မဆုံးတဲ့ သီချင်း…………၄၁
မနက် အစောဆိုပေမဲ့ ကိုးနာရီလောက်ဆိုတော်တော်နေပူနေပြီ….။ ဧပြီလဆန်းကိုး…..။ ဒါနဲ့ ရုံးချိန်လည်းရောက် တော့မှာဆိုးပြီး သူတို့ခရိုင်ရုံးဘက်ကို ထွက်လာပါတယ်….။ မြင်းလှည်းကတော့ ကားဆိပ်ကို ရုံးစောင့်နဲ့ အတူသွားနှင့်ပြီ….။ ရုံးရောက်တော့ မန်နေဂျာအမျိုးသမီးက ထွက်ကြိုပါတယ်….။ မနက်စာစီစဉ်ထားပြီးပြီတဲ့….။ အင်း အမျိုးသမီးအရာရှိ ဆိုတော့ သေချာ စီစီစစ်စစ် စီစဉ်ထားတာပဲ….။ ဟင်းတွေ ဝယ်ချုင်းပြီး ရုံးမှာပဲ ပြင်ကျွေးတယ်….။ နေဝန်းနီကတော့ မျက်စိသူငယ် နားသူငယ်ပေါ့….။ မီးရထားဆိုတာ ရုပ်ရှင်ထဲလောက်မှာပဲ မြင်ဖူးတဲ့ ဒီအရပ်က လူတွေ ဘယ်လိုများနေထိုင်စားသောက်ကြပါလိမ့် စူးစမ်းချင်လာတယ်…..။ သူတို့ကလည်း နေဝန်းနီတို့ သားအဖကို မရဲတစ်ရဲ ဆက်ဆံကြတာပဲ….။ ဒါပေမဲ့ ထမင်းစားလို့ မပြီးခင်ပဲ တော်တော်လေးရင်းနှီးမှု ရလာပါတယ်….။ သူတို့ အတွက် သူလိုကိုယ်လိုပဲ လို့ သိသွားကြပါတယ်…။ နေဝန်းနီက ရုံးကကောင်မလေးတွေ ကိုအတည်ပေါက်စတာကိုး……။ ကောင်မလေးတွေ ဆိုပေမဲ့ နှစ်ယောက်ထဲပါ…..။ ရုံးက ရွာအမြဲတမ်းလိုဆင်နေရတဲ့ ရုံးဆိုတော့ မိန်းကလေး ခန့်လေ့ခန့်ထ သိပ်မရှိပါဘူး….။
သိတယ်မဟုတ်လား …။ 1953 ခုနှစ်က တည်ထောင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်လေ…။ 1974 အခြေခံဥပဒေအရ 1978 မှာ မြန်မာ့စိုက်ပျိုးရေးဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်…။ အဲဒိမှာ မြို့နယ်တိုင်း ဘဏါခွဲများဖွင့်လှစ်နိုင်ခြင်းမရှိဘဲ မြန်မာ့စီးပွားရေးဘဏ်နဲ့ တွဲပြီး ကိုယ်စားလှယ်ရုံးခွဲများ အဖြစ်တွဲဖက်ဖွင့်လှစ်လာခဲ့တယ်…..။ ဟိုးရှေးတုန်းကတော့ တောဘက်ကလူတွေ ခေါ်ကြတယ်…။ တစ်ချို့ခုထိ ခေါ်ဝေါ်ကြတုန်း….။ ဘာတဲ့ “ အမတော်ဘဏ်” တဲ့လေ….။ ခုနေဝန်းနီတို့ သွားရမဲ့ စလင်း မြို့ က မကြာခင်ကမှ စီးပွားရေးဘဏ် လက်အောက်ကနေခွဲထုတ်ပြီး ဘဏ်ခွဲဖြစ်လာခဲ့တာပါ….။ ဒီတော့ကာ မနေ့က ညက တိုင်းမန်နေဂျာက မှာလိုက်သလို လုပ်စရာများပါတယ်…။ ကိုယ်စားလှယ်ရုံးခွဲ မှာတုန်းက တာဝန်ခံက စီးပွားရေးဘဏ်မန်နေဂျာလေ….။ သူ့ရဲ့ ပင်မ အလုပ်မဟုတ်လေတော့ အလုပ်ကို ဖြစ်သလိုလုပ်ထားခဲ့တာများပါတယ်…။ အဓိက ကတော့ စာရွက်စာတမ်း တွေ သေချာမထမ်းသိမ်းပဲ ဖြစ်ကလက်ဆန်းထားတတ်တယ်လို့ တိုင်းမန်နေဂျာကပြောပါတယ်…။ သူရောက်ခဲ့စဉ်က ဘာမှ စနစ်တစ်ကျမရှိသေးကြောင်း မနေ့က ညက ပြောနေသေးတာကြရသေးတယ်…။ ခရိုင်မန်နေဂျာမမ ကတော့ ခုခန့်တဲ့ PSC မန်နေဂျာတွေရောက်မလာပါစေနဲ့ ဆုတောင်းရမှာပဲတဲ့….။ နေဝန်းနီအဖေက ကြီးကြပ်ရေးမှူးပဲရှိပါသေးတယ်…။ အရေးအခင်းမှာ ရုံးဖျက်စဉ် ရုံးမှာ မရှိလို့ဆိုပြိး စောက်မြင်ကပ်လို့ တိုင်းကျော် ထရန်ဆဖာပေးလိုက်တာ…..။ မှတ်ကရော…..။
အဲဒိလိုပြောနေရင်းက ဖုန်းသံကြားလို့ ကောင်မလေးတစ်ယောက်က သွားကိုင်လိုက်တော့ …….
