောင်းမှလည်းမရတော့ လှေရှင်က ကြိတ်ပြီးဆုံစမ်းတာပေါ့
    အောင်မြလေး လှေပျက်တာဆိုလို့ပြောရဦးမယ်ဆိုပြီး ရေးရဦးမယ်
    နတ်စင်ကလည်းမပြီးသေးဘူး
    နောက်မှ ဆက်ရေးတော့မယ်
    သူများတွေ ပို့စ်တွေတင်ပြီး ဆက်ရန်လုပ်သလို
    ကျုပ်လည်း ကော်မန့်ဆက်ရန် 😀 😀 😀

  • Shanma TUmdy

    November 28, 2011 at 8:19 pm

    ဖြောင်းဖြောင်းဖြောင်း ..အားပေးပါတယ်..
    ဘုန်းဆိုတာ ..လူတစ်ယောက်ရဲ့သီလပဲ.. သီလစင်ကြယ်ရင် စင်ကြယ်သလို. . ဘုန်းရှိမှာပဲ..

  • nozomi

    November 28, 2011 at 8:35 pm

    မြန်မာလူမျိုးတွေက ဒီအယူသည်းမှုကြားမှာ ကြီးပြင်းလာရတာပါ ၊ ခေတ်တွေပြောင်း စာတွေဖတ်လာလို့ တချို့ အယူအဆတွေ ပြောင်းလာပြီ ဆိုပေမဲ့ ကိုပု ပြောသလို ကိုယ့်ဘက်က အားနည်းလာတဲ့အခါ တောင့် မခံ နိုင်ကြတော့ပါဘူး ၊ ဥပမာ ကလေး နေကောင်းဘို့ မနှဲလေးကို ဘဲဥကပ်ရမယ်ဆို ဘာ မနှဲလေးလဲ သူ့ကပ်ရင် ကိုယ်စားဘို့ တစ်လုံးလျော့တာပေါ့ လို့ မြင့်နေတဲ့ အချိန် မာမာ ပြောနိုင်ပေမဲ့ ကိုယ့်သား သမီး နေထိုင် မကောင်းကလဲ ဖြစ် အင်္ဂလိပ်ဆေး နဲ့ ကုတာလဲ တစ်ရက် မပျောက် နှစ်ရက် မပျောက်ဆို ယုံသော်ရှိ မယုံသော် ရှိ ကိုယ်တိုင် မလုပ်တောင် တစ်ယောက်ယောက် လိုရမယ်ရ မနှဲလေးတော့ ဘဲဥကပ်လိုက်ပါဦး ဆိုတာမျိုး ဖြစ်မိတယ် ၊ မဟုတ်ပါဘူးလို့ ယုံကြည်တဲ့ အပိုင်း အားနည်းလို့ ဖြစ်မှာပေါ့

  • ကြောင်လတ်

    November 28, 2011 at 9:59 pm

    အယူသီးကြတာမကောင်းပါဘူး၊
    ဒါ့ထက် ပိုမကောင်းတာကတော့
    အယူကြီးနေကြတာပါ…….
    (ဗေဒင်ဆရာ ယတျာအတွက် ယူတာကိုပြောတာနော်၊ တူတို့ကိုကြောတာဝုတ်ဘူး၊ ခွစ်ခွစ်)

    ကိုရင်စည်သူကတော့ ရွာထဲမှာ အခမဲ့ဗေဒင်ဟော စာတမ်းရေးသူပါ။

  • naywoonni

    November 28, 2011 at 10:19 pm

    အယူသည်းတာနဲ သွားအောင် ဗေဒင်ဆရာတွေနဲ့ နတ်ကတော်တွေ ရိုက်သတ်ပစ်ရမလား စဉ်းစားနေတာ……..

    • cryingsoul

      November 29, 2011 at 9:31 am

      ဒီအချက်တော.ထောက်ခံတယ်ဗျာ နတ်ကနဲနဲ သူတို.ကြီးပဲမြိုနေတာ အဲ.တာကိုပြုံးပြုံးကြီး လျှူတဲ.သူတွေကရှိသေးတယ် ဘုရားဆွမ်းတော်တော့မှန်မှန်မကပ်ကြဘူး နတ်တို့ဗေဒင်တို့ ဖို.ဆိုရင် မနှမြောကြဘူး သတ်သတ်လွတ်မစားရင်သာနေမယ် နတ်မကြိုက်တဲ. ဝက်သားတော့မစားဘူးတဲ. အမှန်တော့မစားသင်.တော.တာအမဲသားပါဗျာ