“ မမ ….ဆိပ်ဖြူကား ရောက်လာပြီတဲ့….။ ဆယ်တစ်နာရီ ဆယ့်ငါးမိနစ်ပြန်ထွက်မှာတဲ့…။ ပစ္စည်းတွေ တင်ပြီးပြီလို့ပြောတယ်….။ “
ဒါနဲ့ နေန်းနီတို့လည်း နှုတ်ဆက်ပြီး ကားဆိပ်ဖက်ထွက်ခဲ့ကြတာပေါ့….။ ကားပုံစံ ကြည့်ပြိးတော့ တော်တော် လေး စိတ်ဓါတ်ကျသွားမိတယ်….။ ဒုတိယကမ္ဘာစစ်လက်ကျန်လိုက ပြောရမလားမသိဘူး…..။ ဒေါ့ဂျစ် ခေါင်းတိုကားအမျိုးအစားပါ…။ ကား ကိုယ်ထည်မှာလည်း ရေးထားသေးတယ်…။ CARGO တဲ့လေ……။ အင်း ဟိုရောက်မှ ဦးလွင်ဦး အဘိဓါန်လှန်ကြည့်ရဦးမယ် …..။ မှတ်ထားလိုက်တယ်…..။ ဒုတိယနှစ်သာ ကျလာတယ် ….။ အဲဒိ CARGO ဆိုတာ မသိခဲ့ပါဘူး……။ ကျောင်းစာထဲမှာလည်းမပါဘူးလေ…။ အဲဒိလောက်အတာ…။ ပြီးတော့ ကားတွေက ဆီနဲ့ မောင်းတာမဟုတ်ပါဘူး…။ ကားကိုယ်ထည် မှာ စည်တစ်ခုချထားပါတယ်…။ ဂက်စ်တဲ့ …။ နေနံမြေနဲ့နီးတော့ ကားတွေအားလုံး ဂက်စ်ကားတွေ သာများပါတယ်…။ အဲဒိတော့ မီခြစ်ထဲ ထည့်ဖို့ ဓါတ်ဆီက တော်တော် ရှာယူရတယ်….။ အဲဒိတုန်းက ဓါတ်ဆီနဲ့ ဓါတ်မီးခြစ်ပဲ ရှိသေးတယ်တာ……။ ဂက်စ် မီးခြစ် မတွင်ကျယ်သေးဘူး…။ ထားပါ…. ။ဂါက်စ်နဲ့ မောင်းတဲ့ ကားဆိုတော့ ကားပေါ်မှာ ဆေးလိပ်သောက်လို့ မရပါဘူး….။ အောက်ဆင်းသောက်…။ ပြီိးရင်းမီးငြိမ်းပြီးပြန်တက်….။ နေ့လည် နေပူပူကို တော်တော်လေးမောင်းရပါတယ်….။ မင်းဘူးကနေ စကု ကိုကျော် ပွင့်ဖြူ မြို့ကိုရောက်မှ နေ့လည်စာစားကြပါတယ်…။ နေ့လည် တစ်နာရီကျော်နေပြီ….။ အဲဒိကနေ ဆက်ထွက်လာလိုက်တာ …. လမ်းကလည်း ကတ္တရာ တစ်စက်မှမရှိ……။ ကျောက်ခင်းလမ်းနဲ့ မြေလမ်း…..။ ချောင်းတွေကဖြတ်ရသေး….။ မုန်းချောင်းနဲ့ မန်းချောင်းလေ….။ သိတ်မဟုတ်လား…. ။ ရွှေစက်တော်က မန်းချောင်းဘေးမှာဆိုလား…….။ တစ်နှစ်က ချောင်းရေ ပြန်လို့ လူတွေ ကားတွေပါသွားတာ ဘာကြာသေးလို့လဲ……။ သစ်ပင်အုပ်အုပ်နဲ့ ခြောက်ခြောက်သွေ့သွေ့ တောရွာလေးတွေ ဖြတ်ပြီး စလင်းဆိုတဲ့ မြို့ကိုရောက်ခဲ့ရတာပေါ့…….