      • ဦးဖွတ်ကျား

        November 29, 2011 at 10:08 am

        အမဲသား က ဘာလို့ မစားသင့်ရမှာတုန်း ကိုရင်ရ …
        ၂ဝရာစုက အတွေးအခေါ်ဟောင်းတွေ ထားခဲ့ပါဗျာ…

        (သည်နေရာမှာတော့ သဂျီးနဲ့ သဘော ညီသွားဘီ ..တခြားနေရာကျမှသူ့ သပ်သပ်ဆော်မယ်…)
        သားကြီးငါးကြီး ဆိုတဲ့ စကားလည်း တဆိတ်မေ့ထားစမ်းပါ…

        သည်မယ်ကိုရင်
        နွားဋီကာ ဟာ သူ့ခေတ်သူ့အခါမှာ မှန်ခဲ့ မှာဖြစ်ပေမယ့်
        မော်ဒန်ဘားမား မှာ တော့ သိပ် ဘောင်မဝင်တော့သလိုဘဲ…
        ကတ်ပြောတာတော့ မဟုတ်ဘူးနော..
        တွက်ကြည့်ရအောင်…

        နွားတကောင်ဟာ လူအယောက် ၁၀ဝ ကျွေးနိုင်တယ်ဆိုရင်
        အနှီ အယောက် ၁၀ဝ နွားမစားဘဲ ကြက်ပြောင်းစားတယ်ဆိုပါစို့
        အကောင် ၂ဝ အနည်းလေး သေမယ်ဗျ..
        ပါဏာတိပါတာနော်… 1 Vs 20 ခည…
        ဒါလေး တဆိတ် သတိချပ်စေချင်ဒယ်…

        စကားမစပ် သဂျီး သိပ်ကြိုက်တယ်လို့ ဥကြောင်ပြောတဲ့
        ကိုဘေး က ဘီယာတိုက်ပီးမွေးထားတဲ့ နွားက
        လွှတ်အရသာရှိတာကလား ….
        ဒါကြောင့်လည်း ကမာ္ဘမှာ Wa-Gyuu ဆိုပီး
        နာမည်ကျော်တာကိုး ….

        ပုံ..
        မိန်းမမရှိသဖြင့် စားရေးအား မနက်gyudon ည gyudon ဖြင့်
        ဖြစ်သလို ဖြေရှင်းနေရသော သနားစရာ ဦးဖွတ်ကျား

    • ဆူး

      November 29, 2011 at 9:43 am

      အယူသည်း ပျောက်ချင်လို့ ဗေဒင်ဆရာနဲ့ နတ်ကတော်တွေ ရိုက်သတ်တာ ပြောတော့ စိုးရိမ်မိတယ်.. အောင်ပု တို့ အဖော်မဲ့သွားမှာ စိုးရိမ်မိတယ်။

  • kai

    November 29, 2011 at 4:58 am

    ကောင်းတယ်…။
    ဒို့မြန်မာတွေ..ရျေးစွန်းစွဲတွေ.. လျှော့ပါ..ဖျောက်ပါပြောနေရတုံး..။ နတ်စင်နဲ့ နတ်နဲ့ နဘမ်းသတ်နေရတုံး…။ မွေးနေ့သောင်္ကြာတနင်္လာ လုပ်နေတုံး..။ အင်္ဂါဂြိုလ်ခွင်ထဲဝင်တယ်ဟေ့ ထွက်တယ်ကွ လုပ်နေတုံး..။.လူသေကို.. အရပ်ထဲသွင်းသင့်၏..မသွင်းသင့်၏ ပြဿနာမီးထွန်းရှာနေတုံး..။
    ဟိုမှာ.. အင်္ဂါဂြိုလ်ပေါ်… သတ္တဝါရှိမရှိ.. ရှာဖို့.. Curiosity ဆိုတဲ့..ကားတစင်း ၂၆ရက် မနေ့က လွှတ်တင်လိုက်ပြီ..။

    ဒန်တန်တန်… 😆
    =

    Curiosity Leaves Earth For Mars

    The newest Mars rover, Curiosity, dwarfs NASA’s previous rovers in size and scientific prowess. John Matson reports.

    November 28, 2011
    NASA’s newest Mars rover blasted off November 26th from Cape Canaveral in Florida. Standing seven feet tall and weighing in at 2,000 pounds, Curiosity dwarfs NASA’s previous rovers in both size and scientific prowess.