။ သတင်းကြိုရထားလို့ ရုံးကအဖွဲ့သုံးယောက်လာကြိုနေပါတယ်…….။ ဝန်စည်စလှယ်မိားမယ်ထင်လို့ မြင်းလှည်းတစ်စီးလည်း ငှားထားသေးတယ်….။ အဲဒိအရပ်မှာ ဆိုက္ကားတောင် နဟိပါ….။ ရုံးသားတွေက စက်ဘီးတွေနဲ့ပါ….။ စက်ဘီး မရှိလို့ မဖြစ်ပါတဲ့….။ ဟိ….။ ကျေးရွာတွေ ဆင်းးရင် စက်ဘီးရယ် မြင်းလှည်းရယ် ထွန်စက်ရယ်….။ မော်တော်ရယ် လှေရယ်ဟာ…..နေဝန်းနီတို့ရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာခဲ့တာပေါ့လေ….။ မြို့ကွက်က ကျယ်ပေမဲ့ ဆိပ်ဖြူဘက် ဆက်သွားတဲ့လမ်းကနေ အနောက်ဘက်ခွဲထွက်လာတဲ့ စေတုတ္တရာ သွားတဲ့ လမ်း အဲ T ပုံစံပေါ့…။ အဲဒိလမ်းမကြီးနှစ်ခုပဲ စည်တယ်…။ ကျန်တာ သိပ်ပြီး မစည်ဘူး…။ စေတုတ္တရာ သွားတဲ့ လမ်းမကြီး အတိုင်း လာလိုက်တာ အဲ…… စတွေ့ရတာက VDO ရုံလေးပါ…။ ပြီးတော့ တေးသံသွင်းဆိုင်လေးလည်းရှိတယ်…။ ဟုတ်ပြီ….။ စာအုပ်အငှားဆိုင်လည်းတွေ့တယ်…။ တစ်ဆိုင်ထဲပါပဲ…။ (နောက်အဲဒိစာအုပ်အငှားဆိုင်လေးက စာအုပ်တော်တော်စုံလို့ အဲဒိဆိုင်ကို ခဏခဏ ရောက်တယ်…။ ရုံးက ဝန်ထမ်းတစ်ယောက်နဲ့ ညီအကိုတော်လို့ တော်တော်လေးလည်းခင်သွားပါတယ်…။ ကိုမြင့်ဌေးတဲ့…။ ) အဲ …အနောက်ဘက်ဆက်လာလိုက်တော့ လ္ဘက်ရည် ဆိုင်လေး တစ်ဆိုင် ဆိုင်ရှေ့ ရောက်တော့ မြင်းလှည်းက ရပ်သွားတယ်…။ ဘာလို့လဲ မေးတော့ ဆရာတို့က လ္ဘက်ရည် သောက်ကြမယ်ပြောထားလို့တဲ့….။ လ္ဘက်ရည်ဆိုင်လေးနာမယ်က ကံ့ကော် တဲ့…။ ရော့ခ်ကဗျာ တွေဆိုတဲ့ ချစ်ကောင်း ဖွင့်ထားတယ်…..။ မင်္ဂလာပါပဲ…. စလင်းမြို့နဲ့ ကံ့ကော် လ္ဘက်ရည်ဆိုင်လေးရေ……………..။ မိုနိုသီချင်းတွေလောက်ပဲ ကြားရမယ်ထင်ထားတာ ……။ ကံ့ကော်လေးထဲမှာ ချစ်ကောင်းက အချစ်ကြေငြာစာတမ်းဖတ်နေတယ်လေ….။
နေဝန်းနီ
4 comments
blackchaw
December 6, 2011 at 5:16 pm
ဝင်ဖတ်သွားတယ် ကိုနီရေ။
မန်းတက္ကသိုလ် နော် မန်းတက္ကသိုလ်
မေ့နေမှာ စိုးလို့ သတိပေးတာ ဒါဗျဲ။
naywoonni
December 6, 2011 at 6:42 pm
အင်း ခုရေးနေတဲ့ အပိုင်းက 1987 ကျောင်းပိတ်ချိန်လေ…..။ ဘယ်ကျောင်းသွားတက်ရမလဲ ဘလောချက်ရယ် …။ ဖွင့်တဲ့ ကျောင်းက စိုက်ဘဏ်တဲ့လေ…..။ နောက်ကျောင်းဖွင့်ပြီဆိုတော့ ပုဆိုးခါပြီးထပြေးတဲ့ အကြောင်းရေးပေးမယ်…။ သိလား …။ ခုဟာက ကျောင်းတွေ ပိတ်ထားလို့ ကျောင်းသားတွေ အလုပ်ခွင်ထဲ ပညာတစ်ပိုင်းတစ်စနဲ့ ရောက်ကုန်တဲ့အကြောင်းပြောမလို့………. ကိုယ်တွေ့လေးရယ်ပါ………..။။ နော်…
windtalker
December 6, 2011 at 9:35 pm
ဘိုနီ နဲ ့ကျုပ်ဘရားသားဝမ်းကွဲ နဲ ့ရွယ်တူလောက်ဘဲ
သူ ့ပြောချက်အရတော့
ဟိုခေတ်ကလဲ ကောင်းတယ်တဲ့
ဒီခေတ်ကလဲ ပိုကောင်းတယ်တဲ့
ဘိုနီလဲ အရင်ကရေးခဲ့ဖူးပါတယ်
အက်စ်ကေဘီ ဖြစ်ခဲ့တဲ့အကြောင်းတွေ
ဘိုနီတို ့ခေတ်က သမီးရည်းစားချိန်းရင် ဘယ်နေရာတွေမှာ ချိန်းကြတုန်းဗျို ့
သိချင်လို ့ဖြေပေးပါဦး
naywoonni
December 6, 2011 at 10:18 pm
မန်းတက္ကသိုလ် တောင်ဘက်မှာလယ်ကွင်းပြင်ကြီး…။ ခြုံပုတ်လေးတွေ ရှိတယ်…။ တော်တော်ရဲတဲ့ အတွဲကတော့ ပထဝီ ဌာနောက်ကျောမှာ ကျောင်းအပြင်ဘက်ထွက်တဲ့ မလွယ်ပေါက်ရှိတယ်…။ အဲနားမှာ စက္ကူပန်ရုံကလည်း အုံကောင်းမှကောင်း ….။ အုပ်ကျနေတာ…။ အထဲဝင်နေလို့ကတော့ အပြင်က သေချာမှမကြည့်ရင်မမြင်ရဘူး…။ အဲဒိလမ်းကြားကိုချစ်သူလမ်းကြားလို့ခေါ်တယ်…။ တည်းခိုခန်းတွေ ဘာတွေ သိပ်ရှိသေးတာမဟုတ်ဘူး….။ လပ်ကီးလောက်ရှိသေးတာ….။ နောက်မှ ရတနာဘုမ္မိ (ဖားသားလဖုန်းဘက်မှာ ) ကျောင်းသားအဆောင်တွေက တည်းခိုခန်းတွေဖြစ်လာတာ….။ မိန်းအရှေ့ဘက်ကလည်း တောကြီးမျက်မဲ..။ တိုးစမ်း မြွေမကြောက် ကင်းမကြောက်…။ နောက် ကိုပေါက် ဓါတ်ပုံထဲက ကျောက်တော်ကြီးတို့ ကောင်းမှုတော် တို့ တောင်ပေါ်တို့လည်းသွားကြသေးတာ…..။ ဆေးဘဲတွေက ကျောက်မီးဘက် ညည သွားတယ် …။ ဆေးကျောင်းကကောင်မလေးတွေနဲ့…။ (တော့ပ်စီးကရက်)