    It’s powered by a plutonium fuel source and packs a laser that can vaporize rocks from several feet away to measure their composition. It also carries several high-tech instruments to pick up samples and make definitive identifications of minerals on the Martian surface.

    The rover is scheduled to land inside Mars’s Gale Crater in August 2012. It will spend nearly two years exploring the sedimentary layers inside Gale Crater, which are thought to preserve an extensive geologic history of Mars.

    Curiosity’s $2.5-billion mission is designed to examine conditions when water was more abundant on the Red Planet, and to gather information about whether Mars was ever hospitable to life.

    But easing a 2,000-pound vehicle onto the surface of another planet is a huge challenge. NASA plans to lower the rover from a hovering, rocket-powered sky crane. If this elaborate scheme works, Curiosity will be off and roving.

    —John Matson

    • ဦးဖွတ်ကျား

      November 29, 2011 at 10:42 am

      သဂျီး သဂျီး …
      မိုးမှ မလင်းတေးဝူး သူများ ပုတ်ခတ်ပီ…
      အဂရီး တူ ဒစ်စ်အဂရီးပါဂျာ …
      သူရို့ ကိုးကွယ်တာ ကိုးကွယ်ပါလေ့စေပေါ့ဂျာ
      ကိုယ်မကြိုက် မကိုးကွယ်ရုံပေါ့ ..
      တိုးတက်တာမတိုးတက်တာ တခြားရယ်ပါ…

      သဂျီးပြောတဲ့ နာဆာဆိုတာဂျီးမှာရော
      ဘာသာမဲ့တွေ တိတ္ထိတွေ အစွဲကြီးသူတွေ
      နတ်ကိုးကွယ်သူတွေ ၁၃ဂဏန်း ကြောက်သူတွေ မရှိဘူးပြောမလား …
      အထောက်အထားကလေးဒွေ ချိရင်…
      ဟွန်း …ပြဇမ်းဘာ ပြလိုက်ဇမ်းဘာ သဂျီးရဲ့……:P

  • Shwe Ei

    November 29, 2011 at 10:09 am

    ကိုယ့်ကိုယ်ကို သီလစင်ကျယ်မှုအတွက် ဂရုမစိုက်နိုင်ဘဲ အယူသည်းပြီး အသေးအမွှားကိစ္စတွေ လျှောက်စိုးရိမ်နေကြတဲ့ လူတွေကိုတော့ စိတ်ပျက်မိတာအမှန်ဘဲ။

  • moethidasoe

    November 29, 2011 at 10:10 pm

    နာမည်ဆိုရင် ဟို ဗေဒင်ဆရာပေးတာ ကောင်းတယ်
    ဟို စာရေးဆရာမလေးရဲ့ ဝတ္ထုထဲက နာမည်တွေက ကောင်းတယ် (ခေါ်ရခက်တယ်)
    ဘုန်းကြီးပေးတဲ့ နာမည်က ပိုကောင်းတယ်
    ဆပွတ်လှည့်ရတယ် … မဟာဘုတ်တိုင် ထူပြီး မှည့်ရမယ်
    နာမည်ကြီးကလဲ အဆင်းချည်းပဲ ဖြစ်နေတယ်

    စသဖြင့်စသဖြင့် ပြောကြသလို

    နာမည် ချမ်းသာ ဆိုပြီး သတောင်းစား ဖြစ်နေတာ
    မောင်သက်ရှည် ဆိုပြီး ရက်ပိုင်းနဲ့ သေတာ
    ဗလ ဆိုပြီး ပိန်ညောင်ညောင် ဖြစ်နေတာတွေလဲ အများချည်းပါ

    ဆံပင်ညှပ်မယ့် ရက် ခေါင်းလျှောမယ့် ရက် စုံနေတာပဲ
    ရက်ကောင်းရွေးလို့ သတို့သမီးကောင်းနဲ့ လွဲရတဲ့ ဇာတ်လမ်းတွေလဲ ဖတ်ဖူးကြမှာပါ

    ငါ့ကျ ပြဿဒါးလို့ ဆိုပြီး ဟို နင့်အမေ့လင် ရက်ရာဇာထွက်တဲ့ ဘုန်းကြီးလှေကျတော့ ဘာလို့ မှောက်တာတုန်း ဆိုတဲ့ သင်္ဂဇာ ဆရာတော့် ပုံပြင်တွေလဲ ဖတ်ကြည့်ကြပါဦး

Leave a Reply